Pages
Monday, July 16, 2012
လောင်းလုံမြို့နယ် မောင်းမကန် ကျေးရွာသားများမှ ပြည်ခိုင်ဖြိုးပါတီဝင် အများဆုံးပါဝင်သော ထားဝယ်ဖွံ့ဖြိုးမှုအများပိုင် ကုမ္မဏီသို့ ဆန္ဒပြခြင်း..
ထားဝယ်သားများ ဒုတ်/ဓါးများ ကိုင်ဆောင်ပြီး ပြည်ခိုင်ဖြိုး ပါတီဝင် အများဆုံးပါဝင်သော ထားဝယ်ဖွံ့ဖြိုးမှုအများပိုင် ကုမ္မဏီသို့ ဆန္ဒပြခြင်း
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာမှ ကျေးရွာသူ၊ ကျေးရွာသား(၅၀) ကျော်ခန့်သည် ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ(၁၄)ရက်နေ့တွင် ထားဝယ်ဖွံ့ဖြိုးမှု အများပိုင်ကုမ္မဏီမှ ဟိုတယ်ဆောက်ရန် မြေနေရာတွင် မြေတူးစက်ကြီးများဖြင့် လမ်းဖောက်လုပ်ခြင်းကို ကျေးရွာသူ/သားများမှ (၀၉၀၀)ချိန် မှ(၁၁၃၀)နာရီချိန်ထိ ဒုတ်/ဓါးများကိုင်ဆောင်ပြီး ဆန္ဒပြရာ လမ်းဖောက်ခြင်း လုပ်ငန်း ရပ်ဆိုင်းသွားသဖြင့် (၁၂၀၀)ချိန်ခန့်တွင် ရွာသူ၊ ရွာသားများမှ ကျေးရွာ ဓမ္မာရုံတွင်စုရုံးပြီး နိုင်ငံတော်သမ္မတထိ တင်ပြသွားရန် ဆွေးနွေးခဲ့ကြပါသည်။
 ထားဝယ်ဒေသ ဖွံ့ဖြိုးမှုအများပိုင် ကုမ္မဏီမှ ကျေးရွာသူ/သားများအား အစုရှယ်ယာ ထည့်ခိုင်းပြီး စည်းရုံးကာ လမ်းဖောက်လုပ်ခြင်း လုပ်ငန်းအား ဆက်လက် ဆောင်ရွက်ခဲ့ပါသည်။ ထားဝယ်အများပိုင် ကုမ္မဏီမှ ထားဝယ်ခရိုင်အတွင်း မြေသိမ်းဆည်းမှုများမှာ ဧကပေါင်း(၅၀၀၀၀)၀န်းကျင် အထိရှိ ပါသည်။ သိမ်းဆည်းခံရသော ကျေးရွာများသို့လည်း လမ်းဖောက်ပေးခြင်း၊ စာသင်ကျောင်းများ ဆောက်ပေးခြင်း တံတားများ ကောင်းအောင် လုပ်ပေးခြင်းများ ပြုလုပ်ပေးမည်ဟု အကြောင်းအမျိုးမျိုးပြကာ လိမ်ညာကာ ဆောင်ရွက်နေကြောင်း သိရှိရပါသည်။ 
ထားဝယ် အများပိုင်ကုမ္မဏီမှ လူကြီးများကို သုံးသပ်ရမည်ဆိုရင် လက်ရှိတာဝန်ယူထားသူများမှ ယခင်က ထားဝယ်ဒေသ ကောင်းကျိုးအတွက် ဆောင်ရွက်ပေးတာ မရှိကြောင်း၊ ပြည်ခိုင်ဖြိုးပါတီဝင် အများဆုံးပါဝင်သဖြင့် ရွေးကောက်ပွဲ ကာလများတွင်လည်း ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေးမည်ဟု အကြောင်းပြကာ ဆောင်ရွက် ပေးခြင်း မရှိဘဲ လိမ်လည်ခြင်း၊ ဥက္ကဌ တာဝန် ထမ်းဆောင်သူ ဦးခင်စိုးမှာလည်း စိတ်ဓါတ်ကောင်းသူ(၁)ဦး မဟုတ်ကြောင်း ပုဂ္ဂိုလ်ရေးအရ မုန်းတီးပြီး ပြောကြားခြင်း မဟုတ်ဘဲ ဒေသဖွံ့ ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးမည်ဟု အကြောင်းပြကာ ဆောင်ရွက်ပေးခြင်း မရှိခြင်း၊ ဦးခင်စိုး နာမည်ခံကာ မြေများလိုက်လံ သိမ်းဆည်းခြင်း၊ တစ်ဘက်နိုင်ငံသားများသို့ ရောင်းစားရန် ကြံစည်ခြင်း၊ သိမ်းဆည်းထားသော မြေများကိုလည်း ယခုထိတိုင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း မရှိကြောင်း တွေ့ရှိရပါသဖြင့် ထားဝယ်သားများ စည်းလုံးကြရန် လိုအပ်ပါသည်...။ ထားဝယ်သားများ စည်းလုံး ညီညွတ်ကြပါ...
ထားဝယ်ကိုကိုကြီး
ဟိုတယ်ဇုံမြေ...
ပြည်ခိုင်ဖြိုးပါတီဝင် အများဆုံး ပါဝင်သော ထားဝယ်ဖွံ့ ဖြိုးတိုးတက်မှု အများပိုင်ကုမ္မဏီမှ ရော်ဘာပင်များ စိုက်ရန်အကြောင်းပြပြီး မြေသိမ်းဆည်းမှုနှင့် လုပ်ငန်းဆောင်ရွက်မှုအကြောင်း တစ်စေ့တစ်စောင်း
ကျွန်တော်တို့ ထားဝယ်သားအများစုမှာ လယ်ယာလုပ်ငန်း၊  ခြံလုပ်ငန်း၊ ရေလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုရာမှ 2-11-2009 ရက်နေ့ တွင်နှစ်နိုင်ငံ တာဝန်ရှိသူများမှ မူဘောင် သဘောတူညီမှု စာချုပ် Concessing Signing ကိုလက်မှတ်ရေးထိုးပြီး 2011 ခုနှစ်၊ ဇန်န၀ါရီလတွင် ထားဝယ် အထူးစီးပွားရေးဇုန် စတင်လိုက်သည့် အချိန်မှစပြီး ထားဝယ်ဒေသတွင် အိမ်၊ ခြံမြေဈေးများ တစ်ရှိန်ထိုး တိုးတက်မှုဖြစ်လာပါတော့သည်။
ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းမှမြေဧက(၂)သောင်းကို (၁)ဧကလျှင် ကျပ်သိန်း(၃၂၀၀)ဖြင့် ရောင်းချနိုင်မည်ဟု The Nation သတင်းစာ တွင်ရေးသား ဖော်ပြထားပါသည်။ ထိုကဲသို့ မြေကွက် တန်ဖိုးများ မြင့်တက်လာသည်နှင့် အတွက် စီးပွားရေးလုပ်ငန်းရှင် အများအပြား ၀င်ရောက်လာသလို ထားဝယ်သား အချင်းချင်းမှ ကိုယ့်လူမျိုး အပေါ်ဖွံ့ဖြိုးရေး လုပ်ငန်းကို အကြောင်းပြပြီး သစ္စာဖောက်ခြင်းကမှ ပိုမိုဆိုးရွားလှပါသည်။ မြေဈေးများကောင်း လာသဖြင့် ပြည်ခိုင်ဖြိုး ပါတီလက်အောက်ခံ ထားဝယ်သားတစ်စုမှ ဒေသဖွံ့ဖြိုးရေးကို အကြောင်းပြကာ စီးပွားရှာရန်အတွက် မြေသိမ်းဆည်းမှုများ အား အောက်ပါ အတိုင်း တင်ပြလိုက်ရပါတယ်-
ဟိုတယ်ဆောက်ရန် မြေနေရာ..
၁။ အထူးစီးပွားရေးဇုန် ရုံးခန်းနှင့် အနီးတစ်ဝိုက်ရှိ ဒေသခံ(၆)ဦး၏ မြေ(၂၃.၆)ဧကအား ကျပ်သိန်း(၄၉၇)ဖြင့် လျော်ကြေးပေး ၀ယ်ယူခဲ့ခြင်းနှင့် ပတ်သက်ပြီး ဒေသခံများမှ နစ်နာခဲ့ခြင်း (ယခုဆိုလျှင်(၁)ဧက ဈေးမှာ သိန်း(၂၀၀)၀န်းကျင်အထိ ဖြစ်ပေါ်နေခြင်း)
၂။ ဟိုတယ်ဇုန်ပြုလုပ်ရန် အကြောင်းပြပြီး မြေရောင်းစားရန် ရည်ရွယ်ချက်ဖြင့် ကျောက်ဆင် ကျေးရွာနှင့် သပေါ့ဆိမ့်ကြားတွင် မြေဧက(၅၀၀) ကိုသိမ်းပိုက်ရန် ဆောင်ရွက်သော်လည်း လျော်ကြေပေး ဝယ်ဆောင်ရမည် ဖြစ်သဖြင့် အခြားနေရာသို့ ပြောင်းရွှေ့ခဲ့ကြောင်းနှင့် အဆိုပါ နေရာတွင် သီဠ်ပင်များ စိုက်ပျိုးထားပြီး ပိုင်ရှင်များမှ နှစ်စဉ်ခူးယူ ရောင်းချမှု ပြုသော်လည်း လျော်ကြေး ပေးရမည်စိုးသဖြင့် အလေ့ကျ ပေါက်ပင်များဟု အကြောင်းပြစေခြင်း၊ လူနေတဲ(၆)လုံး ရှိသော်လည်း ကြိုးဝိုင်း ဧရိယာအတွင်း ကျူးကျော်သူများဟု စွပ်စွဲကာ ထိုက်သင့်သည့် လျော်ကြေးမပေးဘဲ မတရားသိမ်းပိုက်ခြင်း။
၃။ ရန်ကုန်မြို့နေ ကဒတ်ကြီးသား ဦးခင်စိုး ဦးစီးကာ ထားဝယ်သားများ ပါဝင်သောအဖွဲ့မှ အများပိုင် ကုမ္မဏီထူးထောင်ကာ စိုက်ပျိုးရေးကို အကြောင်းပြပြီး ထိုင်းနိုင်ငံနယ်စပ် မြေခံအော်ဒေသတွင် မြေဧက(၁၅၀၀၀)၊ အထူးစီးပွားရေးဇုံ ကားလမ်းဘေး ဆင်ဖြူတိုင်နှင့် ထီးခီးဒေသတွင် မြေဧက (၂၀၀၀၀)၊ ကျောက်တွင်း ကျေးရွာနှင့်တီဇစ် ကျေးရွာအကြားတွင် မြေဧက(၅၀၀၀)၊ ထားဝယ်မြို့ရှိ မြေလွတ်နေရာ အားလုံးအား ဖွံ့ဖြိုးရေးလုပ်ငန်းကို အကြောင်းပြကာ ထားဝယ်မြို့ပေါ်နေ ဦးယုစိန်နှင့် ရေဖြူမြို့နယ်နေ ဦးအောင်မျိုးတို့မှ အများပိုင်ကုမ္မဏီမှ နာမည်ခံပြီး လိုက်လံ သိမ်းဆည်းမှုများ ပြုလုပ်နေကြပါတယ်။
၎။ ထားဝယ်အများပိုင်ကုမ္မဏီမှ အဓိကတာဝန်ရှိသူမှာ ခင်စိုးဖြစ်ကြောင်းနှင့် ယခင်ရွေးကောက်ပွဲကာလနှင့် ကြားဖြတ် ရွေးကောက်ပွဲ ကာလများ တွင် လောင်းလုံးမြို့နယ် အတွင်း လမ်း၊ တံတားများ၊ စာသင်ကျောင်းများ၊ ဘုန်ကြီးကျောင်းများအား ကောင်းအောင် ဆောင်ရွက်ပေးမည်ဟု ကတိ အမျိုး မျိုးပေးကာ စည်းရုံးမဲဆွယ်ခဲ့ပြီး ပါတီ အနိုင်ရရှိသွားသည့်အခါတွင် ဘာတစ်ခုမှ လုပ်ဆောင်ပေးခြင်း မရှိဘဲ မွေးရပ်မြေကိုတောင် မလာရဲတာကိုတာကြည့် ပါတော့။
မြေခံအော်ဒေသ..
