Pages
Tuesday, July 24, 2012
စာပေစီစစ်ရေးက ဖော်ပြခွင့်မပြုတဲ့ "Newday News "ဂျာနယ်မှ ဘင်္ဂလီ အင်တာဗျူးတခု..
မြန်မာတိုင်းရင်သားမဟုတ်သည့် ခိုးဝင်လာသော ဘင်္ဂလီဒုက္ခသည်များကို ကျွေးမွေးထောက်ပံ့မှု မပြုခြင်းသည် ကုလသမဂ္ဂ၏ တာဝန်ချို့ယွင်းမှုသာဖြစ်
ကိုရဲ
ရန်ကုန် ဇူလိုင် ၁၉
မြန်မာနိုင်ငံအတွင်းသို့ ခိုးဝင်လာသော တိုင်ရင်းသား မဟုတ်သည့် ရိုဟင်ဂျာများကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ ထောက်ပံ့မှု မပြုနိုင်ခြင်းသည် ကုလသမဂ္ဂ၏ တာဝန်ချို့ယွင်းမှုသာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုမှ ဒေါက်သာသန်းငြိမ်းက Newday News ဂျာနယ်သို့ ပြောသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဇူလိုင် ၁၁ရက်က ကုလသမ္မဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ တာသန်ရှိသူ Mr.Antonio Guterres နှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံအတွင်းသို့ ခိုးဝင်လာသော ရိုဟင်ဂျာများကို လက်ခံရန်မည်သို့မျှ မဖြစ်နိုင်ကြောင်း၊ ခိုးဝင်လာသော ရိုဟင်ဂျာများကို UNHCR သို့ အပ်နှံပြီး ဒုက္ခသည်စခန်းအဖြစ် ထားရှိရန်ဖြစ်ကြောင်းနှင့် UNHCRမှ စာနပ်ရိက္ခာများ ထောက်ပံ့ပေးရန်နှင့် တတိယနိုင်ငံက လက္ခံမည်ဆိုပါက ပေးပို့ပေးမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
ထိုကဲ့သို့ ကမ်းလှမ်းမှုကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး (UNHCR) အန်တိုနီယို ဂူတာရက်စ်က (Mr. Antonio Guterres) ငြင်းပယ်လိုက်သည်။ မြန်မာနိုင်ငံအနောက်ပိုင်းရှိ ရိုဟင်ဂျာများကို တာဝန်ယူ နေရာချထားပေးရေးမှာ UNHCR ၏ လုပ်ငန်းတစ်ရပ် မဟုတ်ကြောင်း အန်တိုနီယို ဂူတာရက်စ်က ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ဒေါက်တာသန်းငြိမ်းက “ရိုဟင်ဂျာဆိုတာ တိုင်းရင်းသားလူမျိုး တစ်ခုနေနဲ့ ဘယ်တုန်းကမှ မရှိခဲ့ဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ်၊ ဘယ်လိုပဲ နာမည်ပေးပေး၊ ဒီဘင်္ဂလီတွေ ဒီနိုင်ငံထဲကို ရောက်နေခဲ့တယ်။ ဒီနိုင်ငံထဲမှာ နေခွင့်ရလို့နေ နေတယ်ဆိုရင်တော့ သူနဲ့သက်ဆိုင်တဲ့ အခြေခံလူ့အခွင့်အရေးကတော့ ပေးရမှာပဲ။ ဥပဒေအရဆိုရင် ဒီမှာအနေကြာပြီး တတိယမျိုးဆက်လောက် ရောက်သွားပြီဆိုရင် ဒီနိုင်ငံသားအဖြစ်ပေးလို့ရတယ်။ နိုင်ငံသားဖြစ်တယ်ဆိုတာ တိုင်းရင်သားလူမျိုးဖြစ်တာနဲ့ မဆိုင်ဘူးနော်။ နိုင်ငံသားဆိုတာ ဒီကအခွင့်အရေးကို ဥပဒေနဲ့အညီ ပေးထားလို့ နိုင်ငံသားဖြစ်တာ။ အဲ့နောက်ပိုင်းမှ တရားမ၀င် ခိုးဝင်လာပြီးတော့ နေတဲ့ဟာကိုတော့ နိုင်ငံသားအဖြစ် ပေးလို့မရဘူး။ တိုင်းရင်းသားလူမျိုးအဖြစ်ဆိုတာ ဝေးရောပေါ့။”ဟု ဒေါက်တာသန်းငြိမ်းက ပြောသည်။
