Pages
Sunday, July 22, 2012
တက္ကသိုလ် ဆရာ၊ ဆရာမများအား တာဝန်နှင့် မသက်ဆိုင်သည့် လုံခြုံရေးဝန်ထမ်းသဖွယ် လုပ်ဆောင် စေခိုင်းနေခြင်းများအား တားမြစ်ပေးပါရန် သမ္မတကြီးထံပေးစာ..
သို့
သမ္မတကြီးအား ရိုသေစွာဖြင့် အသိပေးအပ်ပါသည်။
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးများကို အရှိန်အဟုန်ဖြင့် မည်သို့သော အခက်အခဲရှိ သည်ဖြစ်စေ ပြည်သူ့အကျိုးအတွက်ဟု ခံစားနားလည်ပေးကာ လုပ်ကိုင် ဆောင်ရွက်ပေးနေပါသော ပြည်ထောင်စု မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်အား အရိုအသေပြုပါ၏။
သို့သော်လည်း သမ္မတကြီးမှ ပြည်သူပြည်သားများအတွက် မည်သို့ပင်ဆောင်ရွက် ပေးနေပါသော်လည်း၊ အလယ်ဆင့်မှသူများ၊ အောက်မှသူများသည် ပြုပြင်ပြောင်းလဲရေး ကိုလိုလားဟန်မတူပေ။ တောင်ကိုရီးယားနိုင်ငံမှ မစ္စတာလီမြောင်ဘတ် လာစဉ်က တောင်ကိုရီးယားနိုင်ငံ သည်လည်း စစ်အာဏာရှင် လက်အောက်မှ လွတ်မြောက်ပြီး ဦးစွာပညာရေး ကဏ္ဍကို မြှင့်တင်ခြင်းအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း ပြောကြားခဲ့သည်ကို သိရှိရပါသည်။ မိမိတို့မြန်မာနိုင်ငံတွင်မူ ပညာရေးကဏ္ဍကို ဦးစားပေးရမည့် အစားဖိနှိပ်ချုပ်ချယ်မှုများ ပြုလုပ်လွန်းသည်ဟု ထင်မြင်မိသည်။ 
သမ္မတကြီးမှ ထိုအကြောင်းများကို အကုန်အစဉ် သိရှိ နိုင်မည် မဟုတ်သောကြောင့် တင်ပြရခြင်းဖြစ်သည်။ တက္ကသိုလ် အသီးသီးတွင် ဖြစ်ပျက်နေသည်မှာ ဆရာ/ဆရာမများသည် မိမိတို့ သက်ဆိုင်ရာ ဘာသာရပ်များကို ကောင်းစွာ သင်ကြားပေးခြင်းများ ပြုရမည့်အစား သာမန် ရုံးဝန်ထမ်းသဖွယ် ပြုမူဆက်ဆံ ခံနေရပါသည်။ သမ္မတကြီးသည်လည်း တစ်ချိန်က တက္ကသိုလ်များအကြောင်းကို သိရှိကြုံတွေ့ ခဲ့ရမည်ဖြစ်ပါသည်။ ဖြစ်သင့်သည်မှာ ဆရာ/ဆရာမ များသည် အချိန်ရလျှင် မိမိဘာသာရပ်နှင့် သက်ဆိုင်သည့် အကြောင်းအရာများကို လေ့လာ ဆည်းပူးခြင်း၊ သင်ကြားရေး ပိုမိုတိုးတက်စေရန် မည်သို့ပြုရမည်ကို ရှာဖွေလေ့လာခြင်း၊ မြန်မာ့ပညာရေး အဆင့်အတန်း တိုးတက်လာရန် အစွမ်းကုန်ကြိုးစား ဆောင်ရွက်ရမည် ဖြစ်သည်။
