Pages

Monday, August 13, 2012

မြိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တနသာင်္ရီမြို့နယ် ရေဘေးသင့်ဒေသ ပြည်သူများအား ရိက္ခာနှင့် ဆေးဝါးများ ထောက်ပံ့ပေးအပ်..

မြိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တနသာင်္ရီမြို့နယ် ရေဘေးသင့်ဒေသ ပြည်သူများအား ရိက္ခာနှင့် ဆေးဝါး ထောက်ပံ့ရေးအဖွဲ့ အဖြစ် မြိတ်ခရိုင်ကော်မရှင်မှ ဦးဝင်းနိုင်၊ ဦးချစ်ဝေ၊တို့နှင့် လူငယ်အဖွဲ့ တာဝန်ခံများအဖြစ်၊ ကိုဥက္ကာမင်း၊ ကိုရဲဇော်နိုင်၊ ကိုဇင်မောင်မောင်တို့ ပါဝင်သော အဖွဲ့ဝင်၃၁ဦးဖြင့် ဖွဲ့စည်းပြီး၊ တနသာင်္ရီမြို့နယ်သို့ (6.8.2012)ရက်နေ့ နံနက်9:30တွင် မြိတ်မြို့မြို့သစ် ကမ်းလွန်ဘော တံတားမှ စက်လှေဖြင့် စတင်ထွက်ခွါခဲ့ကြပါသည်။ 

လမ်းခရီး တစ်လျှောက်ရှိ ကျေးရွာများအား ရိက္ခာနှင့်ဆေးဝါးများ ထောက်ပံ့လှူဒါန်းပြီး လမ်းကြောင်း(၁) အဖြစ် လယ်သစ်ကျေးရွာတွင် ဆေးအဖွဲ့တစ်ဖွဲ့ ခွဲထွက်ကုသပေးရန် ကျန်ရှိခဲ့ပြီးနောက် ဆက်လက်ထွက်ခွါလာရာ တနသာင်္ရီမြို့သို့ ည6:00ခန့်ရောက်ရှိခဲ့ပါသည်။ 

7.8.2012ရက်နေ့ မနက်7:00တွင် လမ်းကြောင်း(၂)အဖြစ်တနသာင်္ရီမြို့နယ်မှ NLDအဖွဲ့ဝင်များနှင့် မြိတ်NLDမှအဖွဲ့ဝင် ၅ဦးပူးပေါင်းပြီး အနီးအနားရှိ ကျေးရွာများသို့ ထောက်ပံ့လှူဒါန်းရန် အတွက် ခွဲထွက်ခဲ့ကြပါသည်။ ကျန်ရှိသည့်အဖွဲ့ဝင်များမှာ ပင်မလမ်းကြောင်းဖြင့် ခရီးဆက်ခဲ့ရာ လမ်းကြောင်းတစ်လျှောက်ရှိ ရေဘေးသင့်ကျေးရွာများအား ရိက္ခာနှင့်ဆေးဝါးများ၊ ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပြီး ညနေ4:00နာရီတွင် ညောင်ပင်ကွင်း ကျေးရွာသို့ ရောက်ရှိခဲ့ပါသည်။ ၎င်းကျေးရွာတွင် ကျန်းမာရေး စောင့်ရှောက်ကုသမှုများ ပြုလုပ်ပြီး ညအိပ်ရပ်နားခဲ့ကြပါသည်။ 
8.8.2012 ရက်နေ့တွင် လမ်းကြောင်း(၃)အဖြစ် ကိုအောင်ဆန်းဦး၊ ဦးဆောင်သော ညောင်ပင်ကွင်းကျေးရွာမှ NLDအဖွဲ့ဝင်များအား ရိက္ခာနှင့်ဆေးဝါးများ လွှဲပြောင်းပေးပြီးနောက် ပြန်လည်ထွက်ခွာ ခဲ့ကြပါသည်။ ထို့နောက် ခရီးစဉ်လမ်းကြောင်း တစ်လျှောက် ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပြီး ည7:00နာရီတွင် တနသာင်္ရီမြို့သို့ ရောက်ရှိခဲ့ပါသည်။ တနသာင်္ရီမြို့တွင် (လမ်းကြောင်း(၂))နှင့် ပြန်လည်ပူးပေါင်းကာ ညတွင်းချင်းပင် ဆက်လက်ထွက်ခွါလာရာ ပ၀ကျေးရွာသို့ ည(9:00)ခန့်တွင် ရောက်ရှိလာပြီးနောက် ကိုဇင်မောင်မောင် ဦးဆောင်သော (လမ်းကြောင်း၁)နှင့် ပြန်လည်ပူးပေါင်းကာ ညအိပ်ရပ်နားခဲ့ပါသည်။ အဖွဲ့ငယ်များအားလုံး ပြန်လည်စုစည်းပြီး 9.8.2012 မနက်(7း00)အချိန် ပ၀ကျေးရွာတွင် ကျန်းမာရေး စောင့်ရှောက်ကုသမှုများ ပြုလုပ်ပေးပြီး နောက်နေ့လည်(2:00)တွင် မြိတ်မြို့သို့ ပြန်လည်ထွက်ခွါလာရာ ည(6:00)တွင် ရောက်ရှိ လာခဲ့ကြပါသည်။
မှတ်ချက်။ ။တနသာင်္ရီမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၃၃ရွာတွင် ပြောင်းရွှေ့ အိမ်ရာများအား တစ်အိမ်ထောင် ဆန်၆ပြည်၊ မာမား ၅ထုတ်၊ ကြက်ဥ၅လုံး၊ ဆေးဝါးများနှင့် အခြားအသုံးအဆောင်များစွာ ပေးလှူနိုင်ခဲ့ပါသည်။