ထို့နောက် ကုလသမ္မဂ၏ တာဝန်ချို့ယွင်းမှုနှင့် ပတ်သက်ပြီး “ဒါမျိုးတွေ ဖြေရှင်းတဲ့အခါမှာ တရားမျှမျှတတ ဖြေရှင်းဖို့လိုပါတယ်။ ဒီလိုပဲ ကုလသမဂ္ဂက ဒီပြသနာတွေကို ဖြေရှင်းတဲ့အခါမှာလည်း တခြားနိုင်ငံတွေမှာ ဖြေရှင်းတဲ့ ပုံစံအတိုင်းပဲ ဖြေရှင်းရမှာပါဘဲ။ တခြားနိုင်ငံတွေမှာ ဒုက္ခသည်တွေကို သက်ဆိုင်ရာနိုင်ငံက စောင့်ရှောက်ပေးတယ်၊ ဒုက္ခသည် မဟာမင်းကြီးရုံးတို့ ဘာတို့က ကူညီတယ်၊ ကျွေးမွေးတယ်။ ဒီလိုပဲပေါ့၊ ခုလည်းပဲ ဒီနိုင်ငံထဲကို တရားမ၀င် ရောက်လာသူတွေကို တို့နိုင်ငံတော်ကနေ စောင့်ရှောက်ပေးထားမယ်။ သို့သော်လည်း ကျွေးမွေးတာတို့၊ ကူညီထောက်ပံ့တာတို့ ကိုတော့ ရေရှည်မှာဆိုရင် မကျွေးမွေးနိုင်ဘူးလေ။ ဒါ ကုလသမ္မဂမှာ တာဝန်ရှိတယ်။ အဲ့ဒါကို မလုပ်နိုင်ဘူးဆိုရင်တော့ ဒါကုလသမဂ္ဂဘက်က တာဝန်ချို့ယွင်းတာ လို့ပဲ ပြောရမှာဘဲ”ဟု အမျိုးသား ဒီမိုကရေစီအင်အားစုပါတီမှ ဒေါက်တာသန်းငြိမ်းက ဆက်လက်ပြီး သုံးသပ်ပြောဆိုသည်။
ကိုရဲ
ဓာတ်ပုံ စစ်တွေ အင်ဘာလာရပ်ကွက်မှ ဘင်္ဂလီများအား သဲချောင်းရွာ ဒုက္ခသည်စခန်းသို့ လုံခြုံရေး အကူအညီနှင့် ပြောင်းရွှေ့စဉ် (ဒီမိုဝေယံ သတင်းထောက်)
12 comments:
  1. ရပ်ကွက်လူမိုက်နှင့် တူသည့် မြန်မာအစိုးရJuly 24, 2012 at 2:09 AM
    /
    မြန်မာအစိုးရသည် ဘာနှင့်တူသည်လဲဆိုတော့ ငယ်စဉ်က ရပ်ကွက်ထဲ၊ အိမ်ထဲမှာသာ မိုက်ရဲသော လူမိုက်၊ လူရမ်းကားနှင့်တူနေသည်။
    ၂ဝဝ၇ စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးတုန်းက ပြလိုက်သည့် သေနတ်ကျည်အစွမ်း။ ကချင်ဒေသတွင် ထုလိုက်၊ နှက်လိုက်သည်မှာ ကမ္ဘာစစ်ဖြစ်လျှင်ပင် မြန်မာက အောင်ပွဲဆင်မည့်အလား။
    သို့ရာတွင် ခေတ်သစ် Globalization အခင်းအကျင်းတွင် အထီးကျန်မြန်မာနိုင်ငံသည် နိုင်ငံတကာဆက်ဆံရေးစာမျက်နှာနှင့် နိုင်ငံခြားရေးပေါ်လစီကိစ္စတွင် လူမမယ်လသားအရွယ်မျှသာ ရှိနေသေးသည်နှင့်တူနေသည်။ ဘင်္ဂလားဒေ့ရှ်လို 1971မှ ပါကစ္စတန်ထံမှ လွတ်လပ်ရေးရသော နိုင်ငံတစ်ခု၏ ဒစ်ပလိုမေစီပရိယာယ်လက်အောက်တွင် ၁၉၄၈ခုနှစ်ကတည်းက လွတ်လပ်ရေးရခဲ့သော မြန်မာနိုင်ငံ၏ မြန်မာအစိုးရ ကောင်းကောင်းကြီး ပါးရိုက်ခံနေရသည်။
