Pages

Saturday, July 21, 2012

ပြည်သူ့အပေါ် မငဲ့ညှာသော ဆက်သွယ်ရေးဝန်ကြီးဌာန (တိုင်ကြားစာ)

ပြည်သူ့အပေါ် မငဲ့ညှာသော ဆက်သွယ်ရေးဝန်ကြီးဌာန

ယနေ့ ဒီမိုဝေယံသို့ ပေးပို့လာတဲ့ အဂတိလိုက်စားမှုတွေ ရှိနေတဲ့ မြန်မာ့ဆက်သွယ်ရေး ဝန်ကြီးဋ္ဌာနအကြောင်း တိုင်ကြားစာကို ဖော်ပြလိုက်ပါတယ်..။

သမ္မတကြီး၊ ပြည်သူ့လွှတ်တော်ဥက္ကဌ၊ အမျိုးသားလွှတ်တော်ဥက္ကဌနှင့် လွှတ်တော်ကိုယ်စားလှယ်များအား သိရှိစေရန် တိုင်ကြားပါသည်။ ကျွန်တော်တို့ အသုံးပြုနေသော (၁၅)သိန်း GSM မိုဘိုင်းဖုန်းများသည် တဖက်နှင့် တဖက်ခေါ်ဆိုသည့်အခါလည်း မကြားရခြင်း၊ ခေါ်ဆိုပြီး လိုင်းပြုတ်ခြင်း၊ ဖုန်းမပြောရပဲ အလိုအလျှောက် ဖုန်းဘီလ် အလွန်တက်နေခြင်း ဖြစ်ပေါ်နေသည့်အတွက် prepaid စနစ်သို့ ပြောင်းလည်းအသုံးပြုခဲ့ပါသည်။ prepaid ပြောင်းပြီးသောလည်း တယ်လီဖုန်းအခွန်ငွေဌာနမှ အကြွေးကျန်များ မရှိစေရန် လက်ကျန်ငွေအားလုံး တောင်းခံလာ၍ ငွေအကြေအလည် ပေးသွင်းခဲ့ပါသည်။ ယခုအခါလည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ကြွှေးကျန်ဆိုပြီး ထပ်မံ တောင်းခံလာပါသည်။ ဆက်သွယ်ရေးကို သွားပြောသောအခါ ရန်ကုန်မြို့ GSM ရုံးမှ ငွေကြွေးကျန် စာရွက်သာ တွေ့ရပါသည်။ ဘီလ်မသွင်းလျှင် ချက်ချင်းဖုန်းပိတ်ပါသည်။ Prepaid သုံးသော်လည်း ငွေဖြည့်ကဒ်မှာ ငွေအလွန်စားနေပါသည်။ CDMA (450) ဖုန်းများနှင့် နှိုင်းယှဉ်လျှင် GSM (၁၅)သိန်းဖုန်းမှ ငွေအလွန်စားနေပါသည်။ ဘာကြောင့် ဒီလိုမျိုးတွေ ဖြစ်နေရပါသလည်း ခင်ဗျာ။

သမ္မတကြီးနှင့် လူကြီးမင်းများခင်ဗျား လွန်ခဲ့သော (၁)နှစ်ခန့်က မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဌာနတွင် ဖုန်းမပြောဆိုပဲ အလိုအလျှောက် ဘီလ်တက်နေ၍ တိုင်းကြားမှုများဖြစ်ပေါ်ခဲ့ပါ၍ အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးမှုပြုခဲ့ရာ သင်္ကန်းကျွန်းအိတ်ချိန်းနှင့် ဝေဠုဝန် GSM အိတ်ချိန်းမှ ၀န်ထမ်းများအား အဂတိလိုက်စားမှုကြောင့် အရေးယူမှု ဖြစ်ပေါ်ခဲ့ပါသည်။

