Pages

Monday, August 13, 2012

နိုင်ငံကျော် ဓမ္မကထိက ဆရာတော် ဥူးသုမင်္ဂလ(ဒယ်အိုးဆရာတော်)ရဲ့ (ဂျပန်နိုင်ငံ တိုကျိုတရားပွဲ) ဓာတ်ပုံ၊ အသံဖိုင်

ဓာတ်ပုံများအတွက် ဦးသန်းဝင်းအား ကျေးဇူးတင်ပါသည်
ဂျပန်နိုင်ငံသို့ သြဂုတ်လ(၁၀)ရက်နေ့က ကြွရောက်လာတဲ့ နိုင်ငံကျော် ဓမ္မကထိက ဆရာတော် ဥူးသုမင်္ဂလ(ဒယ်အိုးဆရာတော်)ဟာ ယနေ့ သြဂုတ်လ (၁၂)ရက်နေ့က ဂျပန်နိုင်ငံ တိုကျိုမြို့၌ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအား တရားရေအေး တိုက်ကြွေးခဲ့ပါတယ်..။ ယနေ့ ဆရာတော် ဥူးသုမင်္ဂလ(ဒယ်အိုးဆရာတော်)၏ တရားပွဲသို့ ဂျပန်နိုင်ငံရောက် ဗုဒ္ဓဘာသာဝင် သူတော်စင် တရားနာ ပရိသာတ်အပေါင်းမှ ခန်းလုံးပြည့်မျှ လာရောက် တရားတော် နာယူခဲ့ကြပါတယ်..။ လာမယ့် သြဂုတ်လ(၁၉)ရက်နေ့ မှာလည်း ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအတွက် တရားရေအေး ဆက်လက် တိုက်ကြွေးမှာ ဖြစ်ပါတယ်..။
ဆရာတော်ဟာ တိုကျိုမြို့ အီတဘရှိအရပ်ရှိ မြန်မာဘုန်းတော်ကြီးကျောင်း၌ သြဂုတ်လ(၁၀)ရက်နေ့မှ သြဂုတ်လ ၁၉ရက်နေ့အထိ သီတင်းသုံး နေထိုင်မှာ ဖြစ်ပြီး သြဂုတ်လ ၂၀ရက်နေ့မှာတော့ အမေရိကန်နိုင်ငံသို့ ဆက်လက် ကြွရောက်သီတင်းသုံးမှာ ဖြစ်ပါတယ်..။ မြန်မာပြည်တွင်း ပရိတလူမှုရေး လုပ်ငန်းတွေနဲ့ ပြည်သူလူထုအတွက် တရားဒေသနာတော်များ ဟောကြားတော်မူနေတဲ့ နိုင်ငံကျော် ဓမ္မကထိက ဆရာတော် ဥူးသုမင်္ဂလ(ဒယ်အိုးဆရာတော်)အား သာသနာရေးဦးစီးဋ္ဌာနမှ ပြည်တွင်းမှာ တရားဟောကြားခွင့် တနှစ်ပိတ်ပင် ခံထားရပါတယ်..။ ပြည်တွင်းမှာ တရားဟောကြားခွင့် ပိတ်ပင်ခံရပြီး ကျောင်းတိုက်မှ အဓမ္မဖယ်ရှားခြင်း ခံရတဲ့ ရွှေညဝါဆရာတော်ကြီးနဲ့ လက်ထောက်ဆရာတော် ဦးသူရိယ ဆရာတော်(၂)ပါးဟာလည်း အမေရိကန်နိုင်ငံမှာ ဝါဆိုဖို့ ရောက်ရှိနေပါတယ်..။
ဆရာတော် ဥူးသုမင်္ဂလ(ဒယ်အိုးဆရာတော်) (ဂျပန်နိုင်ငံ တိုကျိုတရားပွဲ-၁)
ဆရာတော် ဥူးသုမင်္ဂလ(ဒယ်အိုးဆရာတော်) (ဂျပန်နိုင်ငံ တိုကျိုတရားပွဲ-၂)

11 comments:

  1. ရက်စက်ကြမ်းကြုတ်သော အာဏာရှင်ကြီးဟု သတ်မှတ်ခံရသော ဗိုလ်သန်းရွှေလက်ထက်မှာပင် တရားဟောခွင့်ရခဲ့သော ဒယ်အိုးဆရာတော်ခမျာ ဒီမိုကရေစီဖော်ဆောင်နေသော ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်၏ စစ်ဝတ်လဲ သန့်ရှင်းသော အစိုးရလက်ထက်ရောက်မှ တရားဟောကြားခွင့် ပိတ်ပင်ခံရတော်မူ၏။
    ထူးဆန်းလှပါပေသည်။

