စစ်ပွဲဆိုတာလူသတ်ပွဲလူသတ်ပွဲကိုမလိုတဲ့ပြည်သူတွေကတောင်းဆိုသံ"စစ်ပွဲ" ကိုရပ်။တုတ်မပါ ဓားမပါ။ဆဲတာမပါ။သူတို့တောင်းဆိုတာ "ငြိမ်းချမ်းရေး""လူသတ်ရေး" မဟုတ်ဘူး။လူမသတ်စေချင်တဲ့ ပြည်သူလူသတ်ချင်နေသူရဲ့ အတုံ့အပြန်ငြိမ်းချမ်းရေးတောင်းဆိုသူတွေကိုဖမ်းမတဲ့။ငြိမ်းချမ်းရေးကို ပြည်သူကလိုနေပြီငြိမ်းချမ်းရေးကို ဘယ်သူက မလိုတာလဲ။ငြိမ်းချမ်းရေးကို ပြည်သူက နားလည်နေပြီငြိမ်းချမ်းရေးကို ဘယ်သူက နားမလည်တာလဲ။စစ်သားတွေကို ရှေ့တန်းပို့တာ ဘယ်သူလဲစစ်သားတွေကို သေနတ်ပေးတာ ဘယ်သူလဲစစ်သားတွေကို ပစ်မိန့်ပေးတာ ဘယ်သူလဲဘယ်သူ လူသတ်ချင်နေတာလဲသယ်သူ ငြိမ်းချမ်းရေးကို မလိုချင်တာလဲသွေးဆာနေတာ ဘယ်သူလဲဒီလောက် သွေးဆာနေရင်ကိုယ်တိုင်သေနတ်ထမ်းပြီးရှေ့တန်းထွက် ကျည်ဆံကြားမှာ သွားတိုက်ပါ ဗိုလ်ချုပ်ကတုတ်ကျင်းထဲက သေမင်း ကျည်ဆံတွေကြား ကိုယ်တိုင် သွားပါ ဗိုလ်ချုပ်မြေပြင် မိုင်းတောထဲ ခြေအပြတ်ခံ၊ လက်အပြတ်ခံ ကိုယ်တိုင် တောနင်းပါ ဗိုလ်ချုပ်ဒါမှ မဟုတ် ညကလပ်မှာ ဘီယာထိုင်စုပ် နေတဲ့ဗိုလ်ချုပ်သားကို စစ်ယူနီဖောင်းဝတ်ရှေ့တန်းစစ်မျက်နှာထွက်ခိုင်းပြီးပြည်ချစ်သားကောင်းကြီး လုပ်ခိုင်းလိုက်ပါ ဗိုလ်ချုပ်ခြေမွေးလက်မွေး မီးမလောင်တဲ့ ဗိုလ်ချုပ်သမီးရှေ့တန်းမှာ စစ်သားတွေပျော်ဖို့ ဖျော်ဖြေရေး ပို့လိုက်ပါ ဗိုလ်ချုပ်။ခုတော့မျက်နှာမွဲ စစ်သားတစ်ယောက်လခလေး ၂ ပဲ ၆ ပြားအတွက်အသက်ကို ပေးရမတဲ့။ညီအစ်ကိုချင်း သတ်ရမတဲ့။တရားတဲ့ အမိန့်လား။ဘယ်သူသေသေဘယ်သူပြတ်ပြတ်တိုင်းပြည်မှာဒုက္ခိတ တစ်ယောက်တိုးလာမယ်မုဆိုးမ တိုးလာမယ်အဖမဲ့ သားနဲ့သမီး တွေ တိုးလာမယ်။
နိုင်ငံတကာမှာ ဆန္ဒမပြရတဲ့ပရဝဏ် မရှိဘူးထင်တာပါပဲ။ even infront of white house its ok နောက်ပြီးတောင်းဆိုတဲ့ဆန္ဒကလဲ "ငြိမ်းချမ်းရေး" ပါဒါနဲ့တောင် ကန့်သတ်ချက်တွေရှိနေသေးတာပဲnew emerging political modle တစ်ခုတဲ့လား။ မြင်ယောင်နေမိတယ်ဗျာ။
ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။
စစ်ပွဲဆိုတာ