 ထို့အပြင် ဆရာ/ဆရာမများဆိုသည်မှာ၊ စိတ်၏လွတ်လပ်ခြင်း၊ ကိုယ်၏လွတ်လပ်ခြင်း ရှိသင့်သည်။ အဘယ့်ကြောင့်ဆိုသော် ရုံးဝန်ထမ်းများ အနေဖြင့် ရုံးအလုပ်ပြီးကာ အိမ်ပြန်ရောက်သော် ရုံးကကိစ္စကို မစဉ်းစားပဲ နေလို့ရသော်လည်း  (အခြေခံ၊ အဆင့်မြင့်) ဆရာ/ဆရာမများသည် ညဘက် အိမ်ရောက်သော်လည်း နောက်တစ်နေ့သင်ခန်းစာအတွက် ပြင်ဆင်ရခြင်း၊ စာဖတ် ရခြင်းများ ပြုရပါသည်။ အနည်းငယ်သော စုန်းပြူးများ ပါကောင်း ပါနိုင်သော်လည်း ၉၉%သော ဆရာ/ဆရာမများမှာ ထိုကဲ့သို့ ကြိုတင်ပြင်ဆင် ပြုလုပ်ကြရသည် ချည်းသာဖြစ်သည်။ 
ထိုကဲ့သို့သော ဆရာ/ဆရာမများအား သင်ကြားရေးနှင့် မသက်ဆိုင်သည့် တာဝန်များ ဥပမာ ဂိတ်ပေါက် စောင့်ခိုင်းခြင်း (စနေ၊ တနင်္ဂနွေပါ မကျန်)၊ နာရီဝက်တစ်ဆိုင်းနှုန်းဖြင့် ကျောင်းဝင်းအတွင်း လှည့်ကင်းပတ်ခိုင်းခြင်း၊ နံနက် ၆း၃၀ အရောက်လာစေပြီး အဆောင် အထပ်များကို လုံခြုံရေးဝန်ထမ်း သဖွယ် စောင့်ခိုင်းခြင်း စသည်တို့ကို စေခိုင်းခြင်းခံနေရပါသည်။ ရန်ကုန် နိုင်ငံခြားဘာသာနှင့် ပတ်သက်ပြီး ယခင်လကHot News Journal တွင် ထည့်သွင်း ရေးသားခဲ့ပါသော်လည်း မည်သို့မျှ အရေးယူ ဆောင်ရွက်ပေးခြင်း မရှိပါ။ ထိုကဲ့သို့ စာသင်ကြားမှုနှင့် မဆိုင်သည့် ဂျူတီများကို ဆက်လက် ချထားနေခြင်းသည် မည်သို့မျှခေတ်နှင့် ဆီလျော်ခြင်း မရှိသကဲ့သို့ ဆရာ/ဆရာမများ၏ ကိုယ်စိတ် နှစ်ပါးစလုံးကို ဆင်းရဲပင်ပန်းအောင် ပြုမူနေခြင်းဖြစ်သည်ဟု ခံယူကြသည်။ 
ထိုဆရာ/ဆရာများသည် ဆယ်စုနှစ်၂ ခုတိုင်အောင် ထိုတာဝန်များကိုသာ ထမ်းဆောင်နေခဲ့ရသည်ကို သမ္မတကြီးသိမည် မဟုတ်ပါ။ ထိုခံစားချက်များသည် ကြာလေ ပိုဆိုးလာလေဖြစ်ကာ ပညာရေး ၀န်ကြီးဌာနအားလည်းကောင်း၊ နိုင်ငံတော်အစိုးရအား လည်းကောင်း ကြည်ညိုလေးစား စိတ်များကိုသာ ပျက်ပြယ်စေမည် ဖြစ်ပါသည်။
အမှန်မှာ လုံခြုံရေးဝန်ထမ်းများ တိုးမြှင့်ခန့်ထားခြင်း၊ လုံခြုံရေးအရာရှိမှ အုပ်ချုပ်ရမည့် နယ်မြေ လုံခြုံရေးဌာနများ ထားသင့်ပြီး လိုအပ်မှသာ ဆရာ/ဆရာမများမှ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးရမည် ဆိုလျှင် သင့်တော်သေးသည်။ ယခုအခါဆရာ ဆရာမများ၏ ကိုယ်စွမ်း၊ ဥာဏ်စွမ်းများကို အလဟဿ နင်းခြေဖျက်ဆီးသကဲ့သို့ ခံစားနေကြရပါသည်။ သိုဖြစ်ပါသောကြောင့် နိုင်ငံတော် သမ္မတကြီးမှ ဆရာ/ဆရာမများအား မေတ္တာရှေ့ထားပြီး ထိုကဲ့သို့ ခေတ်နှင့် မကိုက်ညီသည့် ကိစ္စများကို ရပ်တန့်အောင် လုပ်ဆောင်ပေးပါရန် ရိုသေ လေးမြတ်စွာဖြင့် အသနားခံ တင်ပြအပ်ပါသည်။