 ကဒတ်ကြီးကျေးရွာကို ရောက်ခဲ့စဉ်အခါက (ဦးခင်စိုးဟာ ကိုယ်ကျင့်တရား ကောင်းမွန်သူတစ်ဦး မဟုတ်ကြောင်း၊ ကျေးရွာက ကျောင်း ဆရာမလေး အေးအေးမာဟာ သူကြောင့်ရတဲ့ ကိုယ်ဝန်နဲ့ အရှက်ရပြီး သေဆုံးခဲ့တယ် ဦးခင်စိုးလဲ ထိုင်းဘက်ကို ထွက်ပြေး သွားပြီး မှောင်ခို လုပ်ငန်း တွေကို စတင် လုပ်ကိုင် လာတော့တယ်၊ နောက်ဆုံး ဘိန်းဖြူတောင် တစ်ဘက်နိုင်ငံဘက်ကို ရောင်းစားခဲ့ တယ်၊ သူစက်ရုံမှာအလုပ် သွားလုပ်တဲ့ ရွာကကောင်မ ချောချောလေးတွေ ဆိုသူရဲ့ မယားငယ်ဘ၀ကို ရောက်သွားရတယ်၊ နောက်ဆုံးပြောရရင် အဖေသေသွားတော့ အဖေနောက်ယူုလိုက်တဲ့ မိန်းမ(အမေလေးပေါ့) ကိုတောင် အလွတ်မပေးဘူးဟု နားကျည်းစွာနဲ့ ပြောတဲ့ ကဒက်ကြီးသား တစ်ယောက်ရဲ့ ရင်ဖွင့်သံပါ) ဒီလိုစိတ်ဓာတ် ရှိတဲ့သူ တစ်ဦး ဟာ ဘယ်လိုလုပ်ပြီး ဒေသကောင်းအောင်၊ ဖွံ့ဖြိုးအောင်လုပ်နိုင်မှာလဲ။
ထားဝယ်အသင်းဥက္ကဌ၊ အဏ္ဏ၀ါလွမ်းကုမ္မဏီ၊ ထားဝယ်ဖွံ့ဖြိုးမှု အများပိုင်ကုမ္မဏီ ဥက္ကဋ္ဌ ဦးခင်စိုး၊
သုံးသပ်တင်ပြခြင်း
ဦးခင်စိုး ဦးစီးပြီး ထားဝယ်သားများ အများပိုင်ကုမ္မဏီမှ သိမ်းဆည်းထားသော မြေများအား ပေါင်းကြည့်ပါက မြေဧကပေါင်း (၅၀၀၀၀) ကျော်ထိ သိမ်းပိုက်ထားပါတယ်။ တစ်ဘက် နိုင်ငံသားများနှင့် စီးပွားရေး လုပ်ငန်းရှင်များကို မတန်မဆဈေးများဖြင့် ရောင်းစားခြင်းဟာ ဒေသဖွံ ဖြိုးရေးလုပ်တာဆိုတာ စဉ်စားကြည့်ပါ။ အများပိုင် ကုမ္မဏီကိုလေ့လာကြည့်ပါ စီးပွားရေအမြင်ရှိသော လုပ်ငန်းရှင် အများဆုံး ပါဝင်သောအဖွဲ့ ဖြစ်ခြင်း၊ ဦးခင်စိုး ဦးစီး ပြီးဆောင်ရွက်မှုများက ဒေသတွင်း ဆိုးကျိုးကောင်းကျိုးကို တွက်ဆမှုမရှိဘဲ မြေရရင်ပြီးရော ပိုင်တယ်ဆိုပြီး လုပ်ချင်တာကို မိုက်မိုက် ကန်းကန်း လုပ်နေသူများသာ ဖြစ်ပါတယ်၊ 
ဒေသဖွံ့ဖြိုးရေးကို တကယ် လုပ်ချင်တယ်ဆိုရင် လယ်သမားတွေ၊ စိုက်ပျိုးရေးသမားတွေကို ငွေချေးပေးခြင်းမျိုး၊ လယ်ယာသုံး ပစ္စည်းမျိုးတွေ ၀ယ်ပြီး ထောက်ပံ့ပေးတာတွေ လုပ်ပေးရမယ်၊ ပါတီကို အကြောင်းပြပြီး ဒေသတွင်းက မြေတွေ လိုက်လံ သိမ်းဆည်းခြင်း၊ သူအနေနဲ့ သိမ်းဆည်းထားသော မြေများကိုလည်း အများပိုင်တွင် အစုရှယ်ယာအဖြစ်ထည့်ဝင်ခြင်း၊ ပြည်ခိုင်ဖြိုး ပါတီဝင်တွေအနေနဲ့ အများပိုင် ကုမ္မဏီထူးထောင်ပြီး ပါတီအတွက် အစုရှယ်ယာထည့်ခြင်း တော့ မလုပ်သင့်တဲ့ကိစ္စပါဘဲ၊ ဒါကြောင့် ထားဝယ်အသင်းဥက္ကဌ၊ အဏ္ဏ၀ါလွမ်းကုမ္မဏီ ဥက္ကဌ၊ လည်းဖြစ်တဲ့ ဦးခင်စိုး၊ ကိုယ်ကျိုးတစ်ခု တစ်တည်းကိုဘဲ ကြည့်တဲ့သူကို ဘယ်လိုလုပ်ပြီး ကျွန်တော်တို့ ယုံကြည်ရမလဲ၊ ကျွန်တော်တို့ အစုရှယ်ယာ ထည့်တာ မှားပြီထင်ပါတယ်။ ထားဝယ်သားထဲမှာ ခမ်းပဲ့ပဲ့ပါဘဲ။
ကျောက်တွင်းအနီးမြေ..
ရေနက်ဆိပ်ကမ်း ပြုလုပ်မှုကြောင့် ဒုက္ခရောက်ရတဲ့ ကျေးရွာ(၁၆)ရွာက ရွာသားတွေ ရပိုင်ခွင့်တွေကို ဘာလုပ်ပေးသလဲ သူတို့လဲ ထားဝယ်သားတွေဘဲ သူတို့လျော်ကြေး ရတာဘဲဆိုပြီး ပစ်ထားလို့မရဘူး၊ စောင့်ရှောက်ပေးရမယ်။ ထားဝယ်မှာ ဖွံ့ဖြိုးရေးလုပ်ချင်တယ်၊ ထားဝယ် သားပါလို့ ကိုယ်ကို ကိုယ် သတ်မှတ်ရင် အရင်ကတည်းက ထားဝယ်မှာ ဖွံ့ဖြိုးတိုးတက်မှုတွေ လုပ်ပါလာ ..ရန်ကုန်မှာ မှောင်ခိုလုပ်ပြီး စီးပွားရှာတယ်၊
ထားဝယ်မှာ လုပ်ရင် ထားဝယ်သားတွေ အလုပ်အကိုင်တွေ တောင်ရသေးတယ် ... စီးပွားရေးအမြင်နဲ့ နောက်ဆုံးတင်ပြရရင် ခင်စိုးဟာ ထားဝယ် မှာ ဒေသဖွံ့ဖြိုးရေးကို အကြောင်းပြကာ စီးပွားရှာရန်အတွက် မြေသိမ်းဆည်းမှုများ လုပ်ဖို့ရည်ရွယ် တာဘဲ.....စာရင်းရှင်းတမ်း အတိအကျကို ကျွန်တော်တို့လို ရှယ်ယာ ရှင်တွေကို လုပ်ငန်း အတိအကျ ချပြနိုင်မလား....ဖွံဖြိုးရေး အကြောင်းပြပြီး ကျန်ငွေများကို ပေးသလောက် ယူတာမျိုးတော့ ထားဝယ်သား အချင်းချင်းအပေါ် လုပ်တာမျိုးတော့ လက်ခံဖို့မဖြစ်နိုင်ပါဘူး
ဟိုတယ်ဇုံမြေ..
အများပိုင်ကုမ္မဏီမှ သိမ်းဆည်းထားသော မြေများကို လက်ရှိအစိုးရ လက်ထက်မှာ မလုပ်ဖြစ်အောင် တားဆီးရမှာဘဲ၊ စိတ်ဓါတ် မကောင်း တဲ့သူ၊ ကိုယ်ကျိုး တစ်ခုတည်းကြည့်တဲ့ သူမျိုးကို ခေါင်းဆောင်တင်ရင် ငါးပါးမှောက်ကုန် မှာဖြစ်တဲ့အတွက် စိတ်ဓာတ် မကောင်းတဲ့ကောင် ခင်စိုးကိုတော့ ခေါင်းဆောင်နေရာမှ မထားဘဲအခြား ထားဝယ်သားထဲမှာ ခေါင်းဆောင်ကောင်း တစ်ယောက်ကို တင်မြောက်ဖို့အတွက် အဖွဲ့အစည်းအနေနဲ့ ရွေးချယ်ဖို့ လိုအပ်ပါတယ်။ ထားဝယ်ကိုချစ်တဲ့ ငါတို့ ထားဝယ်သားတွေ ပိုင်တဲ့မြေကို တိုင်းတပါးသားတွေ ဆီကို အရောက်မခံ နိုင်ရေးအတွက် အားလုံး ၀ိုင်းဝန်း ထိန်းသိမ်းကြပါ၊ ပြည်ခိုင်ဖြိုးပါတီဝင် အများဆုံး ပါဝင်သော ထားဝယ် ဖွံ့ဖြိုးတိုးတက်မှု အများပိုင်ကုမ္မဏီမှ မတရားမြေ သိမ်းဆည်း မှုများကိုလည်း ကန့်ကွက်၊ တိုက်ဖျက်ကြပါစို့လို တိုက်တွန်း လိုက်ရပါတယ်။
ထားဝယ်ကိုကိုကြီး
103 comments:
  1. ဒီသတင်းဟာအခြေမြစ်ရှိလားဆို....သူရေးထားတဲ့စာနဲ့ပုံ ကိုကြည့်၇င်းသိသားပါတယ်....ဆန္ဒပြနေတဲ့ပုံလည်းမပါ....ဆန္ဒပြတဲ့အကြေင်းတရားလည်းမပါဘဲ..ဦးခင်စိုးဂွေးကိုမ နေရင်းအလုပ်ပြုတ်ခဲ့ရလိုနာကြည်းနေတဲ့ဟာတွေ့ဘဲပါတယ်...... ထားဝယ်ကကျဉ်းကျဉ်းပါ....
