ဧရာဝတီတိုင်း ၀န်ကြီးချုပ် ဦးသိန်းအောင် ...
"စိုးရိမ်ဖွယ်ရာ ဧရာဝတီတိုင်းရဲ့ အနာဂတ် နေ့ရက်များအတွက် ဧရာဝတီတိုင်းသား တစ်ဦးရဲ့ သမ္မတကြီးဦးသိန်းစိန်သို့ ရင်ဖွင့်သံ"ကျွန်တော်သည် မြစ်ဝကျွန်းပေါ် ဒေသတွင် ကြီးပြင်းခဲ့ရပြီး ငယ်စဉ်ကထဲက ၀ါသနာပါခဲ့သော သစ်တောတက္ကသိုလ်သို့ တက်ရောက်ခဲ့ပြီး သစ်တော သိပ္ပံဘွဲရရှိခဲ့ကာ မိမိတိုင်းမှာ ပြန်လည် ထမ်းဆောင်ခွင့်မရပဲ မြန်မာပြည်အနှံ တာဝန်ထမ်းဆောင်ခဲ့ရာမှ ယခင်သစ်တော ၀န်ကြီးဟောင်း ဗိုလ်မှုးချုပ်သိန်းအောင် သစ်တောသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ချိန်မှ စလို့ ဦးသိန်းအောင်ခေါ်လာတဲ့ ဗိုလ်မှုးကြီး၊ ဗိုလ်မှုးလေးတွေနဲ့ ဗိုလ်ကြီးပေါက်စလေးတွေရဲ့ နေရာယူမှု၊ ဦးသိန်းအောင်မိန်းမနဲ့ သမီးကို ကပ်ဖားနိင်သူများသာ ရာထူးရရှိမှုတွေနဲ့ သစ်တောဝန်ကြီးဌာန တခုလုံးလဲ ပျက်စီးခဲ့ရပါတယ်။ ဇနီးနှင့်သမီးများမှာလည်း လူမှုဆက်ဆံရေးညံဖျင်းပြီး အလွန်မောက်မာကျသည်ကို ကြားသိရပါသည်။ ရာထူးနေရာယူမှုတွေ၊ စီးပွားရေး လက်ဝါးကြီး အုပ်မှုတွေကြောင့် ကျွန်တော်တို့ သစ်တောကျောင်းဆင်းများ အားလုံး နင်းပြားဖြစ်ပြီး စိတ်ဆင်းရဲခဲ့ရတာ အားလုံးအသိပါ။ စုံစမ်းမေးမြန်းနိုင်ပါတယ်..
အထင်ရှားဆုံး ဥပမာပြောရမယ်ဆိုရင် သစ်တောဦးစီးဌာနမှာ ညွန်မှုးရာထူးဆိုတာ ပင်စင်ယူခါနီး(၃)-(၄)နှစ်လိုမှ ရကြတာပါ။ ဦးသိန်းအောင်ရဲ့ တပည့်တွေကတော့ ဘွဲ့ရစရာတောင်မလိုပဲ ညွန်မှုးရာထူးကို အလွယ်တကူ ရကြပါတယ်။ Foresterများနဲ့ ထာဝစဉ်ကြိုးစားပြီး နိုင်ငံရဲ့ ၀င်ငွေရှာရတဲ့ သစ်ထုတ်လုပ်ရေး ဌာနမှာလည်း ကျွန်တော်တို့ Forester များ တသက်လုံး ကုန်းရုံးပြီး ပင်စင်ယူခါနီးအထိ တောထဲတောင်ထဲမှာ နေခဲ့ပြီး ကြိုးစား အားထုတ် ကုန်းရုန်း အပင်ပန်းခံခဲ့ရလေသမျှ ပင်စင်ယူခါနီးကျတော့ ဦးသိန်းအောင်ခေါ်လာတဲ့ မိုးကျရွှေကိုယ် ဗိုလ်ကြီး ဗိုလ်လေးတွေက နေရာအခန့်သား ၀င်ယူပြီး ကျွန်တော်တို့ကို နှိမ့်ချလေတော့ Forester မိသားစုများ မျက်နှာငယ်စွာ ရင်နာစွာနဲ့ အလုပ်က ထွက်ခဲ့ကြရသူတွေ မနည်းပါဘူးခင်ဗျာ။
အထူးသဖြင့် ဦးသိန်းအောင် လက်ထက်မှာတော့ သစ်တောဘွဲ့ရတွေကို မသုံးပဲ သစ်တောအကြောင်း နားမလည်ပဲဘာမှမတတ်တဲ့သူ လူယုံတွေနဲ့ သစ်တောတွေကို အကုန်ပြောင်သွားအောင် ခုတ်ပြီး သူတို့ မိသားစုနဲ့ လူယုံ လက်တဆုတ်စာ အတ္တဝါဒီတွေ စီးပွားရေး သောင်းကျန်းပြီး တိုင်းပြည်ကို ဖျက်သွားတယ်ဆိုတာ အထောက်အထားတွေ ရှိပါတယ်.. ငြင်းလို့မရပါဘူး။ အဲဒီ့ကာလရဲ့ သစ်တောတွေ ပြုန်းတီးမှုကို စစ်ဆေးကြည့်ရှုမယ်ဆိုရင် မြန်မာ့သမိုင်းမှာ မှတ်တမ်းတင်ထားလို့ ရပါတယ်။ ကျွန်တော်တို့ Forester ပညာနဲ့ ပြောပြရှင်းပြသမျှ လက်မခံပဲ ကိုယ်အလုပ်ကို လုပ်လို့ မရလောက်အောင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေဆိုပြီး ဗိုလ်ချုပ်မှုးကြီးအမိန့်နဲ့ အမြဲချိန်းခြောက် တားဆီးခဲ့ပါတယ်။
သူ့မိသားစု၊ သူ့တပည့်တွေနဲ့ နီးစပ်ရာ လုပ်ငန်းရှင်ကြီးတွေကတော့ ဦးသိန်းအောင် သစ်တောကို ကိုင်သွားတဲ့ (၅)နှစ်အတွင်း အလွန်ချမ်းသာမှုကတော့ မရေတွက်နိုင်အောင် ချမ်းသာသွားကြတယ်လို့ ကြားသိထား ရပါတယ်။ ကျွန်တော်တို့ကတော့ မပေးနိုင်တော့ အဝေးမှာပဲ နေရပါတယ်။ ကျွန်တော်တို့ သစ်တောတခုလုံး ၀န်ကြီး အဆက်ဆက် နေလာခဲ့သမျှ စိတ်ချမ်းသာခဲ့ရပြီး ဦးသိန်းအောင် မိသားစုနဲ့ သူတပည့်တွေကြောင့် စိတ်ဆင်းရဲသောကဖြစ်ပြီး အလုပ်ထဲနေ မပျော်ခဲ့ကြပါဘူး။ ကိုယ်မှန်နေပါလျှက်နဲ့ ဘယ်အချိန် ငါ့တို့ကို ပြသာနာရှာ ဒုက္ခပေးမလဲဆိုပြီး စိုးထိတ်နေခဲ့ ရပါတယ်။
နိုင်ငံတော်သမ္မတကြီးက ဒီမိုကရေစီခေတ် ဖော်ဆောင် လုပ်ကိုင်နေသော်လည်း ကျွန်တော်တို့ ဧရာဝတီတိုင်း အတွင်းမှာတော့ ဦးသိန်းအောင် ၀န်ကြီးချုပ်ဖြစ်လာပြီး ထူးခြားသော တိုးတက်မှုများ ပြောင်းလဲမှုများ မရှိသေးပါခင်ဗျာ။ အပေါ်ယံ လှုပ်ရှားမှုလေးတွေနဲ့ ပြည်သူလူထုကို လိမ်လည်ပြီး နောက်တကြိမ်၂၀၁၅ကျလျှင် သူမဲနိုင်ဖို့အတွက်သူကိုယ်ကျိုး အတွက်သာ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။
