၂၀၁၂ခုနှစ် ခုနှစ်၊ ဇူလိုင်လ (၁၇ရက်နှင့် ၁၈ရက်)ရက်နေ့များက ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှ ဒုတိုင်းတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဘိုဘိုဦးသည် ဓနုဖြူ မြို့မရဲစခန်းမှ ကျွန်းတံခါး (၁၃)တန် တင်ဆောင်လာတဲ့ သစ်ကား ဖမ်းဆီးသည့် အမှုနှင့် ပတ်သက်ပြီး ဓနုဖြူမြို့တွင် ညအိပ် စစ်ဆေးခဲ့ပါသည်။ ထိုသို့ စစ်ဆေးခဲ့ရာတွင် ဒုရဲမှူးကြီး ဘိုဘိုဦးမှ သစ်ကားကို ဖမ်းဆီးလိုက်သော ရဲဒုတပ်ကြပ် အောင်သန်းထိုက်အား ဟင်္သာတခရိုင် သစ်တောဦးစီးအရာရှိ၊ ဓနုဖြူသစ်တော အရာရှိတို့၏ ရှေ့တွင် ရိုက်ပုတ် နှိပ်စက်ခဲ့သဖြင့် ဓနုဖြူဆေးရုံသို့ ပို့ဆောင် ဆေးကုသမှု ခံယူနေရပါသည်။
ဥပဒေအရဆိုလျှင် မှုခင်းဆေးစာ ပေးပြီး အရေးယူ ရမည်ဖြစ်ပါသည်။ အဆိုပါဖြစ်စဉ်တွင် ရဲဒုတပ်ကြပ် အောင်သန်းထိုက်အား ရိုက်နှက် နှိပ်စက်သူမှာ အထက်အရာရှိကြီး ဒုရဲမှူးကြီး ဘိုဘိုဦး ဖြစ်နေသဖြင့် မည်သူကမျှ အရေးယူနိုင်ခြင်း မရှိဖြစ်နေပါသည်။ တာဝန်အရ သစ်ကားအား ဖမ်းဆီးခဲ့မှုတွင် ရဲဒုတပ်ကြပ် အောင်သန်းထိုက်အား ထိုကဲ့သို့ ကြီးနိုင်၊ ငယ်ညှဉ်း အနိုင်ကျင့်နှိပ်စက်မှုတွေဟာ ယခုကဲ့သို့ ခေတ်စံနစ် ပြောင်းသွားချိန်မှာ မရှိသင့်တော့ပါ။ သို့ပါသော်လည်း ကျွန်တော် တို့ရဲတပ်ဖွဲ့တွင် ကြီးနိုင်ငယ်ညှဉ်း၊ အနိုင်ကျင့် အထက်လူကြီးများကို မဖြစ်မနေ ငွေပေးဖားယားလုပ်မှ အဆင်ပြေမှု ရှိနေပါတယ်။ နိုင်ငံတော်နဲ့ ပြည်သူတို့အတွက် ဘယ်လောက် စွမ်းစွမ်းတမံ တာဝန်ကျေပွန်အောင် လုပ်ဆောင် ပါသော်လည်း အထက်လူကြီးများမှ မကြိုက်ကြပါ။ ငွေပေးနိုင်မှ အဆင်ပြေတယ် မျက်နှာရသလို ဖြစ်နေပါတယ်..။
ဒီထက်မက အဖြစ်အပျက်တွေ ရှိပါသေးတယ်၊ သစ် ၁၃တန် တရားခံများအား ပြေးခိုင်ပြီး တာဝန်အရ ဖမ်းတဲ့ ရဲတွေကျတော့ ပြသနာ ရှာနေပါတယ်။ သစ်ကားကို လွတ်မပေးဘဲ ဖမ်းခဲ့တယ်ဆိုတဲ အကြောင်းပြချက်နဲ့ ရုံးခန်းပိတ်ပြီး သစ်သားတုတ်ဖြင့် ရက်စက်စွာ ရိုက်ပုတ်ခဲ့သဖြင့် ယခုအခါ တာဝန်ကျေပွန်မှုနဲ့ မတရား ညှင်းပန်းနှိပ်စက် ခံရတဲ့ ရဲဒုတပ်ကြပ် အောင်သန်းထိုက် ဓနုဖြူဆေးရုံမှာ တက်ရောက် ကုသနေရတဲ့ အကြောင်းကို နိုင်ငံတော်သမ္မတကြီးနှင့် တကွ ပြည်ထဲရေးဝန်ကြီးဌာန။ နေပြည်တော် အထူးစုံစမ်းရေးအဖွဲ့များ အဖြစ်မှန်ကို သိစေရန် တင်ပြပေးဖို့ ဒီမိုဝေယံမှ တဆင့်တောင်းဆို တင်ပြလိုက်ရပါတယ်..။
အဖြစ်မှန် ပေါ်ပေါက် စေလိုသူ..

