မြိတ်မြို့တွင်လွန်ခဲ့သောနှစ်ပေါင်း၂၃နှစ်ခန့်က NLDမြိတ်ရုံးချုပ် ဖြစ်ခဲ့ဖူးသော နယ်မြေတွင် ခွပ်ဒေါင်းအလံ တဖန်ပြန်လည် စိုက်ထူခြင်း..
(ထားဝယ်စုနယ်မြေ)
(၂၉၊၇၊၂၀၁၂)ရက်နေ့၊နံနက်(၉း၀၀)နာရီက မြိတ်မြို့နယ် ထားဝယ်စုနယ်မြေ၊ အမျိုးသာဒဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ်တင်ရုံးခန်း ဖွင့်လှစ်ခြင်း အခမ်းအနားအား အမှတ်(၆၀)၊ စီလမ်း၊ ထားဝယ်စုရပ်တွင် ကျင်းပခဲ့ပါသည်။
အခမ်းအစီအစဉ်အရ.. အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း၊ အဖွဲ့ချုပ်ဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ခြင်း၊ အဖွဲ့ချုပ်အလံတင်ခြင်း၊ အလေးပြုခြင်း၊ မြိတ်ခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ညီလာခံ ကျင်းပရေးကော်မရှင်မှ ဦးအော်ကောင်းမှ အဖွင့်အမှာစကားပြောကြားခြင်းများ ပြုလုပ်ခဲ့ပါသည်..။
တက်ရောက်လာကြသော အဖွဲ့ချုပ် အဖွဲ့ဝင်များမှ ရပ်/ကျေးရုံးဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်၊ အဖွဲ့ချုပ် အဖွဲ့ဝင်တို့၏ စည်းကမ်းချက်များနှင့် ကျေးဇူးတင်စကားများ ပြန်လည် ပြောကြားပြီးနောက် အခမ်းအနားကို
နေ့လည်(၁၀း၀၀)နာရီခန့်တွင် အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့ပါသည်။ ၎င်းအခမ်းအနားသို့ အဖွဲ့ချုပ် အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ ဖိတ်ကြားထားသော ဧည့်သည်များ။
စုစုပေါင်း(၂၀၀)ကျော်ဦးခန့် တက်ရောက်ခဲ့ ကြပါသည်။ အခမ်းအနားသို့ တက်ရောက်လာသော ဧည့်ပရိသတ်များအား လက်ဖက်ရည်၊ ကိတ်မုန့်နှင့် စမူဆာများအား ဧည့်ခံကျွေးမွေးခဲ့ ကြပါသည်။

ပြည်သူ့ပါတီ NLD တပြည်လုံးနည်းပါး
ReplyDeleteရှေ့တန်းရုံးတွေအောင်မြင်စွာဖွင့်နိုင်လာ
ပြီးငြိမ်းချမ်းတဲ့မြန်မာပြည်ကြီးဖြစ်လာ
တော့မှာပါ။
ငါတို့မြိတ်မြို့လဲအမျိုးသား
ReplyDeleteစိတ်ဓါတ်အပြည့်ရှိတာမြင်
ရတာဝမ်းသာပီတိဖြစ်မိပါတယ်။
Congratulation NLD!
ReplyDeleteဟင်းပြောင်းစားလိုမှုနဲ့ လေနုအေးရဲ့အရသာ
ReplyDeleteဗုဒ္ဓဟူး၊ ၀၁ သြဂုတ် ၂၀၁၂