ကျွန်တော်တို့ကတော့ ကိုယ်နေထိုင် ကြီးပြင်းခဲ့ရာ ဆန်ရေစပါးပေါများတဲ့ ဧရာဝတီတိုင်းကို တိုးတက် ဖွံဖြိုးစေချင်တဲ့ဆန္ဒနဲ့ စိတ်ဝင်တစား စောင့်ကြည့်နေမိပါတယ်။ ဧရာဝတီတိုင်း လွှတ်တော်ဥက္ကဌသည်လည်း တပ်မတော်မှအငြိမ်းစားယူထားသောပုဂ္ဂိုလ်ဟု သိရပါသည်။ ဂျာနယ်တခုထဲတွင် ဦးသိန်းအောင်ရဲ့ မကောင်းတဲ့ လုပ်ရပ်တွေနဲ့ ညစ်ကျယ်မှုများ ကို ဖွင့်ချထားပြီး ဧရာဝတီတိုင်း လွှတ်တော်ဥက္ကဌမှ တရားစွဲဆိုထားတယ်လို့ ဖတ်ရှု့လိုက်ရပါတယ်ခင်ဗျာ။ ဦးသိန်းအောင်ရဲ့ စိတ်နေသဘောထားကို လေ့လာထားမိလို့ အခုလဲ ဧရာဝတီတိုင်းမှာ စစ်တပ်က လာတဲ့သူ အချင်းချင်းတောင် သီးမခံနိုင်အောင် ဖြစ်နေကြတယ်ဆိုတာ သဘောပေါက် လက်ခံလိုက်ပါတယ်။
ဦးသိန်းအောင် သစ်တောကို စရောက်လာတဲ့ အချိန်မှာ စွမ်းအင်ကနေ တပည့် (၄)ယောက်ပါလာပါတယ်။ ဦးအေးမြင့်မောင်၊ ဦးလွင်ဦးမောင်၊ ဦးပုံဇာစွမ်းနဲ့ ဦးသန်းဦးဆိုတဲ့ ကိုယ်ရေးအရာရှိတွေ ဖြစ်ပါတယ်။ အဲဒီလူတွေနေရာမှာ ယခုတော့ သူ့မိသားစုကို ရှာကျွေးနိုင် ဝေယျာဝစ္စ လုပ်ပေးနိုင်တဲ့ နောက်ထပ်ပေါ်လာတဲ့ တပည့်တွေက တိုက်ထုတ်လိုက်လို့ အားလုံးစိတ်ဆင်းရဲစွာနဲ့ အဝေးသို့ လွင့်ထွက် သွားကြပါပြီခင်ဗျာ။
ကျန်တဲ့ ဌာနတွင်းမှာလဲ ဘယ်သူနဲ့မှ မတည့်ပဲ သူတပည့်များ ပြောသမျှ မစဉ်းမစားပဲ ဖြုတ်ထုတ် သတ်ခဲ့တဲ့ အတွက် မိသားစုများ ဘ၀ပျက် ဒုက္ခရောက်ခဲ့ရတာ မနည်းတော့ပါဘူး။ ဌာနတွင်းလဲ အကြောက်တရားနဲ့ အုပ်ချုပ်နေပြီး သူ့မိန်းမ သူသမီးတွေ၊ နောက်သူတပည့် ဗိုလ်မှုးကလေးမောင်ငွေ လင်မယားနဲ့ အဆင်မပြေသူများဟာ အဝေးသို့ပြောင်းရွှေ့ လွှင့်ပါးရတာ ထုံးစံလို ဖြစ်ခဲ့ပါတယ်။ ပိုဆိုးတာက ဗိုလ်မှုးလေးမောင်ငွေ လင်မယားကြောင့် ဦးသိန်းအောင်ရဲ့ တပ်တွင်း နေစဉ်ကတည်းက သားသမီး ပမာနေလာတဲ့ ဗိုလ်ကြီးသန်းဦးပါ လွင့်စင် ထွက်သွားရပါတယ်.။ ကျွန်တော်တို့ နယ်တွေကို ဦးသိန်းအောင်မိသားစု ခရီးထွက်လာလျှင်လည်း နောက်တော်ပါ တပည့်တွေကိုပါ ကြောက်ရွံရပြီး ကျန်ဝန်ထမ်းများမှ ပြုစုလုပ်ကျွေး ခဲ့ရပါသည်။ ဦးသိန်းအောင်၏ ဇနီးနှင့်သားသမီးများမှာလည်း အလွန်မောက်မာ လှပါသည်။ အောက်ခြေ၀န်ထမ်းများ အပေါ်ဆက်ဆံရေး လုံးဝမကောင်းပါခင်ဗျား။
သစ်တောဌာနမှာရော မြန်မာသစ်လုပ်ငန်း ဘက်မှာပါ အောက်ခြေ အဆင့်ဆင့်ကနေ စပြီးကြိုးစားလာရတဲ့ ၀န်ထမ်းတွေကို ပေးသင့်တဲ့ ရာထူးနဲ့ထိုက်တန်စွာ လုံးဝမပေးပါပဲ ဦးသိန်းအောင်မိသားစုနဲ့ သူခေါ်လာတဲ့ ဗိုလ်မှုးကလေး မောင်ငွေတို့နှင့် အဆင်ပြေသော လူမျိုးတွေကို နေရာကောင်းများ ပေးပြီး ကျွန်တော်တို့လို FORESTER များကို နှိမ့်ချထားခဲ့ပါတယ်။
ယခုလဲ သစ်တောသို့ ရောက်သော အချိန်မှစပြီး သစ်တောဌာန တခုလုံး စိတ်ဆင်းရဲအောင် နှိပ်စက် ဒုက္ခပေးခဲ့ပါသည်။ ယခု သစ်တောဝန်ကြီး ဖြစ်နေသူ ဦးဝင်းထွန်းနှင့်လည်း အဆင်မပြေဘူးဟု ကြားသိရပြီး ဦးဝင်းထွန်းနှင့်သူမိသားစုမှာ မြန်မာသစ်လုပ်ငန်းတွင် နေထိုင်စဉ်ကတည်းက ရိုးသားအေးဆေးပြီး ၀န်ထမ်းများအပေါ် ညှာတာစွာ ဆက်ဆံတတ်သော စိတ်ရင်းကောင်းမွန်သော ပုဂ္ဂိုလ်ဟု ကျွန်တော်တို့ သိရှိခဲ့ဖူးပါသည်။ လူတိုင်းနှင့် အဆင်ပြေသော ဦးဝင်းထွန်းအား သူတပည့်ကိစ္စဖြင့် နည်းမျိုးစုံဖြင့် ရန်ရှာ သိက္ခာချနေသည်ကိုလည်း လူတိုင်း သိရှိနေကြပြီးဖြစ်ပါသည်။
အခုတဖန် ဧရာလွှတ်တော် ဥက္ကဌနှင့်လည်း အဆင်မပြေခြင်းများအား ဂျာနယ်တွင် လွှတ်တော်ဥက္ကဌမှ ပြောကြားထားသည်ကို ဖတ်ရှုရပါသည်.။ ဧရာဝတီတိုင်းတွင်း တိုင်းညွန်မှုးများလည်း လွန်စွာ စိတ်ညစ်နေကြကြောင်း ကြားသိနေရပါသည်။
ဒီလိုပုံစံနဲ့သာဆိုရင် ကျွန်တော်တို့ ဧရာဝတီတိုင်း၏ တိုးတက်ဖွံဖြိုးရေးမှာ (၁)နှစ်အတွင်း မည်ကဲ့သို့မှ တိုးတက်ပြောင်းလဲ လာခြင်းမရှိခဲ့ပါဘူး၊ ဦးသိန်းအောင်ဟာ သူ့ကိုယ်ကျိုးနှင့် ၂၀၁၅ မဲရရှိရေး အနိုင်ရရေးသာ ကြိုးစားနေသော ၀န်ကြီးချုပ်ဦးသိန်းအောင် အကြောင်းကို အမှန်အတိုင်း သိရှိစေရန် နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်နှင့် တကွ လူကြီးများအား တင်ပြအပ်ပါသည်ခင်ဗျား။
လေးစားစွာဖြင့်
အငြိမ်းစား သစ်တောဝန်ထမ်း
(ဧရာဝတီတိုင်းသားတစ်ဦး)

ဒီလောက်နာမည်ဆိုးထွက်နေတာ အထက်ကလူကြီးမင်းတို. မမြင် မကြားချင်ယောင်
ReplyDeleteဆောင်နေတာ သူတို.လဲ စိတ်တူကိုယ်တူမို.
လို. ပြောရပါမယ်။အမြန်ဆုံး စစ်ဆေး သင့်ပါတယ်။
ကြာရင် ဒီလိုလူကြောင့် တိုင်းပြည် လူမျိုးကိုများစွာ
အကျိုးယုတ်စေနိုင်ပါတယ်။
သိန်းစိန်ကိုများသွားတိုင်နေသေးတယ်..
ReplyDeleteသိန်းအောင်ဆီကရှယ်ယာခွဲတမ်းယူထားလို့
မသိချင်ယောင်ဆောင်နေတာ.လောက်တော့
တိုင်တဲ့သူကသတိထားမိမှပေါ့..