    ရေပိုင်နက်ကိစ္စတွင်လည်း မြန်မာအစိုးရက "ဘောအ" ကြီးဖြစ်နေချိန်တွင် ဘင်္ဂလားဒေ့ရှ်ဖက်မှ သတင်းစာရှင်းလင်းပွဲကို ပီပီပြင်ပြင်လုပ်ကာ ဟုတ်ဟုတ် မဟုတ်ဟုတ် အသာစီးယူပြသွားသည်။ ယခု ရိုဟင်ဂျာကိစ္စတွင်လည်း လက်နက်များဖမ်းမိပါသည်ဟု သတင်းများ ဒင်းကြမ်းထွက်နေချိန်တွင် ကုလသမဂ္ဂအရာရှိများကို ဖမ်းထားသည့်တိုင် ပြန်ကြားရေးဝန်ကြီးဌာနကား သင်္ချိုင်းမှ ဇရပ်ပျက်လို ငုတ်တုတ်မဲတဲ ဘာမှ သုံးမရချေ။ ဘာကိုကြောက်နေသည်မှန်းတော့မသိချေ။ အချိန်မီသတင်းများကို တင်ဆက်နေသော ပြည်တွင်းမီဒီယာများကိုကားခေါ်၍ ပင်ကြိမ်းလိုက်သေးသည်။ အာဂရပ်ကွက်လူမိုက် အိမ်ကျယ်ကြီးများပါတကား။
    ဘင်္ဂလားဒေ့ရှ်ဖက်မှ နိုင်ငံခြားရေးဝန်ကြီးက အချိန်ကိုက်သတင်းများကို တုန့်ပြန်နေချိန်တွင် မြန်မာအစိုးရသည်ကား ဆိတ်တို့၊ မြည်းတို့ကဲ့သို့သော အဟိတ်တိရစ္ဆာန်များကဲ့သို့ စကားမတတ်သော ရွှေအ သဖွယ် ငုံ့ခံနေရချေသည်။ ယနေ့ရခိုင်ကိစ္စကို တုန့်ပြန်သော လူငယ်များ၏ အမြင်မှကြည့်လျှင် တစ်စက်မှ အားရဖွယ်မရှိချေ။ ခေတ်ဆွေးတို့ကိုဖယ်ရန်အချိန်ရောက်လေပြီလော။
    ဘင်္ဂလားဒေ့ရှ်ဖက်မှ မီဒီယာဖြင့်နှပ်ကြောင်းပေးပုံဖော်သည်မှာ "ရှိသမျှရိုဟင်ဂျာများကို မြန်မာမှ ပြန်ခေါ်မည်တဲ့"။ "နိုင်ငံခြားရေးဒုဝန်ကြီးက ဘင်္ဂါလီများကို ပြန်လက်ခံရန် သဘောတူသည်တဲ့"။ ဘင်္ဂလားမီဒီယာများမှ ထိုကဲ့သို့ ကျယ်ကျယ်လောင်လောင်အော်ဟစ်ချိန်တွင် ပုလင်းတူဘူးဆို့ ဘင်္ဂလားမီဒီယာများဖြစ်သည့် BBC မြန်မာပိုင်း၊ VOA၊ RFA ၊ ဧရာဝတီနှင့် အဆိုးဝါးဆုံး ဒီဗီဘီ တို့မှ ပူးပေါင်းလုပ်ကြံကာ ဘင်္ဂလားသွင်းရေး ခေါ်တောနတ်ကနားပွဲကို လေလှိုင်းမှ မြိုင်မြိုင် ဆိုင်ဆိုင် တီးပြကြပေဦးမည်။ ခံပေဦးရော့ ရခိုင်မြေ။
    နိုင်ငံတကာဆက်ဆံရေးတွင် မြန်မာနိုင်ငံသည် ဗိုလ်ချုပ်ပြောသော "ဖာ" နိုင်ငံစစ်စစ်ဖြစ်သွားရလေပြီ။ တရုတ်က ကြက်ကဲ့သို့ ဖြဲယဲ ယူသမျှ ခေါင်းငုံ့ခံရ၏။ ထိုင်းက နားရင်းရိုက် တောင်းသမျှ သွားဖြဲဖြင့်ပေးရ၏။ ယခုမူ ကိုယ့်ထက် လွတ်လပ်ရေးရတာ အနှစ်သုံးဆယ်မျှ နောက်ကျသော နိုင်ငံ၊ ကိုယ့်နိုင်ငံမှ စစ်ကိုင်းတိုင်းလောက်သာရှိသော နိုင်ငံမှ နားရွက်တံတွေးဆွတ်သည်ကို အိမ်ကျယ်၊ လူမိုက်ကြီးများခေါင်းငုံ့ခံနေ၇လေ၏။
    သန္တရွှေတို့အလကားနေရင်း လခထုတ်နေသည်ဟူသော Ministry of Foreign Affairs ဟူသည့် ဌာနကြီးသည် သံအမတ်ခန့်အပ်ထားရေးအတွက် ခြများကြီစိုးရာ ခြတွင်းကြီးသာဖြစ်နေလေရာ ယနေ့ကဲ့သို့ အရေးပေါ်ခိုက် ဘာမှ သုံးမရသည်မှာ မဆန်းချေ။
