ထားဝယ်မြို့အတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လူနေရပ်ကွက်တချို့ ရေနစ်မြုပ်နေ
ယခုရက်ပိုင်းအတွင်း မိုးနှစ်ရက်ဆက် အဆက်မပြတ်ရွာသွန်းမှုကြောင့် ထားဝယ်မြို့ အတွင်း ဘုမ္မော်ရပ်ကွက်၊ ရှမ္မလည်ဆွဲ ကွက်သစ်၊ ကညုံရပ်ကွက်အတွင်း နေရာတချို့နှင့် ဆန်းချီ ကမြောကင်းမြို့သစ် နေရာတချို့၌ ရေကြီးမှုများ ဖြစ်ပေါ်နေပြီး စုစုပေါင်း အိမ်ထောင်စုသုံးရာကျော် လူဦးရေတစ်ထောင်ခန့်မှာ ရေဘေးနှင့် ကြုံတွေ့ နေကြရသည်။
ရေကြီးသည့် နေရာများသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ၊ ထားဝယ်(၈၈)မျိုးဆက်များ၊ ထားဝယ်ကျောင်းသား သမဂ္ဂအဖွဲ့ဝင်များ၊ ကြက်စားပြင် လူမှုအထောက်ကူပြုအဖွဲ့ (ကြက်စားပြင်NLDနှင့်ံHRDP ကွန်ရက် ထားဝယ်တို့မှ ဒုက္ခသည်များအတွက် ထမင်း၊ စားစရာ၊ ရေသန့်နှင့်မုန့်များအား လှေငယ်များဖြင့် အိမ်တိုင်ရာရောက် သွားရောက်ဝေငှကြသည်။
ရေဘေးဒုက္ခသည် အဘွားအိုတစ်ဦးက'ကုသိုလ်ရှင်ကလေးတို့ ကျမ္မာကြပါစေ၊ ချမ်းသာကြပါစေ၊ ငါတို့လိုဒုက္ခမျိုးနဲ့ ကင်းဝေးကြပါစေကွယ်'ဟုလက်အုပ်ချီကာ ဆုတောင်းပေးလေ၏။ နောက်တစ်ယောက်ကမူ အဘွားလို မဟုတ်ဘဲ ယိုးဒယားမှာ ရေကြီးတော့ သူတို့ဝန်ကြီးချုပ်တွေ ချက်ချင်းရောက်လာတာ တီဗွီကနေ မြင်ရတယ်ကွဟု နောက်သလိုလိုနှင့်ပြော၏။ လယ်ပိုင်ရှင်တစ်ယောက်၏ ရင်ဖွင့်သံကတော့ အများနဲ့မတူ သတိပြုစရာပင်'ရေထရက်လည်းဖြင့် မိုးကလည်းဆက်တိုက်ရွာ ဒီကြားထဲ ရထားလမ်းကလည်း တမံပိတ်သလို ကန့်လန့်ဖြတ် ဖောက်ထားတော့ မယုံရင်ကြည့်နေ ဒီထက်တောင်ရေကြီးအုံးမယ်ကွ 'ငါတို့ကတော့ ရထားလမ်းကြောင့် လယ်မြေလည်း အသိမ်းခံရတယ်။ ရေကြီးလို့ စပါးတွေလည်း အမြဲဆုံးတယ်၊ လယ်တွေအစား ပြန်ပေးတော့လည်း လယ်လုပ်လို့ မရတဲ့နေရာ ဘယ်လိုလုပ်မလဲ'ဟု စိတ်လိုက်မာန်ပါ ပြောဆိုသံများကို ထမင်းထုပ်များ လှူနေရင်းပင် ရင်တွင်းစကားများကို ကြားခဲ့ရပါသည်။ နောက်ပိုင်းတွင်တော့ ပြည်ထောင်စုနှင့်ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်များကလည်း မာမားခေါက်ဆွဲထုပ်များကို လာရောက် လှူဒါန်းသွားကြောင်းကြား သိရပါသည်။
