Pages
Sunday, August 26, 2012
ရွှေဝယ်မြေမှ လယ်သမားတို့၏ ရင်ဖွင့်သံ (ပေးစာ)
ရွှေဝယ်မြေမှ လယ်သမားတို့၏ ရင်ဖွင့်သံ (ပေးစာ)
ထားဝယ်မြို့ ကမ်းနားလမ်း တလျှောက်ရှိ လယ်ယာများအား စီးပွားရေး လုပ်ငန်းရှင်ကြီးများမှ စက်မှုလုပ်ငန်း လုပ်ကိုင်ရန်ဟူသော အကြောင်းပြချက်ဖြင့် နှစ်(၃ဝ) စက်မှုဂရမ်ဖြင့် အစိုးရထံငှါးရမ်း ထားပြီးဖြစ်သည်ဟုဆိုကာ သိမ်းယူခဲ့သည်။ သိမ်းယူ ခဲ့စဉ်က လယ်သမားများအား ကြိုတင်အကြောင်းကြားခြင်း၊ လယ်သမားများနှင့် ညှိနှိုင်းခြင်းများ မပြုလုပ်ခဲ့ဘဲ အတင်းသိမ်းယူခဲ့ပြီး နှစ်ပေါင်းများစွာ ကြာလာသည် အထိပင် မည်သည့် စက်မှုလုပ်ငန်းမှ မလုပ်ကိုင်သလို၊ မည်သည့် စက်မှုဇုံမှဖြစ်ပေါ်မလာပါ။
မူလလယ်သမားများကိုလည်း လယ်ယာလုပ်ကိုင် စားသောက်ခွင့် မပြုဘဲ တခြားလယ်ငှါးများကို လုပ်ကိုင်စေခြင်းမှာ ထိုလယ်ယာမြေများတွင် နှစ်ပေါင်းများစွာ လယ်လုပ်ကိုင် စားသောက်ခဲ့သော လယ်သမားများအတွက် နစ်နာလှသဖြင့် ဤစက်မှုမြေဂရမ်များကို နိုင်ငံတော်အနေဖြင့် လယ်သမားများ အေ ရးရှေးရှုပြီး ပြန်လည်စီစစ်ပေး နိုင်ရန် နိုင်ငံတော်သမ္မတထံ အသားနားခံ တင်ပြသွားမည်ဟု လယ်သမားများ ကပြောဆိုပါသည်။
လယ်သမားများအထဲမှ 'ဦးပိုးသား'ဆိုသူမှ ပြောဆိုရာတွင် 'ကျွန်တော်တို့ အနေနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း(၂ဝ)ကျော်ကတည်းက လယ်လုပ်ခဲ့တာပါ။ ကျွန်တော်တို့ လုပ်ကိုင်စားသောက်နေတဲ့ လယ်ယာမြေတွေကို စက်မှုဇုန်ပေါ်ပေါက်ရေး ဆိုပြီးအဓမ္မအတင်း သိမ်းယူပြီးတော့ ဘာစက်မှုဇုန်မှလည်း ဖြစ်မလာပါဘူး။ သဲဆိပ်လုပ်ပြီး သဲရောင်းစား တဲ့လူနဲ့ လယ်လုပ်နေတဲ့ လူတွေဆိုတော့ ဒီလယ်မြေတွေ မူရင်းလယ်သမားဟောင်းတွေ ဖြစ်တဲ့ ကျုပ်တို့ လယ်သမားတွေကိုပဲ ပြန်လုပ်ခိုင်းရမှာပေါ့၊ အခုတော့တလွဲတွေ လုပ်နေကြသလိုမြင်မိတယ်။ ဗျာ ဒါကြောင့် ကျွန်တော်တို့ လယ်သမားတွေရဲ့ ဘဝကိုနိုင်ငံတော် သမ္မတကြီးသိရှိပြီး အရေးယူ ဆောင်ရွက်ပေး စေလိုပါတယ်'ဟု ပြောဆိုခဲ့သည်။
ရွှေဝယ်သား..