ပြည်ထဲရေးက ဒုဗိုလ်ချုပ်ကြီး ကိုကို....
ReplyDeleteဘယ်လို အရေးယူကိုင်တွယ်မလဲ ကြည့်ကြစို့။
အမှုစစ်ရင်း လက်လွန်ပြီး သေသွားတဲ့ အပြစ်မဲ့ ပြည်သူတွေကိစ္စလဲ ဘာသံမှ မကြားရပါလား။
ဝက်သားနဲ့ ချဉ်ပေါင် လဲပစ်လိုက်ပါလား..။ ။
ReplyDeletefacebook ကနေ အော်လိုက်ပါဗျို့
ReplyDeleteဘိုဘိုဦးဆိုတဲ့ကောင်က စစ်တပ်ကလာတဲ့ စစ်ပုလိပ်နဲ့တူတယ် ရဲစစ်စစ်ဆိုရင် ဒီလိုဦးနှောက်မရှိတဲ့အလုပ်မျိုးမလုပ်ဘူးဧရာဝတီတိုင်းကရဲတပ်ဖွဲဝင်များကိုလေးစားပါတယ် ရဲတပ်ဖွဲအတွင်းစစ်ပုလိပ်တွေရဲ့မတရားမှူ့များကိုon line media မှဖေါ်ထုတ်ကြပါ ရဲဘော်တို့
ReplyDeleteဓနုဖြူမှာ အဲဒီထက်ပိုပြီးတိုင်စရာတွေ၇ှိသေးတယ်လေ။ ပေါလွန်းလို့။
ReplyDeleteရဲတစ်ယောက်ဟာ လမ်း၊ တံတားလုံခြုံရေး တာဝန်ကျနေခြင်း မဟုတ်လျင် သစ်ကားများ၊ သစ်ဖောင်များ ကိုဖမ်းဆီးခွင့်မရှိပါ။ တာဝန်သိပြည်သူ တစ်ယောက် အနေဖြင့် သစ်တောဌာနသို့ အကြောင်းကြား၍ သစ်တောဌာနမှ လာရောက်ဖမ်းဆီး စေခြင်း သာပြုလုပ်ရမည် ဖြစ်သည်။ ယခုအမှူသည် ၎င်း၏ ကိုယ်ကြိုးရှာခြင်း ၊အထမမြောက်ဖြစ်ခဲ့သည် ဟုယူဆမိသည်
ReplyDeleteရေနစ်သူဝါးကူထိုး မီးလောင်ရာလေပင့် သခင်အားရကျွန်ပါးဝ မလုပ်ကြပါနဲ့ ဥပဒေ ကိုမျက်ကွယ်ပြုတဲ့ အရာရှိကိုပြတ်ပြတ်သားသားအရေးယူရမှာပါ
ReplyDeleteအဲ့ဒီအရာရှိက သစ်ကားနဲ့ နဂိုကထဲကအပေးအယူလုပ်ထားပြီးသားကိစ္စမို့လို့ ခွီးသွားတာနေမှာပေါ့ ရှင်းနေပြီးသားလေ
ဘိုဘိုဦးဆိုတာ စစ်ပုလိပ်ကွ စစ်တပ်ကနေအသွင် ပြောင်းပြီး ရဲတပ်ရင်းကိုရောက် ပြီးမှ ချင်းပြည်နယ်ကိုရောက် ပြီး ဧရာဝတီ ကိုပြောင်းလာရတာ ငွေမှမမြင်ဘူးတာ မစားဖူးတာစား မသောက်ဖူးတာသောက် ပြီး အထက်ဖားအောက်ဖိလုပ်နေတာ သစ်ကားက်ုရဲဖမ်းတာ တရားပါတယ် သူ့ကို လိုင်းကြေးပေးထားတော့ သူစိတ်တိုသွားတယ်လေ ဒါကြောင့်လုပ်တာပေါ့ ကိုမအေကိုလိုး သူကျစားထားပြီး တပည့်တွေကျပြန်မကြည့်ဘူး ဒီကောင်ကြာကြာ မမြဲပါဘူး