ယခုအခါ Prepaid စနစ်သို့ ပြောင်းခါနီးတွင် မြန်မာနိုင်ငံအနှံ့ မိုဘိုင်းဖုန်းများ ဘီလ်အလွန်များနေသည်ကို ပြည်သူများက သိရှိနေရပါသည်။ ဆက်သွယ်ရေးဝန်ကြီးဌာန၏ အဂတိလိုက်စားမှုကြောင့် ဒုဝန်ကြီးမှာ ပြုတ်သွားရခြင်း ဖြစ်သည်ဟု ပြည်သူများက ခန့်မှန်းကြပါသည်။ ပြည်တွင်းကုမ္ပဏီ အမည်ခံကာ တရုတ်နိုင်ငံမှ အရည်အသွေး ညံ့ဖျင်းသော စက်ပစ္စည်းများကို ဈေးကြီးပေးကာ တင်သွင်းတပ်ဆင် နေသည့်အတွက်ကြောင့် နိုင်ငံအနှံ့အပြားမှာ တယ်လီဖုန်းများ ခေါ်ဆိုမရဖြစ်နေရပါသည်။ ထို့အပြင် တရုတ်နိုင်ငံမှ ၀ယ်ယူသော စက်များ ညံ့ဖျင်းသောကြောင့် ၀ယ်ယူသုံးစွဲသော ပြည်သူများအပေါ် စုတ်လည်းဆူး စားလည်းရူးဆိုသလို ငွေကုန်ကြေးကျများ၍ ၀န်ထုတ်ဝန်ပိုး ဖြစ်နေရပါသည်။ ဆက်သွယ်ရေးဝန်ကြီးဌာန၏ စီမံကိန်းများသည် စီမံကိန်းလုပ်တိုင်း ၀န်ကြီးနှင့် ဌာနအကြီးအကဲများမှ အကျိုးအမြတ်ရရှိနေ၍ အကျိုးအမြတ်ရရှိရေးကို ဦးတည်ကာ ရည်ရွယ်ရှိရှိ လုပ်ကိုင်နေတဲ့ အတွက်ကြောင့် ပြည်သူလူထုအတွက် အလွန်ပင်ထိခိုက်နစ်နာသလို နိုင်ငံတော်အနေဖြင့်လည်း ဆုံးရှုံးမှုများ ဖြစ်ပေါ်နေပါသည်။

ယနေ့ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်နေချိန်တွင် နိုင်ငံတော်သမ္မတ၏ ဆင်းရဲနွမ်းပါး လျော့ချရေး စီမံချက်အရ ကျေးလက်နေ ပြည်သူအထိ ဆက်သွယ်မှုရရှိစေရန် လုပ်ဆောင်နေမှုများသည် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ညံ့ဖျင်းသော စက်များကြောင့် ကျေးလက်နေ ပြည်သူလူထုအထိ ၀န်ထုတ်ဝန်ပိုး ဖြစ်နေရပါသည်။

ထို့ကြောင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ကုမ္ပဏီများနှင့် ပူးပေါင်း ဆောင်ရွက်နေသော စီမံကိန်းများအပေါ် ပြည်သူလူထုကို မထိခိုက် မနစ်နာစေရန် လစ်လျှူရှုမထားပဲ နိုင်ငံတော်သမ္မတ၊ လွှတ်တော်ဥက္ကဌနှင့် လွှတ်တော်ကိုယ်စားလှယ်များမှ အထက်ပါကိစ္စအား စီစစ်စုံစမ်း ကြပ်မတ် ဆောင်ရွက်ပေးပါရန် တင်ပြအပ်ပါသည်။

(တယ်လီဖုန်းသုံးစွဲသူ ပြည်သူတစ်ဦး)

20 comments:

  1. ဆက်သွယ်ရေးဝန်ကြီးဌာနကသူများတွေဖုန်းပြောနေတဲ့အသံတွေကိုခိုးပြီးအသံဖမ်းတယ်။ပြီးရ်ေပြန်ရောေ်းစားတယ်။သူများတွေဖုန်းပြောနေတဲ့အသံကိုလိုချေ်ရ်ေဆက်သွယ်ရေးရုံးမှာကြိုပြီးမှာထားလို့ရတယ်နော်။ပိုက်ဆံတော့ပေးရပါတယ်။......ကြားထဲကနေကြော်ညာပေးနေတာပါ.p မယုံရ်ေဆက်သွယ်ရေးရုံးမှာတိုးတိုးတိတ်တိတ်စုံစမ်းကြည့ပြါ.ပိုက်ဆံပေးရ်ေဖုန်းပြောနေတဲ့အသံတွေကိုခိုးပြီးကုးပေးပါတယ်အဲဒါမြန်မာ့ဆက်သွယ်ရေးပါ....

