Sanction ဆိုတာ ကျွန်တော်တို့ ပင့်လာတဲ့ ဘုရားမဟုတ်ဘူးဆိုတဲ့
ဘဘဦးဝင်းတင်နဲ့ မေးမြန်း ပြောဆိုချက်.. Khu Daun's video
စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရေးအတွက် လွှတ်တော်အရပ်ရပ်မှာ ၅၅နေရာ အနိုင်ရရှိထားတဲ့ ကျားဖြူပါတီက ကွန်ဟိန်းမြို့နယ် အမတ် ဒေါ်နုနုဝေက အဆိုတင်သွင်းမှုကို လွှတ်တော်အရပ်ရပ်မှာ ၈၈၃နေရာ အနိုင်ရရှိထားတဲ့ ကြံ့ခိုင်ရေး ပါတီက ထောက်ခံဆွေးနွေးပြီး အတည်ပြုချက် ရယူခဲ့တယ်..။
ပြောင်းပြန် ပြန်တွေးကြည့်ကြရအောင် ဒီလို အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေရဲ့ ဆန်ရှင်ပြုတ်ကျအောင် နေရာပေါင်း ၁၁၅၄ နေရာရှိတဲ့ လွှတ်တော်အရပ်ရပ်မှာ ၈၈၃နေရာနဲ့ ၅၅နေရာ ပေါင်း ၉၃၈နေရာ ရရှိထားတဲ့ ကျားဖြူနဲ့ ကြံ့ဖွံ့ပါတီ နှစ်ခုက အဖြစ်မရှိ မစွမ်းဆောင်နိုင်ပဲ လွှတ်တော်မှာ ၄၅နေရာ (ဒေါက်တာမြတ်ဥာဏစိုးနဲ့ ဦးကြည်မြင့်အပါအဝင်) သာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကသာ ဆန်ရှင်ကို ရုပ်သိမ်းနိုင်အောင် စွမ်းဆောင်နိုင်တယ်လို့ အဓိပ္ပါယ်ပေါက် မနေဘူးလား။
ဒီလောက် လွှတ်တော်မှာ အစိုးရအဖွဲ့ဖွဲ့နိုင်ပြီး အများစုနေရာ ရရှိထားတဲ့ အဆိုပါ ပါတီ(၂)ခုက ဆန်ရှင်ကို ပြုတ်ကျနိုင်အောင် မစွမ်းဆောင်နိုင်ပဲ ယခုမှ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရလာတဲ့ အဖွဲ့ချုပ်ကသာ စွမ်းဆောင်နိုင်တယ်လို့ အဓိပ္ပါယ် ပေါက်နေတယ်လို့ပဲ မြင်တယ်..။ အဲ့ဒီတော့ ကြိုတင်ပြင်ဆင်ထားတဲ့ ကျားဖြူပါတီရဲ့ အဆိုတင်သွင်းမှုဟာ မိမိအသုံးမကျတာ၊ မစွမ်းဆောင်နိုင်တာ၊ အဖြစ်မရှိတာကို ဖော်ပြလိုက်တဲ့ ကြံ့ဖွံ့ပါတီရဲ့ ထောက်ခံအတည် ပြုချက်လို့ပဲ မြင်ပါတယ်..။
ဒီတော့ ဒီမိုကရေစီရဲ့ သဘောသဘာဝအရ အများရဲ့ ဆန္ဒကို အနည်းက လက်ခံရတယ်လို့ ဆိုပါတယ်..။ ယခုအခြေအနေမှာတော့ ပြောင်းပြန် သဘောအရ အနည်းက လုပ်ဆောင်ပေးမှ အများက အဆင်ပြေရမယ်ဆိုရင် အနည်းစု ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ လက်ရှိ အစိုးရထက် သြဇာအာဏာ သာလွန် ကောင်းမွန်ကြောင်း ပြလိုက်ရတဲ့ အခြေအနေတခု သို့မဟုတ် ကြံ့ဖွံ့အစိုးရအနေနဲ့ မဖြစ်မနေ အသိအမှတ် ပြုလိုက်ရတဲ့ အဖွဲ့ချုပ်ရဲ့ အောင်မြင်မှု တရပ်လို့ပဲ မြင်ပါတယ်...။
ဒီမိုဝေယံ