    ReplyDelete
  2. ဟေ့ကောင် မင်းက ခင်စိုးအကြောင်းဘယ်လောက်သိလို့ လဲ၊ ခင်စိုးအကြောင်းအသေးစိတ်သိချင်ရင် ခင်စိုးမွေးတဲ့ ကဒတ်ကြီးကိုလာခဲ့ အသေးစိတ်ရှင်းပြမယ်။ ဆန္ဒပြတဲ့ပုံ မပါတာက ဖြစ်စဉ်ဖြစ်တုန်းက နောက်ကျသွားလို့ အသေး စိတ်သိချင်ရင် မောင်းမကန်မှာဘယ်သူကိုမဆို သွားမေးလို့ရတယ်
    မင်းက ခင်စိုးဘက်က လိုက်နာရအောင် မင်းအစ်မပေး ထားတဲ့ယောက်ဖဖြစ်နေလို့လား..။ ဒီလိုဖြစ်စဉ်မျိုးက လိမ်ညာပြီးပို့လို့ရတာမှမဟုတ်တာအမှန်ဖြစ်လို့ပို့ပေးသလို သတင်းဌာနကလဲ မှန်လို့တင်ပေးတာ ကမ္ဘာ သိအောင်လုပ်တဲ့ကိစ္စလိမ်လို့ရမလားကွ မင်းကကြံ့ဖွံလား။
    ထားဝယ်သား
    ReplyDelete
  3. မောင်းမကန်သူJuly 17, 2012 at 1:05 AM
    ထားဝယ်ဖွံ့ ဖြိုးမှုအများပိုင်ကုမ္မဏီက မောင်းမကန်ကတ္တရာလမ်းအဆုံးကစပြီး မြေတူးစက်နဲ့ လမ်းဖောက်လို့ မောင်းမကန်က ကျွန်တော်တို့ရွာသားတွေဆန္ဒပြတာ မှန်တယ်ဗျို...
    မောင်းမကန်သူ
    ReplyDelete
  4. ကဒတ်ကြီးသား မောင်မျိုးJuly 17, 2012 at 1:16 AM
    Anonymous မင်းကထားဝယ်က ထားဝယ်သားလား...ထားဝယ်ကဆိုရင် မင်းကဒတ်ကြီးရွာကိုဆင်းလာခဲ့..သူဌေးကြီး ခင်စိုးမွေးခဲ့တဲ့ရွာကိုလာကြည့်ပါ---စာသင်ကျောင်းတွေ၊ လမ်းတွေ၊ တံတားတွေဘယ်လိုဖြစ်နေတယ်ဆိုတာ တစ်ချက်လောက် လာကြည့်လိုက်ပါ--ပြည်ခိုင်ဖြိုးပါတီစည်းရုံးရေးဆင်းတုန်းက သူပြောခဲ့တာက သူဟာထားဝယ်သား တစ်ယောက်ပါ--ထားဝယ် ဒေသကိုဖွံ့ ဖြိုးတိုးတက်အောင်ဆောင်ရွက်ပေးမယ်လို့ တစ်ခွန်းမှမပြောသွားဘူး---ထားဝယ်ဒေသမှာရှိတဲ့သူတွေ အလုပ်လုပ်ချင်ရင် သူ့စက်ရုံကိုလာခဲ့ ရန်ကုန်မှာ အလုပ်ပေးမယ်လို့ ပြောသွာတာဘဲရှိတယ်..အခုအများပိုင်ကုမ္မဏီထောင်ပြီ ထားဝယ်မှာ ဘာလုပ်မှာလဲ--မင်းထားဝယ်သားတစ်ယောက်ဆိုရင် စဉ်းစားကြည့်လိုက်စမ်းပါ..ထားဝယ်ဒေသတစ်ခုလုံးမှာ စုံစမ်းကြည့်လိုက်စမ်းပါ သူဘာလုပ်ပေးခဲ့တာရှိသလဲဆိုရင်..သူတောင် မတရားမှောင်ခိုလုပ်ပြီးချမ်းသာလာတော့ ရန်ကုန်မှာ စီးပွားသွားလုပ်တာ ထားဝယ်မှာ ဘာမှလုပ်ပေးထားတာမရှိဘူး---မင်းက သူဘက်လိုက်ပြီးပြောနေရအောင် Anonymous မင်းကမှ ဂွေးမနေတဲ့ကောင်....
    ReplyDelete
  5. မြိတ်သားJuly 17, 2012 at 1:20 AM
    ဆန္ဒပြတဲ့သတင်းက ဟုတ်တယ်ဗျာ....ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ဆွေနဲ့ အဖွဲ့တောင် 15-7-2012 ကမောင်းမကန်ဓမ္မာရုံမှာတောင် အများပိုင်ကုမ္မဏီဘက်ကနေ နှစ်သိမ့်စကားလာပြောသွားတယ်..ကမ်းခြေလာတုန်းကတွေ့လိုက်လို့ စပ်စုလိုက်တာ။
    ReplyDelete
  6. ADD လှသန်းJuly 17, 2012 at 1:24 AM
    အမှန်တကယ်ဖြစ်စဉ်တစ်ခုပါ။ နည်းနည်းနောက်ကျသွားတယ်ဗျာ........နောက်တစ်ခါဆို ဓါတ်ပုံမဟုတ်ဘူး video ပါ ရိုက်ပြပေးမယ်.....
    ReplyDelete
  7. U guys are correct! he is a lowlife! he have a lot of wifes!
    ReplyDelete
  8. His first wife is pityful!
    His current wife is his personal secretary!
    ReplyDelete
  9. ဒကာလေးမောင်ကိုကိုကြီး!
    ဒကာလေးရဲ့စာကို ဥပဉ္စင်းဖတ်ကြည့်ပြီးစဉ်းစားမိတယ်...
    လူတစ်ယောက်ဟာ ကုသိုလ်၊အကုသိုလ်ဆိုတဲ့အကြောင်း တရားတွေကြောင့်သူကောင်းတာလုပ်ရင်ကောင်းတဲ့အကျိုးခံစားရမှာပဲ...ဒကာလေးမောင်ခင်စိုးဟာလည်းမင်းပြောသလိုဆိုရင်ဒီလိုပဲခံစားရမှာပဲ...ဒါကြောင့်ဒီအကြောင်းတရားတွေကိုဖော်ပြနေစရာမလိုဘူးထင်တယ်...ကိုယ်ကိုယ်တိုင်းသာကောင်းအောင်နေနိုင်ဖို့အရေးကြီးမယ်ထင်တယ်.ကိုယ်ကသူတစ်ပါးကိုကောင်းတယ်၊မကောင်းဘူးပြောရအောင် ကိုယ်ကရောဘာလဲ? ဆိုတာကိုယ့်ဟာကိုယ်သုံးသပ်ဖို့လိုမယ်ထင်တယ်..ဥပမာ.ကိုယ်က တရားသူကြီးပေါင်ချိန်လား?
    ရာမမင်းကြီးလား? ကိုယ်လည်းလူထဲကပုထုဇဉ်လူတစ်ယောက်ဆိုတော့ ကုသိုလ်၊အကုသိုလ် တရားတော့ကင်းမယ် မထင်ဘူး။ ကိုယ်သာဆိုရင်တော့ ကိုယ့်ကိုယ်ကိုအကောင်းတွေပဲဖော်ပြချင်ပြီးသူတစ်ပါးကျတော့ အဆိုးတွေပဲ ဖော်ပြ
    ချင်နေတယ်ဆိုရင်တော့ သူတော်ကောင်းတစ်ယောက်မဟုတ်ဘူးဒကာလေး...သူတစ်ပါးကို ပုတ်ခတ်ပြောဆိုရတော့
    မယ်ဆိုတာနဲ့တစ်ဖက်သားသူ ပူလောင်မှုမခံစားရခင် ပထမဆုံးပူလောင်မှုခံစားရတာကတော့ ကိုယ်ကိုယ်တိုင်ပါပဲ့ သူတစ်ပါးကို ပူလောင်မှုခံစားစေတာလည်း အကုသိုလ်ဖြစ်သလို ကိုယ်ကိုယ်တိုင်ပူလောင်မှုခံစားရစေတာလည်း အကုသိုလ်တရားပါပဲဒကာလေး....ဒီတော့ဘာပဲ့ဖြစ်ဖြစ်ပေါ့ သူတပါးလည်းအကျိုးမရှိ ကိုယ့်အတွက်လည်း အကျိုးမရှိဘူးဆိုတဲ့ အကုသိုလ်တရားကိုတော့ မလုပ်မိ၊မပြောမိတာကောင်းလိမ့်မယ်လို့ ဥပဉ္စင်းအကြံပြုလိုက်တယ်...
    ဥပဉ္စင်း စံညွှန့်...
    ReplyDelete
    Replies
    1. ကိုမောင်ချစ်July 19, 2012 at 12:19 AM
      ဥပဉ္စင်းစံညွန့်တရားပြပေးလို့ကျေးဇူးတင်ပါ။
      ဦးခင်စိုးနှင့်ဘာတော်လဲမသိဘူးနော်။
      Delete
  10. ဘယ်လိုယုံရမှာလဲ
    ReplyDelete
  11. အမှန်တွေပဲယုံရမှာပေါ့ ဘာလို့မေးတာလဲခင်စိုးနဲ့ဘာတော်လဲ သူ့ဟာ မနေတာလား?
    ReplyDelete
  12. အမှန်ဆိုတာကိုနင်ဘယ်လိုပြောနိုင်လဲ...
    သေချာသိတာလည်းမဟုတ်ပဲနဲ့...
    သူများဟောင်တိုင်းလိုက်ဟောင်နေတဲ့အကောင်
    ReplyDelete
  13. ဥပဉ္ဖင်းစံညွှန့်ပြောသလိုကိုယ်ကိုယ်တိုင်သာကောင်းအောင်
    နေကြပါ...သူများကိုလက်ညှိးလိုက်ထိုးမနေကြနဲ့
    သူတို့လုပ်ရင်သူတို့ခံရမယ်...
    နင်တို့လည်းနင်တို့ဘာသာကောင်းအောင်နေကြ...
