Pages

Thursday, August 30, 2012

လောင်းလုံ ရေနံချက်စက်ရုံ စီမံကိန်းအနီးမှ ဒေသခံများအား တရုတ်ပြည် လေ့လာရေးခရီးစဉ် ခေါ်ဆိုမှုအား ဒေသခံများမှ သဘောထားဖော်ထုတ် ကန့်ကွက်...

လောင်းလုံ ရေနံချက်စက်ရုံ စီမံကိန်းအနီးမှ ဒေသခံများအား တရုတ်ပြည် လေ့လာရေးခရီးစဉ် ခေါ်ဆိုမှုအား ဒေသခံများမှ ကန့်ကွက်ကြောင်း သဘောထားဖော်ထုတ်...

တနသာင်္ရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံမြို့နယ် ညင်းမော်ရွာတွင် တရုတ်နိုင်ငံမှ တည်ဆောက်မည့် လောင်လုံ ရေနံချက်စက်ရုံစီမံကိန်းမှ တရုတ်ပြည် လေ့လာရေးခရီးစဉ်အား သဘောမတူ ကန့်ကွက်သည့် အစည်းအဝေးတစ်ခုကို 27.8.2012(တနင်္လာနေ့) နံနက် ၉း၀၀နာရီခန့်က လောင်းလုံမြို့နယ်၊ ညင်းမော်ကျေးရွာ၊ ဘုန်းတော်ကြီး ကျောင်းအတွင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအ၀င် ဒေသခံရပ်မိရပ်ဖများ၊ လူငယ်လူရွယ်များ အပါအ၀င် ဒေသခံ(၂၀၀)ခန့် တက်ရောက်ကြသည်။

အစည်းအဝေးအစတွင် ဆရာတော်အရှင်ဦးညာဏိဒမှ အဖွင့်အမှာ စကား ပြောကြားရာတွင် တရုတ်နိုင်ငံမှ လာရောက်လုပ်ကိုင်မည့် ရေနံချက်စက်ရုံ အတွက် ဒေသခံများအား လာရောက်ခေါ်ယူသည့် တရုတ်နိုင်ငံ လေ့လာရေး ခရီးစဉ်အား မလိုက်သင့်သဖြင့် မလိုက်ကြစေလိုကြောင်း လိုက်သွားသူ များအားလည်း တစ်ရွာလုံး၊ တစ်ဒေသလုံးက ညီညီညွတ်ညွတ်နှင့် ကန့်ကွက်ကြရမည်ဖြစ်ကြောင်း မိန့်ကြားသွားခဲ့ပြီး၊ ဒေသခံများထဲမှ ကိုဝေလင်း၊ ကိုအာကာ၊ ဦးတင်စိုး၊ ဦးဟန်သိန်း၊ အုပ်ချုပ်ရေးမှူးတို့မှ အပြန်အလှန် ဆွေးနွေးသွားကြရာတွင်““ဒီခရီးစဉ်ကိုလိုက်လည်း မလိုက်ဘူး၊ ရေနံချက်စက်ရုံ တည်ဆောက်မှာကိုလည်း၊ လုံးဝ(လုံဒ၀) လက်မခံနိုင်ကြောင်းကို ဆွေးနွေးသွားကြသည်။

အဆိုပါ တရုတ်နိုင်ငံမှ တည်ဆောက်မည့် ရေနံချက်စက်ရုံနှင့် ရေနံသန့်စင်စက်ရုံအတွက် အနီးအနားရှိ ဥယျဉ်၊ ခြံမြေများအား သိမ်းယူရန် မြေတိုင်းထွာမှုများ ပြုလုပ်နေကြောင်း သိရှိရသည်...။

ထားဝယ်သား ပေးပို့သည်..

တနှစ်လျှင် ရေနံစိမ်း တန်ချိန် ၅ သန်း ချက်လုပ်နိုင်မည့် ထိုစက်ရုံသည် ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ပါဝင်ခြင်း မရှိသော်လည်း စက်မှုဇုန်နှင့် ဆက်စပ်မှု ရှိပြီး စီမံကိန်းတွင် တရုတ် ၇၀ ရာနှုန်း၊ ဦးပိုင် ၂၀ ရာနှုန်းနှင့် ထူးကုမ္ပဏီမှ ၁၀ ရာနှုန်း ပါဝင်သည်ဟု မဇ္ဈိမသတင်းစာမျက်နှာတွင် ဖော်ပြပါရှိသည်။

14 comments:

