Pages

Sunday, July 8, 2012

ရွှေညောင်မြို့ တွင် နေအိမ်၁၈လုံးပါ မြေနေရာအား တပ်ပိုင်မြေအဖြစ် သတ်မှတ်သောကြောင့် အိမ်ရှင်များဆန္ဒပြ...

ရွှေညောင်မြို့ တွင် နေအိမ်၁၈လုံးပါ မြေနေရာအား တပ်ပိုင်မြေအဖြစ် သတ်မှတ်သောကြောင့် အိမ်ရှင်များဆန္ဒပြ...

၂၀၁၂ ခုနှစ် ဇူလိုင် ၇ ရက်

၂၀၁၂ ခုနှစ် ဇူလိုင် ၆ ရက် ယမန်နေ့ နံနက် ၈ နာရီခန့် တွင် ရွှေညောင်မြို့ အောင်သပြေ အခြေစိုက် အမှတ် (၂၂၂) ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးတပ်မှ စစ်သည်အင်အား ၂၀ သည် ရွှေညောင်မှ ရပ်စောက် လမ်းဘေးရှိ လှိုင်ဘုံသာ ရပ်ကွက်အတွင်းရှိ နေအိမ် (၁၈) လုံးပါ မြေနေရာအား တပ်ပိုင်မြေအဖြစ် အုတ်တံတိုင်းကာရန် မြေတူးဖော်မှု လုပ်ခဲ့သဖြင့် အိမ်ပိုင်ရှင်နှင့် မိသားစုဝင် (၆၀)ခန့်စုဝေး ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

တပ်ပိုင်မြေအဖြစ် သတ်မှတ်ခံထားရသော လှိုင်ဘုံသာရပ်ကွက်အတွင်းရှိ နေအိမ် (၁၈) လုံးတွင် လက်ရှိ နေထိုင်သည့် မိသားစုဝင် လူဦးရေ (၁၀၀) ကျော်ရှိသည်ဟု သိရသည်။ တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ခေါင်က လာရောက်ညှိနှိုင်း ခဲ့သော်လည်း အမှတ် (၂၂၂) ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ် တပ်မှူး ဗိုလ်မှူးဝင်းမြင့် အနေဖြင့် အထက်အမိန့်အရ ဆက်လက် လုပ်ဆောင်မည်ဟု ပြောဆိုခဲ့ကြောင်း ဆန္ဒပြရာမှာ ပါဝင်သူ တစ်ဦးက ပြောပြသည်။
၂၀၁၂ ခုနှစ် မေလတွင် တပ်ပိုင်မြေအဖြစ် သတ်မှတ်မှုနှင့် ပတ်သက်၍ တပ်မှူး ဗိုလ်မှူး ၀င်းမြင့်က တရားလိုပြုလုပ်၍ တပ်ပိုင်မြေ အတွင်း ကျူးကျော်ဝင်ရောက် ဆောက်လုပ် နေထိုင်သည့် အဆောက်အဦးနှင့် တကွ ဖယ်ရှားထွက်ခွါ ပေးစေလိုမှုနှင့် မြေကွက် လက်ရောက်ရလိုမှု စွဲချက်ဖြင့် ဦးသန်းအောင် ပါ - ၁၈ အား တရားပြိုင်ပြုလုပ်ခြင်းကို တောင်ကြီးခရိုင် တရားမရုံး၌ ဒုတိယ ခရိုင်တရားသူကြီး ဒေါ်ခင်စိုးယုက တရားလိုကိုယ်စား တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ထွေး။ တရားပြိုင်ကိုယ်စား တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်မိုးမိုး ရှေ့မှောက်တွင် မြေပိုင်ဆိုင်မှုအား ပလပ်ခဲ့ပြီးဖြစ်သည်။

လက်ရှိ အခင်းဖြစ်ရာ မြေနေရာသည် တောင်ကြီးမြို့နယ် အုပ်ချုပ်မှုအတွင်း ထည့်သွင်းထားသည်ဟု ဒေသခံများက ပြောဆိုခဲ့သည်။
သတင်း၊ ဓာတ်ပုံပေးပို့တဲ့ ကိုညီဇော်အား ကျေးဇူးတင်ပါသည်..။

2 comments:

  1. မင်းနိုင်July 8, 2012 at 10:22 AM

    တပ်ကအနိုင်ကျင့်နေတာမပျောက်သမျှတပ်
    နဲ့ပြည်သူ ကြည်ဖြူဘို့ဆိုတာဝေးနေအုံးမှာ
    ပါပဲ တပ်အကြီးကဲ အထက်ဆုံးကအကြီးအကဲ
    ကြီးတွေကလဲ ကိုယ့်မျက်မှောက်မှာမြင်တွေ့
    နေရတဲ့သံဝေဂ တရားတွေကို သင်္ခန်းစာ
    ယူသင့်ပါတယ် ဗိုလ်နေ၀င်း ဘယ်လိုနိဂုံး
    ချုပ်သွာလဲ ဗိုလ်ခင်ညွန့် ဘာတွေ
    လုပ်နေရလဲအရင် ထလရ တွေအခုပြည်
    သူထဲတိုးဘို့ဘာတွေလုပ်နေရလဲ ကိုယ်ကော အမြဲတပ်ထဲမှာရှိနေမှာလား အမြဲ ကိုယ်လက်နက်ကိုင်ထားနေရမလား မရှိတော့တဲ့တနေ့ ပြည်သူ့ချဉ်ဖတ်အဖြစ်
    ခံမလား ပြည်သူကိုလက်နက်အားကိုးနဲ့
    အနိုင်ကျင့်တာ စည်းရုံးတာမဟုတ်ပါဒါကြောင့်
    ရှေ့တန်းမှာ တပ်ကပြည်သူဆီကသတင်း
    မရပဲ တပ်ရဲ့ သတင်းသူပုန်တွေကပြည်
    သူတွေဆီကရနေတာပါ

    ReplyDelete
  2. ဒမြတပ်မတော်ကတော့.လုတယ်ခိုးတယ်.လူသတ်တယ်.
    အနိုင်ကျင်ဗိုလ်ကျတယ်.သူပုန်တပ်ဖွဲ့ပါပဲ.
    ကမ္ဘာပေါ်မှာက်ေကျင့်အယုတ်ဆုံး
    ကမြန်မာပြည်ရဲ့.ဒမြတပ်မတော်ပဲ.

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။