    ReplyDelete
  14. ထားဝယ်သားတစ်ယောက်အနေနဲ့ ထားဝယ်ပြည်သူအတွက်လုပ်နေတဲ့ သူတွေကိုသေချာအောင်လေ့လာပြီးမှ ပြောရင်မကောင်းဘူးလားသူငယ်ချင်း ဒါဆိုပိုအဆင်ပြေမယ်လို့ထင်ပါတယ်
    မသေချာတာကိုပြောမိတင်ပြမိရင် အမှားက ကိုယ့်ဘက်ကိုရောက်နေသလိုဖြစ်သွားမယ်ဆိုတာသိစေချင်ပါတယ် ကျွှန်တော်နဲ့ဆွေးနွေးလို့ရပါတယ် သေချာအောင်ပေါ့ဗျာ
    ReplyDelete
  15. ခင်စိုးမွေးထားတဲ့ကောင်တွေကတော့ ပြန်ကိုက်နေပြီ ကိုက်ခံရတဲ့ ကောင်တွေကတော့သေဖို့သာပြင်ပေတော့ ဟိုဘက်ကအုပ်စုလိုက်ကြီး လွတ်အောင်သာပြေးပေတော့
    ReplyDelete
  16. ဆွေးနွေးရအောင် မင်းကဘာလဲ တစ်ယောက်တဲမရှင်းနဲ့ ထားဝယ်သားအားလုံးသိအောင် ချပြမှပေါ့ သူရဲကောင်းကြီးရဲ့
    ReplyDelete
  17. ခင်စိုးနှာဗူးကောင်ဆိုတာတော့ အမှန်ပဲ
    သူ့ အလုပ်ကဝန်ထမ်းကောင်မလေးပြောတာ
    ReplyDelete
  18. ဟုတ်တယ်အမှန်ပဲ
    ReplyDelete
  19. လူတိုင်းကိုယ်အလုပ်ကိုလုပ်တာအကောင်းဆုံးဘဲ့လေ
    ဆင်းရဲသားတွေရဲ့ဘ၀တွေကိုကိုယ်ချင်းစာကြပါ။
    အနိုင်ကျင့်တဲ့လူဆိုရင်မတရားကြောင်းပြောရဲရမယ်
    ဒါလောကပါလတရားဘဲ့လေ။
    ဥပဉ္ဇင်းစံညွှန့် ဒီလိုအကြောင်းရာသေချာမသိဘဲတရား
    ပေးသလိုဝင်ပြောနေမဲ့အစားအထက်မြန်မာပြည်က
    ဆရာတော်တွေလိုကိုယ်တိုင်အောက်ခြေအထိဝင်
    ဖြေရှင်းပေးစေချင်ပါတယ်။
    ReplyDelete
  20. မိမိကိုယ်ကိုကောင်းအောင်ကြိုးစားပါ။ လို့ တော့ကြားဖူးတယ်။ သူတပါးကို ရှုပ်ချပါ လို့တော့ မကြားဖူးပါဘူး၊ သူများ ဂုဏ် နှိမ့် က ကိုယ် ဂုဏ် နှိမ့်၏ လို့ တော့ ကြားဖူး တယ် ။
    ReplyDelete
  21. ထားဝယ်ကိုကိုကြီး ကိုလေးစားပါတယ်၊ သိချင်တာလေးရှိလို့မေးပါရစေ။ ထား ၀ယ် ကိုကိုကြီး က ရော ထားဝယ်ဒေသဖွိ့ဖြိုးအောင် ဘာတွေ စွမ်းဆောင် ပေးထား ပြီးပြီလဲ ???????
    ReplyDelete
    Replies
    1. ဒီလိုရေးတာ ထားဝယ်ဒေသ အတွက် ပါ ကောင်းပါ တယ် ဘခင်စိုး မကျေနပ် လို လူမိုက် ငှားပြီး ရိုက်ခိုင်း ရင် သူပဲနာ မယ်
      Delete
  22. အကောင်းမြင်တတ်အောင်ကြိုးစားကြပါ။
    စကားရေလုပွဲမဟုတ်ပါဘူး။
    အခုအမြင်တွေကဦးခင်စိုးဘက်ကတဖက်သတ်
    လိုက်ရေးနေမှန်းသိသာလွန်းနေတယ်။
    ခောတ်တွေလဲပြောင်းလာပါပြီ ဆရာကြီးတွေရဲ့
    အေးမြတဲ့တရားပွဲတွေကြောင့်လူသားတွေသာ
    သနာကိုအရေခြုံပြီးသာသနာငြိုးနွမ်းအောင်လုပ်
    သူတွေကိုလူတွေပြောရဲလာပြီ။
    ကမ္ဘာလူသားအားလုံးကိုချစ်တဲ့စိတ်ကလေးမွေးနိုင်
    ကြပါစေ။
    ReplyDelete
  23. ha haaaaaaaaaaaaaaa good
    ReplyDelete
  24. ဒို့နာမည်ကိုနိုင်ပါ
    သူငယ်ချင်းကိုလည်းခင်ပါတယ်
    နာမည်လည်းသိချင်ပါတယ်
    အခုဒို့သိချင်တာက မောင်းမကန်မြေနေရာကိုပါ
    ဒီကုမ္ပဏီက သိမ်းတယ်ဆိုတဲ့ မြေနေရာကို
    အစကဘယ်သူပိုင်တာလဲ ယခုဘယ်သူတွေပိုင်
    လဲ ဆိုတာလေးသိချင်ပါတယ်
    ReplyDelete
  25. ကျုပ်နဲ့ခင်မင်ရင်းနှီးတဲ့ ထားဝယ်သူ/သားတွေရှိပါတယ်။
    စိတ်သဘောထားကောင်းပြီး ရိုးသားပွင့်လင်းကြသူများဖြစ်ကြပါတယ်။
    အခုတော့ဗျာ...................
    ဘယ်လိုတွေဖြစ်ကုန်ကြတာလဲ။
    Onlineပေါ်မှာတစ်ယောက်နဲ့တစ်ယောက်ရန်ဖြစ်နေလိုက်ကြတာ
    ရှက်စရာကောင်းလိုက်တာဗျာ။
    ReplyDelete
  26. ရန်ဖြစ်တယ်ဆိုတာ တစ်ဖက်နဲ့တစ်ဖက် အမြင်မတူတဲ့
    အယူအဆတွေ၊ သေချာကျနတဲ့အရာကို မမြင်တဲ့အခါ
    မှာ ဖြစ်တတ်ကြတာပဲ
    သေချာအောင်လေ့လာစုံစမ်းပြီး လက်ဆွဲနှုတ်ဆက်လိုက်
    ရင် အိုကေ သွားမှာပါ
    ဒါကြောင့် ဒို့မေးထားတဲ့ အကြောင်းကိုပြန်ဖြေစေချင်ပါ
    တယ် (ကိုနိုင်)
    ReplyDelete
  27. အဆင့်တန်းမရှိဆင်းရဲသားတွေကိုအနိုင်ကျင့်
    နေဒါကိုနိုင်ရေဘယ်လျော့ပေးလို့ရမလဲ
    ဓမ္မနှင့်အဓမ္မကဘယ်အရာနိုင်မလဲ
    အခြေခံလူတန်းစားတွေရဲ့ရိုးသား
    ဘ၀တွေကိုနားလည်စေချင်လို့ပြော
    နေဒါပါ။online ပေါ်ကအမှန်တရား
    ဒီနည်းနှင့်ရပ်ဖို့မကြိုးစားပါနှင့်
    မှန်တာလုပ်ရင်ဘယ်သူအမှား
    ပြောပြောဂရုစိုက်စရာမလိုပါဘူး။
    ReplyDelete
  28. ဒကာလေးမောင်ကိုကိုကြီးကဘယ် ဘာသာကိုကိုးကွယ်လဲ
    ဗုဒ္ဓဘာသာအစစ်ဆိုရင်တော့ ဦးပဇ္ဇင်းပြောတာကို
    နားလည်သဘောပေါက်လိမ့်မယ်လို့ထင်ပါတယ်
    သူရဲကောင်းဆိုတာတစ်ဦးနဲ့တစ်ဦးမျက်နှာချင်းဆိုင်ပြီး
    ငါဘယ်သူလဲ နင်ဘယ်သူလဲ ဆိုပြီးရင်ဆိုင်ဆွေနွေးဖြေ
    ရှင်းရဲရတယ် ဒကာလေး
    အခုမောင်ကိုကိုကြီးက မ၀ံမရဲနဲ့ကိုယ်ကိုကိုယ်လူသိမှာ
    ကြောက်နေတယ် ဒါကလည်းလိမ်လည်မှုတစ်ခုပဲ
    ဒါကာလေးစိတ်အေးအေးထားပြီးစဉ်းစားဖြေရှင်းနိုင်
    ပါစေ
    ------ဒကာလေးကျန်းမာချမ်းသာပြီးလိုအင်ဆန္ဓပြည့်
    ဦးပဇ္ဇင်းစံညွန့်
    ReplyDelete
  29. ကိုကိုကြီး
    မောင်းမကန်ကမ်းခြေသိမ်းခံရတယ်ဆိုတဲ့ မြေနေရာရဲ့
    -မူလပိုင်ရှင်ဘယ်သူလဲ
    -ယခုသိမ်းခံရတယ်လို့ပြောတဲ့ပိုင်ရှင် ကိုသိချင်ပါတယ်
    ဒါမှ အမှန်ကို အများမြင်မှာဖြစ်ပါတယ်
    မသေချာဘဲနဲ့ ပြောနေတာက အရူးတစ်ယောက်လိုဖြစ်နေ
    မှာစိုးလို့ပြောတာပါ
    ဒါကြောင့် သေချာအောင် ကိုကိုကြီးက ပြန်ပြောပြ
    ပါခင်ဗျား အဖြေကိုစောင့်နေပါမယ် အများလည်းသိအောင် အမြင်လည်းရှင်းသွားအောင်
    လို့ပါ
    (ကိုနိုင်)
    ReplyDelete
  30. ဟေ့ကောင်ကိုကိုကြီး
    မျက်စိမှိတ်ပြီးရှောက်အော်နေတာ ဒီမိုကရေစီမဟုတ်ဘူး
    ဒီမိုကရေစီမှာလည်း ဥပဒေရှိတယ်
    ဒို့အမေစု ကလည်း ဥပဒေကိုသိအောင်လေ့လာပြီးမှ
    ပြောဖို့အမြဲပြောတယ် မင်းရဲ့ပုဂိုလ်ရေးရာတစ်ခုအတွက်နဲ့
    နိုင်ငံရေးအယောင်မဆောင်နဲ့
    အောင်စိုး
    ReplyDelete
  31. ဟား..ဟား..ဟား..ဟား........
    စားခွက်လုကုန်ကြပြီ.............
    ကိုက်ကုန်ကြပြီ................
    ရေနဲ့ပက်ကြဟေ့...............
    .
    .
    .
    .
    .
    .
    ဗွမ်း........................