  1. စိတ်ဝင်စားစရာကြီးဗျ။ တရုပ်ပြည် ကို ဘာလို့ လေ့လာမှာတဲ့လဲ။ ကန့်ကွက်တာက ဘာလို့လဲ။ ပွင့်လင်းရေးကို ဦးစားပေးတဲ့ခေတ်ဆိုတော့ သေချာ လေး သိရရင် ကောင်းပါမယ်။
    ညင်းမော်ရွာကြီးကို ရွှေ့ပစ်မှာလား။ ကျွန်တော်ရောက်ဘူးတယ်။ ဒီရွာကို မရွှေ့ပဲ လုပ်တဲ့ နည်းလမ်းလည်းရှိရမယ် လို့ထင်တယ်ဗျ။ ဆရာတော်က ပြောတဲ့ အထဲ မှာ အကြောင်းပြချက် ကောင်းတွေ ပါမယ် လို့ထင်တယ်။ သတင်းရေးတဲ့ သူက သေချာလေး ရေးပြရင် ပိုပြီး ၀ိုင်းလို့ ၀န်းလို့ ကောင်းမှာပဲလို့ထင်တယ်ဗျာ။

    ReplyDelete
  2. လေ့လာမှာကို ကန့်ကွက်တာ တော့ မဟုတ်လောက် ဘူးထင်တယ်ကွ။ တရုပ်ပဲ အဲလောက် အထင်ကြီး စရာ မလိုပါဘူး။ သွားကြည့်သင့် သွားကြည့် ပြီး အပြစ်ရှာတတ်ဖို့ ပဲ လိုမှာ။ ရွာသား ကို စိတ်မချလည်း ဆရာတော်ကိုယ်တိုင် လိုက်ကြည့်ပြီး ဒင်းတို့ ဘာပြောချင်လဲ။ ဘာ တွေ ဖုံးဖိထားလဲ ကြည့်နိုင်တာပဲဟာ။ ငါတော့ တရုပ်ကို အထင်ကြီးတဲ့ အထဲ မပါဘူး။

    ReplyDelete
  3. တည်ဆောက်မည့်စက်ရုံက တရုတ် ၇၀% စစ်တပ်လက်ဝါးကြီးအုပ် ဦးပိုင်၂၀% သန်းရွှေနဲ့ဝေစားမျှစား တေဇက ၁၀%. ဒီစက်ရုံက ထွက်မည့် အကျိုးအမြတ်က ဘယ်မှာလဲ ပြည်သူတွေအတွက်။
    ပြည်သူတွေက အဲဒီရှယ်ယာရှင် စစ်တပ် ၊တေဖနဲ့ မိတ်ဆွေအတု တရုတ်တို့ကောင်းစာဘို့အတွက် ကြားထဲက နစ်နာဦးမယ်။ လယ်သိမ်း၊ ဥယျာဉ်ခြံမြေသိမ်း၊ ရွာတွေကိုဖျက်ပြောင်းရွှေ့။
    ရပ်ရွာလူထုနဲ့ ကျောင်းထိုင်ဆရာတော်သာမက အုပ်ချုပ်ရေးမှူးပါ ကန့်ကွက်တယ်ဆိုတော့ ဒီစက်ရုံရဲ့ဆိုးကျိုးကို ကောင်းကောင်းကြီး သဘောပေါက်လို့ ဖြစ်ပါလိမ့်မယ်။

    ReplyDelete
  4. လောလောင်းသားAugust 30, 2012 at 9:43 PM

    ဦးကျော်ကျော်ဌေး ကိုပြောလိုက်ကွာ။
    လောင်းလုံးကရွေးထားတဲ့အမတ်ပဲ။
    အမတ်ကနေတဆင့် လူကြီးတောင်ဖြစ်နေပြီ။
    ဘာလုပ်ပေးမလဲ၊ ဘာပြောပေးမလဲ ကြည့်ရတာပေါ့။

    ReplyDelete
  5. ကိုယ့်ဒေသတိုးတက်တာဘဲ ဟိုဟာလည်းမလုပ်ရဒီဟာလည်းမလုပ်နဲ့ဆိုပြီးနေလို့ကတော့ဒုံရင်းဒုံရင်းဘဲဖြစ်နေမှာဘဲ
    စဉ်စားကြပါ

