ဒီမိုဝေယံသို့ ပေးပို့လာတဲ့ အတွင်းသိတဦးရဲ့ စပ်မိစပ်ရာ ပေးစာ..
အားလုံးက အမေစုကို Vice President ဖြစ်စေချင်ကြတယ်။ ဒါပေမယ့် အခြေခံဥပဒေနဲ့ ညှိနေတယ်တဲ့။ သားတွေက နိုင်ငံခြားသားတွေ ဖြစ်နေလို့တဲ့။ ဟုတ်ပြီ ဒါဆိုရင် ဥပဒေ နားလည်သူတွေ အနေနဲ့ ယခုလွှတ်တော်ထဲ ရောက်နေပြီး ရာထူးကြီးကြီး ယူထားသူ အချို့ကိုလည်း ပြန်လည်ဆန်းစစ် ပေးဖို့လိုပါလိမ့်မယ်..။
ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေ (ရခိုင်အရေးကိစ္စအပေါ် သတင်းမီဒီယာများအား ဖိအားပေး ခြိမ်းခြောက်ခဲ့သူ)ရဲ့ သားမက်ဟာ နိုင်ငံခြားသား (Australianနိုင်ငံသား ခံယူထားသူ)ပါ။ ၂ဝဝ၈မေလ နာဂစ်မုန်တိုင်း ပြီးခါစသူတို့ လက်ထပ်ပြီးမှ ရန်ကုန်မှာ အခြေချ နေထိုင်လာတာပါ။ သူ့သမီး နိုင်ငံခြားသားနဲ့ လက်ထပ်တာကို လူသိမှာစိုးလို့ တချက်လွှတ်အမိန့်နဲ့ ခမည်းခမက်တွေကို မြန်မာနိုင်ငံမှာ ပြန်ပြီး အခြေချ နေခိုင်းပါတယ်။ မိဘတွေက သားသမီး ကောင်းစားတာ မြင်ချင်တော့ ဝယ်ပြီးခါစ Sydney ကအိမ်လေးကို ရောင်းပြီး ပြည်တော်ပြန် ရပါရောလား။ ဒါတင်လားဆိုတော့ မဟုတ်သေးဘူး။ သူနဲ့ နာမည်တူနေလို့ဆိုပြီး ခမည်းခမက်မှာ နာမည်ပြောင်းပေးရရှာတယ်..။
European Unionက စီးပွားရေး မရုတ်ခင် အချိန်တွေမှာ သားသမက်ဟာ Australian Passport နဲ့ ဥရောပနိုင်ငံတွေကို ဥဒဟိုသွားပြီး သူတို့မိသားစုတွေရဲ့ စီးပွားရေး သံတမန်အဖြစ်နဲ့ အမှုတော် ထမ်းပါတယ်။ အဲဒီထဲမှာ Germany နိုင်ငံမှာ သဘောင်္ သွားဝယ်ရာမှာလည်း ပါပါတယ်။
နောက်တစ်ယောက်ကတော့ တော်လှန်ရေးနေ့တွေမှာ ဗိုလ်သန်းရွှေစီးတဲ့ Mercedes ကားကို သူလက်ဆောင် ပေးထားတာဆိုပြီး လက်မ တစ်ထောင်ထောင် လုပ်ခဲ့တဲ့ ယခင် (အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီး) ယခုကြံ့ဖွတ် လွှတ်တော်အမတ် ဦးစိုးသာပါ။ သူ့သားကြီးဟာလည်း Australian နိုင်ငံသား ခံယူထားပြီး Sydney မှာနေတာ၁ဝ နှစ်နီးပါးရှိနေပါပြီ။ Australia အစိုးရက ပိတ်ဆို့ထားတဲ့သူ စာရင်းမှာ သူတို့နာမည် ပါတာတောင် ရအောင်နေနေတဲ့ သူတွေပါ။ ယခင် သြစတြေးလျ အစိုးရက လာရောက်ခွင့် ပိတ်ပင်ထားတဲ့ စစ်အာဏာရှင် စာရင်းမှာ ပါနေသူပါ..။
သူ့ညီမဟာလည်း ရန်ကုန် ဆေးရုံကြီးအတွက် တစ်ခါသုးံ ဆေးထိုးအပ်တွေကို သူ့ယောင်းမတဦးထဲကို တင်သွင်းခွင့် ပေးထားတဲ့ ရန်ကုန်ဆေးရုံအုပ်ကြီးလဲ ဖြစ်ပါတယ်။
အလျဉ်းသင့်ရင် ဆက်ဖော်ပြပါဦးမယ်။
အတွင်းသိ


What about U Soe Thar's daughter? Is she still in Singapore and got citizen?