    (ဂိန်....ဂိန်.....ဂိန်.....ဂိန်......)
    ReplyDelete
  32. ဥပဉ္ဇင်းစံညွန့်အပေါ်ကိုအပေါ်မှာတမျိုးအောက်မှာတမျိုးစာလုံးပေါင်းမတူတာကြည့်ရင်ဒါအစစ်မဟုတ်နိုင်ဘူး ကိုခင်စိုးကိစ္စမှာအမေစုနာမည်မသုံးပါနှင့်ဒီဝိသမလောဘသား ခရိုနီ တွေကိစ္စမှာအမေစုနာမည်မသုံးဖို့တောင်းပန်ပါတယ်။
    ReplyDelete
  33. တော်ကြပါတော့ ထားဝယ်မြို့သိက္ခာကျတယ် တောင်ပန်ပါတယ်။
    ReplyDelete
  34.ုကိုကိုကြီး က ကိုစိုးထွေးလား ....
    ReplyDelete
  35. ပွဲစားတွေ....
    ReplyDelete
  36. COMMENT 21 RIGHT HAAAAAAAAAAA
    ReplyDelete
  37. ဥပဇင်းဘုရား
    တပည်တော်မသိတာကတော့ ဘုရားရှင်တောင်မှ
    ချွတ်ထိုက်တဲ့လူကိုပဲချွတ်တာပါဘုရား၊ မချွတ်ထိုက်တဲ့လူ
    မချွတ်ပါဘူးဘုရား၊ အရှင်ဘုရားလည်းယဉ်ကျေးလိမ္မာပြီး
    ပြောဆိုဆုံးမရလွယ်တဲ့သူကိုပဲ ဟောပြောပါဘုရား၊ ရုတ်မာရိုင်းစိုင်းတဲ့လူတွေကိုပြောနေလို့ဘာမှလည်းထူးလာမှာမဟုတ်ဘူးဘုရား၊ အပင်ပန်းမခံပါနဲ့ဘုရား။
    ReplyDelete
    Replies
    1. ဘယ်အရာမဆိုလက်တွေ့ကျတဲ့လူ
      မှယုံတယ်ဟေ့သိက္ခာသမာတိရှိမှကိုးကွယ်တယ်
      သာသနာကိုသန့်ရှင်းအောင်ဝိုင်းလုပ်ကြပါ။
      အေ၇ခြုံတဲ့အနက်မရှိတဲ့ကြက်ဥလိုမဖြစ်
      အောင်ထိန်းသိန်းကြပါ။
      လူနတ်သတ္တ၀ါအပေါင်းဘေးရန်ခပ်သိမ်းငြိမ်းကြပါစေ။
      Delete
  38. ကိုအောင်စိုး ပြောတာမှန်တယ်
    ဥပဒေအတိုင်းရင်ဆိုင်လိုက်ပေါ့
    မင်းမဲ့တိုင်းပြည်မှမဟုတ်တာ လုပ်ချင်တိုင်းလုပ်လို့ရပါ့မလား
    ဒေါ်ဂျမ်း
    ReplyDelete
  39. ကျွန်မတို့လည်းပြန်ရောင်းစားရင်ပြတ်မလားဆိုပြီး အချောင်ရလို့ဝယ်လိုက်မိတယ်.......ကယ်ကြပါအုံးရှင်
    ဒီလိုမှန်းသိရင်မ၀ယ်ပါဘူး....ခုတော့ကိုယ်ကျိုးနဲတော့မယ်
    မာမာအေး
    ReplyDelete
  40. ဟား.........ဟား..........ဟား..............................................လောဘတွေပြိုင်နေကြပြီ...ဘယ်သူနိုင်မလဲ...?
    စံသိန်း
    ReplyDelete
  41. ထားဝယ်သားအချင်းချင်း ရန်မဖြစ်ကြပါနဲ့ရှင်
    နွားကွဲရင် ကျားဆွဲမယ်တဲ့ ဒါလဲမမေ့ကြပါနဲ့အုံးးးးးးးးး
    ရှုမညီး
    ReplyDelete
  42. ခင်ဗျားတို့ ထားဝယ်ဖွံ့ဖြိုးရေးမှာတော့ကျွန်တော်မသိဘူး
    ကျွန်တော်တို့ရန်ကုန်ကထားဝယ်အသင်းမှာတော့ ထားဝယ်အသင်းသမိုင်းမှာတစ်ခါမှမလုပ်ဖူးတဲ့ပရဟိတလုပ်ငန်းတွေကိုဦးဆောင်လုပ်ကိုင်နေတာကတော့ကျွန်တော်တို့လိုရန်ကုန်ရောက်နေတဲ့ထားဝယ်သူ/ထားဝယ်သားတွေအားလုံးအသိပဲ
    ကျွန်တော့အမေဆုံးတုန်းကလာလုပ်ပေးကြတာတော့ကျွန်တော်လက်တွေ့ပဲဗျာ။
    ကိုလှအောင်
    ရန်ကုန်
    ReplyDelete
  43. ဘာတွေတုန်း။
    ReplyDelete
  44. ကိုကိုကြီး
    ကျွန်တော်မေးထားတာဖြေပါအုံး
    ခင်ဗျားချပြလိုက်တာကိုတော့ လူတွေသိကုန်ပြီလေ
    အမှန်တွေလို့ ယူဆလို့ ရအောင် သေချာအောင်ပြောပြဖို့
    လိုလိမ့်မယ်ထင်တယ် သတင်းတစ်ခုပေးလိုက်တာနဲ့ မပြီးဆုံးသေးဘူးလေ ဒီသတင်းကိုဘယ်လို၊ဘာကြောင့်
    ဆိုတာကိုမေးလာရင်ခင်ဗျားဖြေပေးရမယ်မဟုတ်လား
    ဒါကြောင့် ကျွန်တော်မေးတာကိုပြန်ဖြေပေးပါ
    ဒါမှ အများကသိမှာလေ
    အခုက ခင်ဗျားပြောတာကိုသာသိရတာ ခင်ဗျားပြောတိုင်းလည်း အမှန်ဖြစ်ချင်မှာဖြစ်မယ်လေ
    အမှားတွေပါနေရင် အများကသတင်းအမှားကြီးကို
    ထင်ယောင်ထင်မှားဖြစ်ကုန်မှာပေါ့ ကျွန်တော်ပြောတာက အကုန်းလုံးမှားတယ်လို့မဆိုလို
    ပါဘူး ဒီတော့ ကျွန်တော်လည်းထားဝယ်သားတစ်
    ယောက်အနေနဲ့ ထားဝယ်အတွက်တာဝန်ရှိပါတယ်
    ဒါကြောင့်ပြန်ဖြေပေးပါ
    ခင်ဗျားမဖြေနိုင်ရင်တော့ ခင်ဗျားမှာတာဝန်ရှိသွားပြီနော့်
    ကိုနိုင်
    ReplyDelete
    Replies
    1. ကိုနိုင် က စ3 လား
      Delete
  45. ဒေါ်ဂျမ်းပြောသလို ဥပဒေအတိုင်းရင်ဆိုင်ဖို့ လိုမယ်ကိုကိုကြီး
    ဒါမှ ဘယ်သူမှားတယ် ဘယ်သူမှန်တယ်ဆိုတာ
    အများကသိလိမ့်မယ်
    ထားဝယ်သူ/သားတွေဟာ ပြောတိုင်းယုံတဲ့လူတွေမဟုတ်
    ကြတော့ဘူးဆိုတာသိထားဖို့လိုတယ်
    ကိုနိုင်
    ReplyDelete
  46. မာမာအေး မင်းကစီးပွားရေးလုပ်တာပဲ
    စီးပွားရေးဆိုတာအရှုံးအမြတ်ရှိတယ်ဆိုတာသဘောပေါက်
    ပြီးသားပဲမဟုတ်လား ဘာကြောင့်အော်နေရတာလဲ
    အော်ရမဲ့အရွယ်လည်းမဟုတ်
    မသေချာတာမခိုင်လုံတာတွေကိုလုပ်မိရင် ခံရတတ်တယ်
    ဆိုတာမင်းလည်းအတွေ့ အကြုံရှိပြီးသားပဲ
    အများကိုမင်းအော်ပြလိုက်တာက မင်းပဲမှားမှာပေါ့ကွာ
    နောက်မလုပ်ပါနဲ့ လိုပြောချင်ပါတယ်
    ကိုနိုင်
    ReplyDelete
  47. ထားဝယ်ကိုကိုကြီးJuly 20, 2012 at 11:43 PM
    ထားဝယ်သားသူငယ်ချင်း/ဆွေတော်မျိုးတော်တွေကမေးနေတော့လဲပြန်ပြီးတော့ ဖြေပေးရမှာပေါ့။ ခရီးလွန်နေလို့အခုမှဖွင့်ကြည့်မိပါတယ်..အရင်ခေတ်တုန်းက ငွေများငွေနိုင်လေ ဒါကြောင့်အခုမှချပြရတာပါ.. သိချင်တာတွေကိုအားလုံးဖြေပေးပါ့မယ်..ကျွန်တော်က ကဒတ်ကြီးသားစစ်စစ်တစ်ယောက်ပါ ဆုံးပါးသွားတဲ့ အေးမာဆိုတာ ကျွန်တော်နဲ့အမျိုးမကင်းပါဘူး---သူငယ်ချင်းတို့သိချင်ရင်၊ တရားဥပဒေအတိုင်း ဆောင်ရွက်ပေးနိုင်မယ်ဆိုရင် ကျွန်တော်နဲ့ အေးမာအစ်ကိုတွေစောင့်နေပါ့မယ်။ တကယ်တော့ တာဝန်မယူရဲတာ၊ ယောက်ျား မဆန်တာပါ ..သူကြောင့် ကျွန်တော်ညီမလေးကျောင်းဆရာမ မှာကိုယ်ဝန်ရပါတယ်..ဒါကို ဦးခင်စိုးအမေကငွေပေးပြီးဖျက်ချခိုင်းတယ်..ဒီကိစ္စနဲ့သေတယ်-ကျွန်တော်တို့အမျိုးတွေအားလုံး ခင်စိုးကို လည်လီးဖို့အထိတောင်လုပ်ပစ်ချင်နေပြီ..သူငယ်ချင်းတို့ ကဒတ်ကြီးကအေးမာအစ်ကိုတွေကိုသွားမေးလို့ရပါတယ်---တကယ်ကူညီချင်တယ်..တရားဖြင့်ဆောင်ရွက်ပေး နိုင်မယ်ဆိုရင်လာခဲ့ပါ ကြိုက်တဲ့အချိန်လာခဲ့ပါ။ ခင်စိုးနောက်လိုက် တွေတော့မလာနဲ့ တကယ်ဆောင်ရွက်ပေးနိုင်မယ် တရားစွဲဆို နိုင်အောင် ဆောင်ရွက်ပေးနိုင်မယ်ဆိုလာခဲ့ပါ။ ကဒတ်ကြီးက ကြိုဆိုပါတယ်။
    မောင်းမကန်မှာ ဆန္ဒပြတယ်ဆိုတာလဲ အမှန်ပါ--ပိုင်ရှင်ဘယ်သူတွေလဲလို့သိချင်ရင် လက်ရှိခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးတာဝန်ထမ်းဆောင်နေတဲ့ ဦးကျော်ဆွေနဲ့ မောင်းမကန်က ကျေးရွာအုပ်ချုပ်ရေးမှူး သန်းနိုင်ကို ကြိုက်တဲ့သူသွားမေးလို့ရပါတယ်။ဒါဟာ လိမ်ညာလို့မရတဲ့အရာတွေပါ။ ထားဝယ်ကနေ ကဒတ်ကြီးကို ဆိုင်ကယ်နဲ့လာရင် မိနစ်၄၀ဘဲကြာပါတယ်...တကယ်သိချင်ရင်လာခဲ့ပါ.....ခင်စိုးကိုယ်တိုင်လာဖြေရှင်းပေးရင် ပိုကောင်းပါတယ်......ဟိုမရောက်ဒီမရောက်သူတွေတော့မလာနဲ့ မေးတာနဲ့တင်အဆဲခံရလိမ့်မယ်။
    ဒေါသတွေထွက်လွန်းလို့ မေးတာတွေကိုဖြေဖို့ မေ့သွားတယ်.. ဒီနေရာတွေက ပိုင်ရှင်တွေရှိပါတယ် သက်ဆိုင်ရာဌာနတွေကပြေစာမထုတ်ပေးတာဟာ ပိုင်ရှင်မဲ့လို့ပြောလို့ရမလား...ကဒတ်ကြီးမှာ အနိုင်ကျင့်ပြီး ထားဝယ်ဘက်ကိုပါ အနိုင်ကျင့်လာလိမ့်မယ် မယုံရင်စောင့်ကြည့်---သိချင်သူများ ကဒတ်ကြီးမှာ စောင့်နေမယ်
    နာမည်ကတော့ ကိုကိုကြီးပါဘဲ အခြားနာမည်နဲ့ မလုပ်စားဘူး--
    ဒီမိုကရေစီခေတ်မှာတော့ မတရားလုပ်လို့မရဘူးမှတ်ပါ..