ReplyDeleteတပ်ပြောင်းတွေ ပင်စင်နဲ့လက်ရှိရာထူးလစာ၂မျိုး စားနေတာကို ဘယ်သူမှမပြောကြတော့ဘူးလား
ReplyDeleteညီလေးနဲ့အစ်ကိုကြီးခတ်လေ။မြန်မာနိုင်ငံအဝှမ်းအာဏာပိုင်တွေကြားကညီလေးနဲ့အစ်ကိုကြီးဆိုတဲ့networkကြီးမပျက်သ၍အာဏာပိုင်များရဲ့ဥပဒေမဲ့လုပ်ရပ်များနဲ့မတရားမှုများကိုအောက်ခြေဝန်ထမ်းများနှင့်သာမန်ပြည်သူများမှာအားကိုးမဲ့စွာဆက်လက်ခံစားနေကြရဦးမှာဖြစ်တဲ့အကြောင်းပြည်သူ့ဘက်တော်သားအာဏာပိုင်အချို့နားလည်ပြီးဆောင်ရွက်စေချင်ပါပြီ။
ReplyDeleteညီလေးနဲ့အစ်ကိုကြီးခတ်လေ။မြန်မာနိုင်ငံအဝှမ်းအာဏာပိုင်တွေကြားကညီလေးနဲ့အစ်ကိုကြီးဆိုတဲ့networkကြီးမပျက်သ၍အာဏာပိုင်များရဲ့ဥပဒေမဲ့လုပ်ရပ်များနဲ့မတရားမှုများကိုအောက်ခြေဝန်ထမ်းများနှင့်သာမန်ပြည်သူများမှာအားကိုးမဲ့စွာဆက်လက်ခံစားနေကြရဦးမှာဖြစ်တဲ့အကြောင်းပြည်သူ့ဘက်တော်သားအာဏာပိုင်အချို့နားလည်ပြီးဆောင်ရွက်စေချင်ပါပြီ။
ReplyDeleteမြန်မာနိုင်ငံမှာတိုင်းဒေသကြီးနဲ့ပြည်နယ်လောက်တော့အေးဆေးပါ။ပြည်ထောင်စုဝန်ကြီးအဆင့်မပြောနဲ့သမ္မတတောင်လွှတ်တော်အဆင့်သာရှိတဲ့အောင်သိန်းလင်းကဂရုမစိုက်တာကိုကြည့်ရင်မတရားမှုနဲ့နိုင်ထက်စီးနင်းလုပ်ရပ်များကိုမည်သူတွေကမြိန်ရည်ရှက်ရည်လုပ်နေကြသည်လည်းဆိုတာပြည်သူအများစုကနားလည်ပြီးသားပါ။အာရပ်နွေဦီးလိုဖြစ်လျင်ပြည်သူတွေနာမှာစိုးလို့။အာဏာရှင်လုပ်ချင်သူများသတိချပ်စေချင်ပါသည်။
ReplyDeleteSimply a CASE of LAWLESSNESS only I say.
