Pages

Monday, November 5, 2012

ဦးဉာဏ်ဝင်း ဂျာနယ်နှစ်စောင်အား တရားစွဲမှု အထမြောက်




ယခုနှစ် စက်တင်ဘာလအတွင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြည်တွင်းထုတ် ဂျာနယ်နှစ်စောင်အား တရားစွဲဆိုမှုတွင် မန္တလေးတိုင်းတရား ရုံးမှ၎င်းအမှုကို လက်ခံရန် အမိန့်ချမှတ် လိုက်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက် ပွဲကာလတွင် အန်အယ်ဒီပါတီ၏ ဗဟိုအောင်နိုင်ရေးမန်နေဂျာအဖြစ် တာဝန်ယူခဲ့သူ ဦးဉာဏ်ဝင်းကဆန္ဒမဲ လက်မှတ်များတွင် ဖယောင်းသုတ် ထားသည်ဟု မီဒီယာများအား ပြောဆိုခဲ့ပြီး ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်မှ မမှန်မကန်သတင်းပေး မှုဖြင့် တရားစွဲဆိုထားချိန်တွင် "စာမဖတ်တဲ့သတင်းစာဆရာ၊ ဒီမိုကရေစီမသိတဲ့ ဒီမိုကရေစီ ဘက်တော်သား"ဟု ယင်းဂျာနယ် နှစ်စောင်က ရေးသားဖော်ပြထားပြီး တရားရုံးမှ အမိန့်မချမှတ်မီ အပြစ်ရှိ ကြောင်း ကြိုတင်ရေးသားခြင်းဖြစ်သည့် အတွက် တရားရုံးမထီမဲ့မြင်ပြုမှုဖြင့် ဦးဉာဏ်ဝင်းမှ တရားစွဲဆိုခြင်းဖြစ်သည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ Messenger ဂျာနယ်မှ တာဝန်ခံအယ် ဒီတာကိုသူရအောင်က " ဂျာနယ် နှစ်စောင်ကို တရားစွဲမယ်လို့ပြောတာ၊ ဥပဒေစိုးမိုးရေးအတွက်လို့ပြောတယ်၊ ဒီဂျာနယ်နှစ်စောင်ကို တရားစွဲလို့ တရားဥပဒေစိုးမိုးရေးက တကယ်ပဲ အထောက်အကူဖြစ်ပြီလားပေါ့၊ နောက် ပြီး ဒီလိုတရားစွဲလိမ့်မယ်လို့ မျှော်လင့် မထားဘူး" ဟု ၄င်းကပြောသည်။ "ကျွန်မတို့ကလည်း တအား ထိခိုက်အောင်မလုပ်ပါဘူး၊ ဂျာနယ် နှစ်စောင်ကို သိလောက်အောင်ပဲ လုပ်မှာပါ" ဟု ဒေါ်အောင်ဆန်းစုကြည် က သူမ၏ အမေရိကန်ခရီးစဉ် သတင်းစာရှင်းလင်းပွဲတွင် ပြောကြား ခဲ့သည်။ 

သတင်း ..လူထုပုံရိပ်

1 comment:

  1. “နေပြည်တော် အုပ်ချုပ်သူ သူခိုး တာဝန်ယူမှု”

    နေပြည်တော်သည် မြန်မာနိုင်ငံ၌ နောက်ဆုံး တည်ထောင်သော မြို့တော်ဖြစ်ပြီး ကမ္ဘာ့အဆင့်မှီ တည်ဆောက်ရန် ရည်ရွယ်ထားပါသည်။ အုပ်ချုပ်ရေးမြို့တော် အဖြစ်လည်း လူသိများပါသည်။

    နေပြည်တော်သည် အုပ်ချုပ်သူ သမ္မတများ၊ စစ်တပ်ဗိုလ်ချုပ်ကြီးများ နှင့် အုပ်ချုပ်ရေး ဆိုင်ရာ တာဝန်ရှိ အစိုးရများ၏ ရုံးစိုက်ရာနေရာဖြစ်ပြီး၊ အုပ်ချုပ်သူ နှင့် အနီးဆုံး နေရာလည်း ဖြစ်ပါသည်။

    နေပြည်တော်တွင် မြို့တော် အင်္ဂါနှင့် ညီညွတ်ရေးအတွက် ဒက္ခိဏသီရိ၊ ဥတ္တရသီရိ၊ ပုဗ္ဗသီရိ အစရှိသည့် မြို့နယ်များကိုလည်း တည်ဆောက် ထားသည်။ ထိုမြို့နယ် များတွင် အိမ်များဆောက်ထားပြီး လူမနေနိုင်သည့် အတွက် သူခိုးများ ပျော်ပါးကျက်စားရာ စားကျက်ဖြစ်လာနေသည်။ တည်ဆောက်ရေး လုပ်ငန်းများမရှိသည့် အတွက် ဝမ်းစာရှာရန် ခက်လာသော အနယ်နယ် အရပ်ရပ်မှ နေ့စား၊ လစား အလုပ်သမားများ၏ စားဝတ်နေရေးမှာလည်း ခက်ခဲ နေကြပြီ ဖြစ်သည်။ အလုပ်အကိုင် အခွင့်အလမ်းများမရှိ ခြင်း နှင့် အုပ်ချုပ်သူတို့၏ ပြည်သူတို့ အိုးအိမ် လုံခြုံရေး အပေါ် တာဝန်ယူမှု ကင်းမဲ့မှုကြောင့် ထိုမြို့နယ်များတွင်
    - ဆောက်ပြီးသော အိမ်များမှ ပြူတင်းတံခါးများ ဖြုတ်ခိုးခြင်း

    - သစ်သား နှင့် သွပ်ပြားများ ဖြုတ်ခိုးခြင်း

    - အိမ်ရှင်ဟန်ဆောင်လျက် အိမ်အလုံးလိုက်ကို ကားဖြင့်လာပြီး ဖြုတ်ခိုးခြင်းများ (ဂိုဏ်းဖွဲ့ကာ ခိုးသည့် အဆင့်ဖြစ်သည်၊ ဆောက်လုပ်ရေး လုပ်သူများပင် ပါနိုင်သည်) အထိ

    ဖြစ်ပွားနေပါသည်။


    ထို့ကြောင့် နေပြည်တော် သည် အုပ်ချုပ်သူများနှင့် အနီးဆုံး လက်လှမ်းအမီဆုံး နေရာဌာနဖြစ်ပါလျက် သူခိုးထူပြောနေသည်ကို အုပ်ချုပ်သူ အစိုးရများသည် ၎င်းတို့၏ တာဝန်ကို တာဝန်ယူမှုမရှိဘဲ ပျက်ကွက် နေသည် ဟု ဆိုရမည် ဖြစ်ပါသည်။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။