စောင့်ကြည့်ပါ.၁၀ခါတိုင်လဲ.ဒါပါပဲ.အခါ၂၀တိုင်လဲဒါပါပဲ.
စစ်တပ်စစ်ဗိုလ်တွေပဲကောင်းစားရေးလုပ်စားနေတာ
ဘာမှလုပ်မရဘူး.သိန်းစိန်လဲ.ဒီပုတ်ထဲကဒီပဲ.ပဲ
လေကုန်တယ်တိုင်မနေနဲ့.
ဗိုလ်ချုပ်အောင်ဆန်းလိုမျိုး.ဒုတိယရဲဘော်သုံးကျိပ်.
ဖွဲ့..နိုင်ငံခြားတပ်ခေါ်လာပီးတိုက်.ပီးရင်စစ်ဗိုလ်
သူခိုးတွေကိုအကုန်သတ်ပြစ်.စစ်တပ်ကို
အစကနေပြန်စမှပဲ..ဒီစံနစ်ကလွတ်မှာ..
နောက်ရဲဘော် 3 ကျိတ်စ်ကလည်းဂျပန်မှာ(or)တနေရာ
ReplyDeleteရာမှာတက်ပြီးဟိုဘက်နိုင်ငံသားခံပြီးပြန်မလာသူနဲ.၊
ပြန်လာပြီးစစ်အာနာရှင်စနစ်နဲ.နှစ်ပေါင်း 30.. Oh !
..နောက်တာပါကွာ။ မင်းပြောတာသိပ်ဟုတ်ပါတယ်။
ရှိသမျှလူတွေသုံးမရအောင်သူတို.ကိုသူတို.ဖျက်နေတာ။
မရတော.ဘူး။ အကျင်.မပျက်တဲ.သူကအံမ၀င်ဂွင်မကျ
ဖြစ်သွားတာပေါ.သူတို.လောကမှာ။ ၀န်ကြီးသမက်
ဒီမြို.ကိုပြန်လာရင်သူ.အိမ်ဘယ်လောက်ကောင်းလဲမအိပ်တော.ဘူးဒီမြို.ကအကောင်းဆုံး Hotel မှာ
Free နေတာပဲ ဆွေမျိုးအပေါင်းအသင်းဘာညာအပိုဆာလားပါသေး။
နောက်ရဲဘော် 3 ကျိတ်စ်ကလည်းဂျပန်မှာ(or)တနေရာ
ReplyDeleteရာမှာတက်ပြီးဟိုဘက်နိုင်ငံသားခံပြီးပြန်မလာသူနဲ.၊
ပြန်လာပြီးစစ်အာနာရှင်စနစ်နဲ.နှစ်ပေါင်း 30.. Oh !
..နောက်တာပါကွာ။ မင်းပြောတာသိပ်ဟုတ်ပါတယ်။
ရှိသမျှလူတွေသုံးမရအောင်သူတို.ကိုသူတို.ဖျက်နေတာ။
မရတော.ဘူး။ အကျင်.မပျက်တဲ.သူကအံမ၀င်ဂွင်မကျ
ဖြစ်သွားတာပေါ.သူတို.လောကမှာ။ ၀န်ကြီးသမက်
ဒီမြို.ကိုပြန်လာရင်သူ.အိမ်ဘယ်လောက်ကောင်းလဲမအိပ်တော.ဘူးဒီမြို.ကအကောင်းဆုံး Hotel မှာ
Free နေတာပဲ ဆွေမျိုးအပေါင်းအသင်းဘာညာအပိုဆာလားပါသေး။
ဝင်းထွန်းလဲ နံမယ်ငါးလုံးနဲ့ ဖလန်းဖလန်းထတဲ့ မင်းသမီးငယ်လေးနဲ့ ရှုပ်နေတာ မသိဘူးလား..အခုပြုတ်မဲ့ ၀န်ကြီးစာရင်းမှာ ထိပ်ဆုံးကပါနေတယ်လေ...
ReplyDeleteReal situations in the Ministry of Environmental Conservation and Forestry! Congratulations
ReplyDeleteLet's prevent and protect our forest from destroyers, Aye Myint Mg and his pupils.
ဟုတ်တယ် အားလုံးဒီပုပ်ထဲက ဒီပဲတွေကြီးပဲ
ReplyDeleteသိန်းစိန်လဲ ထူးမခြားနားပဲ
သိန်းစိန်ကို ဒုတိယဗိုလ်ချုပ်အောင်ဆန်းလို့
ပြောတဲ့သူက Internet စာမျက်နှာမှာ တင်ပြီးပြောတဲ့ သူက ပြောသေးတယ် ရိုးသားလို့တယ်လေ (ဘာတော်လဲ မသိဘူးနော်)
စစ်အဆိုးရကို တတ်နိုင်သရွေ့ တွန်းလှန်တိုက်ထုတ်မှပဲ
အခြေအနေတွေဟာ ပြောင်းလဲလာမှာ
ဝန်ကြီးပြုတ်တာလို့မပြောကြပါနဲ့.
ReplyDeleteဘယ်စစ်ဗိုလ်မှာမပြုတ်ဘူး.ဟန်ပြလုပ်ပြပီး.
နေရာရွေ့လိုက်တာပဲ.
နောက်တစ်ခါ.ရာထူးကဟန်ပြဖယ်.ပီးရင်.
လက်ကြိတ်ထိုးခေါ်ပီး.ခိုးဂွင်တွေဖန်တီးပေးလိုက်တာပဲ.
ဒါဟာ.လက်ရှိစစ်ဗိုလ်တွေလုပ်စားနေတဲ့ဂွင်ပဲ.
ခုလက်ရှိ.ခင်ညွန့်ဘယ်ကဝင်ငွေနဲ့ထမင်းစားနေလဲ.
စဉ်းစားကြည့်ပါ.သူတစ်ပြုံကြီး.လှူတောင်.လှူလိုက်သေးတယ်.
ဘယ်ကရလဲ.ဒီစစ်ဗိုလ်တွေပဲလက်ကြိတ်ထိုးဂွင်တွေဖန်တီး
ပေထားတာပဲ.ခင်ရွှေကိုလယ်တွေသိမ်း.ပြန်ရောင်းစာ..
ရတဲ့အထဲကခင်ညွန့်ကိုပေး..စား.ဒါ..ဒီစစ်ဗိုလ်တွေရဲ့ဗျူဟာပဲ.ဒီတော့ဘယ်ကောင်မှမပြုတ်ဘူး..
