Pages

Thursday, December 13, 2012

မန္တလေးတိုင်းဒေသကြီး အိမ်မြေတန်ဖိုးသတ်မှတ်ရေးအဖွဲ့ရဲ့လုပ်ငန်းဆောင်ရွက်ရာတွင် အကျင့်ပျက် ခြစားမှုများကို ပြန်လည် ဖော်ထုတ်အရေးယူဆောင်ရွက်နိုင်ပါရန် တင်ပြခြင်း (တိုင်ကြားစာ)

မန္တလေးတိုင်းဒေသကြီး အိမ်မြေတန်ဖိုးသတ်မှတ်ရေးအဖွဲ့ရဲ့လုပ်ငန်းဆောင်ရွက်ရာတွင် အကျင့်ပျက် ခြစားမှုများကို ပြန်လည် ဖော်ထုတ်အရေးယူဆောင်ရွက်နိုင်ပါရန် တင်ပြခြင်း

 မြန်မာနိုင်ငံ တစ်ဝှမ်းလုံးမှာ အိမ်၊မြေ အစရှိတဲ့ မရွှေ့မပြောင်းနိုင်တဲ့ အခြေပစ္စည်းများကို ၀ယ်ယူသူ တည်ဆောက်သူ အခွန်ထမ်းပြည်သူများအား နိုင်ငံတော်အစိုးရမှ အခွန်သက်သာခွင့်အနေနဲ့ ၀ယ်ယူ တည်ဆောက်တဲ့ တန်ဖိုးပေါ်မှာ တံဆိပ်ခေါင်းနှင့် အမြတ်ခွန် (၁၅%) မေးဆောင်စေဖို့ လျော့ပေါ့သတ်မှတ်ပြီး ကျသင့်အခွန်ကို ပေးဆောင်စေခဲ့ပါတယ်။

၎င်းစီမံချက်ဟာ ပြီးခဲ့တဲ့ (၂၀၁၂ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့)မှာ နောက်ဆုံးထား၍ ခွင့်ပြုခဲ့ပါတယ်။ ယ္ခုအခါမှာတော့ ၀ယ်ယူ၊တည်ဆောက်လို့ ကုန်ကျငွေအပေါ်မှာ အမြတ်ခွန်သီးသန့် (၃၀%) ကောက်ခံမယ်လို့ သိရပါတယ်။ အဲဒီစီမံချက်မှာ အဓိက ပုဂ္ဂိုလ်ကတော့ တိုင်းတန်ဖိုးသတ်မှတ်ရေးအဖွဲ့ရဲ့ ဥက္ကဌဖြစ်တဲ့ တိုင်းဒေသကြီးအခွန်ဦးစီးမှူးနှင့်၎င်း၏တပည့်များဖြစ်တဲ့ ဦးအောင်လင်း(ဦးစီးအရာရှိ)နှင့် ဦးကျော်ဌေး(အကြီးတန်းစာရေး)တို့ ဖြစ်ပါတယ်။ မန္တလေးမြို့ပေါ်ရှိ အိမ်မြေ၀ယ်ယူ တည်ဆောက်သူများဟာ ဖေါ်ပြပါ ပုဂ္ဂိုလ်ထဲမှာ အထောက်အထားတင်ပြပြီး တန်ဖိုးသတ်မှတ်ပြရပြီး အခွန်ထမ်းဆောင်ကြရပါတယ်။ ဒီနေရာမှာ အဖွဲ့ဥက္ကဌရဲ့ လုပ်ငန်းဆောင်ရွက်မှုကို အများသိစေရန် အနည်းငယ်တင်ပြလိုပါတယ်။ ကျန်တဲ့အဖွဲ့ဝင်များဟာ တိုင်းဒေသကြီး အခွန်ဦးစီးမှူးမှ တန်ဖိုးသတ်မှတ်ချက်အတိုင်း လိုက်လံလက်မှတ်ထိုးဆောင်ရွက်နေရပါတယ်။

________တန်ဖိုးသတ်မှတ်တဲ့အခါမှာ စံနှုန်းမထားရှိဘဲ စာချုပ်ရဲ့ ရက်စွဲမှာ မည်သည့်နှစ်က ချုပ်သည်ဖြစ်စေ လက်ရှိနှစ်ရဲ့ပေါက်ဈေးဖြင့်သာသတ်မှတ်သဖြင့် မူလ၀ယ်ယူချိန်က တန်ဖိုးထက် (၂ ဆ ၊ ၃ ဆ) များနေခြင်း လက်ရှိနှစ်တွင် ချုပ်ဆိုတဲ့စာချုပ်ဖြစ်သည့်တိုင် ၄င်းနှင့် ညှိနှိုင်းလုပ်ကိုင်ပါက အမှန်တန်ဖိုးရဲ့ (၅၀%) ၊ (၆၀%) ခန့်ဖြင့်လျော့နည်း သတ်မှတ်ပေးခြင်း လမ်းနေရာခြင်းတူ ရပ်ကွက်နေရာခြင်းတူသည့် မြေကွက်ကို ၄င်းတို့နှင့်  ညှိနှိုင်းဆောင်ရွက်သည့် မြေကွက်ကသာဈေးနှုန်း လျှော့ပေါ့၍ တန်ဖိုးဖြတ်ခြင်း ညှိနှိုင်းဆောင်ရွက်ခြင်းမရှိသည့် မြေကွက်များကို တန်ဖိုးမြှင့်ဖြတ်ခြင်း အစရှိတဲ့ အကျင့်ပျက်ခြစားမှုများ မသမာမှုများကို တွေ့ရှိနေရပါတယ်။