မြန်မာနိုင်ငံမှာ ၁၉၆၂ခုနှစ်ကစပြီး တော်လှန်ရေးကောင်စီ၊ အဲဒီနောက် မဆလပါတီ၊ ဆက်လက်ပြီး စစ်အစိုးရက ၂၀၁၀ခုနှစ်အထိ နိုင်ငံ့တာဝန်ယူခဲ့ကြတယ်၊ ခေတ်အဆက်ဆက်မှာ တာဝန်ယူခဲ့ကြတဲ့ နိုင်ငံရေးပါတီနဲ့အစိုးရတွေက ပြည်တွင်းပဋိပက္ခနဲ့ ဆင်းရဲမွဲတေမှုစတဲ့ အကြပ်အတည်းများစွာနဲ့ အခက်အခဲ မျိုးစုံအကြားက နိုင်ငံတိုးတက်ဖို့လုပ်ဆောင်ခဲ့ကြတာ “ဒို့မှာ အတတ်ပညာနဲ့ အရင်းအနှီးမရှိသေးလို့ မတတ်နိုင်သေးရင် တတ်နိုင်တဲ့ ဒို့သား၊ မြေး၊ မြစ်တွေ လက်ထက်ကြမှ ထုတ်ယူသုံးစွဲနိုင်စေရမယ်” ဆိုတဲ့အသိနဲ့ စုဗူးလုပ်ပေးခဲ့ကြတာ၊ အရှုံးခံ၊ အမိုက်ခံပြီး အတင်းအကြပ်ဇွတ်မလုပ်ခဲ့ကြတာတွေ ကိုလည်း ယထာဘူတကျစွာကြည့်ရင်း မြင်တွေ့နိုင်ပါတယ်။
၂၀၁၁ ခုနှစ်မှာ ပြည်ခိုင်ဖြိုးပါတီက ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ရွေးကောက်ခံ အစိုးရအဖြစ် နည်းလမ်းကျစွာ လုပ်ဆောင်ခဲ့ပြန်တော့လည်း စစ်တပ်ကအသွင်ပြောင်းအများစု ပါဝင် ကြတာဖြစ်လို့ စစ်အစိုးရလို့ပဲ မျက်မှန်စိမ်းတပ်ပြီး မြင်ကြပြန်ပါတယ်။ ဒါကြောင့်လည်း “နေ့တိုင်း ၀က်သား ဟင်းချည်းစားနေရတော့ တခြားဟင်းတွေ ပြောင်းစားချင်တယ်”ဆိုတဲ့ဆန္ဒနဲ့ သဘာဝအတိုင်း ၂၀၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ပါတီကို စုပြုံမဲပေးခဲ့ကြတာ တွေ့ရတယ်။
အဲဒီမှာ နိုင်ငံတကာအနေနဲ့လည်း အခက်ကြုံအကြပ်ရိုက်တာ တွေ့ရတယ်၊ လက်ရှိအစိုးရရဲ့ လုပ်ဆောင်ချက်တွေကြည့်ပြီး မချီးကျူးဘဲမနေနိုင်၊ မဆက်ဆံဘဲနေလို့မရ ဖြစ်ကြရတယ်၊ “မြန်မာနိုင်ငံရဲ့ ဂေါ့ဘာချော့”လို့ ကင်းပွန်းတပ်ကြတယ်၊ တစ်ဆက်တည်း ကြားဖြတ်ရွေးကောက်ပွဲမှာ မဲနိုင်ခဲ့တဲ့ပါတီဟာ ၂၀၁၅ခုနှစ်မှာ အလားတူနိုင်ဦးမှာလား၊ အကယ်၍ နိုင်ခဲ့ပါက အဆင်ပြေအောင်ဆက်ဆံထားမှ တော်ကာကျမယ်ဆိုတဲ့အသိနဲ့ “မြွေမသေတုတ်မကျိုး” လုပ်ကြတာလည်း တွြေု့မင်ရပါတယ်၊ အချို့နိုင်ငံတွေကြပြန်တော့လည်း သူတို့အလုံးစုံ စိတ်ကြိုက်ခြယ်လှယ်နိုင်မယ့်ပါတီကို မီဒီယာ အားသာချက်တွေသုံးပြီး “ဒီမိုကရေစီ Icon” ပုံစံနဲ့ လုပ်ကွက်တွေဖန်တီးပြီး ၀ိုင်းဝန်းပြီးဟန်ချက်ညီ ရိုက်စားလုပ်ကြတာ တွေ့ရပြန်ပါတယ်။
ဒီနေရာမှာ SEA ထဲက ဖိလစ်ပိုင်ရဲ့ နိုင်ငံရေးကို ပြန်မြင်မိတယ်၊ မစ္စတာ အကွီနို လုပ်ကြံခံရတာကို သမ္မတမားကိုစ်ရဲ့အစိုးရလက်ချက်လို့ အနောက်မီဒီယာတွေက ဇောင်းပေးခဲ့ရာမှ လုပ်ထုအုံကြွမှုတွေ ဖြစ်ပေါ်ပြီး မားကိုစ်အစိုးရ ပြုတ်ကျခဲ့တယ်၊ ကျဆုံးခဲ့တဲ့ မစ္စတာအကွီနိုကို သနားကြင်နာတဲ့ သံယောဇဉ်နဲ့ ၄င်းရဲ့ဇနီး မစ္စစ်အကွီနိုကို မဲအပြတ်အသတ်ပေးပြီး သမ္မတတင်မြှောက်ခဲ့ကြတယ်၊ ဒါပေမယ့် မကြာပါဘူး မစ္စစ်အကွီနိုရဲ့ စွမ်းဆောင်ရည် အစစ်အမှန်တွေပေါ်လာပြီး