    သြော် ငါတို့သည် အဖေဗိုလ်ချုပ်ပြောခဲ့သလို "ဖာ" နိုင်ငံ တွင်နေရသော ကုသိုလ်ကံ မွဲ ရေနည်းငါးများသာ ဖြစ်ရချေသည်တကား။
    Myo Set
    ReplyDelete
  2. အရမ်းကောင်းတဲ့ comment. ....
    ReplyDelete
  3. သိပ်ကောင်တယ်
    ရိုက်ချက်က ပြင်းပ။
    ReplyDelete
  4. တောသားJuly 24, 2012 at 12:27 PM
    ကောင်းလိုက်တဲ့ comment!!!
    တည့်တည့်ကိုထိတယ်...
    စစ်အာဏာရူးတွေလုပ်ခဲ့သမျှ အနဲဆုံး မျိုးဆက်နှစ်ဆက်လောက် ခံပေအုံးတော့...
    ReplyDelete
  5. ထားဝယ်သားလေး မျိုးချစ်July 24, 2012 at 12:36 PM
    အပေါ်ဆုံးမှ COMMENT ရေးသားပေးပါသော Myo Set အားကျေးဇူးအထူးတင်ရှိပါသည်။
    ထိုComment အား POST အဖြစ် ပြောင်းလဲဖေါ်ပြပေးလျင် ပိုမိုအကျိုးရှိမည်ဖြစ်ပါကြောင်း ဒီမိုဝေယံအား တိုက်တွန်းအပ်ပါသည်။
    ReplyDelete
  6. Good job..Ko Myo Set
    ReplyDelete
  7. ကိုဖိုးဖြူ လို ရှေ့ နေ တွေ ရန်ကုန်မှာ မရှီ တော့ ဘူးလား
    ရဲ ခွင့်ပြု ချက်ယူပြီး သက်ဆိုင်ရာ သံရုံးရှေ့ သွားပြီး
    မြန်မာမွတ်ဆလင် တွေပါခေါ်သွား သူတို့  အလံ နဲ့ 
    ခေါင်းဆောင်ဓါတ်ပုံမီး ရှို့  ခြေနဲ့ နင်း၊ မဟာမင်းကြီးရုံး
    ကို ရှုတ်ချ၊ မီဒီယာတွေ ဓါတ်ပုံရိုက်၊ အင်တာနက်ပေါ်တင်၊
    အင်္ဂလိပ် လိုတင်၊ တကဘာလုံး ဖြန့် ၊အိုဘာမားလို ဒီပလိုမေစီ
    အသုံးချပြီး၊ မြန်မာပြည်မှာရှိတဲ့ အီဆလံခေါင်းဆောင်တွေလဲ
    ခေါ် အတူတွဲ ဓါတ်ပုံ ရိုက် ၊မီဒီယာကနေဖြန့် တော့။
    အဲဒါမှ မရပ်သေးရင် နောက် တနည်း ထပ်ပြောမယ်
    ReplyDelete
  8. ပိုစတာတွေ ကို အင်္ဂလိပ် လို ရေးသွား
    အရင်တခါ အမေရိကန် နဲ့  အင်္ဂလန် သံရုံးရှေ့  မှာလုပ်သလိုပေါ့
    ဒီတခါ တော့ ကုလားသံရုံးတွေ ရှေ့ မှာလုပ်ပါ
    အဲဒီ သတင်းတွေကို ဘီဘီစီ၊ အာအက်ဖ်အေ၊ဗွီအိုအေ၊ဒီဗွီဘီ တွေ
    ကဖေါ်ပြမပြ ကြည့် ပါ
    ReplyDelete
  9. ထားဝယ်သားလေး မျိုးချစ်July 24, 2012 at 9:32 PM
    သမတဦးသိန်းစိန်မှ UNHCR မင်းကြီးသို့ပြောသောစကားများကို လေးစားစွာဖြင့် အပြည့်အ၀ထောက်ခံပါသည်။
    သို့သော်
    ရိုဟင်ဂျာ ဘင်ဂါလီဆိုသော ဝေါဟာရအစား ကုလား/ကုလားဒိန် ဖြင့်သုံးစွဲသင့်ပါကြောင်း
    ReplyDelete
  10. good comment ko myo set
    ReplyDelete
  11. မြန်မာပညာတတ်တွေ ထလော့  မြန်မာရှေ့နေများ နိုးကြား
    ကြလော့ ......
