နိုင်ငံတော်သမ္မကြီး ဦးသိန်းစိန် သိပါစေရန် တင်ပြအပ်ပါသည်။
၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ (၆) ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့ မုံရွာပရိယတ္တိ စာသင်တိုက်အတွင်းမှာ မထသအသင်းရဲ့ အမှုဆောင်ရွေးချယ်ပွဲ ပြုလုပ်ခဲ့ပါတယ်။ အဲဒီရွေးချယ်ပွဲကို
ဧရာဝတီတိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးဝန်ကြီး ဦးသန်းထွန်း၊
တိုင်းရေကြောင်းဦးစီးမှုး၊ တိုင်းပို့/ဆက်ဦးစီးမှုး၊
ခရိုင်အုပ်ချုပ်ရေးမှုး၊ ခရိုင်ကညနဦးစီးမှုး၊ မြို့နယ် အုပ်ချုပ်ရေးမှုး စသည့် တိုင်း/ခရိုင် ဌာနဆိုင်ရာလူကြီးများ ပေါင်းစုံပါဝင်ပါတယ်။
ထိုရွေးချယ်ပွဲမှာ
ယခင်မထသဥက္ကဌဟောင်းအား ယာဉ်ပိုင်ရှင်များမှ ငွေစာရင်းများ မရှင်းလင်း၊
ယာဉ်လုပ်သားများအား ဆဲရေးတိုင်းထွာခြင်း၊ ငွေစာရင်းများကိုလည်း
လက်မှတ်အတုများထိုးပြီး လိမ်လည်ခြင်း စသည့် အချက်များကို ထောက်ပြပြီး
ပြန်လည်ရွေးချယ်ခံခြင်းကို ကန့်ကွက်ခဲ့ပါတယ်။ ထိုကန့်ကွက်ခြင်းအဆိုကိုလည်း
တက်ရောက်လာကြတဲ့ ယာဉ်ပိုင်ရှင်များက လက်ခုပ်လက်ဝါးများတီးပြီး တညီတညွတ်တည်း ထောက်ခံခဲ့ကြပါတယ်။
သို့ပါသော်လည်း တိုင်းဒေသကြီး သယ်/ပို့ဝန်ကြီးမှ လူထုသဘောထားကို အမှုမထားပဲ ပြန်လည်ရွေးချယ် ခံစေခဲ့ပါတယ်။ အဲဒီနေ့က
မထသဥက္ကဌဟောင်းဖြစ်တဲ့ တပ်မတော်အငြိမ်းစား ဗိုလ်ကြီးဟာ မုံရွာစာသင်တိုက်
ဓမ္မာရုံအတွင်းမှာ ဖိနပ်ကို အစည်းအဝေးပြီးသည်အထိ မချွတ်ပဲစီးနေခဲ့ပြီး
လူပုံအလယ်မှာဘာသာ သာသနာကို စော်ကားပြသခဲ့ပါတယ်။ ဒါကို တိုင်းဒေသကြီး
ဝန်ကြီးကိုယ်တိုင် မြင်တွေ့ပါလျက် တစ်စုံတစ်ရာ ဟန့်တားခြင်း၊ တားမြစ်ခြင်း
လုံးဝမရှိခဲ့ပါဘူး။ အငြိမ်းစားဗိုလ်ကြီးဟောင်းဖြစ် လို့ အရပ်သားဝန်ကြီးက မပြောရဲ မဆိုရဲဖြစ်နေပုံရပါတယ်။
မထသဥက္ကဌဖြစ်ရမည့် သူသည် အသက်အရွယ်အားဖြင့် ၃၅နှစ်မှ ၆၀အတွင်း ဖြစ်ရမည်ဟု
သတ်မှတ်တဲ့ အခါမှာလည်း တိုင်းပို့/ဆက်ဦးစီးမှုးမှ ဥက္ကဌဟောင်း
ပြန်လည်ရွေးချယ်ခံနိုင်ရေးအတွက် ၆၅နှစ်အထိ
တိုးမြှင့်သတ်မှတ်ပေးခဲ့ပါတယ်။ (ဂ) လိုင်စင်ဖြင့် တောရွာများကို
လိုင်းပြေးဆွဲနေတဲ့ သုံးဘီးဆိုင်ကယ်များကို ခရီးသည်တင်မဟုတ်ဟု
သတ်မှတ်ခဲ့ပြီး ပြန်လည်အရွေးခံခွင့် ရရှိရေးအတွက် တစ်လအတွင်း (ဂ) လိုင်စင်ရယူထားသော မထသဥက္ကဌပိုင်