သမ္မတကြီးခင်ဗျာ့ ပြည်ထောင်စု ၀န်ကြီးတွေ အပြောင်းအလဲ လုပ်မယ်ဆိုတော့ ကြိုဆိုတယ်ဗျာ၊ အောက်ခြေကနေစပြောင်းတာထက် အထက်က အကောင်ကြီးကြီး င၀ါးကြီးတွေကို အရင်ပြောင်းလဲမှ ပိုကောင်းတာပါ။ ဌာနအသီးသီးက အာဏာရှိတဲ့ အထက်က ဘီလျှံနာ သူခိုးကြီးတွေ တစ်နေရာတည်းမှာ ဆက်ရှိနေရင် တိုင်းပြည်တိုးတက်ရေး ထိခိုက်မှာဘဲ အခုဆိုရင် ဌာနအကြီးအကဲ သူခိုးအကြီးစားတွေ မပြောင်းဘဲ ဟိုမရောက် ဒီမရောက် ပေါက်စန ဖွတ်ကလေးတွေကို ပြောင်းတော့ မိသားစုတွေ တပြုံတမ ဒုက္ခတွေ့ကြပါတော့မယ် ဒီတော့ ဖယာင်းတိုင်က မီးချောင်းဘ၀ တက်ချင်ရင် ဌာနကြီးတွေက ရိုးရာအစဉ်အလား မပျက်တဲ့ အကြီးစားသူခိုးတွေသာ ပြောင်းလဲသင့်တာပါ။ ယခင်ကတည်းက အစဉ်အလာမပျက်လုပ်စားသူကို လက်ဝေခံအာဏာခွဲပြီး ယုံကြည်မိရင် သမ္မတကြီးပြောသလို ရှေးရိုးစွဲကို ယုံကြည်သူစာရင်းမှာ ပြည်ထောင်စုဝန်ကြီးတွေ မပါဖို့တော့ လိုပါလိမ့်မယ်
ReplyDeleteစစ်ဗိုလ်လူထွက်တွေကြီးစိုးနေသမျှဒီလိုချည့်ခံနေရမှာပါဘဲ၂၀၁၅ျ မှာဒီကောင်တွေကိုအပြုတ်တိုက်ပြီးဆော်ရအောင်ဧရာဝတျီတိုင်းသားတွေအားထည့်ထားကြစို့
ReplyDeleteမှန်ပါတယ် ၂၀၁၅ မှာ ကြားဖြတ်လိုဘဲ ဖြစ်ပြီး သူခိုးတွေ စိတ်ဓါတ်အောက်တန်းကျသူတွေ
ReplyDeleteငုတ်တုတ်မေ့သွားမှာပါ
ဘာကြောင့်ဒီလောက်ဒီလိုဖြစ်ဖြစ်သွားကြရတာလဲ မသိဘူးဗျာ
ဆင်းရဲခြင်းဒဏ် နဲ့ ဂုဏ်မဲ့ဒဏ် ကို စစ်သားဆိုပြီး မခံနိုင်ကြလို့လား
အင်း စစ်သားစစ်စစ်တွေမှ မဟုတ်တာကလား။
သမတကစပြီး တချို့ ညွှန်ချုပ်တွေအထိ စစ်တပ်ထွက်တွေဆိုတော့ တိုင်းပြည် ပျက်စီးခေတ်နောက်ကျ ကျန်တာလဲ မပြောပါနဲ့တော့
ငမွဲများ ကြီးစိုးသော တိုင်းပြည်
ReplyDeleteငဖားများ ကြီးစိုးသော တိုင်းပြည်
ငတုံးများ ကြီးစိုးသော တိုင်းပြည်
ငအများ ကြီးစိုးသော တိုင်းပြည်
င xxxxxxxxx သားများ ကြီးစိုးသော တိုင်းပြည်
မြန်မာဟာ ကမ်ဘာမှာ အဂတိလိုက်စားမှု စတုထ အကြမ်းဆုံးနိုင်ငံပါဗျာ
ReplyDeleteအောက်မှာ အာဖဂန်နစ်စတန်၊ ဆိုမာလီယာ နဲ့ မြောက်ကိုရီးယားပဲကျန်ပါတယ်
http://www.guardian.co.uk/news/datablog/2011/dec/01/corruption-index-2011-transparency-international
ထူးထူးဆန်းဆန်းဖြစ်မနေပါနဲ့
ကိုယ်တိုင် ၀င်ခိုးစားကြပါတော့လား
နို့မို့ ညံ့ရာ ကျပါလိမ့်မယ်
ဘယ်သူတရားပြစ်ပြစ်ကိုမပြစ်ဖို့လိုတယ်လောကကြီးမှာအမှန်တရားမပျောက်မပျက်သေးပါဘူးအများမိုးခါးရေသောက်တိုင်းကိုလိုက်သောက်လို့တော့မဖြင့်ဘူးလေ။ဦးသိန်းအောင်ကတရားသမားပါမစော်ကားကြပါနှင့် ဦးသိန်းအောင်ရဲ့တရားကတော့( ငါ့တရား ) ပါ ဟဲဟဲ
ReplyDeletereally i know about thein aung and win tun its all fuckers are still working without shamefully. Really they know them-self thiefs
ReplyDeleteAye Myint Maung, DG of Forest Department one of Thein Aung's men is the most greediest person in the ministry. He become very rich after arriving FD. He also become a dectator of FD with the aid of Thein Aung. All foresters in the department are like his slaves. He should be investigated and taken action by new laws of illegal property.
ReplyDeleteသိန်းအောင်က တပ်ထဲနေလာကထဲကသောက်ကျင့်မကောင်းဘူးကွ၊သူမယားတွေသမီးတွေကြောင့်
ReplyDeleteနေခဲ့တဲ့နေရာတိုင်းဒီကောင်နဲ့မတည့်တဲ့သူတွေချည်းပဲ.
အဲဒီကနေသန်းရွေကြီးကိုကပ်ဖား လူကလည်းလည်တော့တပ်မမှုးကနေစွမ်းအင်ရောက် လွန်းသီမိန်းမနဲ့သိန်းအောင်မိန်းမစားခွက်လုသတ်ကျပြန်ရောကွအဲဒီကနေသန်းရွေကိုပေးနိုင်ကမ်းနိုင်တော့ သစ်တောကိုဒမြလက်ထဲအပ်သလိုဖြစ်သွားတာပေါ့ကွာသစ်တောရောက်တော့လည်းအရင်လူကြီးရဲ့လူတွေဖြုတ်ပစ်သူတပည့်တွေထည့်လုပ်စားတာကွ နောက်ဆုံးကွာမောက်မာတာကတော့ကမ်းကုန်တယ်ဟေ့ စစ်သားစိတ်မရှိတဲ့လူပါကွာဒီလိုကာင်တွေကြောင့်စစ်တပ်နာမည်ပျက်နေတာကွ သိန်းစိန်ကတော့တပ်ထဲနေကထဲက မလှုပ်မရှုပ်မပြုတ်ပေါ့ကွာလူအေးပေါ့ ဒီသိန်းအောင်ကသန်းရွေကိုတော့ အိပ်ထဲထည့်ပြီးကောင်းစားလာတာပါကွာအရည်အချင်းကမရှိပါဘူး။
သိန်းအောင်ကမယားငယ်တော့မထားဘူးလစ်သလိုတွေ့တဲ့ကောင်မခေါ်စားတာကွနပ်တော့နာမည်မထွက်ဘူးပေါ့ကွာရုပ်ကိုကြည့်ပါလားကွသခင်သန်းထွန်းရုပ်နဲ့
ReplyDeleteသူကသန်းရွေတပြည့်ဆိုတော့ကွာငငါးလုံးကိုအာဂုံဆောင်ထားတာကွ
ကျွန်တော်တို့ ဧရာဝတီတိုင်းအတွင်းတမြို့နှင့်တမြို့ဆက်သွယ်သောလမ်းများမကောင်းသေးပါ။
ReplyDeleteကျောက်စလစ်ခဲတွေနဲ့လမ်းတွေချိုင့်တွေတဲ့ ၀ါးခယ်ကိုပြန်ရင် ရွေလောင်းအထိပဲကားရောက်ပြီး နောက်တဆင့်ပြန်စီးနေရပါတယ်။လမ်းများလုံးဝပြုပြင်ခြင်းမရှိပါခင်ဗျား။
ဝန်ကြီးချုပ်ကသူမြို့ကိုသာကွက်ပြီးအလေးထားပြုပြင်ပါတယ်ကျန်တဲ့ဧရာဝတီတိုင်းလုံးကလမ်းတွေစုပ်ပြတ်သတ်နေပါတယ်
အခြေခံလူတန်းစားကစပြီးဘာတခုမှကူညီစောင့်ရှောက်ပြပြင်ပေးခြင်းမရှိသေးပါခင်ဗျားလမ်းပန်းဆက်သွယ်ရေးကိုလဲစိတ်မ၀င်စားပါခင်ဗျာ
ဧရာဝတီတိုင်းက၀န်ကြီးချုပ်မကောင်းဘူးဆိုတော.ဘယ်တိုင်းကလူတွေကောကောင်းတာရှိလို.လဲ။ဘယ်နေရာမဆိုဒီစစ်သားတွေကြီးစိုး၊မတရားအုပ်ချုပ်၊လူထုကိုနှိတ်စက်၊တိုင်းပြည်ကိုလုပ်ချင်တိုင်းလုပ်နေတာ ဦးသိန်းစိန်ကြီးကမသိချင်ယောင်ဆောင်နေပြီးလူကြားကောင်းအောင်မိန်.ခွန်းတွေပြော......ဟူးပြောရတာမောလိုက်တာ
ReplyDeleteThein Aung and Aye Myint Maung destroyed forests and forest department of Myanmar. During their 10 year period, Myanmar forests decreases form 70% of total land area to 45%. But are getting international rich. Let have a look of properties of Aye Myint Maung, current DG of FD.
ReplyDelete- 7 houses in Yangon
- 2 houses in Naypyitaw
- 3 houses in Mandalay
- 2 houses each in Pyinoolwin and Kalaw
- US 700 million account in Singapore and another US 350 million account in Australia
- Largest share holder of 10 Myanmar wood based industries
There are many many others stolen properties, please add the list .......