    ReplyDelete
  12. ၀င်းမင်းသိန်းJuly 26, 2012 at 4:25 AM
    -
    "မီဒီယာကို မီဒီယာနဲ့ ပြန်တိုက်မယ်" ဆိုတဲ့ ပြန်ကြားရေးဝန်ကြီးက မီဒီယာကို မီဒီယာနဲ့ တရားဝင် မတုံ့ပြန်ဘဲ ဘာလုပ်နေသလဲ
    ဇူလိုင် ၂၃၊ ၂၀၁၂
    မရေးချင်ပေမဲ့ ပြန်ကြားရေးဝန်ကြီးဌာန နှင့် တာဝန်ရှိသူများကို မေးချင်မိပါတယ်။
    ယခုအခါမှာ နိုင်ငံတကာသတင်းဌာနတချို့က နေပြီးတော့ မီဒီယာအင်အားကို သုံးပြီးတော့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ရခိုင်ဒေသမှာဖြစ်ပျက်ခဲ့တဲ့ ရိုဟင်ဂျာကိစ္စကို လိုသလို ပုံဖော်ပြီးတော့ ဘာသာရေးအသွင် တိုက်ခိုက်လာတာကို တွေ့နေရပါတယ်။ နိုင်ငံတော်အလံကို မီးရှို့ ဖျက်ဆီးခြင်း၊ နိုင်ငံတော် သမတကြီးရဲ့ ပုံကို မီးရှို့ခြင်း၊ မဖွယ်မရာပြုလုပ်ခြင်းများကို တွေ့နေရပါတယ်။ ဓါတ်ပုံအတုအယောင်တွေနဲ့ သတင်းအမှားတွေကို ၀ါဒဖြန့်ပြီး နိုင်ငံကို တိုက်ခိုက်နေတာကို ကမ္ဘာ့နိုင်ငံ အတော်များများမှာ တွေ့ နေရပါတယ်။
    ဒါတွေကို တုန့်ပြန်ဖြေရှင်းဖို့ ကျွန်တော်တို့ နိုင်ငံရဲ့ ပြန်ကြားရေးဝန်ကြီးဌာနမှာ တာဝန် မရှိပေဘူးလား။ ပြည်တွင်းမီဒီယာတွေမှာကော တာဝန်မရှိဘူးလား။ တချိန်တုန်းက ပြန်ကြားရေးဝန်ကြီးကိုယ်တိုင် ပြောခဲ့တဲ့ စကားလေးတစ်ခွန်းကို သတိရမိပါ၏။
    "မီဒီယာကို မီဒီယာဖြင့် ပြန်တိုက်မယ်" ဆိုပြီး ပြန်ကြားရေးဝန်ကြီး ကြုံးဝါးခဲ့တာလေးကို ပြန်ပြီး သတိရနေမိပါတယ်။
    ဟုတ်ပါတယ်၊ အခုအချိန်မှာ ကျွန်တော်တို့ တိုင်းပြည်ကို ပြည်ပကနေ တကယ့်ကိုပဲ မီဒီယာတိုက်ပွဲ ဆင်နွှဲနေပါသည်။ ဒါကို ၀န်ကြီးမင်းတို့ ပြန်ကြားရေးဌာနမှ သိမြင်ပါရဲ့လားခင်ဗျား။
    "ကျွန်တော်လည်း တိုင်းပြည်ကို ချစ်ပါတယ်" လို့ ၀န်ကြီးမင်း မျက်ရည် စမ်းစမ်း၊ စမ်းစမ်းနဲ့ ပြောခဲ့တာကို ပြန်ပြီး အမှတ်ရမိပါတယ်။ တိုင်းပြည်ကို တကယ်ချစ်တယ် ဆိုတာကို ဒီအချိန်မှာ လက်တွေ့ ပြလို့ ရနေပါပြီ။