    ReplyDelete
  2. Prepaid သုံးသော်လည်း ငွေဖြည့်ကဒ်မှာ ငွေအလွန်စားနေပါသည်။ တဲ့ ညီလေးရေ ပြောရင်ပြောသလောက်တော့ကျမှာဘဲ။ အစ်ကိုပြေပြာပြမယ် တစ်မိနစ်ကို (၅၀)ကျပ်ကျတယ်၊ဒါပေမဲ့(၁)မိနစ်စာကောက်တာမဟုတ်ဘူး။ တစ်မိနစ်မှာ စက္ကန့်(၆၀) ၁၀စက္ကန့်ကို (၅)ကျပ်ပဲကျတာ၊ ၁၀စက္ကန့်တိုးသွားမှ (၅)ကျပ်ပဲ Bill တက်မှာ အဲဒါကို စားတယ်လို့ ပြောနေတာလား။သေသေချာချာလဲ စမ်းသပ်ပြီးမှပြောပါကွာ.....

    ReplyDelete
  3. နဲနဲလောသွားတယ် (၆)စက္ကန့်မှ (၅)ကျပ်ပဲကျတာ မယုံရင်စမ်ကြည့် အဲဒီတော့မှသိလိမ့်မယ်။

    ReplyDelete
  4. မိုဘိုင်းဖုန်းများ ဘီလ်အလွန်များနေသည်ကို ပြည်သူများက သိရှိနေရပါသည်။ တဲ့ အရင်တုန်းက ဘယ်လောက်ပြောလို့ ဘယ်၍ကျမှန်မသိဘူး အခုကျတော့မှ Real Time သိရတော့ ငွေတွေအများကြီးကျတယ်အော်နေသေးတယ်။ ဒီထဲ ပြောကြသေးတယ် ညဉ်နက်သန်းခေါင်းပြောလဲ(၅၀)ပဲတဲ့ သေသေ ချာချာပြောလဲပြောကြည့်ကြပါဦး။ အရာရာကို အဆိုးမြင်ဝါဒနဲ့မကြည့်ကြပါနဲ့ ခေတ်စနစ်တွေက ပြောင်းနေပြီ ဆိုတာအားလုံးသိပါတယ်။

    ReplyDelete
  5. ဆက်သွယ်ရေးဝန်ကြီးဌာန၏ စီမံကိန်းများသည် စီမံကိန်းလုပ်တိုင်း ၀န်ကြီးနှင့် ဌာနအကြီးအကဲများမှ အကျိုးအမြတ်ရရှိနေ၍ အကျိုးအမြတ်ရရှိရေးကို ဦးတည်ကာ ရည်ရွယ်ရှိရှိ လုပ်ကိုင်နေတဲ့ ဥပမာတစ်ခုပြောပြမယ် ဆည်တစ်ခုဆောက်ရင် ချက်ချင်းဆည်ရေသောက်လို့ရသလား၊ဆည်တည်ဆောက်လို့ပြီးမှ ဆည်ရေသောက်ရတာမဟုတ်လား အဲဒိလိုပဲပေါ့ကွာ။

    ReplyDelete
  6. I think that above mentioned person is responsible for communication department and his response is not fair answer for the user people. Every Government's officer looks only one site for them especially, departments which always intouch everyday with people are more worse than others . They always think that people must be followed the instruction of respective department. Most of them are selfish minded person.