His master Thein Aung is much much richer then Aye Myint Maung
All these should be taken back by law
ေ အး မြင့်ေ မာင် သစ်ေ တာ မှာ အာ ဏာ ရှင် ပုံစံနဲ့ လုပ် ချင်တာလုပ် လို့ရေ န တာ သိန်းေ အာင် တစ်ေ ယာက် ထဲေ ကြာင့်မဟုတ်ပါ
ReplyDeleteသစ်ေ တာ သမားစိတ် မရှိတဲ့ ေ နရာလို ချင် လွန်းတဲ့ပညာလွန် foresterေ တွရဲ့အဖါးကြမ်း က်ြန္ခံေ နဒါေ ကြာင့်လဲပါတယ်
ဥပမာ- Dr. ညီညီေ ကျာ်, Dr.ေ သာင်းနိုင်ဦး, မင်းေ ဇာ်ဦး
မထင်ပါနဲ့, အခု တင်ေ အာင်မြင့်ဦး မရှိေ တာ့ လို့ ေ အးမြင့်ေ မာင် က သစ်ေ တာ ဒုဝန် ကြီး ဖြစ် မယ် ဆိုလို့ ဖား တဲ့ forester ေ တြ ေ ပါ မှ ေ ပါ. ဆရာေ ဟာင်း သိန်းေ အာင် ကိုေ တာင် ဂ ရု မစိုက်ေ တာ့ တာ ကြာပြီ
ReplyDeleteDon't be writing gossip on clever foresters who are working very hard for the Forest Department. Please think about that if they quit their job from Forest Department, there are many job opportunities outside for them. Those who are writing gossip and keeping jealous eyes on clever foresters, have never made sacrifices themselves for the Forest Department. The problem is only between ex-army officers.
ReplyDeleteသိန်းေ အာင်နဲ့ေ အး မြင့်ေ မာင် တို့ တစ် ခတ် ေ ပါက္ေ စ်း ေ လးေ တြ ေ ဝ မ်ှ လိုက် ပါ တယ်
ReplyDelete- SO နယ်ကောင်း = သိန်း ၃၀၀-၅၀၀
- AD နယ်ကောင်း = သိန်း ၅၀၀-၈၀၀
- Dir နယ်ကောင်း = သိန်း ၁၀၀၀-၂၀၀၀
- RO နယ်ကောင်း = သိန်း ၁၀၀-၂၀၀
- ေ တာ ေ ခါင်း (ရန်ကုန်/မန်း)= သိန်း ၁၀၀
အခုထိေ အးမြင့်ေ မာင် ခံစားဆဲပါ
အထက်က comment ပေးခဲ့တဲ့သူများအားလုံးအမှန်တွေ
ReplyDeleteဆိုတာ ကျွန်တော်လဲထောက်ခံတယ်။ သိန်းအောင်နဲ့အေးမြင့်မောင်တို့ကြောင့် သစ်တောဌာနကြီးလည်း ဖာလုပ်ငန်းသာသာပဲရှိပါတော့တယ်။ တောတွေလည်းပြောင်ကုန်ပြီ။ ဘဝပျက်သွားသူများလည်းမနည်းပါ။ ကိုယ့်ကိုကိုယ်သတ်သေသွားသူလည်းရှိပါတယ်။ သစ်တောဝန်ထမ်းအားလုံးအသိပါ။ သူတို့ကိုဖားပြီးနေရာရနေသူများကလွဲရင်ပေါ့။
ရှေ့ကလူတွေပြောတာအားလုံးမှန်သလောက်ရှီ့တယ်- တကယ်တော့ဝန်ကြီးမဆီုးပါဘူး -----ရပ်ရွာကိုလည်းတော်တော်လေးလုပ်ပေးပါတယ်--------စေတနာလည်းထားပါတယ်---တကယ်ဆိုးဘ၀င်မြင့်နေတာက၀န်ကြီးကတော်နဲ့သမီးတွေဘဲဖြစ်ပါတယ်-----၀န်ကြီးကတော့်အလုပ်များနေတော့အိမ်ကအကြောင်းတွေဘယ်သိပါမလဲ-----သမီးတွေမောက်မာနေတာကိုမဆုံးမဘဲသုကပါသု့ထက်ကဲရွေပြေည်ဆိုးဝင်လုပ်တော့ပိုဆီုးကုန်တာပေါ့-----နောက်တကြိမ်ရွေးကောက်ပွဲလုပ်ရင်-----အရွေးခံမဲ့လူရဲ့သားသမီး--မိန်းမတွေရာစ၀င်နဲ့စိတ်ပိုင်းဆိုင်ရာတွေကိုပါရွေးချယ်ပေးရပါလိမ့်မယ်----
ReplyDelete၀န်ကြီးချုူပ်ကိုတော့သနားပါတယ်---မိန်းမ-သမီးတွေကတော့-------နောင်ဘ၀-----မျှော်---
ဝန်ကြီးချုပ်ဦးသိန်းအောင်က Brain Wash ဖြစ်ထားတာဗျ
ReplyDeleteသူမိန်းမ၊သူသမီးတွေပြောရင် အားလုံးလိုက်လုပ်တော့တာပဲ။
ကျွန်တော်တို့ ကုန်သည်တွေလဲ အခုမှ ၀ဋ်ကျွတ်တာဗျို့
သမ္မတကြီးရေ
ီဒီလိုလူမျိုးတွေကြောင့် ပြည်သူက အခုချိန်ထိအကောင်းမမြင်နိုင်မယုံကြည်ကျသေးဘူးဆိုတာသိစေချင်တယ်
အပေါ်က Comment တွေကိုထောက်ခံသဗျာ
ဝန်ချီးချုပ်သိန်းအောင်နာမည်ပျက်လှချည်လားကွ
ReplyDeleteဒီမိုကရေစီခေတ်မှာမင်းတို့ကလိမ်ညာချင်နေသေးတယ်
နောက်ပြန်ဆွဲဖို့အာဏာမပြုတ်ဖို့ပဲလုပ်နေကျတာ
ဒီလောက်ရထားလာဒ်စားထားတာတောင်လောဘကမငြိမ်းသေးဘူးပေါ့
ငါ့တို့ အမေစု ပါတီ ၂၀၁၅ အောင်နိုင်ပွဲပြီးတာနဲ့မင်းတို့ပိုင်ဆိုင်မှု့တွေကိုစာရင်းနဲ့စစ်တမ်းကောက် တလမ်းချင်း၊တရပ်ကွက်ချင်းအကုန်အသေးစိတ်လိုက်ရှာပြီး ပြည်သူပိုင်သိမ်းပစ်မယ်ကွ
ဆင်းရဲသား အခြေခံလူတန်းစားပြည်သူလူထုဆင်းရဲမွဲတေငတ်ပြတ်နေပြီးမင်းတို့ကတော့ဇိမ်ခံနေတာ ဂုတ်သွေးစုတ်နေတာနာဖို့သာပြင်ထားကျကွ
နိုင်ငံတကာမှာမင်းတို့ကြောင့်မျက်နှာငယ်နေရတာဖာနိုင်ငံဖြစ်နေရတာ တိုင်းပြည်ကစုတ်ပြတ်သတ်ပြီးတနေရာမှအကောင်းပကတိမဖြစ်ဘူးမင်းတို့လက်ထဲဆင်ထားရင်ပိုဆိုးတော့မယ် နောက်အနှစ်၁၀၀တောင် ဒီပုံကတက်မှာမဟုတ်ဘူး။ သိန်းစိန်ကောင်းနေလို့မပြီးဘူးမင်းတို့လိုသူခိုးအကြီးစားဒမြတွေမရှိတော့မှ တိုးတက်လာမယ်မင်းတို့မျက်နှာပြောင်တိုက်နေသေးတယ် ၂၀၁၅ကျရင် မင်းတို့လို စစ်ခွေးတွေပြောင်စင်အောင် တိုက်ထုပ်ပစ်မယ်မှတ်ထား အမေစု ပုသိမ်လာတုန်းက မင်းနှောက်ယှက်ထားတာရိုင်းစိုင်းထားတာ သတိထားပေါ့
ကြမ်းနေကျပါလား
ReplyDeleteဟဲဟဲ အနော်တောင်ကြောက်လာတယ်ခင်ည
မတရား လာဘ်စား အထက်ဖားအောက်ဖိမထားရင် အေးဆေးပေါ့ဂျာ
ခင်ဂျားတို့က တိုင်းပြည်ဘဏာကိုယ်ဘဏာမှတ်နေတော့လဲခက်သား
အနော်တို့ ပုသိမ်ရွေမြို့တော်ကြီးလဲ ဒီလိုပဲ မထူးပါဘူးဂျာ တိုးတက်တာဦးသိန်းအောင်ကြီးပဲချိတာ ကျန်တာတော့
၁နှစ်ခွဲတော့မယ်အရင်လိုပါပဲအရင်အတိုင်းပဲ အိုးဟိုးဟိုး
ဦးသိန်းအောင်ကြီးက (င)၁၀လုံးဆောင်တာဂျ