မပြောင်းရွေ့ရသော အိမ်ထောင်စုများအား ဆန်၃ပြည်၊ မာမား၅ထုတ်၊ ကြက်ဥ၅လုံးနှင့် အခြားအသုံးအဆောင် ပစ္စည်းများ။  ကျန်းမာရေးအတွက် ကျေးရွာများတွင် စခန်းချပြီး ဆေးကုသမှုပြု။ လာရောက် မပြသနိုင်သော လူနာများအား အိမ်တိုင် ရာရောက် သွားရောက် ကုသပေးခဲ့ပါသည်။ ဆင်းရဲနွမ်းပါးသော စာသင်ကျောင်းများအား ဗလာစာအုပ်များအား လှူဒါန်းခဲ့ပါသည်။ စုစုပေါင်း လှူဒါန်းပစ္စည်း ခန့်မှန်းတန်ဖိုးမှာ သိန်း၅၀၀န်းကျင်ခန့် ရှိပါသည်။

ဓာတ်ပုံ သတင်းများအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (မြိတ်မြို့နယ်)အား ကျေးဇူးတင်ပါသည်..။

4 comments:

  1. NLD ပါတီဆိုတာ လူမှုရေးအသင်းကနေ ပါတီအဖြစ်ကို ဘ၀ကူးပြောင်းလာတာ မဟုတ်ပေမဲ့ လူမှုကယ်ဆယ်ရေးလုပ်ရာမှာ ဘယ်တော့မှ မလစ်ဟင်း။
    ပြည်သူကို ခုတုံးလုပ်ပြီး ဟန်ပြကိုယ်ကျိုးရှာသောပါတီ၊ အာဏာရှင်ကို အလုပ်ကျွေးပြုသော ပါတီများကို ပြည်သူက ဒဏ်ခတ်လိမ့်မည်။

    ReplyDelete
  2. ပာုတ်ပ

    ReplyDelete
  3. ကျွှန်တော်တို့ဟာပါတီစွဲဝါဒတွေဖြောင့်
    ရမည့်ခောတ်ရောက်လာပါပြီ။
    ယနေ့ကမ္ဘာတ၀န်းလုံးနှင့်မြန်မာပြည်သူတွေ

    NLD ကိုဘာကြောင့်ထောက်ခံသလဲဆိုဒါ
    အမေစုဦးဆောင်မူနှင့်ပါတီဝင်အတော်များ
ိများကအနက်နာခံနှစ်ပေါင်းများစွာအမှန်တ
    ရားဘက်ကရပ်တည်ခဲ့လို့ပြည်သူကအားကိုး
    တာပါ။
    ယခုလိုမွန်မြတ်လှတဲ့လုပ်ရပ်တွေလုပ်နိုင်တာ
    လဲစိတ်အခြေခံကောင်းလေးတွေပေါင်းစုမိတော့
    အခုလိုလူနိုင်ခဲ့တာပါအရမ်းလဲဂုဏ်ယူတယ်လေး
    စားပါတယ်။
    အခုအမေစုအမျိုးသားပြန်လည်သင့်မြတ်ရေးဦးစား
    ပေးပြီးမတူတာတွေဘေးဖယ်ပြီးတူတာတွေကိုပြည်
    သူအားလုံးအကျိုးအတွက်ရှေ့ဆက်သွားနေချိန်မာ
    NLD ပါတီနှင့်ကျန်တဲ့ပါတီများအားလုံးလဲမိမိအတ္တ
    ပုဂ္ဂိုလ်ရေးမုန်းတီးမူတွေဘေးဖယ်ပြီးပြည်သူရဲ့အရေး
    ကြုံလာတိုင်းညီအစ်ကိုတွေဝိုင်းဝန်းဆောင်ရွှက်ကြမှ
    အနာဂတ်နိုင်ငံတော်ကြီးအေးချမ်းသာယာမှာပါ။


    ReplyDelete
  4. ကောင်း တယ် ဒါ ပေ မဲ့ အောာက် မှာ အာ ဏာ ပါ ၀ါ လု နေ ပြ နေ တယ်

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။