ReplyDeleteThe police officer is as CORRUPT as the lot at Naypyidaw led by Than Shwe/Thein Sein as well.
They have a NETWORK of CORRUPTION since day one if you don't know yet.
And Daw Suu said, she would make RULE of LAW REIGN SUPREME IN BURMA.
I hope she is NOT JOKING certainly guys.
သစ်ကားဖမ်းတာစိတ်ဆိုးမှာပေါ့ သစ်ကားက ဘယ်လောက်ငွေပေးထားလဲမှမသိတာ။ခိုးသစ်တွေလေ
ReplyDeleteဧရာသိန်းအောင်ဆိုတာနဲ့ ရဲတိုင်းမင်းမျိုးသန့်ကတကျိတ်ထဲတဥာဏ်ထဲ
သားအဖတွေလေ
မဟုတ်တာလုပ်ရင်အတူတူပဲပုလင်းတူဘူးဆို့
ဘိုဘိုဦးဆိုတဲ့ လူက ဗိုလ်ချုပ်ကိုကို တပည့်ရင်း ဘာအရေးယူမလဲ မသိသလိုနေမှာပေါ့
ရဲတိုင်းမင်းကြီးကလဲ တပ်ကနေအသွင်ပြောင်း
ဒုတိုင်းကလဲ ဒါမျိုး
ဘယ်နေရာမှာအရပ်သားစစ်စစ်ကတက်တဲ့ပညာရှင်တွေနေရာရလို့လဲဗျ ရှားပါးပါတယ်
တက အောင်သန်းထိုက် ကောင်လေး...
ReplyDeleteမင်းက အရိပ်အကဲ မသိဘူးကိုး။
ဘိုဘိုဦးက ၀ က ခ သိန်းအောင်နဲ့
ပေါင်းစားထာကြတာလေကွာ။
ဒါထက်မကတဲ့ အရာတွေရှိသေးတယ် ၊ ရဲတပ်သား အဆင့်ကနေ ဒုရဲမှူး အဆင့်အထိက ရဲအဖွဲ့ ၊ ရဲမှူး အဆင့်ကနေ ရဲချုပ် အထိက ရဲတပ်ဖွဲ့ ပါ။ဘာဖြစ်လို့ လဲ ဆိုတော့ ရဲဆိုပြီး တပ်ဖွဲ့က ဖွဲ့စည်းထားတာလေ။ လုပ်ငန်းဘယ်လောက်ကျွမ်းကျင် ကျွမ်းကျင် မပေးနိုင် ၊ မကျွေးနိုင်ရင် အဲသည်ကောင်း ချောင်ထဲပဲ သွားရတာ တို့ ရဲတပ်ဖွဲ့ဝင်တွေလေ ၊ ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှူးက ဧရာဝတီတိုင်းမှ လူသတ်မှု တွေ ၊ မုဒိမ်းမှု တွေ ဖြစ်ပွားနေရာ လောင်းကစားတွေ မဖမ်းလို့ ဆိုပြီး မှတ်ချက်ချခဲ့တာ ဘယ်လောက်များ မှတ်သား စရာကောင်းလိုက်သလဲ ၊
ReplyDeleteဧရာဝတီတိုင်းမှာက စာဆိုရှိတယ်ကွ အဲဒါ အရင်တုံးက ဒုတိုင်း ၊ ခုလက်ရှိ တိုင်းမှူးပေါ့ သစ်မဖမ်းနဲ့ ပိတက်တယ် ၊ နွားမဖမ်းနဲ့ ခွေ့တက်တယ် ၊ ဆီ မဖမ်းနဲ့ လောင်တက်တယ် တဲ့ အဲဒါတွေအကုန်လုံးက သူ shere ၀င်ထားတာလေ ၊ ယစ်မျိုးဆိုလည်း ဒီအတိုင်းပဲ။
ReplyDelete