အပတ်စဉ် စနေအာရုဏ်ဆွမ်းအဖွဲ့ (ဘုမ္မော်)နှင့် ကိုသန်းဝင်း (ထားဝယ်၈၈မျိုးဆက် ကျောင်းသား)တို့မှ ၃ဝ.၇.၂ဝ၁၂ရက်နေ့ တွင်ဒုက္ခသည်(၄ဝဝ)အတွက် ထမင်း၊ ဟင်း၊ ရေသန့်နှင့် မားမား ခေါက်ဆွဲခြောက်ထုပ်များကို လှူဒါန်းခဲ့သည်။ ကိုသန်းဝင်းမှ'ရေကြီးနေပြီဟု သိသိချင်း ကျွန်တော်နဲ့ ရင်းနှီးတဲ့ ဆေးဆိုင်တွေမှာ အလှူခံပြီး စနေအာရုဏ်ဆွမ်း လှူအဖွဲ့နဲ့ ပေါင်းပြီး ချက်ချင်းပဲ စီစဉ်နိုင်ခဲ့ပါတယ်' ဟုပြောဆိုသွားခဲ့ပါသည်။
ထားဝယ်မြို့မှ ရေဘေးဒုက္ခသည် ပြည်သူများအတွက် တတ်နိုင်တဲ့ဘက်က ကူညီပံ့ပိုး လှူဒါန်းကြပါလို့ တိုက်တွန်းနှိုးဆော် အပ်ပါတယ်..။
မောင်ထားဝယ်သား..


ဒီ Post ကတော့တကယ်မှန်တယ်ဗျ
ReplyDelete၈၈မျိုးဆက်တွေလည်းတော်ကြပါတယ်
တကယ်ကျေးဇူးတင်ထိုက်ပါတယ်ခင်ဗျား
စနေအာရုဏ်ဆွမ်းအဖွဲ့(ဘုမ္မော်ရပ်) ကိုလည်းကျေးဖူးတင်ပါတယ်ခင်ဗျား။
ReplyDeleteသံဃာတော်များကို စနေနံနက်တိုင်းဆွမ်းလောင်းလှူနေသလို ရေဘေးသင့်နေသူများကိုလည်းတတ်နိုင်သလောက်ကူညီတဲ့အတွက် ကျေးဇူးတင်ဂုဏ်ယူမိပါကြောင်းပြောပါရစေ။
ကြက်စားပြင် NLD (ရုံးခွဲ) ကလည်းလှေကလေးနဲ့လိုက်ကူညီနေတာ တွေ့လိုက်မိပါတယ်။ ကျေးဇူးပါပဲဗျာ။
ReplyDeleteမင်းကဘာလုပ်ပေးလဲ။
ReplyDeleteထားဝယ်သားမဟုတ်ဘူးလား။
ဝမ်းသာမိပါတယ်
ReplyDeleteမင်္ဂလာရှိ့တဲ့သတင်းလေးပါဗျာ
မြန်မာပြည်တောင်ပိုင်းသားပ
ဝမ်းသာမိပါတယ်
ReplyDeleteမင်္ဂလာရှိ့တဲ့သတင်းလေးပါဗျာ
မြန်မာပြည်တောင်ပိုင်းသား
ဒုက္ခရောက်တဲ့သူတွေအခု
ReplyDeleteလိုတတ်နိုင်တဲ့ဘက်ကကူ
ညီကြဒါမွန်မြတ်တဲ့အလုပ်
ပါ။
နှစ်တိုင်းရေကြီးနေကျပါ.....နှစ်တိုင်းကတော့ ထားဝယ်မြို့ရဲ့လေးဘက်လေးတန်ကြီးတာပေါ့လေ.....ဒီနှစ်က သုံးဖက်ပဲကြီးတော့တယ်...... .ကမြောကင်းလမ်းဖက်ကရေမကျော်တော့ဘူး ...... . အဲဒီဖက်မှာ ၀န်ကြီးအိမ်ယာဆောက်ပြီး ရေနှုတ်မြောင်းကြီးတွေကို စက်ကြီးတွေနဲ့တူးလိုက်တာ ဒီနှစ်တော့ ရေကြီးတာတွေမရှိတော့ဘူး.......... ကျန်နေရာတွေကတော့...............
ReplyDelete..........................ဒုံရင်း...