Pages

Monday, September 24, 2012

ငြိမ်းချမ်းရေးဆန္ဒပြပွဲ ဦးဆောင်သူလေးဦး တရားစွဲခံရ

ခွင့်ပြုချက်မယူဘဲ စီတန်းလှည့်လည်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ ကိုမိုးသွေး၊ ကိုကျော်ဗိုဗို၊ မဖွေးယုမွန်နဲ့ မခင်စန္ဒာညွန့်တို့ လေးဦးဟာ မြို့နယ်ရဲစခန်းတွေကို ဒီကနေ့ သွားရောက်နေပြီး သူတို့ကို တရားခံအဖြစ် ရဲစခန်းတွေက သုံးနှုန်းနေတဲ့အပေါ် ကန့်ကွယ်တယ်လို့ မခင်စန္ဒာညွှန့်က RFA ကို ပြောပါတယ်။

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မှာ ဦးဆောင် ပါဝင်ခဲ့ကြသူ
တွေထဲက ကိုမိုးသွေး၊ ကိုကျော်ဗိုဗို၊ မဖွေးယုမွန်နဲ့ မခင်စန္ဒာညွန့်တို့ လေးဦးဟာ စက်တင်ဘာလ ၂၂ ရက်နေ့ ညက လှိုင်မြို့နယ်ရဲစခန်းကို အာမခံ (၈) ဦးနဲ့ သွားရောက် ဖြေရှင်းခဲ့ပါတယ်။

လှိုင်မြို့နယ်ရဲစခန်းမှာ စစ်ချက်တွေကို ရေးသားရာမှာ တရားခံအဖြစ် အသုံးမပြုဖို့ တောင်းဆိုခဲ့ပြီး ရဲစခန်းက သဘောတူတာကြောင့် သူတို့လေးဦး ခံဝန်လက်မှတ် ရေးထိုးခဲ့ကြတာလို့ သိရပါတယ်။

ဒါပေမယ့် ဒီကနေ့ကျန်ရှိနေတဲ့ မြို့နယ်ရဲစခန်းတွေထဲက ရဲစခန်း (၆) ခုကို သွားရောက်ရာမှာတော့ တရားခံအဖြစ် သုံးနှုန်းထားတာကို တွေ့ရတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် ဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင်ခဲ့သူ လေးဦးဟာ မြို့နယ်ရဲစခန်းတွေကို သွားရောက်နေရဆဲဖြစ်ပြီး အာမခံမပါဘဲ ဖြေရှင်းနေတယ်လို့ ပြောပါတယ်။
 
သတင်း...RFA

4 comments:

  1. ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ဆန္ဒဖေါ်ထုတ်ပွဲ ဆိုတာရှိနေရမှာပါ။

    ReplyDelete
  2. တရားဝင်ခွင့်ပြုချက်တောင်းပြီး ဆန္ဒဖေါ်ထုတ်ခွင့်ပြုတဲ့ခေတ် ရောက်နေပြီပဲဗျာ.. အဓိကနဲ့သာမညကို ခွဲခြားမြင်သင့်တယ်။

    ReplyDelete
  3. အသစ်ကမ္ဘာကိုတည်ဆောက်လျှောက်လှမ်းနေပြီ။

    ဒါပေမယ့် government service mechanism ရဲ့ frontline နဲ့ middle level တွေမှာရှိတဲ့လူတွေအများစုမှာ လုံလောက်တဲ့ ဥာဏ်အမြော်အမြင်, ပညာ , IQ , experience & exposure တွေတော်တော်အားနည်းနေသေးတာ နိုင်ငံ့ရှေ့ရေးရင်လေးစရာပါပဲ။

    ReplyDelete
  4. အသစ်ကမ္ဘာကိုတည်ဆောက်လျှောက်လှမ်းနေပြီ။

    ဒါပေမယ့် government service mechanism ရဲ့ frontline နဲ့ middle level တွေမှာရှိတဲ့လူတွေအများစုမှာ လုံလောက်တဲ့ ဥာဏ်အမြော်အမြင်, ပညာ , IQ , experience & exposure တွေတော်တော်အားနည်းနေသေးတာ နိုင်ငံ့ရှေ့ရေးရင်လေးစရာပါပဲ။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။