Pages

Saturday, September 1, 2012

၃၁ နှစ်တဲ့ဗျာ..

၃၁ နှစ်တဲ့ဗျာ
(၃၁) နှစ်တဲ့ဗျာ …
အရေးအကြောင်းတွေက စလာခဲ့ပြီပေါ့ … ကျွန်တော်တို့ရဲ့ အတွေးအခေါ်တွေက ထက်မြက်နေဆဲ။
(၃၁) နှစ်တဲ့ဗျာ …
ခြေလှမ်းတွေက နှေးကွေးလာစမြဲ … ကျွန်တော်တို့ရဲ့ လှမ်းချက်တွေက တက်ကြွနေဆဲ။
(၃၁) နှစ်တဲ့ဗျာ …
အရွယ်နှောင်းလို့ ဖေးမကူတွဲ … ကျွန်တော်တို့ရဲ့ ဖေးမမှုက လူသားမျိုးစုံဘဲ။
(၃၁) နှစ်တဲ့ဗျာ …
ဖြတ်သန်းမှုတွေက ဘဝမျိုးစုံဘဲ … ကျွန်တော်တို့ရဲ့ ဘဝတွေကတော့ သီလလုံဆဲ။
(၃၁) နှစ်တဲ့ဗျာ …
ဇရာဖက်ကို ခြေလှမ်းလာပြီဘဲ … ကျွန်တော်တို့က လောကကြီးတစ်ခုလုံးကို နုပျိုနေအောင်ဖေးမနေဆဲ။
(၃၁) နှစ်တဲ့ဗျာ့ …
ကျွန်တော်နဲ့ သူမတို့က မယိမ်းမယိုင်ရှိနေဆဲ … ကျွန်တော်တို့ရဲ့ ဦးတည်အရပ်ကား အစဉ်ထာဝရ
ငြိမ်းချမ်းနေမည့် အရပ်ဒေသတစ်ခုဘဲ။
(ကျော်သူ)
(သြဂုတ်လ (၃၁) ရက်နေ့တွင် ကြရောက်သော ကျွန်တော် ကျော်သူနှင့် ကျွန်တော့်ရဲ့ ပါရမီဖြည့်ဖက် ရွှေဇီးကွက်တို့၏ မင်္ဂလာနှစ် (၃၁) နှစ်မြောက် နေ့ရက်အတွက် ပြည်ပမှ ရေးဖွဲ့လိုက်တဲ့ နှလုံးသားထက်မှ စာသားစု)
(မျက်လုံးချင်း ဘယ်လောက်ဝေးဝေး နှလုံးသားချင်း နီးနီးလေးရှိနေဖို့ပါဘဲ)

တိုင်းပြည်အကျိုး၊ အများအကျိုး မနားမနေ ထမ်းရွက် သယ်ပိုးဆောင်ရွက်နေတဲ့ လက်တွဲညီလှတဲ့  အကိုကြီး ကိုကျော်သူနှင့် အမမရွှေဇီးကွက်တို့ရဲ့ ၃၁နှစ်မြောက် မင်္ဂလာနေ့ရက်မှသည်.. နောင်နှစ်(၁၀၀)တိုင်ပြီး တိုင်းကျိုး၊ ပြည်ကျိုး၊ အများအကျိုးကို ဆက်လက် သယ်ပိုး ထမ်းဆောင် နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်...။

ဒီမိုဝေယံ

5 comments:

  1. ကိုကျော်သူနှင့်မမရွှေဇီးကွက်တို့
    မိသားစုနောက်နှစ်ပေါင်း ၁၂၀ တိုင်
    အများအကျိုးကိုဒီထက်မကသယ်ပိုး
    ရင်းအေးချမ်းသာယာစွာဘ၀ကိုဖြတ်
    သန်းနိုင်ပါစေ။
    စီးပွါးလာဘ်လာဘတိုးပွါးပြီ။
    ကောင်းကျိုးလိုအင်ဆန္ဒပြည်ဝပါစေလို့
    မေတ္တာရှေ့ထားပြီးဆုတောင်းပေးလိုက်ပါတယ်။

    ReplyDelete
  2. အ ကို က ဆောင် ရွက် မယ် ဆို အ မ က ကူညီ အ မ ဆော င် ရွ က် မ ယါဆို အ ကို ဝိုင်း ဝန် စိ တ် တူ ကိုယ် တူ အ မျိုး ဘာ သာ သာ သ နာ ကိုယ် ကျိုး မ ဖက် အ များ အတွ က် ဆ ထက် တ ပိုး ဆောင် ရွ က် ရ င် အ နှ စ် ၁၂၀ တိုင် ပါ စေ

    ReplyDelete
  3. ကိုကျော်သူ နှင့် မရွှေဇီးကွက် တို့ အတွက်အစဉ်လေးစားဂုဏ်ယူလျှက်...........အဝေရာလူမှုကူညီရေးအသင်းဝင်များ,ပေါက်မြို့။

    ReplyDelete

  4. ကိုကျော်သူ - မရွှေဇီးကွက် တို့ အများအကျိုး ကို
    စိတ်လက်ချမ်းသာစွာ ဆောင်ရွက်နိုင်ပါစေ။ မိသားစု လည်း ကောင်းကျိုး လိုရာဆန္ဒ တစ်လုံးတစ်ဝတည်း ပြည့်စုံပါစေ။

    ReplyDelete
  5. အများအကျိုး ကိုယ့်ကျိုးမဖက် ဆထက်ထမ်းပိုးဆာင်ရွက်နိုင်ပါစေ

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။