မှန်ပါသည်။ အရည်အချင်းနှင့်အစွမ်းအစတွေဒီမှာပေါ်လာပါပြီ။ဆန်ရှင်ကြောင် ပြည်သူပြည်သားအားလုံး ချမ်းသာမှာလား။စားဝတ်နေရေးအားလုံးအဆင်ပြေမှာလား။ပညာရေးတွေကောင်းလာမှာလား။ ဒါမှမဟုတ် လူနဲစု ကောင်းစားဖို့လား။ ဘာတွေဘယ်လိုပြောင်းပြောင်းစီးပွားရေးသမားတွေပဲအဆင်ပြေပြီးရင်းပြေပေါ့။ ပြည်သူပြည်သားတွေက ခံပြီးရင်းခံပေါ့။ အမေစု ရေ--------အားလုံးအတွက်စဉ်းစားပေးပါ။
ReplyDeleteဗိုလ်သန်းရွှေ
ReplyDeleteဗိုလ်မောင်အေး၊ ဗိုလ်ရွှေမန်းတို့ ဓားထက်နေတဲ့ခေတ်က ဗိုလ်ကျော်ဆန်း မြန်မာ့အသံကနေ လွှင့်နေခဲ့တဲ့ သီချင်း ရှိပါတယ်ဗျ။
စီးပွါးရေး ပိတ်ဆို့တာ ဒို့မမှုပါ-တဲ့။ သီဆိုသူက အကော်ဒီယံ အုန်းကျော်ပါ။
ခုတော့ ဗိုလ်ရွှေမန်းက လွှတ်တော်ကနေ ဆန်ရှင်ကို ဖွင့်ပေးပါလို့ ကျားဖြူက အမတ်အမျိုးသမီးကိုဇာတ်တိုက်ပြီး ဘာလို့ ဇွတ်အတောင်းခိုင်းနေရတာလဲ။
ခင်ဗျားတို့ စစ်ဗိုလ်တွေ ခိုး၊ ၀ှက်၊ မတရားလုပ်ကြလွန်းလို့တိုင်းပြည်မွဲလာခဲ့တာ ၆၂-ခုနှစ် နောက်ပိုင်းက စခဲ့တာပါ။
ကလေးစစ်သား၊ လယ်ယာမြေ အဓမ္မသိမ်းပိုက်မှု၊ အမှုစစ်ရင်း လက်လွန်ပြီး လူတွေ ရဲလက်ထဲမှာ တစ်ယောက်ပြီး တစ်ယောက်သေမှု။ စစ်တပ်က ရှေ့တန်းမှာ ထင်သလို လူသတ်နေမှု၊ ဒါတွေကို အရင်ထိန်းချုပ်ရမှာလေ။
ငွေကိုတော့ ငမ်းငမ်းတက်လိုချင်တယ်။ လူလိုတော့ မကျင့်ကြံဘူး၊။ သောက်ကျင့်တွေကို မပြင်ဘူးဆိုရင်.....
အဲ့ဒါပေါ့.သူခိုးကခိုးတယ်လို့ဘယ်တော့မှမပြောဘူးလေ..
ReplyDeleteသေသေချာချာစဉ်းစားကြဖို့တော့ လိုမယ်နော်၊ ကိုယ်ထင်တာတွေ လျှောက်ပြောမနေနဲ့၊ တက် နဲ့ မရရင် လက် နဲ့ လှော်ကြပေါ့ကွာ။
ReplyDeleteတခြားဘာမှမပြောချင်တော.ဘူး။ဒီတခွန်းနဲ.လုံလောက်တယ်။လုံးဝ...လုံးဝ..လုံးဝကိုစောက်ရှက်မရှိတဲ.အစိုးရပါ။
ReplyDeleteတစ်သက်လုံးလိမ်စားနေသောတပ်မတော်ပါ.
ReplyDeleteဗိုလ်ရွှေမန်းလဲ.ငတိုငရို.သူခိုးပါပဲ.
ဧရာဝတီတိုင်းမှာမွေသွားတာလူတိုင်းအသိ
ဧရာရွှေဝါကုမ္မဏီကြီးကိုထောင်စားလောက်
ခိုးစားထားသော.သူခိုးစစ်ဗိုလ်ချုပ်ပါပဲ..
သူတို့ခိုးထားတဲ့ငွေတွေတရားဝင်အောင် ဆန်ရှင်ကိုဖွင့်စေချင်နေတာရှင်းပါတယ်.
လုံးဝစောက်ရှက်မရှိတဲ့.စစ်ဗိုလ်တွေ.
ဘဘဦးဝင်းတင်ခင်ဗျား။ SANCTION ဆိုတာကိုပင့်လာတဲ့ဘုရားနဲ့နိုင်းသုံးသင့်ပါသ လားခင်ဗျာ၊video file ကြာမြင့်ချိန်၁၂း၂၄မိနစ် အတွင်းမှာ၎ကြိမ်ထည့်သွင်းပြောခဲ့တာဆိုတော့ အမှတ်တမဲ့ပြောခြင်းထက်ပင့်လာတဲ့ဘုရားနဲ့နိုင်း ပြောခြင်းအတွက်ဘဘစိတ်ထဲကျေနပ်သဘော ကျနေတာများလား။ ဘဘခင်ဗျာ-ဘုရားကို နိုင်ငံရေး၊စီးပွါးရေး၊လူမူရေးနယ်ပယ်တွေမှာပမာပေးခိုင်းနုင်းသုံးစွဲခြင်းကတော့မသင့်တော်ဟု ထင်မြင်ယူဆမိပါသည်။က္ဈန်တော့်အသက်(၄၈) နှစ်ပါဘဘ။
ReplyDelete