    ReplyDelete
  6. ကိုစောနောင်ခင်ဗျား၊ကိုယ့်ဒေသတိုးတက်ဖို့ဘဲမလိဘဲရှိပါ့မလား၊သီးနှောက်လေးနဲ့စဉ်းစားကြပါ။စက်ရုံကိုေ၇ွှ့လို့ရချင်ရမယ်၊ထွက်လာမယ့်မီးခိုးတွေကြောင့်လေထုညစ်ညမ်းမှုကိုတော့ရွှေ့လို့မ၇ဘူးလေ။
    တရုတ်တွေကကောဘယ်လောက်အထိယုံကြည်လို့ရမလဲ။
    စက်ရုံဆောက်မယ့်တရုတ်တို့ကိုယ်တိုင်မပွင့်လင်းတော့ကျွန်တော်တို့ကဘယ်လိုပွင့်လင်းရမလဲမသိတော့ဘူးဗျာ။
    ဒေသခံတွေဘက်ကဘယ်လောက်ပွင့်လင်းလဲဆိုရင်၊
    အရမ်းခမ်းနားတဲ့ထားဝယ်၈၈ရုံးမှာစကားပြောတော့ဒေသခံတွေကမကျေနပ်လို့ထပြန်ကြတာကို၈၈အုပ်ချုပ်ရေးမှူးများကဒေသခံများကိုဒီလူတွေကဂါရဝေါစ၊နိဝါဓေါစမ
    ရှိဘူးရိုင်းစိုင်းတယ်၊ဒါ၈၈ဧရိယာဒါမျိုးလာမလုပ်နဲ့တဲ့ဗျ။
    နောက်ပွင့်လင်းမှုတစ်ခုကတော့ဒေသခံများကန့်ကွက်တဲ့
    အစည်းအဝေးကိုတစ်ရွာလုံးဖိတ်ပြီးရွာလယ်ဘုန်းတော်ကြိးကျောင်းမှာလုပ်တော့သူတို့ကိုဖိတ်ပါတယ်အကြောင်းမျိုးစုံပြကာသူတို့မတက်ဘူးဗျ။
    ကျွန်တော်တို့ရသမျှသတင်းများကိုအချိန်နဲ့တပြေးညီတင်ပြပေးပါမည်။နောက်ပိုင်းfacebookပေါ်တွင်လည်းတင်ပြပေးပါမည်၊၀ိုင်းဝန်းကူညိဖြေရှင်းပေးနိုင်ကြရန်ကူညီတောင်းခံပါသည်ခင်ဗျား။
    အာဂါတတရားကင်းဝေနိုင်ပါစေ။

    ReplyDelete
  7. ပရိတ်များခင်ဗျား၊တရုတ်နိုင်ငံကုမ္မဏီတွေကမြန်မာတွေကို
    ဘယ်လောက်ချစ်သလဲဆိုတာမြစ်ဆုံစီမံကိန်းအကြောင်း
    လေ့လာလိုက်ရင်သိနိုင်မှာပါ၊မြန်မာ့ဒီမိုကရေစီအရေးမှာလဲ
    ဒီတရုတ်နိုင်ငံကဘယ်လောက်အထိမွှေနှေက်ခဲ့လဲစဉ်းစား
    ကြည့်ကြပါ၊

    ReplyDelete
  8. ကိုright ရေ။ ဆက် ဖတ်နေပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။ မူရင်းသတင်းက မပြည့်စုံသလို ကြီးမို့ပါ။ မုံရွာသတင်းတို့၊ ဇေကမ္ဘာသတင်း တို့ ဆိုရင် အတော်လေး ပြည့်စုံတယ်။ အာဏာရှင်နဲ့ crony တွေ မဟုတ်တာလုပ်တာ ထင်ရှားအောင် အချက်အလက်နဲ့ ပြထားကြတယ်လေ။ ခင်ဗျားတို့ ဒေသမှာ ခုလို လာလုပ်တာ ကို လက်မခံနိုင်တဲ့ အချက်အလက်၊ နောက်ပြီး သူတို့ ပြောတာ လိုက်ကြည့်ဖို့ ဘာလို့ မသင့်ဘူးဆိုတဲ့ အချက် တွေ သိချင်တာပါ။ အာဏာရှင်ကို တိုက်တဲ့နေရာမှာ အချက်အလက် အကြောင်းအကျိုး ပြည့်စုံဖို့လိုတယ်။ ဒေါသ ရှေ့ထားလို့မရဘူး။ မြစ်ဆုံတုံးက ကျွန်တော်တို့ ပြည်သူတွေ အချက်အလက် စုံလင် ညီညွတ်တော့ တားနိုင်ခဲ့တယ် မဟုတ်ပါလားခင်ဗျား။

    ReplyDelete
  9. ကိုစောနောင်ရေ၊တရုတ်တွေကပွင့်လင်းင်ြသာမှုမရှိတော့၊
    ကျွန်တော်တို့လည်းသတင်းကိုခိုးပြီးစုနေရလို့ပါ၊ကျွန်တော်
    တို့လည်းအကုအညီအများကြီးလိုချင်ပါတယ်၊ကူမယ့်သူမျှော်နေပါတယ်။
    အကို့Gmailရ၇င်လိုချင်ပါတယ်။အားကိုးပါတယ်ဗျ။
    နောက်ဆုံးသတင်းအနေနဲ့2.9.12မှာရေနံချက်ရုံစီမံ
    ကိန်းတစ်ခုလုံးကိုလက်မှတ်ရေးထိုးကန့်ကွက်ပွဲကိုညင်း
    မော်ဆရာတော်ဦးဆောင်ပြီးဆရာတော်ကျောင်းဝင်းထဲ
    မှာဘဲနေ့လည်(1း၀၀)နာရီမှာပြုလုပ်ပါတယ်၊လူ၅၀၀ေ
    ကျာ်လောက်လက်မှတ်ရေးထိုးကြပါတယ်။
    ကန့်ကွက်စာတန်းများကိုဘုန်းကြီးကျောင်းအတွင်းမှာစိုက်ထူပါတယ်။
    လက်မှတ်များကိုနိုင်ငံတော်အကြီးအကဲတွေဆီအဆင့်ဆင့်တင်ပြသွားမှာပါ။အဆင်ပြေရင်ဓါတ်ပုံများတင်ပြပေးပါ့မယ်ခင်ဗျား။ကျေးဇူးနော့်။

