ဒီတပတ် တနင်္လာနေ့လွှတ်တော်မှာ ဦးအောင်သိန်းလင်းရဲ့ စားကျက်မြေဆိုင်ရာ အဆိုကို ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် NLD အမတ်တွေ၊ ဒီမိုကရက်တစ်ပါတီအမတ်တွေနဲ့
ဒါပေမယ့် လွှတ်တော်မှာ အင်အားအများဆုံးဖြစ်တဲ့ ကြံ့ဖွံ့ပါတီအမတ်တွေက ထောက်ခံတဲ့အတွက် မဲအများဆုံးရပြီး ပြည်သူ့လွှတ်တော်က ဒါကို လက်ခံဆွေးနွေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်တို့က ဘာကြောင့် ကန့်ကွက်ရပါသလဲ ဆိုတာ စိတ်ဝင်စားစရာပါ။
ဦးအောင်သိန်းလင်းအဆိုက "တိုင်းနှင့်ပြည်နယ် အသီးသီးတွင် စားကျက်မြေများကို ဌာနဆိုင်ရာ အမည်ဖောက်၍လည်းကောင်း၊ ကုမဏီအမည်ဖောက်၍လည်းကောင်း ခွဲဝေချထားပြီး တောင်သူလယ်သမားများကို ထိုမြေများ၌ စိုက်ပျိုးစေပြီး ဌာနဆိုင်ရာများ၊ ကုမဏီများမှ သီးစားခရယူနေခြင်းများ ရှိနေပါသဖြင့် လယ်ယာမြေကို အမှန်တကယ် လုပ်ကိုင်နေသူများ လယ်သမားများကိုသာ ဦးပိုင်အမည်ပေါက် သတ်မှတ်၍ လုပ်ကိုင်ခွင့် ချထားပေးသင့်ကြောင်း" တဲ့။
စာစီထားတာ ဖတ်ကြည့်ရင်တော့ လယ်သမားတွေအတွက် ရှေ့ရှုတင်တဲ့အဆိုလို့ ထင်ရပါတယ်။ ဒါပေမယ့် နောက်ကွယ်က ၀ှက်ဖဲကိုလည်း သံသယ ရှိနေကြတာပေါ့လေ။
သုံးသပ်သူတချို့ကတော့ တောင်ဥက္ကလာပအမတ် ဦးအောင်သိန်းလင်းက သူ့သိက္ခာပြန်ဆယ်ချင်လို့ လယ်သမားအရေးဆိုင်ရာ အဆိုကို တင်တယ်လို့လည်း မြင်ကြတယ်။ တကယ်သာ ဒီအဆိုကို လက်ခံဆွေးနွေးပီး ဥပဒေဘာညာ ထွက်လာရင် ဦးပိုင်အမည်ပေါက် ဟာ တကယ့်လယ်သမားတွေနာမည် ဖြစ်ဖို့တော့ သတိထားသင့်တယ်လို့ သုံးသပ်ကြတယ်။
ကန့်ကွက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကိ
ကဲ ... လာပြန်ပြီ။ ဖွဲ့စည်းပုံနဲ့ ငြိတဲ့ နောက်တခု။ ဘယ်လိုငြိတာပါလဲ။
ဇယား ၃ ပါ ဥပဒေပြုစာရင်းတွေထဲမှာ စားကျက်မြေများထိန်းသိမ်းရေ
ပြည်နယ် တိုင်းလွှတ်တော်တွေရဲ့ ဥပဒေပြုခွင့်အာဏာကို ပြည်သူ့လွှတ်တော်က ဥပဒေပြုဖို့ တင်တဲ့အမတ်က တင်တယ်။ ဆွေးနွေးဖို့လည်း ထောက်ခံတယ်ဆိုတော့ ဗိုလ်ပြုတ် အမတ်တွေ ကိုယ့်ခေါင်းဆောင်ကြီးရေးခဲ
၂၀၀၈ ဖွဲ့စည်းပုံပါ ဇယား ၃ ကို ပူးတွဲ ဖော်ပြလိုက်ပါတယ်။
ဇယား ၃
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတ
(ပုဒ်မ ၁၉၆ ကို ရည်ညွှန်းသည်)
၁။ မြို့ပြနှင့် ကျေးရွာ စီမံကိန်းများ
၂။ လမ်းတံတားများ ဖောက်လုပ်၊ တည်ဆောက်၊ ပြုပြင်ထိန်းသိမ်းရေး၊
၂။ ပြည်သူ့ကျန်းမာရေး
၎။ စည်ပင်သာယာရေးလုပ်ငန်း၊
၅။ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး
၆။ စားကျက်မြေများ ထိန်းသိမ်းရေး
၇။ သစ်တော်များ ကာကွယ်ထိန်းသိမ်းရေး
၈။ ပြည်ထောင်စုက ပြဌာန်းသည့် ဥပဒေနှင့်အညီ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး
၉။ မြို့နှင့် ကျေးရွာများအတွင်း ရေနှင့် လျှပ်စစ်မီးဆိုင်ရာကိစ္စ၊
၁၀၊ မြို့များနှင့် ကျေးရွာများ၏ ဈေးများဆိုင်ရာကိစ္စ၊
ပုဒ်မ ၁၉၆။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတ
aung thein linn,his face is without kyetthayae look like phargoung,that,sure.
ReplyDeleteAung Thein Lin is a very stupid fellow.စားကျက် မြေ ကိုမည်သူကိုမှခွဲ ဝေ ချ ထားခ်ြင်းမပြု သင့်။တလက်မ တမိုင် မြေ ပုံ တွင် ဖေါ်ပြ ထား သည်။ကျွဲ နွား များဘာသွားစါးမလဲ။ကျွဲ နို့၊နွားနို့ ကနေလယ်သမားတွေဝင် ငွေ၇ဘို့လိုတယ်။
ReplyDeleteနွား မို့ လို့ စားကျက်မြေလာလုတာပေါ့ကွ
ReplyDelete