ငါ့အတွက်၊ငါ့မိန်းမအတွက်၊ငါသားအတွက်၊ငါသမီးအတွက်၊ငါမြေးအတွက်၊ငါ့တပည့်အတွက်၊ငါ့ အမျိုးအတွက်၊ငါ့အိမ်ကိုပေးကမ်းထောက်ပံတဲ့ခရိုနီတွေအတွက်၊ငါ့မယားငယ်အတွက်၊ငါ့မယားငယ်အမျိုးအတွက် အဲလို ဆောင်ပုဒ်နဲ့အညီနေတာပါဂျာလူကြီးလူကောင်းငတိုကြီးပါဂျာ လေးစားလောက်ပါတယ်
သမ္မတဆိုတဲ့ လူကလဲ မသိချင်ယောင်ဆောင်နေတာအပေါ်ယံလေးတွေလုပ်ပြပြီးလိမ်နေတာသန်းရွေထားခဲ့တဲ့လူတွေကိုမထိရဲတာ
ReplyDeleteမကောင်းတဲ့ဝန်ကြီးချုပ်တွေဝန်ကြီးတွေကို စံနမူနာပြပြီးဖယ်ရှားရမယ်
မှိန်းနေတာ ငါ့သူဖော်
သူ ငါ့ဖော်နဲ့ဖြစ်မှာကြောက်နေတာနေမယ်
ဒီဧရာဝန်ကြီးချုပ်က ကျုပ်တို့ ဧရာဝတီထဲ ဘာတွေလုပ်လဲ
ကျုပ်တော့ အပေါ်ယံ တီဗွီထဲပါကောင်းအောင်လုပ်ပြတာပဲမြင်တယ်
ဒီလိုလူတွေနဲ့ချီတက်နေရင် တိုင်းပြည်ကတော့ ကောင်းလာဦးမယ်
ဘောင်းဘီချွတ် ပုဆိုးဝတ်ပြပြီးလူတွေကိုလှည့်စားနေတာ
အထင်ကြီးစရာမရှိဘူး
အပေါ်မှာရေးထားတာတွေအရဆို ဒီဧရာဝတီဝန်ကြီးချုပ်ဆိုတာ သောက်ကျင့်မကောင်းတဲ့ လူပဲကိုး ပုံစံကတော့ ကောက်ကျစ်မယ့်ပုံစံ ကျုပ်တို့ ဧရာဝတီနောက် ၃နှစ်အတွင်းဘာတွေဖြစ်လာမလဲစောင့်ကြည့်မယ်
ကျွှန်တော်ကအင်္ဂပူသားဆိုတော့ဝန်ကြီးချှုူပ်နဲ့ဒေသတူဖြစ်လို့--ပြောပြချင်ပါတယ်ကိုယ့်နယ်သားဆိုတာရယ်အကြံလေး-ပေးတာပါဝန်ကြီးချုပ်ကိုပေးတာပါဝန်ကြီးကတော်နဲ့သမီးတွေကိုစကားထဲတောင်ထဲ့မပြောချင်ဘာဘူးး-ဘာကြောင့်လဲဆိုတော့(မီသားစုမကောင်းလို့)အင်္ဂပူ့သားတွေအပေါ်င်္စေတနာထားလုပ်ပေးတဲ့ဝန်ကြီးချူပ်အပြောခံရလို့ပါဝန်ကြီးချုပ်အနေကလည်းမီသားစုကိုအလိုမလိုက်ဘဲမိမိဘာသာစီမံဘို့-၀န်ကြီးကတော်နဲ့မီသားစုကလည်းရပ်ရေးရွာရေးတိုင်းပြည်အရေးမှာဝင်ရောက်မစွက်ဖို့တော့လိုနေပြည်ဆိုတာသဘောပေါက်ဖို့အချိန်တန်နေပါပြီ--
ReplyDelete၀န်ကြီးချုပ်နဲ့မီသာစုအားကျေးစူးဆပ်သောအနေနဲ့အင်္ဂပူမှကြားသမျှကိုဖော်ပြလိုက်ပါတယ်==
မကောင်းသတင်းများ
(၁)၀န်ကြီးကတော်ကစကါးပြောကြမ်းခြင်း
(၂)သမီးများစကားတွေကိုမဆင်မခြင်ပြောခြင်း-
(၃)၀န်ကြီးအားရပ်ရွာအရေးလာပြောသူများအားဝန်ကြီးကတော်နဲ့သမီးများကမဟန့်တားရန်
(၄)၀န်ကြီးကတော်ကျန်းမာရေးကိုအကြောင်းပြပြီးဘုန်း---ကြီးတွေနဲ့တန်းတူမထိုင်ရန်
(၅)တရားလာနာသူများ---တရားဟော်ဆရာတော်များကိုထည့်မတွက်ဘဲ(ငါဝန်ကြီးကတော်ဘဲဆီုမောက်မာပြီး)တရားကိုတိုတိုတုတ်တုတ်---ဟော်ကြားခိုင်းခြင်းကိုရှောင်ရန်
(၆)သမီးနဲ့မိန်းမများကလည်းဝန်ကြီးချုပ်ဆိုတာငါတို့မှမဟုတ်ဘူးဆိုတာကိုသဘောပေါက်ရန်
(၇)ခတ်ပြောင်းနေပြီဆိုတာကိုသဘောပေါက်ရန်
(၈)မိမိတို့ကြောင့်အပြစ်မရှိသောသူများကိုကိုယ်ရေးကိုယ်တာမကြေနပ်မူ့ဖြင့်ဝန်ကြီးချုပ်ကိုနေရာပြောင်းခြင်း-ရာထူးချခြင်းမပြုလုပ်ရန်----၀န်ကြီးချုပ်ကလည်းမလုပ်ရန်
(၉)ဒီလူတွေငါတို့ရာထူးပေးထားတာဘဲ--ငါတို့ဘာလုပ်ပေးထားတာဘဲ-ငါတို့ရပ်ရွာ-ဒေသအတွက်ဘာတွေလုပ်ပေးထားတာလို့မတွက်ဘဲ-ကျွန်းကိုင်းမှီကိုင်းကျွန်းမှီသဘောထားကါ-ငါတို့လုပ်ပေးလို့သူတို့အဆင်ပြေသွားတာဘဲ-ဒေသအကျိုးလုပ်ပေးလို့ငါတို့လဲအဆင်ပြေတာပါလားလို့သဘောထားနိုင်အောင်ကြီူးစားဘို့
(၁၀)စိတ်သဘောကောင်းတဲ့ဝန်ကြီးကိုမိန်းမ-သမီးတွေကမြှောက်မပေးဘို့အင်္ဂပူဒေသကထောက်ခံလို့ဝန်ကြီးချူပ်-သစ်တောဝန်ကြီဲးဖြစ်တာဆိုတာကိုသီဘို့
(၁၁)ကိုယ့်လက်အောက်ဝန်ထမ်းတပည့်-သားသမီးတွေကိုကိုယ့်ကျွန်-ကိုယ်းခိုင်းဘက်-လိုသဘောမထားရန်ဝန်ကြီးချုူပ်မှဆုံးမရန်
(၁၂)အင်္ဂပူဒေသသားတွေနဲ့ဧရာဝတီတိုင်သားပြည်သူ---တွေကိုစိတ်နဲ့တောင်မပြစ်မှားဘို့--ဧရာဝတီတိုင်းသားတွေဆိုတာခင်ပွန်းကြီး(၁၀)ပါးမှာပါတဲ့အတွက်ဝန်ကြီးကတော်နဲ့သမီးတွေကမပြစ်မှားမိစေရန်---နှင့်ပြစ်မှားရင်ခံရတယ
(၁၂)ခင်ပွန်းကြီး(၁၀)ပါးဆိုတာဘာလဲလို့ဝန်ကြီးကတော်သိမှာပါ--ဒါပေမဲ့မသိမှာဆိုးလို့ပြောချင်ပါတယ်--ခင်ပွန်းကြီး(၁၀)ပါးမှာကိုယ်အိမ်မှာကိုယ်ကိုလုပ်ကိုင်ပေးတဲ့လူ--အိမ်မွေးထားတဲ့ခွေးတောင်ကိုယ့်ကိုအကျိုးပြု့တဲ့အတွက်ခင်ပွန့်းကြီး(၁၀)ပါးမှာပါတယ်ဆိုတာကြောင့်ကျွန်းကိုင်းမှီကိုင်းက
ReplyDeleteန်းမှိဆိုတာကိုစေတနာနဲ့ပြော့တာပါ--
(၁၃)၀န်ကြီးချုပ်အနေဖြင့်လက်ကျန်အုပ်ချုပ်ရေး(၃)နှစ်မှာမိန်းမသားသမီးတွေကြောင်.မီမီဂုဏ်မကျအောင်နှင့်အင်္ဂပူဒေသအကျိုး-ဧရာဝတီသားအကျိုး-နိုင်ငံအကျိုးဆထက်တပိုးသ.ယ်ပိုးနိုင်ကာ--၀န်ကြီးကတော်နဲ့သမီးတွေကလည်းစီတ်တွေလျော့ကာနိုင့်ငံအကျိုးကိုကောင်းအောင်တဖက်တလမ်းမှကုညီနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်
သစ်တောဝန်ကြီးလုပ်တုန်းက သမီးတော်နှင့်အပေါင်းပါ
ReplyDeleteများ မြင်းခြံစိမ်း/စိုလူကြီးများမကြိုဆိုရကောင်းလားဆိုပြီး
ထုချေလွှာတောင်းသတဲ့၊ ထိုလူကြီးအလုပ်ထွက်သွားတယ်
လေးစားပါတယ်၊သမီးတော်ကဖေဖေကို တင်ပြရမည်ဆို
တယ်၊သိမယ်တဲ့၊ ရေတခွက်တောင်ပြည့်အောင်မခတ်
တတ်တဲ့အီးပေါလောတွေကများလေတော့...ရောင်တော်
လွတ်၊အမျိုးတွေပေါတော့..တော်တော်ဆိုးဝါးတယ်..