    ReplyDelete
  48. အေးမြတ်သူ(ခေတ္တမလေးရှား)July 20, 2012 at 11:50 PM
    ဆန္ဒပြတာတော့အမှန်ပါဘဲ..ဒီလိုလူမျိုးတစ်ယောက်က သူဌေးအရေခြုံထားတာ မထင်ရဘူးဗျာ.အံသြပါတယ်.ဒီလိုဖြစ်စဉ်မျိုးတွေမဖြစ်ရအောင်သူဌေးတွေကို ဝေးဝေးရှောင်မှ...ထားဝယ်ကိုကိုကြီးပေါက်ကွဲတာလဲ ဆွေမျိုးဆိုတော့ မှန်ပါတယ်..တရားဥပဒေအတိုင်းဝိုင်းဝန်းကူညီပေးသင့်ပါတယ်..
    ReplyDelete
  49. မောင်လှမျိုးJuly 20, 2012 at 11:54 PM
    ဒီသတင်းကြားရတာ အချိန်မီလေးဘဲ အလုပ်လျှောက်ထားတဲ့ ကိုယ့်သူမလေးကို ပြန်ရုပ်ခိုင်းရမယ်
    အခုလို ပြောပြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် ကိုကိုကြီး
    ReplyDelete
  50. အားလုံး ထားဝယ်သူထားဝယ်သား အချင်းချင်း အာဃာတ မထားဘဲ စည်းစည်းလုံးလုံးနဲ့ ကိုယ်ဒေသကိုဖွံ့ဖြိုးတိုးတက်အောင် ပူးပေါင်းလုပ်ကြရအောင်။ထားဝယ်ဒေသ ထားဝယ်သူ၊ထားဝယ်သား အကျိုးရှိမယ့်အလုပ်တွေကို လုပ်သင့်လုပ်ထိုက်တဲ့အချိန်အနေမျိုးမှာ ရှိသမျှအင်အားတွေဝိုင်းစုပြီး ဒေသလဲတိုးတက်၊ဒေသခံတွေလဲအကျိုးရှိအောင် လုပ်ကြရအောင်လို့အားလုံးကို အနူးအညွှတ်မေတ္တာရပ်ခံလိုပါတယ်။ ကောင်းတာတွေတွေး ၊ ကောင်းတာတွေဆွေးနွေးပြီး ထားဝယ်ဒေသအတွက် အကောင်းဆုံးဖြစ်အောင်လုပ်ကြပါစို့။
    ReplyDelete
  51. သန်းလှ(လောင်းလုံးNLD)July 20, 2012 at 11:59 PM
    အမှန်တိုင်းဖြစ်အောင် လောင်းလုံးမြို့နယ်က ကိုအောင်စိုးတို့ အမျိုးသားဒီမိုကရေစီရုံးကနေ တင်ပြပေးမယ်နော်
    ReplyDelete
  52. ထားဝယ်ကိုကိုကြီး(ကဒတ်ကြီးသား)July 21, 2012 at 12:33 AM
    ကျွန်တော်နဲ့ အေးမာအစ်ကိုတွေက ခင်စိုးကို အမှု ၂ခုနဲ့ တရားစွဲပါ့မယ်။
    ၁။ ကျွန်တော်တို့ညီမလေးကို နှမချင်းကိုယ်ချင်းမစာဘဲပြုမူတဲ့ကိစ္စ (အထောက်အထားအပြည့်အစုံနဲ့တင်ပြပါ့မယ်)
    ၂။ နောက်တစ်ချက်က ထိုင်းမှာ ဘိန်းဖြူမှောင်ခိုလုပ်တဲ့ကိစ္စ၊ ရန်ကုန်မှာ ငါးသလောက်
    ဗိုက်ထဲမှာ ဘိန်းဖြူထည့်တဲ့ကိစ္စတွေကို မှတ်တမ်းဓါတ်ပုံနဲ့ လူသက်သေများနှင့် တရားစွဲဆိုသွားမှာဖြစ်ပါတယ်
    ပိုက်ဆံရှိလာတော့ လူကြီးတွေနဲ့ ပေါင်းတယ်။ ပြည်ခိုင်ဖြိုးပါတီကအလုပ်အမှုဆောင် တာဝန်ထမ်းဆောင်နေတဲ့ ဦးမောင်မောင်းသိမ်းက သိသိကြီးနဲ့ ခင်စိုးကိုကာဘာပေးထားတာတွေကိုလည်းဖော်ထုတ်သွားမှာဖြစ်ပါတယ်။
    အရင်တုန်းကအပြစ်တွေကိုငွေနဲ့အရှိန်နဲ့ ကာဘာယူနေတာပါ။ မကောင်းတာကို လုပ်တာ- တမျိုးသားလုံးအဒုက္ခရောက်အောင် လုပ်ပြီးမှ ကောင်းတာတွေနည်းနည်းလုပ်ပြနေတာကို အထင်ကြီးရင်-ဆရာတင်ရင် သနားတယ်လို့
    ကိုကိုကြီးကတော့သနားပါတယ်လို့ပြောရမှာဘဲ---
    ကျွန်တော်တို့ထားဝယ်သားထဲမှာ ခပ်ညံ့ညံ့တွေမရှိလောက်ပါဘူးနော်
    ReplyDelete
    Replies
    1. ကြိုက်တယ်အမှန်တရားအတွက်ရဲရဲကြီးရင်ဆိုင်ပြလိုက်ပါ။
      အများအတွက်ကောင်းကျိုးအတွက်ပြောနေချိန်
      မှာတဦးကောင်းတယောက်ကောင်းကိစ္စတွေနှင့်
      ဆက်လုပ်ကြပါအမှန်တွေပေါ်လာမှကမ္ဘာကြီးအေးချမ်းမည်။
      Delete
  53. ကိုကိုကြီးခင်ဗျားဖြေတာမပြည့်စုံဘူး
    မိန်းမကိစ္စကတော့ ကျွန်တော်မသိဘူး
    မောင်းမကန်ကနေရာကိုတော့ပြောနိုင်တယ်
    ကိုနိုင်
    ReplyDelete
  54. ထားဝယ်ကိုချစ်တဲ့ ထားဝယ်သားစစ်စစ်July 21, 2012 at 12:53 AM
    ဒီကိစ္စ-ဘယ်သူမှန်မှန်/မှားမှား တော်ကြပါတော့ဗျာ ရပ်ကြပါတော့
    အားလုံးကိုတောင်းပန်ပါတယ်
    ထားဝယ်မြို့သိက္ခာကျလွန်းလို့ပါ
    ReplyDelete
  55. ကောင်းတဲ့အမြင်လေးတွေဆွေးနွေးကြဒါ
    ကောင်းပါတယ်အခုဟာကဖတ်ရဒါတမျိုး
    ဘဲ့တဘက်နှင့်တဘက်မေတ္တာထားကြပါ။
    ReplyDelete
  56. ကိုကိုကြီး
    ခင်ဗျားက လူကိုပြောချင်တာလား
    Company ကိုပြောချင်တာလား
    လူကလူပဲ Company က Company ပဲ သူမူနဲ့သူရှိ
    တယ် ခင်ဗျားပြောထားတာက Company ကိုထိခိုက်
    စေတယ် ဒါကိုတော့ရှင်းအောင်လုပ်မှရမယ်
    ဟုတ်တယ်မဟုတ်လား
    ReplyDelete
  57. အမှန်ဘဲ
    ReplyDelete
  58. အလိမ်ခံမဲပြားJuly 21, 2012 at 7:11 PM
    ကဲ......ဒါနဲ့စကားမစပ်
    မေးပါရစေအုံး
    ကျုပ်တို့ထားဝယ်အမတ်မင်းတစ်သိုက်ကဘာလုပ်နေသတုန်း....
    ၁။ ။ဦးကြည်မင်း (ဒုဗိုလ်ချုပ်ကြီးဟောင်း)
    ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟုအမည်ခံထားသူ
    ၂။ ။ဦးသန်းဆွေ (မောင်သန်းဆွေ-ထားဝယ်)
    အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟုရူးနေသူ
    ၃။ ။ဦးစိုးသက် (ဗိုလ်မှူးကြီးလူထွက်)
    အမျိုးသားလွှတ်တော်ကိုယ်စာလှယ်အချောင်ရရ်ျဝင်လုပ်သူ
    -
    ဒီလူတွေဘာလုပနေတာလဲ
    လွှတ်တော်ထဲသွားအိပ်နေတာလား
    ချောင်ကြားမှာဝဲကုပ်နေတာလား သန်းတုပ်နေတာလား
    အပျင်းကြောတွေဆန့်နေတာလား
    ဒီတော့.....