တက္ကသိုလ်ဆရာ/ဆရာမများ 
20 comments:
  1. ထိုဆရာ/ဆရာများသည် ဆယ်စုနှစ်၂ ခုတိုင်အောင် ထိုတာဝန်များကိုသာ ထမ်းဆောင်နေခဲ့ရသည်ကို သမ္မတကြီးသိမည် မဟုတ်ပါ။ ထိုခံစားချက်များသည် ကြာလေ ပိုဆိုးလာလေဖြစ်ကာ ပညာရေး ၀န်ကြီးဌာနအားလည်းကောင်း၊ နိုင်ငံတော်အစိုးရအား လည်းကောင်း ကြည်ညိုလေးစား စိတ်များကိုသာ ဖြစ်ပေါ် စေမည်သာဖြစ်ပါသည်။ အဲဒီမှာ ကြည်ညိုလေးစားစိတ်များကို ပျက်စီးစေမည်သာ ဖြစ်ပါသည်....ရေးမှာမို့လားအကို.... ပျက် ဆိုတဲ့ စကားလုံးကျ ကျန်နေခဲ့တာလားအကို.... အဲလိုမှမဟုတ်ရင်တော့ အဓိပါယ် တစ်မျိုးဖြစ်သွားမယ်ဗျ......
    ReplyDelete
  2. ဟုတ်ပါ့ မှန်ပါ့ ဆရာရယ် ဒါကိုပြည်ထောင်စု
    တာဝန်ချထားတာတွေကို ရပ်တန်းကရပ်ကြဘို့ 
    ပါးစပ်နဲ့ ညွှန်ကြားထားသော်လည်း အချို့ သော
    အထက်ဖားအောက်ဖိ ပါချုပ်များက ယနေ့ ထိ
    မသိချင်ယောင်ဆောင်ကာ ဆက်လက်
    လုပ်ဆောင်နေဆဲပါ။ ဒါကို ဆက်လက်
    မလုပ်ဆောင်ကြဖို့ နဲ့ ရပ်တန်းကရပ်ကြဖို့ ညွှန်
    ကြားချက် အမြန်ထုတ်ပေးပါလို့ ထပ်လောင်း
    တောင်းဆိုလိုက်ပါတယ်။ ခံစားနေရသူဆရာ/ဆရာမများ။
    တာင်း
    ReplyDelete
  3. အရမ်းအရမ်းကိုမှန်တာတွေ တင်ပြပေးတဲ့အ
    တွက် ကျေးဇူးကမ္ဘာပါ။ လုံခြုံရေးဝန်ထမ်းတွေတော့ထပ်မခန့် ထားဘဲနဲ့ 
    ဆရာ/ဆရာမတွေကိုဘဲ ဂိတ်ဂျူတီ၊ ၂၄နာရီဖုံး
    ဂျူတီ၊ mobile duty, camp duty နဲ့  မအားလပ်ရအောင် စာသင်ချိန်တောင် မချန်ဘဲ
    နဲ့ တရစပ် စေခိုင်းနေကြတာ သမ္မတကြီးကို
    သိစေချင်ပါတယ်။ ဆရာ/မတွေက လုံခြုံရေးဂျူတီ ဘဲစောင့်ဘို့ ခန့် ထားတာလား၊
    စာသင်ဘို့ ခန့် ထားတာလားဆိုတာ ကိုယ့်ကိုကိုယ်တောင် ဘာကောင်မှန်းမသိတတ်တော့ပါဘူး။ ကူညီကြပါအုံး၊ ကယ်ကြပါအုံး၊ သမ္မတကြီးနဲ့ ပြည်ထောင်စုဝန်ကြီးတို့ ရေ....
    ReplyDelete
  4. Myanmar needs a good and strict managment system. If the Minister has told the official not to do it, those who unlistened to the minister's world should be fired immediately for insubordination.
    Pls be strict when doing something good.