အိမ်စီးဇိမ်ခံကားကိုတော့ (ခ) လိုင်စင် ခရီးသည်တင်ကားအုပ်စုနှင့်
ထည့်ပေါင်းပြီး ရွေးချယ်ခံစေခဲ့ပါတယ်။
အခုတော့ တက်ရောက်ခဲ့ကြသည့် မြို့မိမြို့ဖများ၊ ယာဉ်ပိုင်ရှင်များ သဘောပေါက် နား လည်လိုက်ပါပြီ ပြန်လည်ရွေးချယ်ခံမည့် ဥက္ကဌဟောင်းရဲ့ ပြစ်ချက်တွေ ထောက်ပြတာကိုလည်း အပြစ်လို့မမြင် ဗုဒ္ဒဘာသာဝင် တစ်ယောက်ဖြစ်ပါလျက် ဘုရားဓမ္မာရုံအတွင်း လူပုံအလယ် ဖိနပ်စီးခြင်းကိုလည်း မဟန့်တား အဲဒီနေ့က မြန်အောင်ကိုလာရောက်ရွေးချယ်တဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ်ရဲ့ အထူးကိုယ်စားလှယ်ကော်မရှင်အဖွဲ့ ရဲ့ ဘက်လိုက်မှုများ အကျင့်ပျက်ခြစားမှုများကို သိလိုက်ရပြီး ကမ္မ၀ါမကြောက်တဲ့ ဘုန်းကြီးတစ္ဆေ မထသဥက္ကဌဟောင်း (အငြိမ်းစားတပ်မတော်အရာရှိ) ကိုပဲ
ပြန်လည်ရွေးချယ်ပြီး ယာဉ်ပိုင်ရှင်များနှင့် ပြည်သူများကတော့
စီတန်းလှည့်လည် သပိတ်မှောက် ဆန္ဒပြရန် ဆုံးဖြတ်လိုက်ကြပါတော့တယ်။
မြန်အောင် မြို့မိမြို့ဖများနှင့် ယာဉ်ပိုင်ရှင်များ


၁၉၆၂ တုန်းက တိုင်းပြည်ချောက်ထဲ ကျဖို့ လက် ၂ လုံးအလိုမှာ ဗိုလ်ချုပ်ကြီး ဦးနေဝင်းဦးဆောင်တဲ့ မြန်မာ့တပ်မတော်က ကယ်တင်လိုက်တာ ချောက်ထဲကျရုံ မကဘူး အဝီစိ ရောက်သွားတယ်။ ၁၉၈၈ မှာ တိုင်းပြည်ကို ဦးစောမောင်နဲ့ သန်းရွှေ ခေါင်းဆောင်တဲ့ စစ်တပ်က ကယ်တင်လိုက်တာ ပြည်သူတွေ အကုန်ဆင်းရဲပြီး၊ တစ်တိုင်းပြည်လုံး လာဘ်ပေးလာဘ်ယူစနစ်ထွန်းကားပြီး တိုင်ပြည် ပျက်လာတယ်။ ၂၀၁၀ မှာ မြန်မာ့တပ်မတော်က တိုင်းပြည်ကို အရပ်သားအစိုးရ အသွင်ပြောင်းပြီး ကယ်တင်လိုက်တာ မြန်မာတစ်ပြည်လုံး နိုင်ငံခြားတိုင်းပြည်တွေကို ရောင်းစားတော့မယ်။ မြန်မာတွေ မြန်မာမြေကို မပိုင်ကြတော့ဘူး။
ReplyDeleteထင်ရှားတာ တစ်ခုကတော့ ...
လက်ပံတောင်းတောင်နားက ရွာသူရွာသားတွေ နေလာတာ နှစ်ပေါင်း ထောင်ချီနေပြီ။ သူတို့မြေ သူတို့ရေ မဆုံးရှုံးဘူး။ မြန်မာတပ်မတော်ကြီးကာကွယ်လိုက်မှ ပဲ တရုတ်လက်ထဲ ရောက်သွာတော့တယ်။
ဒါတင်ပဲလားဆိုတော့
ReplyDeleteမဟုတ်သေးပါဘူး
ခု OIC ကိုခေါ်သွင်းပီးတစ်မျိုးသားလုံးကို
ကုလားဇတ်သွင်း၊ရောင်းစားဖို့လုပ်နေတာလဲ
တပ်မတော်ပဲ..သိန်းစိန်ဆိုတာလဲ.စစ်တပ်ကစစ်ဗိုလ်ပဲ
တစ်ကြိတ်ထဲတစ်ဥာဏ်ထဲ.ဒီပုတ်ထဲကဒီပဲတွေချည်းပဲ။