21 comments:
  1. hay hay! one more new story come :)
    don't forget to read comment :)
    ReplyDelete
  2. ထိုင်းနိုင်ငံမှာ အလုပ်လာလုပ်သော တိုင်းရင်းသားမိသားစုများကို မေးမြန်းကြည့်ရာ သူတို့လယ်မြေတွေ အသိမ်းခံရလို့ လုပ်ကိုင်စားသောက်စရာ မြေမရှိတော့လို့ ဒီကို ထွက်လာခဲ့ကြရခြင်းဖြစ်ကြောင်း ပြောပြ
    ကြသည်။
    စစ်အာဏာရှင်စနစ်၏ ဆိုးမွေကား ထင်မှတ်ထားသည်ထက် ဆိုးရွားယုတ်မာလှပါသည်။
    စစ်တပ်လက်ဝါးကြီးအုပ်စနစ် အမြစ်ပြတ်အောင် လုပ်ကြရန် လူတိုင်းမှာ တာဝန်ရှိပါသည်။
    ReplyDelete
  3. အာကာကျော်August 27, 2012 at 2:17 PM
    အရင်တုန်းကတော့ စက်မှုဇုန်လုပ်မလိုရည်ရွယ်ထားတာပါ။ အခုမြေဈေးကောင်းတော့ အများပိုင်က ခင်စိုးက ၀န်ကြီးချုပ်နဲ့ ပေါင်းပြီး ကမ်းနားလမ်းမှာရှိတဲ့ လယ်အားလုံးကို သိမ်းလိုက်ပြီ၊ အခုခင်စိုးထားဝယ်မှာရောက်နေတယ်....သွားတွေ့လိုက်ပါလား.
    ReplyDelete
  4. အများပိုင်မှာက ၀န်ကြီးချုပ်ရှယ်ယာပါတော့လည်း တောင်သူလယ်သမားပိုင်တဲ့လယ်ယာ မြေတွေကို လုပ်ချင်တိုင်းလုပ်နေတာပါဘဲ..လက်ရှိစပါးစိုက်ထားတဲ့ မြေပေါ်မှာလည်း သဲကမှုတ်နေတုန်းဘဲ စပါးပင်တွေ တစ်ဖြေးဖြေးနဲက သဲအောက်ရောက်နေတာကိုလည်း ကြည့်ကောင်းကောင်းနဲ့ ကြည့်နေတယ်..
    ReplyDelete
  5. မစမ်းစမ်းမော်(မော်ကြီး)August 27, 2012 at 2:32 PM
    သူဌေးအရေခြုံတဲ့ကောင် ထားဝယ်မှာ လုပ်ချင်တိုင်းလုပ်နေတယ်။ အများအတွက်ကို အကြောင်းပြပြီး ကိုယ်ကျိုးရှာတဲ့ကောင်၊ အခုလည်း ယခင်စက်မှု့ ဇုံလုပ်မည့်မြေတွေကို ၀န်ကြီးချုပ်နဲ့မောင်းပြီး ရောင်းစားဖို့ကြံနေပြီ--ထားဝယ်အများပိုင်ကတော့ အမြတ်ထွက်အုံး မှာပေါ့
    ReplyDelete
  6. ပေါက်စ(တလိုင်းစု)August 27, 2012 at 2:40 PM
    စစ်တပ်လက်ဝါးကြီးအုပ်စနစ် အမြစ်ပြတ်အောင် လုပ်ကြရန် လူတိုင်းမှာ တာဝန်ရှိတယ်ဆိုတာမှန်တယ်..ဒီလိုလူတွေစိတ်ဓါတ်ပျက်အောင်လုပ်တာကလဲ အခုလို အချင်းချင်းဂုတ်သွေးစုပ်နေတဲ့ စီးပွားရေးလုပ်ငန်းရှင် ခင်စိုးလိုလူတွေ ကြောင့်ဘဲ ...ထားဝယ်သတင်းတိုင်း ဒီလူကြောင့် ဖြစ်နေရတယ်..အခုလည်း ကမ်းနားက မြေတွေကို ပြန်ရောင်းစားဖို့ နဲ့ အဆောက်အဦတွေဆောက်ဖို့လုပ်နေတယ်..အများအတွက်ကို အခါတစ်ထောက်လောက်အော်ပြီး ကိုယ်ကျိုးအတွက်လုပ်နေတဲ့သူတွေ.ထားဝယ်သားထဲမှာ ဒီလိုလူမျိုးတွေကို နေရာပေးကြတာ မှားနေကြတယ်။ စောင့်ကြည့်နေပါ။ ကြာရင်ဘီလူးခေါင်းပေါ်လာလိမ့်မယ်။