ReplyDeleteBurma mar tot rule ka their rules against others bae.
ReplyDeleteMany of them has relation with foreigners. Thank you for getting and presenting those information to the public.
Other Superintendents are frequently changed but Nu Nu Thar never changed.
( for Men may come and Men may go
I go on forever.)???
ကောင်းတယ်ဟေ့.ဒီအယုတ်တမာတွေရဲ့
ReplyDeleteအကြောင်းကိုမျာများမီဒီယာကနေထုပ်ဖေါ်ရမယ်.
သူများမျက်ချေးပဲမြင်ပီး.ကိုယ့်မျက်ချေးကကိုယ်မမြင်တဲ့
သူခိုးအုပ်စုတွေ.
အတွင်းသိ ရှင့်----ဆက်လက်၍ဖေါ်ပြပေးပါ။ဒါမှအမှန်တရားကို သိမှာပါ။ ကျေးဇူးအထူးတင်ပါသည်။
ReplyDeleteဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြားသားကို ယူတာ မြန်မာပြည် ဘာမှ မဆုံးရှုံးခဲ့ပါဘူး.. အကျင့်ပျက်ခြစားမှုတွေလည်း ဒေါ်စုနဲ့ မဆိုင်ခဲ့ပါဘူး... နိုင်ငံခြားသားကို ယူတဲ့အတွက်
ReplyDeleteမြန်မာပြည်သူတွေ ထမင်းမငတ်ခဲ့ပါဘူး....
အသိဉာဏ်ကို တုံးအောင်လည်း မလုပ်ခဲ့ဘူး...
တံခါးပိတ်ပြီး ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်
ပြတ်အောင်လည်း မလုပ်ခဲ့ပါဘူး.... အမေစုဟာ
ပြည်သူတွေ မျက်စိပွင့်နားပွင့်အောင် လုပ်ပေးခဲ့
တာပါ... သူ့အကြိုက်လိုက်တဲ့သူကိုမှ လူရာသွင်း
ချင်တဲ့စိတ်လည်း မရှိခဲ့ပါဘူး... ကျွန်တော်တို့
မသိတဲ့ ဒီအာဏာရှင်တွေရဲ့ အကြောင်းကို အများကြီး ဖော်ပြပေးပါအုံးလို့ တောင်းဆိုပါတယ်....
I don't want Ahmay Su to be a vice-president. I'm sure she will win 2015 election with majority seats and will be the next president.
ReplyDeleteThat would be better for our country.
that is definitely right.thanks you very much Zinbohtut.
ReplyDeleteဆင်ဖြူမျက်နှာ ဆင်မည်းမကြည့်ဝံ့တဲ့သဘောပါ
ReplyDeleteTruth must prevail.Now we are entering Democracy,transparency is
ReplyDeleteessential.
fgg
ReplyDeleteဒါဆို၇င်လဲ သားတွေကို မြန်မာနိုင်ငံသားပေးလိုက်ပေါ့
ReplyDeleteဒို့သွေးကို ဒို့ပြည်မှာဘဲထားတာမကောင်းဘူးလား(လွယ်နေတာကို ....ခက်အောင်လုပ်တတ်ကြတယ်)ထီးစိုင်နော်
တို့ တွေကတော့ အမေစုကို ချစ်တဲ့စိတ်ကအရင်းခံပြီးသားလေ။
ReplyDeleteတို့ တွေကတော့ အမေစုကို ချစ်တဲ့စိတ်ကအရင်းခံပြီးသားလေ။
ReplyDeletewho monopolizing MPT's mobile-phone Sim-cards and why these cards are 80 times higher than neighboring countries.?
ReplyDelete