    ReplyDelete
  5. ဒီမိုဝေယံJuly 22, 2012 at 12:59 PM
    မန်းလေးသား ခင်ဗျား
    စာသားကျန်ရစ်ခဲ့တာ ကျွန်တော်ရဲ့ ပေါ့လျော့မှုသာ ဖြစ်ပါသည်..။
    ပညာရေး ၀န်ကြီးဌာနအားလည်းကောင်း၊ နိုင်ငံတော်အစိုးရအား လည်းကောင်း ကြည်ညိုလေးစား စိတ်များကိုသာ ပျက်ပြယ်စေမည် ဖြစ်ပါသည်။
    ဟု ပြန်လည်ဖတ်ရှုပေးပါရန်..
    ReplyDelete
  6. နဲနဲတော့ ပွင့်ပွင်လင်းလင်း ရေးမယ်။ ။ သမတကြီး ဆိုပြီး ရေးနေတာ မကြိုက်ပါ။ သမတဆို လဲ ရပါပြီ။ သိထားဘို့က သိန်းစိန် ဟာ သန်းရွှေ ရဲ့ ရုပ်သေးသာသာ ဟန်ပြ အရပ်ဝတ် အစိုးရ။ အဲ ဒီ မ A -ိုးတွေ အားလုံး ဟာ အတူတူပဲ။ အသနား ခံစာ ရေးမနေနဲ့။ ဘာမှ မထူးဘူး။ ဆောက်ရှက်မရှိတဲ့ စစ်ဘိုချုပ်တွေ။
    ReplyDelete
  7. ရုံးဝန်ထမ်းတွေလည်း လုံခြုံရေးဝန်ထမ်းမဟုတ်
    ကြပါ လုံခြုံရေးဝန်ထမ်းသီးသန့်ခန့်ထားရန်လို
    ပါတယ်
    တက္ကသိုလ်မှာ
    (၁) သင်ကြားရေးဝန်ထမ်း
    (၂)ရုံးဝန်ထမ်း
    (၃)အစောင့်ဝန်ထမ်း ဆိုတာပဲရှိတယ်
    တကယ့်ကိုလုံခြုံမှရမယ်လို့ယူဆရင် ပြည့်စုံစွာ
    ကာကွယ်နိုင်မဲ့ လေ့ကျင့်သင်တန်းပေးထားပြီး
    တဲ့လက်နက်တပ်ဆင်ထားတဲ့လုံခြုံရေးဝန်ထမ်း
    တွေကိုသာ တာဝန်ပေးစေချင်ပါတယ်
    တကယ်တမ်းဖြစ်လာရင် သင်ကြားရေးဝန်ထမ်းတွေ ရုံးဝန်ထမ်းတွေက
    ဘာလုပ်နိုင်မှာမို့လို့လဲ အလကားသက်သက်ဒုက္ခပေးနေတယ်
    ReplyDelete
  8. ဒီမိုဝေယံ ရဲ့ Sunday, July 22, 2012 နေ့ စွဲ ပါ...တက္ကသိုလ် ဆရာ၊ ဆရာမများအား တာဝန်နှင့်
    မသက်ဆိုင်သည့် လုံခြုံရေးဝန်ထမ်းသဖွယ် လုပ်ဆောင် စေခိုင်းနေခြင်းများအား တားမြစ်ပေးပါရန်
    သမ္မတကြီးထံပေးစာ..မှာ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ဆရာ/ဆရာမ တွေရဲ့ ဘဝတစ်စိတ်
    တစ်ပိုင်းဟာအမှန်အကန်ပါဘဲ၊ကျေးဇူးအများကြီးတင်ပါတယ်..ကိုဒီမိုဝေယံ။
    ထပ်မံဖြည့်စွက်ပြောချင်တဲ့ ရင်တွင်းစကားများစွာရှိပါတယ်။ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် နဲ့ 
    မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် မှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဆရာ၊ဆရာမတွေ (ဥပမာ-
    တရုတ်၊ဂျပန်၊ပြင်သစ်၊ဂျာမန်..စသည်ဖြင့်..)ဟာ ကထိက ဘဝနဲ့ အရိုးထုတ်နေကြရတော့မှာဖြစ်နေ
    ပါတယ်...။ ကထိက လုပ်သက်နဲ့ ဘားဆုံးနေတဲ့ ဆရာ/ဆရာမတွေမှာ တွဲဖက်ပါမောက္ခ အဆင့်ကိုမ