    ReplyDelete
  7. ကိုသော်ကAugust 27, 2012 at 2:54 PM
    ဒီလိုသာ အများပိုင်က လယ်တွေ၊မြေတွေကိုသာ လိုက်သိမ်းနေမယ်ဆိုရင်၊ ထိုင်းနိုင်ငံမှာ အလုပ်လုပ်တဲ့သူတွေ ထပ်များလာအုံးမှာဘဲ...ကိုယ့်လူမျိုးတွေဒုက္ခရောက်အောင်လုပ်နေတာ
    အဓိကတရားခံကတော့ ခင်စိုးဘဲ ဆိုတာအခုမှ သိရတယ်
    ReplyDelete
  8. အရင်တုန်းက မှောင်ခိုသမားပါ။ အခုမှ အများအတွက်လေး၊ ဘာလေးလျှောက်ပြောနေတာ..သုံးစားမရ.သူ့အတွက်အကျိုးရှိမယ်ဆို အကုန်လုပ်တဲ့ကောင်..ငယ်ငယ်ထဲက ဒီကောင်အကျင့်ကောင်းတဲ့ကောင်မဟုတ်ပါဘူး..ကြာကူလီစိတ်ဓါတ်ရှိတဲ့ကောင်...ဒီလိုကောင် မျိုး လုပ်လို့ကတော့ သူ့အတွက်ဘဲလုပ်မယ့်ကောင်- စာရေးမရပါဘူး-
    ReplyDelete
  9. ၀န်ကြီးချုပ်က အများပိုင်မှ အများပိုင်ဖြစ်နေတော့လဲ ဒီကောင်တွေ ထားဝယ်၊ တနင်္သာရီတိုင်းမှာ လုပ်ချင်တိုင်း လုပ်နေတာဘဲလေ..ထောင်ထောင်ထောင်ထောင်နဲ့
    ReplyDelete
  10. ကျုပ်အထင်တော့ ဒီ POST မှာပါတဲ့လယ်တွေက အဲဒီအများပိုင်ကသဲမှုတ်နေတဲ့လယ်မဟုတ်ဘူးထင်တယ်။
    အဲဒါတွေရဲ့တောင်ဘက်တစ်ကြောက စစ်အစိုးရလက်ထက်သိမ်းထားတဲ့လယ်တွေဖြစ်မယ်။
    ဒီလယ်တွေကိုသိမ်းပြီး ယခုလက်ရှိကြံ့ဖွံ့အမတ်နှစ်ဦးအပါအ၀င် ခရိုနီတွေကိုပေးလိုက်တာလေ။
    လက်ရှိမှာ သဲကွင်တွေ၊ ဂိုဒေါင်တွေ၊ လှေဒေါက်တွေဖြစ်နေပါရောလား။
    သွားကြည့်လိုက်ကြပါအုံးဗျာ။
    ReplyDelete
  11. ထားဝယ်အများပိုင်ကုမ္ပဏီက ဒုတိယထားဝယ်ကူးသနးရောင်းဝယ်ရေးလိမိတက်လား
    ReplyDelete
  12. အဲဒီဝန်ကြီးချုပ်ဆိုတာ ပြည်သူမဲစစ်စစ်နဲ့ တက်လာတာဟုတ်လို့လား?
    ReplyDelete
  13. အဲဒီဝန်ကြီးချုပ်ဆိုတာ ပြည်သူမဲစစ်စစ်နဲ့ တက်လာတာဟုတ်လို့လား?
    ReplyDelete
  14. အရင်ဝန်ကြီးချုပ်ဆိုးလွန်းလို့ပြုတ်ချလိုက်ကြတယ် အခုဝန်ကြီးချုပ်က ပိုတောင်ဆိုးနေပါ့လား...