    ရခိုင်အရေးအခင်း စဖြစ်ဖြစ်ချင်း ပြည်တွင်းပြည်ပမှ မြန်မာနိုင်ငံသားများအားလုံးက တိုင်းပြည်ကို တကယ်ချစ်တယ် ဆိုတာကို လက်တွေ့ ပြခဲ့ကြပါပြီ။ DVB , BBC စတာတွေရဲ့ သတင်းအမှားတွေကိုလည် တက်ညီလက်ညီနှင့် ၀ိုင်းဝန်း တုန့် ပြန်ခဲ့ကြပါတယ်။ ဖေ့ဘုတ်နဲ့ အင်တာနက်စာမျက်နှာ တွေပေါ်ကနေပြီးတော့ တိုင်ပြည်နဲ့ လူမျိုးအတွက် မျိုးချစ်စိတ်သက်သက်နဲ့ ၀ိုင်းဝန်း ကာကွယ်ခဲ့ကြပါတယ်။ ကိုယ့်ရိက္ခာ ကိုယ်စားပြီး တိုင်းပြည်ရဲ့ သိက္ခာကို ကာကွယ်ခဲ့ကြပါတယ်။ ကျွန်တော်တို့ တတွေဟာ လေ့ကျင့် သင်ကြားထားကြတဲ့သူတွေလည်း မဟုတ်ကြပါဘူး။
    အဲ.. ဒါပေမဲ့ ပြန်ကြားရေးဝန်ကြီးဌာနမှာတော့ နိုင်ငံရဲ့ ၇ိက္ခာကို စားပြီး လေ့ကျင့် သင်ကြားထားတဲ့ မီဒီယာသမားများ ရှိမယ်လို့ မျှော်လင့်မိပါတယ်။ စိတ်ထဲက မပါလျှင်တောင်မှ နိုင်ငံရဲ့ ရိက္ခာကို စားထားတယ် ဆိုတဲ့ အသိလေးနဲ့ အခုလိုအချိန်မှာ တိုင်းပြည်ကို ချစ်ပြကြပါလားခင်ဗျား။
    နိုင်ငံရဲ့ တရားဝင်မီဒီယာအနေနှင့် တုန့်ပြန်ဖို့ အချိန်သင့်ပြီ ထင်ပါတယ်။ နိုင်ငံခြားသတင်းဌာနက သတင်းထောက်တွေကို ဖိတ်ကြားပြီး ပြန်ကြားရေးဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီးဌာနအနေနှင့် တရားဝင် ထုတ်ပြန်ဖြေရှင်းဖို့ အချိန်ရောက်ပါပြီ။ အ၇င်တုန်းကတော့ ခဏခဏ လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတွေ လိုမျိုး အခု မလုပ်တတ်ကြတော့ဘူးလား ခင်ဗျား။ နိုင်ငံခြားသတင်းထောက်တွေနဲ့ သတင်းဌာနတွေကို ၀န်ကြီးရဲ့ ဌာနကနေပြီး တရားဝင် မရှင်းလင်းနိုင်တော့ဘူးလား ခင်ဗျား။
    နိုင်ငံခြားမှာ တာဝန်ထမ်းဆောင်နေကြတဲ့ မြန်မာသံအမတ်ကြီးများကိုလည်း မေးခွန်းထုတ်ချင်ပါတယ်။ လူကြီးမင်းတို့၏တာဝန်ဟာ ပြည်ထောင်စု မြန်မာနိုင်ငံကြီးကို ကာကွယ်ဖို့ မဟုတ်ဘူးလား ခင်ဗျား။ လူကြီးမင်းတို့ရဲ့ လုပ်ပိုင်ခွင့်တွေထဲမှာ ကြေငြာချက်များ ထုတ်ပြန်ခွင့်တွေ မပါဘူးလား ခင်ဗျာ။
    ReplyDelete
ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။