ဝန်ကြီးချုပ်နဲ့မိသားစုရေ
ReplyDeleteိကိုယ်ရာထူးပေးခဲ့တဲ့သူတွေကိုမုဒိတာမပွားဘဲ
ပြန်တိုင်နေတယ်လို့ကြားနေရတယ်
ဒါမျိုးလုပ်တယ်ဆိုရင်တော့လုမဟုတ်ဘူး
ဒီလောက်စိတ်တွေမယုတ်မာပါနဲ့
လောဘတွေလဲမကြီးပါနဲ့တော.
ုတသက်မပြောနဲ့(၁၀)သက်စားမကုန်ဘာဘူး
ပါစပ်ကဘုရားဘုရားနဲ့လုပ်တာကတော့အောက်တန်း
အကျဆုံးလုပ်နေတယ်
ကိုယ့်ကို့ကိုယ်ြ
ငပွေး (မင်းရဲ့ငယ်မည်ဘဲ ခေါ်မယ်)
ReplyDeleteငါကတော့ လောကီ အကြောင်းတွေ မပါချင်ပေမဲ့
မင်းအကြောင်းက ရပ်သိရွာသိရုံမက တတိုင်းလုံး တပြည်လုံး သိနေကြတယ်၊ စစ်တပ်ထဲရော ၊၀န်ကြီးဌာနမှာရော ၊လက်ရှိမှာလဲ မင်းဘာကောင်းကျိုးပြု
ခဲ့သလဲ၊ မင်းသိတာ မင်းမိသားစုအတွက်ဘဲ၊
သံသရာကိုကြောက်ကွဲ့၊ မင်းမိန်းမ ငွေမက်သူ နဲ့
သမီး ဘုတ်ဆုံမကြောင့် ငရဲကိုမသွားချင်နဲ့၊
နောက်...တို့အမျိုးထဲမှာ မယားကြောက် မပါဘူး
မင်းရဲ့ ဘဘုန်းကြီး၊
ဘ ဘုန်းကြီး ၊ ရွှေလောင်းသား၊ အင်္ဂပူသား/သူများ......
ReplyDeleteသတိပေးလိုက်ပါရဲ့.....
ဧရာ သိန်းအောင်က
အရှင်ဘုရားနဲ့လူကြီးမင်းတို့အား ဧရာဝတီတိုင်းဒေသကြီး ရေကြီးနေတုံး ငါးပူတင်းစာကျွှေးနေ
ပါဦးမယ်၊
ဦးသိန်းအောင်ခင်ဗျား---
ReplyDeleteမိန်းမနဲ့သားသမီးရဲ့ပယောကကြောင့်ကိုယ်ငယ်--
သူငယ်ချင်းမရှိအတူစား-ကိုယ်မရှီခင်အဆင်မပြေခင်ကူညီ
ပေးခဲ့တဲ့သူငယ်ချင်းအိပ်ယာထဲ(လေငန်း)ဖြစ်နေသုကိုမ
ကြည့်တာ(၁)နှစ်မကတော့ဘူးလို့ထင်ပါတယ်-အလုပ်များ
နေလို့ပါတော့အကြောင်းမပြပါနဲ့-ငယ်သူငယ်ချင်းဆိုတာ
အရမ်းတန်ဘိုးကြီးပါတယ်-ဆေးရုံ(၁)ခေါက်လောက်
ကြည့်ရုံနဲ့တော့မလုံလောက်ဘူးလို့ထင်ပါတယ်
ိကူညီတယ်ဆိုတာငွေပေးမှမဟူတ်ပါဘူး-အားပေးစကား
ျှဇုန်းနဲ့မေးလဲလုံလောက်ပါတယ်--မိန်းမကြောက်ြ့ပီးမေ့
နေမှာဆိုးလို့ပါ--ကုညီပေးလိုက်ပါ-ချိန်းခြောက်တာတော့
မဟုတ်ပါဘူး-မကူညီဘူးဆိုရင်နောက်ထယ်အင်တာနက်
ပေါါမှာဒီ့ထက်ဆိုးဝါးတဲ့အကြောင်းတွေတင်ပေးလိုက်
မယ်-ကိုယ်အဆင်မပြေခင်ကူညီခဲ့သူကိုသူအဆင်မပြေ
ခင်မှာပြန်လည်ကူညီခြင်းဖြစ်ကုသိုလ်ယူလိုက်ပါ-------
ကိုယ်ဝန်ကြီးဖြစ်မှကိုယ့်အနားလာကပ်သူတွေအကြောင်း
ဦးသိန်းအောင်-မိသားစုအချိုန်ဆိုသဘောပေါက်လာမှာပါ
ပင်စင်ယူသွားရင်မိန်းမ-သမီးဆိုးတွေကြောင်.ပိုဘောင်ကျည်းလာလိမ့်မယ်
တဦးနဲ့တဦးအပြန်အလှန်ရှိတယ်ဆိုတာကိုတိုင်းပြည်အုပ်
ချုပ်နေတဲ့လူတယောက်အနေနဲ့သိမှာဘာ-မိန်းမဖျက်ပြည်ပျက်တယ်-သားသမီးယုံစုံလုံးကန်းဆိုတာ
ဦးသိန်းအောင်အတွက်မစြစ်ချင်ဘာနဲ့-ကိုယ်ဘယ်လောက်ဘယ်ပေါလစီအရသိန်းတစ်သောင်းလျှလျှ-ကိုယ့်မရှီစဉ်အခါကကုညီခဲ့သူကိုမေ့နေတဲ့အတွက်ကိုယ်
့ကိုလဲတပည့်တွေ--ကိုယ်ပင်စင်ယူရင်ကြည့်တော့မှာမဟုတ်ဘူးဆိုတာသိ
လိမ့်မယ်-လောကမှာပိုက်ဆံရှိယုံ-ရာထူးရှိယုံနဲမပြီးဘူးဆိုတာဦးသိန်းအောင်မီသားစုအျိန်မှီ
သိနိုင်ပါစေ---
မြန်မာသံတော်ဆင့်ဂျာနယ်မှာရေးထားတာ ဖတ်ရတာ ဟာသ၀တ္တုတပုဒ်လိုပါပဲ။ ဦးသိန်းအောင်က အရှက်မရှိ သူရရွေမန်းနဲ့ သမ္မတကို ဖားယားပြီးရေးထားတယ်။ ကမ္ဘာကြီးတခုလုံးကို အပြန်အလှန်ဆက်သွယ်ပေးနေတဲ့ အင်တာနက်ကို အဆင့်မရှိဘူးလို့ စော်ကားပြောဆိုသွားတယ်။ လွတ်တော်ဥက္ကဌကို ဒုက္ခတွေပေးခဲ့တာကို သူကစေတနာနဲ့လုပ်တာပါလို့ သိက္ခာမဲ့စွာပြောသွားသေးတယ်။အရှက်နဲ့အဆင့်ကို လုံးဝမရှိတဲ့ သိန်းအောင်။ သူသမီးတွေ မယားတွေ တပည့်တွေ သင်ပေးတာပဲလိုက်လုပ်တတ်တဲ့ ဦးနှောက်မရှိတဲ့ အလကားလူ ချီးဘရိန်းသိန်းအောင်။ အဖားကတော့တော်သလားမမေးနဲ့ပဲ။ အ၇င်ကတော့ သမ္မတ ကို ကွယ်ရာကနေ ကလော်ဆဲနေတာ ။ဦးစတ တက်တာတောင် သမ္မတက သူလောက်မတော်ပဲ ညံတယ်ဆိုပြီးအပုတ်ချယုတ်ပတ်နေတာ အခုတော့ ဖားယားနေတာ သမ္မတနဲ့ရွေမန်းကြောင့်ဆက်အလုပ်လုပ်နေတာဆိုပဲ ။ပြောရဲသေးတယ်။ အာဏာရူးလို့လုပ်နေတဲ့သူကများ လိမ်ညာနေသေးတယ်။ ပုသိမ် မှာဘာတွေပြုပြင်ထားတယ်နဲ့ အရှက်မရှိ ပြောနေတာသေသင့်နေပြီ ဧရာသိန်းအောင်ရေ။ ခင်ဗျားလောက် ရုပ်က သူခိုးရုပ် မျက်လုံးကမှေးစင်းစင်းနဲ့ အကောက်ကြံနေတဲ့ ရုပ်နဲ့ လူကများ ပြည်သူလူထုကို လိမ်ညာလို့ရမယ်ထင်နေလား။အရင်တုန်းကလို နောက်ပြန်ဆွဲဖို့လွယ်မယ်ထင်နေလား။ NLD တွေ ကိုဧရာဝတီတိုင်းမှာ ပြသာနာတက်အောင် သွေးထိုးလှုံဆော် မသမာတဲ့နည်းတွေနဲ့ပြိုကွဲအောင်လုပ်နေတာ ယုတ်မာကောက်ကျစ်နေတာ ကျုပ်တို့ အကုန်သိတယ်။
