Pages

Saturday, August 25, 2012

ဒုသမ္မတ ဦးဥာဏ်ထွန်း မလာမှီ ခါတော်မှီ လမ်းခင်းနေတဲ့ ခရမ်းမြို့မှ ပြည်သူ့မျက်နှာ မကြည့်တဲ့ လုပ်စားနေကြသူ ဋ္ဌာနဆိုင်ရာ အာဏာပိုင်များ (ပေးစာ)

ဒုသမ္မတကြီး မလာမှီ တစ်ည အလို

ရန်ကုန်တိုင်း ခရမ်းမြို့နယ်ကို မနက်ဖြန် (၂၅ရက်နေ့မှာ)ဆိုရင် ဒုသမ္မတ ဦးဥာဏ်ထွန်း လာပါမည်။ ထို့ကြောင့်လမ်းနှင့် ဌာနဆိုင်ရာ အဆောက်အဦးများ ဆေးသုတ်၊ လမ်းခင်း ပြုလုပ်ကြရပါသည်။ တစ်သက်လုံး မပြုပြင် မတည်ဆောက် ခဲ့သော လမ်းများကို ညတွင်းချင်း(တစ်ညတည်းနှင့်) အပြီး လမ်းခင်းဖာထေးနေကြသည်မှာ အတော် အံသြဖို့ ကောင်းလှပါသည်။ သမ္မတကြီး ပြောကြားထားသော စကား(ပွင့်လင်းမြင်သာမူ)ကို အတည်ပြု ပေးနေပုံမှာ အင်မ တန်မှပင် ချီးကျူးစရာပါ။

ဒုသမ္မတကြီး မလာခင်ည လမ်းများကို (သဲနှင့် ရွံ့) ခင်း၊ မရှိတဲ့ ပလတ်ဖောင်း ထုံးသုတ်၊ ချိုင့်ကြီးလျှင် ကားနှင့် ကာကွယ်ထားပါသည်။ လမ်းဘေးဈေးသည် ဆိုင်ခန်းများ (၁၂၀) ခန့်ကြိုဖျက်ထားသည်။ သမ္မတကြီးပြန်လျင် ၀ါးဝယ်၊ အမိုး ၀ယ်နှင့် မရှိလို့ ဈေးရောင်းစားပါတယ်။ သမ္မတကြီးလာမှ ဆိုင်အဟောင်းဖျက် အသစ်ထပ်ဆောက် ရပါမည်။ မြို့အင်္ဂါရပ် ရှိရမည်အချိန်သည် သမ္မတကြီး လာချိန် လို့ယူဆရမလိုဖြစ်နေပါသည်။ ယခုလို လိမ်လည် လှည့်စားနေသော အောက်ခြေ ၀န်ထမ်းများကို ကောင်းမွန်စွာ သတိပေးသင့် နေပါပြီ။ လူကြီးလာမှ အလုပ်လုပ်၊ လူကြီးမျက်နှာကြည့်၊ လူကြီးကို လိမ်၊ ပြည်သူကို မကြည့် ဒူးခေါင်း လောက်မြုပ်နေတဲ့ လမ်းကို မပြ၊ ခေတ် အဆက်ဆက်လိမ်ခဲ့ ကြသည်မှာ တော်သင့်ပါပြီဗျာ။ ဒုသမ္မတကြီးလာလျှင် ကားစောင့် မှာစိုးလို့ သဲခင်းထားပါသည်။ (ဖြည်းဖြည်းမောင်းနော် ကားဆရာ) ကားတွန်းနေရအုံးမယ်။ ထို့ကြောင့် သမ္မတကြီး ပြန်လျှင် ခရမ်းမြို့တော့ ဗွတ်ထပါပြီဗျာ။ အကြံပြုလိုသည်မှာ လမ်းဆင်းလျှောက်ပြီး ပြည်သူကို လိုက်ကြည့်စေချင်ပါသည်။

ခရမ်းသား..

6 comments:

  1. မှန်တယိဗျာ။အဲဒါမျိုးကတော့နယ်မြို့ကြီးတွေအားလုံးလိုလိုမှာဖြစ်နေကြတာပါပဲ။ပျက်ဆီးနေတဲ့လမ်းတော်တော်များများကိုစားကောင်းသောက်ကောင်းရုံကြည့်ကောင်းရုံမျက်စိတမြင်ပဲလုပိကြတော့တယ်။အချို့နေရာတွေဆိုလုံးဝမပြင်တော့ပါဘူး။

    ReplyDelete
  2. ညီလေးတို့ရယ်အကိုတို့လည်းလူကြီးလာမှလမ်းပြင်စရိတ်လေးထုတ်ပြီးတိုက်ကလေးဆောက်ကားလေးဝယ်ပြီးပိုတဲငွေလေးနဲ့မြို့ကလမ်းတွေကိုကတ္တရားအစားသဲလေးရွံလေးခင်းနေတာလျှေက်မပြောရဘူးနော် ရှေ့လူကြီးစကားပုံတွေထဲက နွယ်မြက်သစ်ပင်ဆေးဘက်ဝင်ဧ။် ဆေးဘက်မဝင်တာဆိုလို့အကိုတို့ စည်ပင်ဘဲရှိတာနော်အကိုတို့လူကြီးတွေကကတ္တရာလေးနဲ့ကျောက်ခဲလေးတွေဖျော်သောက်နေရတာဒုသမ္မတကြီးကိုပြောပေးပါအုန်း

    ReplyDelete
  3. တပြည်လုံးဒီအတိုင်းပါဘဲ့
    စိတ်ပိုင်းဆိုင်ရာအခြေခံကို
    မကောင်းကြလို့ပါ။
    မိမိဝမ်းစာရေးမလောက်ရင်
    နည်းနည်းတော့ယူပါလုပ်သား
    ပြည်သူသွားလာလို့ရတဲ့အဆင့်
    လောက်တော့လုပ်ပေးပေါ့။

    ReplyDelete
  4. ဘိတ်မှာလဲ ဒီလိုပဲ လမ်းမှာ သဲဖြူးနေတယ်လေ

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။