    ReplyDelete
  10. တရုတ်ပြည်ကိုလေ့လာရေးခရီးနဲ့စက်ရုံဆောက်မှာနဲ့
    လားလားမှမသက်ဆိုင်သလိုဘဲ။ဘာအတွက်ခေါ်တာလဲ
    ဘာကြောင့်လဲ၊ဘာမှမသိရလို့ကန့်ကွက်တာဘာဆန်းလဲ
    တရုတ်ကသူတို့ကောင်းစားဖို့မြန်မာပြည်ကိုကောင်းကောင်း
    အသုံးချခဲ့တာလူတိုင်းအသိဘဲ။နဲနဲသဘောကောင်းတာများများ
    ပါးရိုက်ဖို့ဆိုတာခင်ဗျားတို့သိရင် ကိုယ့်ဒေသဘယ်လိုတိုးတက်မှာလဲလို့တွေးရင်တွေးတဲကလူရူး
    တာဘဲ။ဒေသခံတွေကိုဘယ်လိုအကျိုးပြုမှာလဲဆိုတာပါမှမပါဘဲ
    Saw Naung ရေညင်းမော်ရွာကိုမရွှေ့ဘဲလုပ်နိုင်တယ်လို့ထင်
    ရင်ခင်ဗျားသွားလုပ်ပါလား

    ReplyDelete
  11. ကိုကြီးကျော်ရေဒေါသမကြီးပါနဲ့အားလုံးကစုပေါင်းတိုက်မှရမှာပါ။သဘာဝပတ်ဝန်းကျင်ဆိုင်ရာပညာရှင်တချို့ရဲ့အကူ
    အညီလိုအပ်နေပါတယ်၊ရှိရင်ညွှန်ကြားပေးပါ။ဆက်သွယ်ကြပါခင်ဗျား။ အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျား။

    ReplyDelete
  12. ကောင်းတွေနဲ့ကအဆိုးတွေကများတယ်လို့ထင်ပါတယ်။ခုလို့ကန့်ကွက်ကျေးဇူးတင်ပြီး ချီးကြူးလိုက်ပါတယ်။ဟန်ဝင်း
    ကဒက်ကြီးကျေးရွာသား applekyaw14@gmail.com

    ReplyDelete
  13. ကို right ရေ။ ကျွန်တော့် နံမည် က တစ်ဆင့် google account ပေါ်မယ် ထင်ပါတယ်ဗျာ။ share စရာရှိရင် welcome ပါ။ ၀ိုင်းကြ ၀န်းကြ ဖို့ အသင့်ပါ။ ကျွန်တော်က ပတ်ဝန်းကျင် ပညာရှင် တော့ မဟုတ်ဘူး။ ဒါပေမယ့် အသိုင်းအ၀န်းနဲ့ မိတ်ဆွေ တွေ ကို အကူအညီ တောင်းကြည့်ပါမယ်။ အချက်အလက် များများရလေ ပိုကောင်းလေပါပဲ။ ပြည်တွင်း မှာ ကို ပညာရှင်တွေ အင်အား အတန်အသင့်ရှိနေပြီ ထင်တယ်ဗျ။ ပြည်ပ ကလည်း လက်နှေးကြမယ် မထင်ပါဘူး။ ကိုယ့်ဖက်က သေချာဖို့ပဲလိုပါတယ်။

    ReplyDelete
  14. ကိုဟန်ဝင်းကကဒက်ကြီးသားဆိုတော့ထဲထဲဝင်ဝင်ကုညီပေး
    စေချင်ပါတယ်၊တရုတ်တွေကကျွန်ုပ်တို့နိုင်ငံကောင်းဖို့စဉ်း
    စားပေးဖူးလို့လားဒေသအမှန်တကယ်တိုးတက်မယ့်စီမံကိန်း
    ဆိုအမြဲကြိုဆိုနေပါတယ်။
    ကိုစောနောင်ရေတတ်နိုင်သလောက်ကူညီပေးပါဦးဗျ။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။