    အမတ်မင်းအမည်ခံထားသူများOnlineလေးသုံးတတ်ရင်ဖြင့် အဖြေလေးပြန်ရေးပေးပါအုံး
    လူကြီးမင်းတို့ရဲ့ ဦးတည်ချက်လုပ်ငန်းစဉ်လေးတစ်ခုတလေပေါ့
    အပေါ်က POST တော့မဆိုင်ဘူးပေါ့လေ
    ကျေးဇူးပါ။
    ReplyDelete
  59. ဖတ်လို.ကောင်းတယ်
    ReplyDelete
  60. တီၤြး
    ရော်စရာ ကောင်းလိုက်တာကွာ
    အရင်ကထားဝယ်လူမျိုးတွေ့ က
    ထားဝယ်ချင်းချင်း ချစ်လိုက်တာမှာတုန်းလို့ 
    ထားဝယ်မျိုးကိုလာမထိနဲ့ မီးပွင့် သွားမယ်
    လိုဘဲ ကြားဖူးတာ
    အခုတော့ ထားဝယ်ချင်းချင်း နောက်ကွယ်ကနေ ဓါးနဲထိုးနေကြတယ် ရှက်ဖို့ 
    ကောင်းလိုက်တာဗျာ ။ ။ ။
    ထားဝယ်အမျိုးတုန်းပြီး ထားဝယ်တွေ့ 
    သွေးခဲတော့ မယ်ထင်တယ်ဗျာ...
    ဒါလားထားဝယ်လူမျိုး ....
    ပေါ်တင်၇ှင်းတတ်တဲ့ လူမျိုး.....
    စိတ်ထားကောင်းတဲ့ လူမျိုး.....
    နှမတောင်ပေးပြီး ယောက်ဖ တော်တတ်တဲ့ လူမျိုး...
    အခုတော့ ဘယ်လို အားယားကိုက်နေကြတာဘဲ
    စောက်ရှက်မရှိလိုက်တာကွ
    မင်းတို့ ရန်ကုန်မှာနေတဲ့ သူတွေ့ ယော
    ထားဝယ်မှာ နေတဲ့ သူတွေ့ ယော ထားဝယ်အသင်းနဲမကင်းပါဘူး ကွ
    မင်းတို့ ရင်အလောင်းချပေးမှာသူတစ်ယောက်တည်း ရှိတယ်... စောက်ရူးကောင်တွေ့ 
    မကျေနပ်တာများအော်လိုင်းမှာတတ်ဖဲနေရတယ်လို့ 
    စောက်ရှက်မရှိ ထားဝယ် ကောင်တွေ့ 
    မင်းတို ပြောတဲ့ခင်စိုးနဲလည်းဘာမှာမတော်ဘူး
    မြန်မာမှာထားဝယ်လူမျိုးတွေ့ အမျိုးကွဲမှာကိုတော့ တော်တော်ကြောက်တယ်
    ကိုက်ကြပါနဲ့ တော့ ... ညီကိုတွေ့ ရယ်
    ခေါ်ရှင်းကြပါ
    ReplyDelete
  61. ၀န်ထမ်းကောင်မလေးတွေသနားစ၇ာ
    ReplyDelete
  62. နဘုလယ် ကျွန်တော်အမြင်ကတော့ ခင်စိုးဟာမတော်မတ၇ားလုပ်နေတာတော်တော်ကြာနေပြီ။ ငွေမဲဖြစ်နေတဲ့လူကအာဏာပိုင်နဲ့ပေါင်းပြီးကိုယ့်မြို့သူမြို့သားတွေကို အနိုင်ကျင့် မတ၇ား သိမ်းပိုက်။ပြန်မပြောနဲ့ပြော၇င် ဗျူဟာမှုးနဲ့ကိုင်ပေါက်လိုက်တိုင်းမှုးနဲ့ ကိုင်ပေါက်လိုက်လုပ်နေတာ ကျွန်တော်တို့ထားဝယ်သူ ထားဝယ်သားတွေဟာ ကိုယ့်ထမင်းကိုယ်စားပြီးဂျီးတော် နွား သွားကြောင်းနေ၇မှာစိုးလို့ေ၇ငုံနှတ်ပိတ်ပြီးနေ၇တာဆယ်စုနှစ်တခုကျော်ပြီလေ။သူတို့အုပ်စုတွေက ခင်စိုး ကင်းစိန် ဘိတ်ကကျားမောင် အကုန်လုံးဟား ကလိန်ကကျစ်ကြပြီး မှောင်ခိုလုပ်၇င်းနဲ့ဝင်ငွေကောင်းပြီး အာဏာပိုင်နဲ့ပေါင်း ထားဝယ်သူထားဝယ်သားတွေကို ဖိနှိပ်နေတာကြာပါပြီ။အခုတော့မြေးစမ်းခ၇မ်းပျိုးသဘောပေါ့ ဒီမိုကေ၇စီဖူးပွင့်စအချိန်မှာမှသူတို့တွေအကြောင်းကို ပြန်ပြောနေ၇တာ။
    ReplyDelete
  63. ထားဝယ်ဖွဲ့ဖြိုးတိုတက်မှုအများပိုင်ကုမ္ပဏီကြီးထဲမှာ ကြွက်ချီးရောခြင်း
    (၁) ထားဝယ်သားစစ်စစ်တွေသာစုစည်းထားသောအများပိုင်ကုမ္ပဏီဖြစ်တယ်တဲ့
    (၂)ထားဝယ်သားတွေရဲ့အကျိုး၊ထားဝယ်ဒေသရဲ့အကျိုးကိုသာဆောင်ရွက်ပေးမည့်ဆိုတဲ့ရည်ရွုယ်ချက်
    နဲ့တည်ထောင်ထားတယ်တဲ့
    (၃)ကုမ္ပဏီကြီးဟာ ထားဝယ်အသင်းကလူငယ်များဦးဆောင်ပြီးအကောင်အတည်ဖော်တည်ထောင်
    ထားတဲ့ထားဝယ်သွေး၊ထားဝယ်စိတ်ထားနှင့်တည်ထောင်ထားတဲ့တယ်တဲ့
    ရည်ရွယ်ချက်အရမ်းကောင်းပါတယ်၊စိတ်ကူးလည်းကောင်းပါတယ်၊ထားဝယ်သူ/သားများလည်းလက်
    ခံကြပါတယ်၊။ လက်တွဲကူညီရမှာပါ။
    ဒါပေမဲ့ဗျာ (ဆွမ်းဆန်ထဲကြွက်ချီးပါ)ဆိုသလိုမျိုးဖြစ်နေတာတွေ့ရတော့ အရမ်းအရုပ်ဆိုးသွားပါတယ်
    ထားဝယ်သားစစ်စစ်တွေကြားမှာ ထားဝယ်သွေးမဟုတ်တဲ့ကြွက်ချီးပါနေတာတွေ့ရတော့ တကယ်ကို
    မဖြစ်သင့်တဲ့ကိစ္စပဲလို့ထင်မိတယ် ထားဝယ်သားများစဉ်းစားဖို့လိုမယ်ထင်တယ်။
    ဒီလူမှာထားဝယ်သွေးရှိရဲ့လား၊ ထားဝယ်သားစိတ်ရှိရဲ့လား
    ထားဝယ်သားဒုက္ခရောက်ရင်ကူညီမဲ့လူလား
    ထားဝယ်သားတစ်ခုခုမှားခဲ့ ခွင့်လွတ်မဲ့စိတ်ရှိလား ဆိုတာသိဖို့လိုမယ်
    ဒီလူဟာ ထားဝယ်ဇာတိ ထားဝယ်ချက်မြုတ်မဟုတ်ဘူး ဆိုတော့ ထားဝယ်သားစိတ်မရှိဘူးလို့ပြော
    လို့ရတယ် ။ ရှိပါတယ်လို့ပြောရင် ဒီလူလိမ်တာပဲ
    ဒါကို ထားဝယ်သားတွေပါလို့ဂုဏ်ယူပြီးတည်ထောင်ထားတဲ့ ကုပ္မဏီကလူတွေမြင်ရဲ့လား
    ဘာဖြစ်လို့အ၀င်ရောခံနေရတာလဲ၊မရှိသင့်တော့ဘူး၊ဘာကိုအားနာနေတာလဲ
    ဆွဲထုတ်ပစ်လိုက်ပါလား ကြာရင်ပိုဆိုးလာလိမ့်မယ်ဆိုတာသဘောပေါက်ဖို့လိုတယ်
    ဒီလူကိုနာမည်ကို ကြွက်ချီးလို့ပေထားတယ်
    ကြွက်ချီးဟာ မောင်းမကန်ကိုပါလာတယ် ဦးဆောင်ပြီးလာလုပ်နေတယ် အစကတော့ အကူသဘော
    မျိုးနဲ့ပါလာတယ်လို့ထင်တယ် ဟိုလူကိုဆရာလုပ်လိုက် ဒေသခံတွေကိုချောက်လိုက်နဲ့လုပ်နေတယ်
    သူပြောတာကို ထားဝယ်သားဆိုတဲ့လူတွေကငြိမ်ခံနေကြတယ်
    ဘာလိုငြိမ်ခံနေတာလဲ သူကဘာကောင်လဲ ၊ သူ့ကိုအကောင်ကြီးလို့ယူဆထားလား၊
    ဒါဆိုရင် ထားဝယ်သားတွေကအသုံးမကျတဲ့အကောင်အသေးတွေလား
    ဒါကို ထားဝယ်သားစစ်စစ်တွေမစဉ်းစားကြတော့ဘူးလား
    ဒီလူပါမှ ကုမ္ပဏီဖြစ်လာမှာလား ဒီလူလုပ်တဲ့အလုပ်လေးလောက်ကို ထားဝယ်သားတွေအားလုံးလုပ်
    နိုင်ကြတာပဲ ထားဝယ်သားတွေဟာ ခန့်ညံ့ညံ့လူတွေမဟုတ်ဘူးဆိုတာပြကြစမ်းပါ
    ဒီထက်မကလုပ်ခဲ့တာတွေအများကြီးပဲ၊ ဘာတွေဖြစ်နေကြတာလဲ
    ထားဝယ်သားစစ်စစ်တွေကြားထဲက ကြွက်ချီးကိုဖယ်ကြဖို့လိုနေပြီ၊ ထားဝယ်သားအမျာပိုင်ကုမ္ပဏီ
    ဟာသန့်သန့်လေးဖြစ်ဖို့လိုနေပြီဆိုတာ နားလည်သဘောပေါက်ဖို့လိုနေပြီထင်တယ်။
    ထားဝယ်သားအချင်းချင်းပြောတာကိုပဲထားဝယ်သားတွေခံမယ်
    ထားဝယ်သားမှားတာကို ထားဝယ်သားတွေကပဲ နားလည်ခွင့်လွတ်မဲ့စိတ်ရှိမယ် ဆိုတာသိထားပါ
    မယုံရင်ရင် ထားဝယ်သားတစ်ယောက်မှားကြည့် ဒီလူရစရာမရှိအောင်ကိုတောင်ပြောမှာသေချာတယ်
    ကျွန်တော်တော်ပြောတာတောင်နောက်ကျနေအုံးမယ်
    ထားဝယ်သားတွေ ခံတောင်ခံရပြီးပြီလားမသိဘူး
    အကြောင်းတစ်ခုခုကြောင့် ကုမ္ပဏီကြီးအအောင်မြင်ခဲ့ရင် ထိုမအောင်မြင်မှုအတွက် ထားဝယ်သား
    တွေနဲ့အတူတူ ခံမှာတဲ့လား ဝေးသေး