    ရရှိကြပါဘူး။ရာထူးတိုးပေးခြင်းမခံရပါဘူး။ ဆရာတစ်ယောက်ဆိုရင် ယခုနှစ်ထဲမှာ ပင်စင်ယူတော့
    မှာပါ။ ကထိက ဘဝ နဲ့  ပဲ အသက်၆၀ပြည့်ရတော့မှာပါ။အကြောင်းရင်းကတော့....ဒေါက်တာ တွေ
    မဟုတ်လို့ ပါတဲ့..။ လုပ်သက်အရ ရာထူးတိုးမြှင့်ပေးခဲ့တဲ့ REASONABLE ဖြစ်တဲ့ အစဉ်အလာတွေ
    ပျက်သုဉ်းသွားခဲ့ပါပြီ...။
    ReplyDelete
  9. UFL ( University of Foreign Languages) ဆိုတာအစက IFL
    (Institute of Foreign Languages) ဖြစ်ပါတယ်။ ဘွဲ့ ရပြီး ၄ နှစ် အချိန်ပိုင်း၊သို့ မဟုတ် ၂ နှစ်
    အချိန်ပြည့် တက်ပြီးမှ၊ နောက်ပြီးတော့..Diploma ရပြီး ရှားရှားပါးပါး Credit ထွက်သူတွေကိုသာ
    ဆရာ/ဆရာမလုပ်ဖို့ ရွေးချယ်ခံထားရသူတွေပါ...။ ဘွဲ့ လွန်ဒီပလိုမာ ပေးခဲ့တဲ့ IFL ကနေ B.A ဘွဲ့ 
    ပေးတဲ့ UFL ခေတ် ကိုရောက်ခဲ့တယ်...။
    B.A တန်းတွေဖွင့်တော့လဲ ဘွဲ့ လွန်ဒီပလိုမာ ရထားတဲ့ ဆရာ/ဆရာမတွေကပဲသင်ပေးခဲ့ကြရတာပါ၊
    တခြားတက္ကသိုလ်အသီးသီးက B.A., ဘွဲ့ ၊ B.Sc.,ဘွဲ့ တွေအတွက်သင်ကြားချိန်တစ်မျိုးပဲ ရှိနေတဲ့
    အချိန်မှာ UFL ဆရာ/ဆရာမ တွေကတော့ မနက် ၇ နာရီ မှ ၉ နာရီ ဘွဲ့ လွန်ဒီပလိုမာ ၄ နှစ်သင်
    တန်းတွေရော..B.A., သင်တန်းတွေပါ သင်နေကြရတာပါ။ အဲ... ရာထူးတိုးဖို့ ကျတော့.. ပါရဂူ
    မဟုတ် လို့ တဲ့...။ ရှေ့ ဒေါက်တာ ရှိ မှ နောက်ဒေါက်တာ ရှိကြစမြဲပါ.....။ ခါးဆက်ပြတ်နေကြရတဲ့
    နိုင်ငံခြားဘာသာတက္ကသိုလ်ဆရာ/ဆရာမ တွေရဲ့ ဘဝပါ။ ကထိက လုပ်သက် ၁၀ နှစ်ကျော် တာ
    တောင် တွဲဖက်ပါမောက္ခ ဖြစ်မလာကြရပါဘူး...။
    ReplyDelete
  10. Minor ဘာသာ ဆရာ/ဆရာမတွေ ကတော့ အသက်ငယ်ငယ်တွေနဲ့ ဒေါက်တာဖြစ်..ပါမောက္ခ ဖြစ်
    ကြပြီး၊ ကျောင်းရဲ့  အခမ်းအနားတွေမှာ..ရှေ့ ဆုံးကဆိုဖာထိုင်ခုံတွေမှာ မိန့် မိန့် ကြီးထိုင်နိုင်ကြပြီး
    ဒေါက်တာ မဟုတ်ပေမဲ့ သူတို့ ထက်စာရင် စာသင်ချိန် အချိန် နှစ်ဆ သင်ရပြီး ပင်ပမ်းလှတဲ့ဘာသာ
    စကားဆိုင်ရာ ဋ္ဌာနမှုးတွေခမျာတော့...သူတို့ ရဲ့  နောက်ဖက်ကခုံတွေမှာပဲ ထိုင်ပြီးတက်ရောက်နေ
    ကြရရှာပါတယ်....။
    အခုတော့...ဒီ ဘာသာစကားဆိုင်ရာ ဆရာ/ဆရာမ တွေကို M.A ( မဟာဝိဇ္ဇာဘွဲ့ ) သင်တန်းတွေ
    တက်ခိုင်းနေပါပြီ...။ M.A ပထမ အသုတ် ပြီးသွားတဲ့သူတွေရှိနေပါပြီ....။ ဒီကိစ္စ မှာ တုန်းကလဲ..
