Pages

Thursday, August 2, 2012

သတင်း လွတ်လပ်ခွင့်ကော်မတီ(ယာယီ)၏ ထုတ်ပြန်ကြေညာချက်..

သတင်း လွတ်လပ်ခွင့်ကော်မတီ(ယာယီ)၏ ထုတ်ပြန်ကြေညာချက်
ရက်စွဲ- ၁.၈.၂၀၁၂


၁။ ပိတ်ပင်ခံထားရသောThe Voice Weekly, Envoy၊  လျှပ်တပြက်ဂျာနယ်တို့ကို ချက်ချင်း ထုတ်ဝေခွင့်ပေးရန်။

၂။ ပြုပြင်၊ ပြောင်းလဲမှုများကို ထိခိုက်စေသည့် နောက်ပြန်ဆွဲသော မည်သည့်ပုဂ္ဂိုလ်၊ မည်သည့် လုပ်ရပ်မျိုးကိုမဆို အရေးယူ ဖယ်ရှားပေးရန်။

၃။ ၁၉၆၂ ခုနှစ် ပုံနှိပ်အက်ဥပဒေနှင့် မီဒီယာများကို ဖိနှိပ်ကန့်သတ်ထားသော ဥပဒေများကို ချက်ချင်း ဖျက်သိမ်းပေးရန်။

၎။ သတင်းမီယာများအပေါ် အရေးယူမှုများကို ထပ်မံလုပ်ဆောင်ခြင်း မပြုရန်။

၅။ ကျင့်ဝတ်နှင့်အညီ ရေးသားဖော်ထုတ်သော မည်သည့်ရေးသားမှုကို အစိုးရက ဥပဒေကြောင်းအရ တရားစွဲမှုများကို ချက်ချင်းရပ်ဆိုင်းရန်။

၆။ မီဒီယာသမားများ သဘောဆန္ဒ မပါဝင်ဘဲ ရေးဆွဲထားသည့် မည်သည့်မီဒီယာ ဥပဒေကိုမဆို လက်မခံပါ။

၇။ လတ်တလော ဖြစ်ပွားနေသော စာပေလွတ်လပ်ခွင့် ဆုံးရှုံးမှုများအတွက် မီဒီယာသမားများအား နိုင်ငံတော်၏ တာဝန်အရှိဆုံး ပုဂ္ဂိုလ်ကအမြန်ဆုံး တွေ့ဆုံဖြေရှင်းပေးရန်။

အထက်ပါ တောင်းဆိုချက်များကို ချက်ချင်း လုပ်ဆောင်ပေးရန် ယနေ့ တက်ရောက်လာသော သတင်းမီဒီယာသမား ၉၂ ဦးကသဘောတူ လက်မှတ်ရေးထိုး လိုက်သည်။

ကော်မတီဝင်များစာရင်း

၁။ ကိုဇော်သက်ထွေး
၂။ ကိုကျော်မြင့်
၃။ ကိုသက်ဇင်
၎။ ကိုနိုင်မင်းဝေ
၅။ ကိုကျော်ဇေယျာထွန်း
၆။ ကိုသာလွန်ဇောင်းထက်
၇။ ကိုသူရအောင်
၈။ ကိုဝေဖြိုး
၉။ ကိုဖိုးစိုင်း
၁၀။ ကိုအောင်ပေါ်ထွန်း
၁၂။ ကိုခွန်းသု
၁၃။ ကိုအောင်သူရ
၁၄။ ကိုထက်နိုင်ဇော်
၁၅။ မအေးသီရိဝင်း
၁၆။ ကိုမြတ်ဇံ
၁၇။ မမြနှင်းအေး
၁၈။ မစန်းမွန်အောင်
၁၉။ကိုကျော်ဆန်းမင်း
၂၀။မညိုမီသင်း
၂၁။မနန်းလွင်
၂၂။ဥာဏ်လင်းအောင်
၂၃။ကိုအောင်ထွန်းဦး


ကော်မတီများ

၁။ လုပ်ငန်းဖြစ်မြောက်ရေး ကော်မတီ
သာလွန်ဇောင်းထက်၊ ကိုသူရအောင်၊ ကိုဝေဖြိုး၊ ကိုနိုင်မင်းဝေ၊ မနန်းလွင်၊ မညိုမီသင်း၊ ဦးကျော်မြင့်

၂။ ပြန်ကြားရေးကော်မတီ
ကိုသက်ဇင်၊ ကိုဇော်သက်ထွေး၊ ကိုကျော်ဆန်းမင်း

၃။ ဆန္ဒထုတ်ဖော်ရေးနှင့် စည်းရုံးရေးကော်မတီ
(ကျန်သူအားလုံး)

8 comments:

  1. စာနယ်ဇင်းများအပါအ၀င် အလွားအသီးသီး လူတန်းစားအားလုံး တို့၏ လွတ်လပ်ခွင့်များအပြည့်အ၀ ရရှိရေး တောင်းဆိုချက်များကို ကြိုဆိုထောက်ခံပါတယ်။

    ReplyDelete
    Replies
    1. ဒီလိုပြတ်ပြတ်သားသားတင်ပြရဲ
      ရမယ်ဒါဒီမိုကရေစီဘဲ့သတင်းလွတ်
      လပ်ခွင်အနည်းငယ်ရခဲ့လို့လဲတိုင်
      ပြည်ကအခုအခြေအနေထိရောက်
      ခဲ့တာအဆုံးရုံးမခံနိုင်ဘူးဒီထက်ဆိုး
      စီတန်းလှည့်လည်ခွင့်တောင်ပြီး




      သမ္မတကြီးနှင့်ကမ္ဘာကသိအောင်
      လုပ်ပြရမည်။

      Delete
  2. What is the meaning of democracy?

    ReplyDelete
    Replies
    1. အရှင်းဆုံးပြောရရင်လွတ်လပ်
      စွာပြောဆိုပိုင်ခွင့် ဒါဒီမိုကရေစီဘဲ့လေ
      လွတ်လပ်စွာပြောဆိုခွင့်ဆိုပေမယ့်
      ခိုင်မာမှုတော့ရှိရမယ်။

      Delete
  3. ထောက်ခံတယ်။အားပေးတယ်။

    ReplyDelete
  4. မသိရင်အေးအေးနေပါ။do you understant?

    ReplyDelete
  5. သမ္မတကြီး ဒီအချိန်မှာ အပြောနဲ့လက်တွေ့ တစ်ထပ်တည်း ကျမကျ စောင့်ကြည့်ရတော့မယ်။

    ReplyDelete
    Replies
    1. သမ္မတကြီးခင်ဗျားရှေ့ဆက်သွားရ
      မဲ့လမ်းမှာဒီလိုသမ္မတကြီးအောက်
      မှာဒီလိုမြေခွေးတွေဆက်မွှေးထား
      ရင်သမ္မတကြီးဒုက္ခကြီးကြီးရောက်
      မယ်နော်
ုမြန်မြန်ရှင်းထားမှနော်။

      Delete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။