    သူလုပ်တာမှန်တယ် ဟိုလူကြောင့်ဖြစ်ရတာပါ ဒီလူကြောင့်ဖြစ်ရတာပါလို့ ကိုယ်လွတ်ရုန်းထွက်သွားမှာပဲ
    ဒီအတွက်လည်း သူကလိုအပ်တဲ့အထောက်အထားတွေ အကြောင်းပြချက်တွေ့နဲ့ ထားဝယ်သား
    တွေကိုချည်ပြီးထားမှာသေချာတယ်
    ဒီတော့ ထားဝယ်သားတွေ ဘာလုပ်ကြမလဲဆိုတာ စဉ်းစားဖို့လိုနေပြီ
    အခုပြောနေတာတင်ပြနေတာက ကုမ္ပဏီကြီးပျက်စီးအောင်ပြောနေတာမဟုတ်ဘူးဆိုတာနားလည်
    ပေးပါ၊ သန့်သန့်လေးနဲ့ ရှေ့ဆက်သွားတာကိုမြင်ချင်လို့ပြောတာပါ
    ဒါကြောင့်
    ထားဝယ်သားစစ်စစ်တွေ၊ထားဝယ်သွေး၊ထားဝယ်စိတ်ထားရှိတဲ့သူတွေဘာလုပ်သင့်သလဲဆိုတာ
    တင်ပြလိုက်ပါတယ်။
    စိတ်(ထားဝယ်)
    ReplyDelete
  64. ဘယ်သူလဲပာင်
    ReplyDelete
  65. သိ၇င်ပြောပြပါ who
    ReplyDelete
  66. ထားဝယ်တိုးတက်ချင်သူ.........ဟိုလူဘာ့ဖြစ်တယ်ဒီလူဘာဖြစ်တယ်ပြောနေမယ့်အစားကိုယ့် ကိုယ်ကိုမှန်အောင်ကြိုးစားကြပါ..အပြစ်တင်နေတာအမှန်တရားမဟုတ်ဘူး...မှန်ရှေ့ရပ်ပြီးပြန်မေးလိုက်ငါဘယ်လောက်မှန်နေလဲလို့ ..အမှားကိုတွေ့ လားအမှန်ပြင်တတ်အောင်ကြိုးစား...ဒါအမှန်တရားပဲ...ဒါမှနိုင်ငံတိုးတက်မှာ...အခုလိုသာအပြစ်တင်နေမယ်ဆိုဘယ်သူကလဲမှန်လာမှာမဟုတ်သလိုဘယ်သူမှလဲပြုပြင်လာမှာမဟုတ်ဘူး..ကိုကစံပြဖြစ်အောင်နေ..ဒါနိုင်ငံကြီးသားပဲ
    ReplyDelete
  67. ထားဝယ်ကိုချစ်တဲ့ ထားဝယ်သားစစ်စစ်July 26, 2012 at 10:31 PM
    Comment ရေးသူများသို့တောင်းပန်ချင်ပါသည်။
    Comment များကို ကျနော်အလေးထားရ်ျဖတ်မိပါသည်။
    တချို့သူများ၏ အရေးအသားမှာ အနည်းငယ်ရိုင်းပျနေပါသည်။
    ထိုကိစ္စတွင်မည်သူမှန်သည် မှားသည်ဟု ကျနော်မဆိုလိုပါ။
    မိမိ၏ ရိုင်းပျသောအရေးအသားတစ်ခုကြောင့် ထားဝယ်သားများ အထင်အမြင်သေးခံရမှာ စိုးမိပါသည်။
    ယဉ်ကျေးသောထားဝယ်စိတ်ဓါတ်ကိုပြကြပါခင်ဗျား။
    အားလုံးကိုကျေးဇူးတင်ပါသည်။
    ReplyDelete
  68.့ိ့မင်းတို့ထားဝယ်သားတွေက on line ပေါ်မှာဘဲဟောင်ရဲဒါလား? post နဲ့လွှဲနေပြီ။ရေနဲ့ပက်လိုက်ရမလား?
    ReplyDelete
  69. Ye Htut NING IS THIS M AN
    ReplyDelete
  70. ထားဝယ်သားတွေကိစ္စကို ထားဝယ်သားတွေဘဲရှင်းကြရအောင် အစကောင်းမှ အနှောင်းသေချာမှာ အခုကတည်းကမကောင်းရင် ဘယ်လိုကောင်းမလဲဆိုတာ ကြည့်ရအုံးမယ်--ရှယ်ယာထည့်မည့်သူတွေ လျော့သွားတာတော့အမှန်ဘဲ
    ReplyDelete
  71. မိမိမကောင်းတာလုပ်ရင် ဘယ်လောက်ဘဲဖုံးဖုံး ပေါ်တာဘဲ
    ReplyDelete
  72. နန်းနို့လေအားနေကေ့လော်?
    စွပ်စာရေးမြဘဲန အင်တာနက်မှာခဲလာဂျင်းနေဂ
    အင်တာနက်ဝို နန်းမိနန်းဖဇာမှတ်နေဂေ့လော်
    ရှစ်ဖွယ်ကျွတ်ဖွယ်တတ်ဇမား
    ခွီးလေ စိတ်ရူးလေ မိဖဆောင်းမဘဲကော်လေ
    ReplyDelete
  73. ထားဝယ်မြို့မှာ လိုက်ကြည့်ကြပါ..ဘာတွေလုပ်နေလဲဆိုတာ အမြင်ကောင်းပေမယ့်---အသွင်မကောင်းဘူး--မပြောချင်တော့ပါဘူး..ကိုယ်ပေါင် ကိုလှန်ပြီးထောင်သလိုဖြစ်နေမယ်...လူတစ်စုစိတ်ဆင်းရဲ နေကြတယ် မှန်အောင်ပြောနိုင်တဲ့သူဆုငွေ ၁သိန်းချီးမြင့်ပါ့မယ် တက်ခဲ့ပါ။ စောင့်နေမယ်နော်
    ReplyDelete
  74. i think he is very great.u
    ReplyDelete
  75. i think he is very great.
    ReplyDelete
  76. တကယ်တော့ သူဟာ ဆွမ်းဆန်ထဲ ရောနေတဲ့ စိန်တုံး တစ်တုံးပါ။
    ReplyDelete
  77. ဒီမိုဝေယံဆိုတဲ့ကောင် မင့် နှမ ငါ လိုးချင်တယ်။
    ReplyDelete
  78. ထားဝယ်သားJuly 28, 2012 at 9:35 AM
    ဟုတ်တယ် ငါလည်း အားပေးချင်တယ်
    ReplyDelete
  79. လာပြန်ပီ ခင်စိုးပီးတော့ နောက်တကောင်
    လူကြီးတွေ ပိုင်တယ်ဆိုပြီး
    ယူစိန် ကြောင်ချီး
    နောက်ကွယ်က ကြိုးကိုင်နေတဲ့ကောင်
    မောင်းမကန် ဆင်းလာရင် ခဲနဲ့ဝိုင်းထုကြကွ
    ReplyDelete
  80. အများပိုင်ကုမဏီဆိုပြီး လူလည် လုပ်နေတဲ့ကောင်တွေ
    အောင်ကို ခွေးချီး
    ReplyDelete
  81. ထားဝယ်သားတဦးJuly 28, 2012 at 1:57 PM
    မင်းတို့တတွေ အပြန်အလှန် နားလည်မှု ရစေချင်ပါတယ်
    ထားဝယ်မြို့ကြီး တိုးတက်အောင် ဆောင်ရွက်ကြလော့
    ReplyDelete
  82. တော်တော်ပဲ့တဲ့ကောင်တွေ
    အားအားယားယား
    အမြဲကိုက်နေကြတာဘဲ
    ReplyDelete
  83. ဟဲ့ ခွီး
    ဂိန် ဂိန် ဂိန်
    ReplyDelete
  84. ကျွန်တော်အံ့အြမိပါတယ်
    တခြားsideမှာဒီလိုမျိုးရန်ဖြစ်နေတာမတွေ့ဖူးပါ
    ထဝယ်သားတွေအတွက်ရှက်ဖို့ကောင်းလှပါတယ်
    မြန်မာပြည်တောင်ပိုင်းသား
    ReplyDelete
  85. မှန်တာလုပ်ပြီး မှန်တာပြောရင် ဒီကိစ္စဖြစ်မလာဘူး
    မောင်စေတနာ
    ReplyDelete
  86. အာလုံးဘဲချစ်ချစ်ခင်ခင်နေကျပါစိုး
    ကောင်းတာတွေးရင် ကောင်းတာဖြစ်တာပေါ့
    ဒီလိုရန်မဖြစ်ကျပါနဲ့နော်
    ကျွန်မတို့ထားဝယ်သူထားဝယ်သားတွေ
    ဒီလိုရန်ဖြစ်နေတာတွေ့ရတာ
    တကယ်ကိုစိတ်မကောင်းဖြစ်မိပါတယ်ရှင့်
    နောက်ဆိုဒီလိုမကြာချင်ဘူး
    အာလုံးထာဝရပျော်ရွှင်နိုင်ကျပါစေ
    ကျွန်မစာရေးတာမှားတာရှိရင်ခွင့်လွတ်ကျပါနော်
    ReplyDelete
  87. အာလုံးဘဲချစ်ချစ်ခင်ခင်နေကျပါစိုး
    ကောင်းတာတွေးရင် ကောင်းတာဖြစ်တာပေါ့
    ဒီလိုရန်မဖြစ်ကျပါနဲ့နော်
    ကျွန်မတို့ထားဝယ်သူထားဝယ်သားတွေ
    ဒီလိုရန်ဖြစ်နေတာတွေ့ရတာ
    တကယ်ကိုစိတ်မကောင်းဖြစ်မိပါတယ်ရှင့်
    နောက်ဆိုဒီလိုမကြာချင်ဘူး
    အာလုံးထာဝရပျော်ရွှင်နိုင်ကျပါစေ
    ကျွန်မစာရေးတာမှားတာရှိရင်ခွင့်လွတ်ကျပါနော်
    ReplyDelete
  88. ဖတ်ရတာနည်းနည်းရှုပ်နေတယ်တခုနဲ့ တခုအမေးအဖြေမကွဲပြားကြဘူးဖြစ်နေတယ်နောက်မှဝင်ပြီးအကြံနဲနဲဝင်ပြုပါမယ်
    ReplyDelete
  89. တခုမှနားမလည်ဘူးဒါပေမဲရေးကြီးရင်သွေးစီးမယ်
    ဝဲကျွန်း
    ReplyDelete
ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။