    နိုင်ငံ့တာဝန်စေလိုရာစေဘဝ နဲ့ ထမ်းဆောင်ကျေပွန်တဲ့ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် ကို
    ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ကြရတဲ့ဆရာ/ဆရာမ တွေ ခမျာ...အဲဒီ ပထမအသုတ် ကိုမတက်
    ရပဲကျန်ခဲ့တဲ့သူတွေအများကြီးပါ။
    ReplyDelete
  11. ကျရာနေရာကိုသွားရောက်တာဝန်ထမ်းဆောင်ရတဲ့ ဆရာ/ဆရာမတွေခမျာ၊ကိုယ့်အိမ်နဲ့ မဟုတ်ပဲ
    အခြားအရပ်ဒေသမှာ အဆောင်အခန်းကျဉ်းလေးမှာပဲနေပြီး မိသားစုတစ်ကွဲတစ်ပြားစီ နေပြီးနိုင်ငံ
    တာဝန်ဝတ္တရားတွေ ထမ်းဆောင်ရပေမဲ့...ဟော...M.A.,ကျတော့...နောက်ကျကျန်ခဲ့ရပြန်တယ်။
    ရာထူးတိုးဖို့ သတ်မှတ်ချက်တစ်ခုသာဆိုရင်ဖြင့် အဲဒီ မန္တလေးနိုင်ငံခြား ဘာသာတက္ကသိုလ်ရောက်
    ဆရာ/ဆရာမတွေ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် ကနေ ရန်ကုန်နိုင်ငဲခြားဘာသာတက္ကသိုလ်
    ကိုပြန်ပြောင်းလာပြီး M.A အတက်နောက်ကျရတဲ့ ဆရာ/ဆရာမတွေနစ်နာကြရတော့မယ်..။
    ဒါဖြစ်သင့်ပါသလား....။ မညီမျှမှုတွေဖြစ်နေခဲ့တာပါ..။ ရန်ကုန်ကိုလာတက်ခွင့် ရသူတွေကရ..၊
    မရတဲ့သူမရ နဲ့ မညီမျှခဲ့ပါဘူး။ လူကိုခင်ရင် မူကိုပြင်ခဲ့ကြတယ်..။ လူကိုမုန်းပြန်တော့မူကိုသုံးကြပြန်
    ပါတယ်...။ အဲဒီ ကထိကတွေထဲမှာပဲ ရန်ကုန်မှာပဲ မပြောင်းရ မရွှေ ခဲ့ ရတဲ့ သူတွေက M.A တက်ခွင့်
    ရသူရှိသလို...မန္တလေးလဲပြောင်းရပြီးတော့...သူများနဲ့ တန်းတူတက်ခွင့်မရခဲ့ရသူတွေ...၊ကံကောင်း
    ပြီး မန္တလေးပြောင်းပြီးမှ ထူးထူးခြားခြား ရန်ကုန်လာတက်ဖို့ လွှတ်ခြင်းခံရသူ၊ ကံဆိုးပြီး တက်ချင်
    လျှက်နဲ့ မတက်ရသူ...စသည်ဖြင့်အမျိုးမျိုးပါပဲ...။ တစ်ချို့ မှာ မန္တလေးကိုနှစ်ကြိမ် သုံးကြိမ် ပြောင်းခဲ့
    ကြရပြီး တစ်ကြိမ်လျှင်အနည်းဆုံး ၂ နှစ်၊ ၂နှစ်ခွဲ နေခဲ့ကြရရှာပါတယ်။
    ReplyDelete
  12. ဒါတွေ..ဒါတွေ..ကိုတော့ဖြင့်...ဟိုး အထက်လူကြီးတွေကလစ်လျူရှုထားကြလေရော့သလား...။
    ဒီလိုကိစ္စတွေကို ပညာရေးဝန်ကြီးတွေကမစဉ်းစားပေးကြတော့ဘူးလား.......။ သိတောင် သိကြ ပါ
    ရဲ့ လား၊ဒါမှမဟုတ် သိရက်နဲ့ မသိချင်ဟန်တောင်၊ဥပေက္ခာပြုထားတာပါလား...။
    ဒေါက်တာချမ်းငြိမ်း ရဲ့  မတရားတဲ့မူဝါဒ တွေ မပြင်သေးတာလား...။ ရာထူးလေးတော့တိုးပါရစေ။
    နိုင်ငံခြားဘာသာတက္ကသိုလ်မှ ဆရာ/ဆရာမ များကိုယ်စား
    မှတ်ချက်။ ။ သမ္မတကြိးဦးသိန်းစိန် သိရှိစေရန် တင်ပြပေးစေလိုပါတယ်...။ Facebook မိတ်ဆွေ များအားလုံးသို့ ။
    ReplyDelete
  13. A letter written to the President by Demo Wai Yen dated Sunday July 22, 2012 requesting the President to cancel the security duties that had to be under taken by the UFL (University of Foreign Languages) teachers. All teachers have to take turns at the Gate. (Including Saturday- Sunday).Taking rounds every half-hour in the University Compound. Arriving every morning 6:30 AM to the Hostels and Classes for security responsibility is the regular security responsibility of the teachers of UFL.
    ReplyDelete
  14. This issue had been mentioned in the Hot News Journal last month but no action has been taken by the Minister of Education. This kind of responsibility not concerning with the teachers roles and responsibility is a great stress for the teachers concern.
    Thank you very much for this information Demo Wai Yen. I have many other things in my mind to add to your stated information on behalf of the Pioneers UFL Lecturers.