မည်သို့မျှ ပြန်လည်တင်ြပခွင့် မရှိသဖြင့် နိုင်ငံတော်မှ လျော့ပေါ့ပေးသည့် အခွင့်အရေးကို ဆုံးရှံးခဲ့ရသူများစွာ ရှိခဲ့ကြပါတယ်။ အထူးသဖြင့်(၂၀၁၂) ခုနှစ် (ဇူလိုင်လ နှင့် သြဂုတ်လ) (၁၀)ရက်) (ကုန်ဆုံးရက်မတိုင်မီ) ရက်များအတွင်းက လုပ်စားခဲ့တာဖြစ်ပါတယ်။ ယ္ခု စီမံချက်ရပ်ဆိုင်းပြီးနောက် ဆက်လက်၍ တန်ဖိုးဖြတ်ခံရမည့် အခွန်ထမ်းပြည်သူများအနေနဲ့ တန်ဖိုးဖြတ်တင်ပြရန်စိုးရွံနေကြရကြောင်း တာဝန်ရှိလူကြီးများ သိရှိစေရန်နှင့်  အကျင့်ပျက်ခြစားမှုများကို ပြန်လည်စိစစ် ဖော်ထုတ်အရေးယူဖို့ လိုအပ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

 လေးစားစွာဖြင့် (ရှေ့နေများ)

14 comments:

  1. စားနေကြတာပါဘဲ.........

    ReplyDelete
  2. ဒီလိုဘဲ ဟိုဘက်ကစားလိုက်...... ဒီဘက်ကလှည့်စားလိုက်နဲ့.....

    ReplyDelete
  3. ရှေ့နေများက ညှိနှိုင်းမရလို့ ပူညံပူညံလုပ်နေတာ....
    ယခင်က ညှိနှိုင်းလုပ်စားနေတာ...

    ReplyDelete
  4. အိမ်ခြံမြေ တန်ဖိုးဖြတ်တာ ပုံသေနှုန်းထားများကို ပြည်သူတစ်ရပ်လုံး ထင်သာမြင်သာ သိရှိစေရန် ကြော်ငြာထားသင့်သည်.. (သို့မဟုတ်) အရောင်းအ၀ယ် (အခြေ/အခြား)ဥပဒေ ပြင်သင့်သည်။

    ReplyDelete
  5. လူတွေ ဥပဒေရဲ့အားနည်းချက်ကို လုပ်စားလို့မရအောင် မူနှင့် ဥပဒေပြင်သင့်သည်....

    ReplyDelete
  6. အခုမှ လုပ်စားတာမဟုတ်ဘူး.... ဦးအောင်မိုးကြည် မန္တလေးတိုင်းအခွန်ဦးစီးမှူး လုပ်စဉ်ကတည်းက လုပ်စားနတာ....

    ReplyDelete
  7. အရေးယူလျှင် လာဘ်ပေးသူကို ထိထိရောက်ရောက် အရေးယူပါ.....

    ReplyDelete
  8.ိိနိုင်ငံတော်ဘဏ္ဍာငွေဖြစ်မဲ့ ငွေကြေးတွေ အိမ်ခြံမြေ အရောင်းအ၀ယ် လျော့နည်းတန်ဖိုးသတ်မှတ်ခြင်း၊ ငွေဖြူ (အမခ-၁၂)အတုလုပ်ပြီး ဦးစီးရုံးနှင့်ပူးပေါင်း ဆောင်ရွက်နေသဖြင့် နှစ်စဉ် ကျပ်ငွေ ဘီလီယံချီ လျော့နည်းနေပါသည်...

    ReplyDelete
  9. Customs လည်း Valuation (တန်ဖိုးဖြတ်)ကြောင့် ယခုပြသနာတက်နေတယ်.....ပြည်တွင်းအခွန်လည်း တန်ဖိုးဖြတ်(ယာဉ် / မြေ အိမ်)အပေါ်မှာ လုပ်စား နေတယ်...

    ReplyDelete
  10. ပြသနာတက်နေသော မန္တလေး၊ ရန်ကုန်ရှိ မြို့နယ်ကြီး များကို ရောက်ရှိဖို့ သိန်းရာထောင်ချီပေးရတယ်... ၄င်းပေးပြီးငွေကို ကာမိအောင်လုပ်စားနေကြတာ... အရေးယူပေးကြပါအုံး......

    ReplyDelete
  11. တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် အစိုးရအဖွဲ့မှ ဒီအတိုင်းဘဲ ကြည့်နေကြမှာလား.........

    ReplyDelete
  12. အဖြူပေါ်အမဲတင်ထားတဲ့ကိစ္စ အမှုတွဲ(၂)တွဲလောက် စစ်လိုက်ရင်ပေါ်ပါတယ်....

    ReplyDelete
  13. ဖနှောင့်နှင့် ဖိနပ် မတော်တာ ဖနှောင့်ကို ဓါးနှင့်ဖြတ်လို့ မဖြစ်ဘူး..... ဖိနပ်ကို လဲစီးပါ (လူတွေကိုအရေးယူနေလည်း ပြီးမှာမဟုတ်ဘူး... ဥပဒေကို လုပ်စားလို့မရအောင်ပြင်ပါ... ကြိုးနီစနစ် ဖယ်ရှားပါ...)

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။