    ReplyDelete
  15. ဘာပြောပြော
    ဖိုးထူးကတော့ ယဉ်ကျေးမှုဒုဝန်ကြီးဖြစ်သွားပြီ။
    သီပေါမင်းအရိုးအိုးပြန်သယ်ပြီး ထားဝယ်မြို့မှာဗိမ္မန်ဆောက်မယ်။
    ထားဝယ်မြို့မှာ နတ်ကွန်းအလုံး(၂၀၀)ဆောက်မယ်။
    နတ်ကိုးကွယ်မှုထွန်းကားအောင်ပံ့ပိုးပေးမယ်။
    ..
    .. . ဒါပဲ
    ReplyDelete
  16. DDPC ဝိုင်းတော်သားများပြောသည့် "ပြောရဇေန" ဖဆပလ အကွဲအပြဲ ဇောတ်လမ်းများလိုမဖြစ်စေချင်ပါ။
    ReplyDelete
  17. ဒီကုမ္ပဏီက၀န်ထမ်းတွေလည်းငြီးနေကြပြီလို့
    သတင်းကြားတယ် အဆင်မပြေလို့ထွက်တဲ့သူလည်းရှိနေတယ်တဲ့
    နောက်ထပ် ထွက်ဖို့လူတွေလည်းရှိနေတယ်တဲ့
    အချိန်အများကြီးအလုပ်လုပ်နေရတယ်တဲ့
    ဒီကြားထဲ စက်ရုံအလုပ်သမားတွေလို
    Time ကဒ်စနစ်တွေကိုသုံးခိုင်းထားတယ်တဲ့
    လစာမတိုးပေးတဲ့အပြင် ချုပ်နှောင်မှုတွေ
    များလာတယ်လို့ကြားရတယ်
    ဒါတွေကို
    ခင်မောင်အေးဆိုတဲ့အကောင်ကဦးဆောင်လုပ်တယ်
    လို့ ကြားတယ်
    သူ့ အလှသစ်က၀န်ထမ်းတွေနဲ့နှိုင်းယှဉ်ပြီးလုပ်
    တာလားမသိဘူး
    ဒီကုမ္ပဏီက၀န်ထမ်းတွေကိုလစာတိုးပေးလိုက်ရင်
    သူ့ဝန်ထမ်းတွေကိုလည်းတိုးပေးရမှာကြောက်လို့
    လုပ်တာဖြစ်မယ်
    အချိန်ကိုလည်းအများကြီးယူထားတယ်
    စနေနေ့လည်းအလုပ်လုပ်ရတယ်တဲ့
    ဒီတော့ ၀န်ထမ်းတွေကိုစာနာသင့်တယ်ဆိုတာအများသိအောင်
    မျဝေပေးတာပါ နောက်ထပ်ဘာတွေဖြစ်လာဦးမှန်းမသိဘူး ထားဝယ်သားတွေကိုစာနာပါလို့တိုက်တွန်းပြောလိုပါတယ်
    ReplyDelete
  18. ဘယ်လိုလဲ
    ဒီလိုဖြစ်နေတာလား အံ့သြစရာပဲ
    ထားဝယ်ဒေသအတွက်ဆို
    ခင်မောင်အေးအကြောင်းကမပြောပဲနဲ့သိတယ်
    အလုပ်တွက်လုပ်သင့်တာလောက်ပဲလုပ်ပေါ့
    ခိုင်းသင့်တာလည်းခိုင်းပေါ့
    ပေးသင့်တာလည်း ပေးပေါ့
    ဒါမှ ထားဝယ်ကအများမြင်ကောင်းမှာလေ ဟုတ်တယ်နော်
    ReplyDelete
  19. ငါတို့လည်းမကျေနပ်ဘူးပော့
    ReplyDelete
  20. ဒီကောင်တောတောလောဘကီးတယ်
    ReplyDelete
  21. လောအိုးကွဲမယ်ကေ့နေရှယ်ယာတွေများများထည့်ခိုင်းပြီးရင်သူ့စာဖြစ်ရလေ့မယ်
    ReplyDelete
ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။