    ReplyDelete
  15. The Lecturers from both Yangon and Mandalay UFL were not given promotion and had to resign after fulfilling the services. The reason was that they do not have the Ph.D.
    University of Foreign Languages (UFL) is in fact derived from Institute of Foreign Languages (IFL).
    Only Graduates can attend the IFL for 2 years Full-Time or 4 years Part-Time to get the Diploma and only those who passed with Credit are selected as Tutors for the Institute of Foreign Languages (IFL).
    ReplyDelete
  16. Later when IFL was changed to UFL and B.A. Degrees were given those Tutors/Assistant Lecturers with Diploma Degrees had to teach the students. The Tutors had some opportunities to attend trainings or sometimes M.A Degree from France. These opportunities are quite scarce and to get the Ph.D is out of the question.
    So when the Policy that only Ph.D holder will get promotion for the position of Associate Professor or Professor was issued. Pioneers Tutors/Lecturers of IFL never have a chance. So Lecturer with more than 10 years service in the UFL can never become Associate Professor.
    ReplyDelete
  17. The other Lecturers who are the junior level form minor subjects such as Oriental Study, Philosophy, History, International Relationship had the opportunity of attaining Ph.D for their respective subjects and so they become young Professors while UFL Major Languages Senior Teachers such as German, Russia, French, Korea, Japanese, Chinese etc.., are still Lecturers and so during ceremonies the young Professors will take the front seats while Senior Teachers without Doctorate Degree had to sit at the back.
    ReplyDelete
  18. At present M.A Degree Courses were opened in Yangon and Mandalay but initially when M.A Degree was open only in Yangon, only those who are in Yangon had the opportunity to attend the M.A Course.
    Those who are posted in Mandalay even though eligible cannot attend the course. So after two years serving in Mandalay can he/she be transferred back to Yangon can attend the course.
    ReplyDelete
  19. Therefore those of the colleague who had attended the M.A Course had already got the M.A Degree. These create jealousy, conflicts, misunderstandings, dissatisfaction, in equality of opportunities among the staffs.
    There by creating an unhealthy working environment which is injurious to the educational development of this country. Similar cases may also occur in other Educational Departments.
    ReplyDelete
  20. I wonder whether the Minister of Education or an Authorities concern they had turn a blind eyes and neglecting these issues or is it Dr. Chan Nyein’s injustice Policy.
    Posted by Cho Lay on July 24,2012 on behalf of the Pioneers UFL Lecturers
    Notes: For the awareness of President Thein Sein and all Facebook friends.
    ReplyDelete
ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။