ReplyDeleteအခု လူသတ်မင်းသမီး မေဇွန်ဆိုတာ သိန်းအောင်ရဲ့ မွေးစားသမီး မယားငယ်တိတ်တိတ်ပုန်းကီပင်ပေါ့ကွာ။ ရဲတိုင်းမင်းကြီးဆိုတဲ့ ဖာခေါင်းကနေ ချိတ်ဆက်ပေးထားတာ။ သိန်းအောင်က မဟုတ်တာအကုန်လုပ်ချင်တော့ ရဲတိုင်းမင်းကြီးမျိုးသန့်ဆိုတဲ့ကောင်ကို ပေးကျွေးပြီး သားအဖလုပ်ထားတာ။ မေဇွန်က သိန်းအောင် တိတ်တိတ်ပုန်းမယားငယ်။ ဒါကို ရဲတိုင်းမင်းက နာမည်ခံထားရတာ။ အခုလူသတ်မှု့ဖြစ်တော့ ရဲတိုင်းမင်းကြီးက နာမည်ထွက်ပြီး သူဆရာသိန်းအောင်အတွက် ကာဗာ ပေးကယ်တင်လိုက်တာပေါ့။ မဟုတ်တာတွေအကုန်လုပ်နေတဲ့ ဧရာဝန်ကြီးစုပ် သိန်းအောင်
ReplyDeleteဧရာဝတီတတိုင်းလုံးက တော့စုပ်ပြတ်သတ်နေတာ ဘာတခုမှ ပြုပြင်ပြောင်းလဲမှု့မရှိဘူး။ သိန်းအောင်နဲ့သူသမီးတွေ တပည့်တွေပဲ တိုးပြီးချမ်းသာသွားတယ်။ ငွေဆောင်မှာလဲ စီးပွားရေးတွေ သောင်းကျန်းငါ့ကျိုးတွေပဲလုပ်နေကျတာ။ အခု နောက်ဆုံး သိန်းအောင် ဘာလုပ်ပေးလဲ ။ ပုသိမ်မြို့တခုပဲ လူကြီးတွေကို လိမ်ညာပြဖို့ အတွက် လုပ်ထားတာ ကွက်ကြားလေးပဲလုပ်ပြီး သိန်းစိန် နဲ့ရွေမန်းကို လိမ်ညာပြပြီး နေရာဆက်ယူနေတာ အရှက်ကိုမရှိဘူး။ ယုံတဲ့ ငတုံးတွေကလဲယုံကျတာပဲလေ။ တကယ်တမ်း ဧရာဝတီတိုင်းကို ပြုပြင်ပြောင်းလဲပေးတာ လမ်းတွေ တံတားတွေ ပြည်သူတွေ အတွက် လယ်သမားတွေအတွက် ကျောင်းသားတွေ အတွက်၊၀န်ထမ်းတွေအတွက် သက်သာချောင်ချိရေးလုံးဝမလုပ်ပေးပါဘူး။ လိမ်ညာပြီး တိုးတက်တယ်အော်နေတာ ဧရာသိန်းအောင်အရှက်မရှိတာပါ။
ReplyDeletehttp://www.facebook.com/7daynews/posts/419135998148040
ReplyDeleteသိန်းအောင်ရဲ ယုတ်မာမှု့တွေကို ဧရာလွတ်တော်ဥက္ကဌနဲ့ အဖွဲ့ ကဖော်ထုပ်နေပါပြီ
ဧရာသိန်းအောင် လူသတ်ပြီ
ReplyDelete၀န်ချီးစုတ်သိန်းအောင် မရှက်တတ်ဘူးလား
ReplyDeleteတာဝန်ယူထားပြီး ဘာတခုမှ ဧရာဝတီတိုင်းကို တိုးတက်အောင်မလုပ်ပေးသေးတာ အခုဆင်းရာထူးကထွက်
လမ်းတွေတံတားတွေ ဘာတခုမှမကောင်းဘူး
အင်္ဂပူနဲ့ ပုသိမ်လောက်ပဲကောင်းတာကို မရှက်တတ်ဘူးလား
ဧရာတတိုင်းလုံးစုပ်ပြတ်သတ်နေတာ ပြည်သူကို လိမ်ညာနေတဲ့ ၀န်ချီးစုတ်
ဝန်ချီးစုတ်သိန်းအောင် မရှက်တတ်ဘူးလား
ReplyDeleteတာဝန်ယူထားပြီး ဘာတခုမှ ဧရာဝတီတိုင်းကို တိုးတက်အောင်မလုပ်ပေးသေးတာ အခုဆင်းရာထူးကထွက်
လမ်းတွေတံတားတွေ ဘာတခုမှမကောင်းဘူး
အင်္ဂပူနဲ့ ပုသိမ်လောက်ပဲကောင်းတာကို မရှက်တတ်ဘူးလား
ဧရာတတိုင်းလုံးစုပ်ပြတ်သတ်နေတာ ပြည်သူကို လိမ်ညာနေတဲ့ ၀န်ချီးစုတ်
ဟင်္သတာ ရှားတောမှာ ဧရာသိန်းအောင် စနစ်ဆိုးအတိုင်း ကျင့်ကြံ လူသတ်ပါပြီ
ReplyDeleteအပစ်မဲ့ ပြည်သူကို ရက်စက်စွာ ပစ်သတ်ခိုင်းလိုက်သည်။
ဧရာဝတီတိုင်း ကျုံပျော် ရှားခဲလေး ကျေးရွာမှ ဘာမဟုတ်သောကိစ္စလေးက စပြီးဆူပူမှု့ဖြစ်အောင် လုပ်လာသော မဖြစ်သင့်သော လုပ်ရပ်နဲ့ ဧရာဝတီတိုင်းမှ ရဲများ ၏ စနစ်ဆိုးအတိုင်း ပစ်ခတ်လိုသော စိတ်ထားဖြင့်တုန့်ပြန်မှု့မှားခြင်းကြောင့် လူသေမှု့ဖြစ်ခဲ့ရပြီ။
ReplyDeleteဘယ်သူမှာ တာဝန်အရှိဆုံးပါလဲ။
တကယ်တမ်းဆိုရင် အထက်လူကြီးတွေ ကအဓိကပါ။
ဧရာဝတီတိုင်း ၀န်ကြီးချုပ်သိန်းအောင် မှာ တာဝန်အရှိဆုံး
အပြစ်မဲ့ ပြည်သူကို ဘာမဟုတ်တဲ့ကိစ္စနဲ့ရက်စက်စွာသတ်ဖြတ်သော ဧရာဝန်ကြီးချုပ်