ReplyDeleteလူသတ်ပွဲ
လူသတ်ပွဲကိုမလိုတဲ့
ပြည်သူတွေကတောင်းဆိုသံ
"စစ်ပွဲ" ကိုရပ်။
တုတ်မပါ ဓားမပါ။
ဆဲတာမပါ။
သူတို့တောင်းဆိုတာ "ငြိမ်းချမ်းရေး"
"လူသတ်ရေး" မဟုတ်ဘူး။
လူမသတ်စေချင်တဲ့ ပြည်သူ
လူသတ်ချင်နေသူရဲ့ အတုံ့အပြန်
ငြိမ်းချမ်းရေးတောင်းဆိုသူတွေကို
ဖမ်းမတဲ့။
ငြိမ်းချမ်းရေးကို ပြည်သူကလိုနေပြီ
ငြိမ်းချမ်းရေးကို ဘယ်သူက မလိုတာလဲ။
ငြိမ်းချမ်းရေးကို ပြည်သူက နားလည်နေပြီ
ငြိမ်းချမ်းရေးကို ဘယ်သူက နားမလည်တာလဲ။
စစ်သားတွေကို ရှေ့တန်းပို့တာ ဘယ်သူလဲ
စစ်သားတွေကို သေနတ်ပေးတာ ဘယ်သူလဲ
စစ်သားတွေကို ပစ်မိန့်ပေးတာ ဘယ်သူလဲ
ဘယ်သူ လူသတ်ချင်နေတာလဲ
သယ်သူ ငြိမ်းချမ်းရေးကို မလိုချင်တာလဲ
သွေးဆာနေတာ ဘယ်သူလဲ
ဒီလောက် သွေးဆာနေရင်
ကိုယ်တိုင်သေနတ်ထမ်းပြီး
ရှေ့တန်းထွက် ကျည်ဆံကြားမှာ သွားတိုက်ပါ ဗိုလ်ချုပ်
ကတုတ်ကျင်းထဲက သေမင်း ကျည်ဆံတွေကြား ကိုယ်တိုင် သွားပါ ဗိုလ်ချုပ်
မြေပြင် မိုင်းတောထဲ ခြေအပြတ်ခံ၊ လက်အပြတ်ခံ ကိုယ်တိုင် တောနင်းပါ ဗိုလ်ချုပ်
ဒါမှ မဟုတ် ညကလပ်မှာ ဘီယာထိုင်စုပ် နေတဲ့
ဗိုလ်ချုပ်သားကို စစ်ယူနီဖောင်းဝတ်
ရှေ့တန်းစစ်မျက်နှာထွက်ခိုင်းပြီး
ပြည်ချစ်သားကောင်းကြီး လုပ်ခိုင်းလိုက်ပါ ဗိုလ်ချုပ်
ခြေမွေးလက်မွေး မီးမလောင်တဲ့ ဗိုလ်ချုပ်သမီး
ရှေ့တန်းမှာ စစ်သားတွေပျော်ဖို့ ဖျော်ဖြေရေး ပို့လိုက်ပါ ဗိုလ်ချုပ်။
ခုတော့
မျက်နှာမွဲ စစ်သားတစ်ယောက်
လခလေး ၂ ပဲ ၆ ပြားအတွက်
အသက်ကို ပေးရမတဲ့။
ညီအစ်ကိုချင်း သတ်ရမတဲ့။
တရားတဲ့ အမိန့်လား။
ဘယ်သူသေသေ
ဘယ်သူပြတ်ပြတ်
တိုင်းပြည်မှာ
ဒုက္ခိတ တစ်ယောက်တိုးလာမယ်
မုဆိုးမ တိုးလာမယ်
အဖမဲ့ သားနဲ့သမီး တွေ တိုးလာမယ်။
နိုင်ငံတကာမှာ ဆန္ဒမပြရတဲ့ပရဝဏ် မရှိဘူးထင်တာပါပဲ။
ReplyDeleteeven infront of white house its ok
နောက်ပြီးတောင်းဆိုတဲ့ဆန္ဒကလဲ "ငြိမ်းချမ်းရေး" ပါ
ဒါနဲ့တောင် ကန့်သတ်ချက်တွေရှိနေသေးတာပဲ
new emerging political modle တစ်ခုတဲ့လား။
မြင်ယောင်နေမိတယ်ဗျာ။