    ReplyDelete
  2. နိုင်ငံရေးဘုန်းကြီး

    ReplyDelete
  3. နိုင်ငံရေးနဲ့အမျိုးမျိုးသောနိုင်ငံသားခွဲခြားမရပါ။ဗုဒ္ဓတရားတော်မှာနိုင်ငံရေး စီးပွားရေး လူမှုရေး ဝိပဿနာရေးအားလုံးပါတယ်။

    ReplyDelete
  4. တရားနဲ့အညီ မအုပ်ချုပ်တဲ့ စစ်အရာရှိဆိုးတွေနဲ့ သူတို့နောက်လိုက် လက်ပါးစေတွေကို တမင်ဆုံးမတာတော့ မဟုတ်ဘူး။
    ဆရာတော်က မသိမိုက်မဲမှု အ၀ိဇ္ဖာအကြောင်းကို ပြောတာဆိုတော့ လူမိုက်တွေက အနာပေါ်ဒုတ်ကျဖြစ်ကုန်ပြီး တရားပွဲပိတ်ပါလေရော။
    ဒါပေမဲ့ နိုင်ငံရဲ့အရေးဟာ နိင်ငံရေးလို့ သတ်မှတ်မယ်ဆိုရင်တော့ သာသနာကို နှိပ်ကွပ်သူတွေကို တော်လှန်တာလဲ နိုင်ငံရေးဖြစ်သွားပါပြီ။

    ReplyDelete
  5. နိုင်ငံရေးဘုန်းကြီးလို့ စွပ်စွဲတဲ့ မောင်ဖွတ်ရေ ဂျပန်မှာ ဟောတဲ့တရား နာကြည့်ပါ။
    နိုင်ငံရေးဟောတာလား မိုက်မဲမှု အ၀ိဇ္ဖာကို ပယ်ပြီး အသိနဲ့အကျင့်ဖြည့်ဆည်းဘို့ ဟောသလားဆိုတာ။

    ReplyDelete
  6. အခုဒီမိုကရေစီလမ်းကြောင်းပေါ်ရေက်အောင် သံဃာတော်တွေ ဘယ်လောက်အထိ သွေးမြေကျခဲ့ရတယ်ဆိုတာ မင်းမသိဘူးလား မောင်ဖွတ်ရ။

    ReplyDelete
  7. ဒီဘုန်းကြီး ဟောရင် ပရိသတ် များ တရားလိုက်ထောက်ပေးကြပါ။ ကျနော် တို့ ဆီမှာ တရားဟော တုန်း က တရားမထောက်လို့ တရားနာ ပရိသတ် ကို ၄၅ မိနစ်လောက် ဒေါသနဲ့ ကြိမ်းမောင်းသွားဘူးပါတယ်။

    ReplyDelete
  8. ကြားဖြတ်ရွေးကောက်ပွဲမှာ ကြံ့ ဖွံ့ တွေရှုံးရတာ ဆရာ့ တော်ကို တရားပွဲပိတ်တာကြောင့် လည်းပါတယ်။ နောင်တမရကြသေးဘူးလား?

    ReplyDelete
  9. မိမိကိုမွေးဖွါးခဲ့သောနိုင်ငံအတွက် တတ်နိုင်တဲ့ဘက်ကနေ အရေးတစ်ခုခုကိုသော်မှ မပြုလုပ်လျှင် ထိုသူသည် မိခင်နိုင်ငံနှင့် လားလားမျှ မထိုက်တန်ပါ။ “သင်သည် မည်သည့်နိုင်ငံသားဖြစ်ပါသနည်း”ဟု မိမိကိုယ် မိမိမေးခွန်းပြန်မေးကြည့်လိုက်ပါ။

    ReplyDelete
  10. ဒါမှ အာဇာနည်သံဃံတော်ပါ
    ဦးဇင်းဝီရသူ အတုယူတတ်ပါ
    မြင်းခြေရာခွက်ထဲမှာ ဟုတ်လှပြီထင်မနေပါနဲ့ 
    ဦးဇင်းဝီရသူက ကျောင်းသားဟောင်းလဲမဟုတ် ၈၈လဲမဟုတ် ဘုန်းကြီးလဲမဟုတ် ..ဘာကြီးမှန်းကိုမသိပါဘူး
    ဦးဇင်းဝီရသူ မစိုးရီမ်တိုက်မှာ သတင်းသုးံနေတာ
    မစိုးရိမ်ကျောင်းတိုက်ရဲ ရာဇ၀င် ညှိးမှိန်ပါတယ်ဗျာ..
    အမြန်ဆုးံကျောင်းကထွက်ပေးပြီး လူဝတ်လဲပေးပါ

    ReplyDelete
  11. တရားတာလုပ်လျှင်တော့ လက်တုန်မပြန်ကြနဲ
    ခန္ဒာ၇ှိလို ကြိတ်မှိတ်ခံကြ သံသာရာတိုမှကောင်းတာ
    ဒုက္ခကို ငါနှင့်မတွဲကြနှင် ဒါမှဆင်းရဲလွတ်မှာ

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။