    ReplyDelete
  7. ကဲအရပ်ကတို့ရေ..
    လာပြန်ပီပေါ့တိုင်စာနောက်တစ်ခု.ဘာတစ်ခုမှလဲပွင့်
    လင်းမြင်သာတဲ့အရေးယူတာမရှိ.မကြားမိ
    မင်းတို့ဟာမင်းတို့တိုင်ချင်သလောက်တိုင်.
    သောက်ဂရုမစိုက်ဘူး..မတိုင်နိုင်ရင်ရပ်သွားလိမ့်မယ်
    ဆိုတဲ့သဘောပဲ..
    ကိုဒီမိုရေ.နောက်ဆိုရင်တိုင်စာတွေကို.
    နံပါတ်စဉ်ထိုးတာဖို့လိုမယ်.ဘယ်နှစ်ခုတိုင်ပြီးသွားပီ
    ဆိုတာသိရတာပေါ့..ဘယ်နှစ်ခုအရေးယူ/မယူ မှတ်တမ်းလေးပါဘေးမှာမှတ်ချက်လေးတည့်ထားရင်
    ပိုကောင်းမယ်.ပြည်သူလူထုအသံကိုဂရုစိုက်လားမစိုက်လားသိရတာပေါ့။

    ReplyDelete
  8. ပြောတော့အကျင့်ပျက်ဝန်ထမ်းတွေ
    မရှိအောင်လုပ်မယ်. cleaning government လုပ်မယ်
    ဆိုပီး.လခတွေတိုးယူသွားတာပဲ
    အဖတ်တင်တယ်.ပီးတော့လဲ.ဒီပုတ်ထဲကဒီပဲ..ပဲ

    ReplyDelete
  9. Comment.(2,3,4,5) ရေးသူ၏အမည်မှာ ဦးသိန်းထွန်းဖြစ်ပါသည်။
    စဉ်းစားကြပါကုန်.....

    ReplyDelete
  10. အောင်သူJuly 21, 2012 at 1:51 PM

    ဒီကောင်တွေကပြည်သူတွေကို ကြံလိုပဲသဘောထားတာဗျ။
    ကြံရည်ရောင်းတဲ့လူတွေ ကြံကြိတ်တာမြင်ဖူးကြတယ်မဟုတ်လား။
    ပထမ ဒီအတိုင်းကြိတ်မယ်
    နောက် နှစ်ပြန်ခေါက်ကြိတ်မယ်
    နောက် လေးပြန်၊ရှစ်ပြန်
    နောက် ဆယ့်ခြောက်ပြန်ခေါက်ကြိတ်
    နောက်ဆုံး ယင်ကောင်အတွက်တောင်မကျန်တော့ပါ။
    ဒီကောင်တွေက အာဏာကို ကြံကြိတ်စက်လိုသဘောထားပြီး အားအားရှိကြိတ်နေတော့တာပဲဗျာ......

    ReplyDelete
  11. မိန်းမနာမည်တွေနဲ့ သားသမီးနာမည်တွေ ပါဝင်ပြီး ကုမ္ပဏီတိုင်းမှာ ရှယ်ယာဝင် ဘယ်လူကြီးတွေလည်း ခင်ဗျာ။

    ReplyDelete
  12. ဆည်တည်ဆောက်လို့ပြီးမှ ဆည်ရေသောက်ရတာမလုပ်ချင်ပါဘူးဗျာ။ လုပ်ချင်တာက ဆည်တည်ဆောက်ခွင့်ရတဲ့ ကန်ထရိုက်ပဲ ဖြစ်ချင်ပါတယ်။ ၀န်ကြီးတွေဆီ ဘယ်လိုဝင်ရသလည်း။ မော်ဒယ်ကောင်မလေးတွေနဲ့ ဒေါ်လာနဲ့ (၂)ခုပေါင်းပြီး ပွဲစားကနေ တဆင့် ၀င်ရတယ်လို့ သိရပါတယ်။ ဟုတ်ပါသလား။ မြန်မာနိုင်ငံမှာ လာဘ်မစားတဲ့ ၀န်ကြီး ရှိပါသလားခင်ဗျာ။ မသိလို့ နော် ဟဲဟဲ။

