Pages

Saturday, September 8, 2012

ကဗျာဆရာ (ရီး) အတွက်

ဖေ့ဘုတ်ကို ဖွင့်ကြည့်
ဖတ်မိလိုက်တဲ့ ကဗျာတစ်ပုဒ်
(ရီး) တွေ ချည်းပဲထပ်နေ
ညည်းနေတဲ့ ကဗျာဆရာကို
(ရီး) ဆရာလို့ပဲ တခုတ်တရ ခေါ်လိုက်မယ်။

ညီငယ် မိုးသီး
(ရီး) ပဲကွာလို့ ဆဲပြီး
မင်းလဲပဲ ပြန်ခဲ့တော့
ရန်မကုန်တဲ့ ရန်ကုန်
ကြိုပုံက ခပ်သင်းသင်း
အတင်းပဲကို သဲသဲလှုပ်မကြို
ထင်သလို မဖြစ်တော့
မိုးသီး
မင်းပြန်တာ ဆောလွန်းတယ်တဲ့။

(ရီး) ဆရာ ကဗျာဖတ်
သြော် ငါတို့ကို သူ ဆဲရေး
နိုင်ငံ့အရေး ပြောသလို
နောက်ဆုံးမတော့
သြော် ..သူ ရန်ကုန်ကို ဆဲနေတာပါလား။

တိုင်းပြည်ကို တကယ်ချစ်
အနှစ်နဲ့အကာ
ခွဲကွာပြီး သိချင်သလား။

ဆင်းရဲနေတာ ဒီမှာ
ချို့တဲ့နေတာ ဒီမှာ
အမေဒီမှာ ငွေရှာပြီး လှမ်းပို့လိုက်တယ်
ကြိုက်တာသုံးရော့ ဆိုပြီး
သူတို့ တစ်ခါ ပို့ဖူးသလား။

အမေ့ဆီက ပြေးလာသလား
လာ...ဒီမှာ နေရာရှိတယ်။
လာ..ဒီမှာ လာနေလှဲ့
အနည်းဆုံး ပေါင်မုန့်နဲ့ ထောပတ်တော့ စားရမှာပေါ့။
သို့ပေမယ့် မင်း...ဆဲတတ်ရမယ်။

လေယာဉ်ပျံကြီးစီး
အမေရိကားကပြန်လာ
သရက်က၊ မြစ်ကြီးနားက လာသူနဲ့တော့
ကြိုပုံ ဘယ်တူပါ့မလဲ။

ကိုယ့် သမိုင်းကို ကဗျာနဲ့ရေး
(ရီး)လေးတော့ မထပ်စေချင်
နေချင်ရင်နေ၊မနေချင်သဘော
ဦးသန့် ကျွန်းပေါ်မှာ
အမေရိကား အိပ်မက် မက်ပြီးတော့
နေလိုက်ဦးပေါ့။

တို့တော့ ဒီမှာ
အမေ့ ရေကိုသောက်
အမေ့အိမ်အောက်မှာပဲ
ရေကြီးကြီး မိုးရွာရွာ
ဖ၀ါးမခွာပဲ နေတော့မယ်။

သူများ အိပ်မက်
တို့မမက်ချင်
ကိုယ့်တိုင်းကိုယ့်ပြည်
ချမ်းသာဆင်းရဲ
ဘယ်ခါ မခွဲပဲ
ထမင်းရည်သောက်ပြီး နေတော့မယ်။

ထောပတ်က အီတတ်လား။
ပေါင်မုန့်က သိုးတတ်လား။
ဂျိုးမတက်ခင်မှာ
(ရီး)ဆရာ ပြန်လာခဲ့
တို့တတွေလို ခပ်ကုပ်ကုပ်
ခပ်နုပ်နုပ် နေနိုင်ရင်
ငစိန်ဆန် အတူစား
တံခါး ဟပေးထားတယ်။
ပြန်ခဲ့တော့ (ရီး) ဆရာ။


ဖေ့ဘုတ်ပေါ်မှာ အမှတ်တမဲ့တွေ့မိလိုက်သည့် ကဗျာဆရာတစ်ဦး အတွက် (၇/၉/၂၀၁၂)
source: facebook ဒေါက်တာလွှမ်းမိုးဟန်

7 comments:

  1. good better best !!!!!!!!!!

    ReplyDelete
  2. သြော်... "ရီး" ကဗျာတွေနဲ့ တိုင်းပြည်ကိုထူထောင်ကြမတဲ့လား..။
    အဲဒီ တစ်ယောက်နဲ့တစ်ယောက် "ရီး" နေတာ တွေကြောင့်ပဲ တိုင်းပြည်လည်း ဖွတ်မွဲပြာကျ ဖြစ်ခဲ့ပြီ။ ဖွတ်ဖြစ်တာတောင် ဂုဏ်မဟုတ်တာကို ဂုဏ်လုပ်ပြီး "ရီး" လို့ကောင်းကြတုန်းပဲလား...
    "ရီး".. ပဲကွာ..။

    ReplyDelete
  3. Excellent patriotic poem!

    ReplyDelete
  4. Replies
    1. ချစ်တဲ့သူငယ်လေ
      တောင်ကျချောင်းတေး
      ရေဝင်ပြေးခဲ့တာတောင်
      ဒီလိုမကြမ်းတမ်းခဲ့ဘူး
      ဧရာဝတီရဲ့အားပါတဲ့ရေစီးနှုန်းလည်းဒီလောက်မရိုင်းစိုင်းဘူ့းငါ့ရင်တို့ ။ပျားသကာ။င့လိုချိုလှစေတဲ့ငါတို့ရဲ့အက္ခရာခန့်ညားပြီးသား

      Delete
    2. ချစ်တဲ့သူငယ်လေ
      တောင်ကျချောင်းတေး
      ရေဝင်ပြေးခဲ့တာတောင်
      ဒီလိုမကြမ်းတမ်းခဲ့ဘူး
      ဧရာဝတီရဲ့အားပါတဲ့ရေစီးနှုန်းလည်းဒီလောက်မရိုင်းစိုင်းဘူ့းငါ့ရင်တို့ ။ပျားသကာ။င့လိုချိုလှစေတဲ့ငါတို့ရဲ့အက္ခရာခန့်ညားပြီးသား

      Delete
  5. ငါတို့ရဲ့သမိုင်းသည်ငါတို့ကိုယ်တိုင်ဖြစ်၍
    မည်သည့်ပဂ္ဂလအမှားကိုမျှလက်မခံသလို
    အမြတိမ်းညွတ်မှုမရှိ
    အရေးကြုံသမျှ
    ကိုယ့်သွေးနဲ့ကိုယ်ပဲရေးခဲ့ရတာ
    ချစ်တဲ့သူငယ်လေ
    ပျားသကာလိုချိုလှစေငါ့ရှင်တို့ညှဲ့

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။