ကမောက်ကမတွေဖြစ်ပွားခဲ့တာကြောင့် စစ်တပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးရာမိုစ်က တွဲဘက်ထိန်းသိမ်းပေးပြီးတဲ့နောက် မရတဲ့အဆုံးမှာ အသွင် ပြောင်းပြီး သမ္မတရာထူးတာဝန် လွှဲပြောင်းရယူ၊ ဆောင်ရွက်ခဲ့ရတယ်။ နိုင်ငံရေးတည်ငြိမ်ပြီး လမ်းကြောင်း မှန်အပေါ် တင်ပြီးချိန်မှသာ နုပျိုတက်ကြွပြီး လုပ်နိုင်ကိုင်နိုင်မယ်လို့ယူဆရတဲ့ အကွီနိုရဲ့သားဖြစ်တဲ့ ဘစ်နီနို အကွီနိုကို လူထုကမဲပေးပြီး သမ္မတတာဝန် ပြန်လည်ပေးအပ်ခဲ့ကြတာ တွေ့ရမှာဖြစ်တယ်။
မြန်မာနိုင်ငံဟာ ခေတ်နောက်ကျကျန်ခဲ့တယ်ဆိုပေမယ့် အကောင်းမြင်ဝါဒနဲ့ စေ့စပ်စွာကြည့်ရင် သဘာဝအရင်းအမြစ်မျိုးစုံကို ဆက်လက်အသုံးချနိုင်မယ့် အခြေအနေကောင်းတွေ များစွာကျန်ရှိ နေတာဖြစ်လို့ “ချစ်သူ ၀ိုင်းဝိုင်းလည်” ပုံစံရှိနေတာမြင်တွေ့ကြရမှာဖြစ်တယ်၊ အဲဒီလို ကျန်ရစ်အောင် မြေလှန်မပစ်ဘဲ တင်းကြပ်စွာနဲ့ချန်ထားပေးခဲ့ကြတဲ့ အငတ်ခံပြီးစုပေးခဲ့ကြတဲ့ ယခင်အစိုးရ အဆက်ဆက်နဲ့ ဘိုးဘွားတွေကိုလည်း ကြံဖန်ပြီးကျေးဇူးတင်မိတယ်၊
ဒီနေ့အချိန်အခါမှာ ယခင်ကဖြစ်စဉ်အမှားတွေကို သုံးသပ်သင်ခန်းစာယူပြီး ရှောင်လွှဲသွားမှာလား၊ တစ်ဆင့်ပြီးတစ်ဆင့်သွားမလား၊ ခုန်ကျော်ပျံလွှား လုပ်မှာလား၊ တစ်ပိုင်းတစ်စနဲ့ရောမွှေပြီး တစ်ပြိုင်နက် လုပ်မှာလားဆိုတဲ့ “လားပေါင်းများစွာ”နဲ့ အသာစီးကနေ တွေးတောကြံဆပြီး လုပ်နိုင်တဲ့အခွင့်အရေးတွေ အလိုအလျောက်ရရှိနေကြပါတယ်။
ဒါ့ကြောင့် လွတ်လပ်ရေးဖခင်ကြီးနဲ့ အမျိုးသားပိသုကာကြီးရဲ့ သံယောဇဉ်တစ်ခုတည်းကြည့်ပြီး “ဟင်းပြောင်းစားဖို့ သင့်ရဲ့လား”၊ နိုင်ငံရေးတည်ငြိမ်စွာနဲ့ စီးပွားရေးကို အဓိကထားပြီး ဘက်ပေါင်းစုံကို အရှိန်မြှင့်ကြမလား၊ အပြောင်းအလဲတွေ မကြာခဏလုပ်ပြီး တွန့်ဆုတ် တွန့်ဆုတ်နဲ့ တွေဝေနေကြဦး မှာလား၊ နိုင်ငံတကာက ရင်းနှီးမြှုပ်နှံလိုသူတွေကို တွေဝေငေးမောမှုတွေပေးပြီး ဇာတ်မျောထားကြ ဦးမှာလား၊ အနာဂတ်မြန်မာနိုင်ငံရဲ့ဖန်တီးရှင်တွေက ခင်ဗျားတို့ ကျုပ်တို့ ပြည်သူတွေပဲ မဟုတ်ပါလား။
လက်တွေ့ကျတာကတော့ လက်ရှိအစိုးရရဲ့ မှန်ကန်တဲ့လမ်းကြောင်းကို ဦးတည်ပြီးလျှောက်လှမ်း နေမှုမှာ သံသယကင်းစွာနဲ့လက်တွဲပါဝင်ပြီး ပြည်သူတွေရဲ့ကဏ္ဍဖြစ်တဲ့ “ပဉ္စမမဏ္ဍိုင်”ကနေ ထိန်းကျောင်း ပေးကြပါစို့၊ “မုန်တိုင်းစဲက လေပြေလာစမြဲဖြစ်လို့ လေနုအေးကို ခံစားစံစားကြပါစို့။”
ဖိုးသိ