    ReplyDelete
  13. ဖုန်းခေါ်ဆိုခ များတယ်လို့ သံသယ ဖြစ်ပါက ကိုယ့်ရဲ့ Bill ကို ပြန်လည်စစ်ဆေး နိုင်ပါတယ် Internet သုံးပြီး Connection ပြန်မပိတ်မိတာမျိုးဆိုလည်း Bill တွေကဖြတ်နေမှာဖြစ်ပါတယ် Bill ပြန်စစ်ကြည့်ပြီး တကယ်ခေါ် ဆိုတာ ဟုတ်မဟုတ် ဆုံးဖြတ်နိုင်မှာဖြစ်ပါတယ်။

    ReplyDelete
  14. ဖုန်းခေါ်ဆိုခ များတယ်လို့ သံသယ ဖြစ်ပါက ကိုယ့်ရဲ့ Bill ကို ပြန်လည်စစ်ဆေး နိုင်ပါတယ် Internet သုံးပြီး Connection ပြန်မပိတ်မိတာမျိုးဆိုလည်း Bill တွေကဖြတ်နေမှာဖြစ်ပါတယ် Bill ပြန်စစ်ကြည့်ပြီး တကယ်ခေါ် ဆိုတာ ဟုတ်မဟုတ် ဆုံးဖြတ်နိုင်မှာဖြစ်ပါတယ်။

    ReplyDelete
  15. ဆက်သွယ်ရေးကိစ်စ ကနေ ဆည်ဖက်လှည့်မလာပါနဲ့
    ဆည်မြောင်းက ခိုးစားတာတွေ ပါကုန်ပါ့မယ်
    လယ်ဆည်က အဂတိလိုက်စားမှု ဒုတိယ အကြမ်းဆုံး
    ပထမ က ကာကွယ်ရေး GE တပ်က

    ReplyDelete
  16. ၁ ။ သူကြား.....ကိုယ်မကြား တစ်ကော
    ၂ ။ သူမကြား....ကိုယ်ကြား တစ်ကော
    ၃ ။ သူမကြား....ကိုယ်မကြား တစ်ကော
    ၄ ။ သူကြား.....ကိုယ်ကြား တစ်ကော
    ( မှတ်ချက် ။ ပြောနေတုန်းလိုင်းခဏခဏ ကျတတ် )

    ReplyDelete
  17. It is true that the bill is twice the usual amount in the last of month of post paid bill. I will now do something for it. Prepaid seem right as of now though

    Those who said only 5 kyats per 6 sec is completely out of your mind. I think they charge per 12 sec. But what is important is that 50/min is so expensive considering that other countries have higher salaries and also they allow free call if same company.

    ReplyDelete
  18. Every ministers are abnormal and fool. Some fool with money. Some with position. Some with girls( Hnar Bu , Ta Nar Yuu). For example, Deputy Minister U Than Htun from the ministry of co-operatives enjoyed and wanted to say sex and dirty jokes in front of the lady offices and staffs. He is Nhar Buu ( Ta Nar Yuu).
    Actually,he should say sex jokes in front of his daughter and wife. He comes from Pathein USDP.He wanted to sex with lady staffs ( whether singles or married ).
    If you don't believe my comment, please ask lady staffs from the Ministry of Cooperatives.

    ReplyDelete
  19. သုံးစားမရတဲ့ဆက်သွယ်ရေး... အခု အချိန်ထိ ကုမ်ပဏီ မပေးရဲတဲ့ ဆက်သွယ်ရေး... 15 သိန်းတွေ ရော ဘာလုပ်ပေးမှာလဲ..........ပိုက်ဆံရှိလို့ဝယ်ထားတာမဟုတ်ဘူး.. လိုအပ်လို့ (17)သိန်းပေးပြီးဝယ်ထားတာ......သမ္မတဆီ ၀ိုင်းပြီးတင်ပြကြပါစို့....................

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။