Pages
Wednesday, December 5, 2012
“တရုတ်ကိုကြောက်ရပါတယ်ဆိုတဲ့ စကားက ရေရှည်မြန်မာပြည်ကို တရုတ်ကျွန်ဇာတ်သွင်းဖို့ လမ်းခင်းနေတာလို့ယူဆရတဲ့ စကားပဲ” ဟံသာဝတီဦးဝင်းတင်နှင့် တွေ့ဆုံခြင်း..
“တရုတ်ကိုကြောက်ရပါတယ်ဆိုတဲ့ စကားက ရေရှည်မြန်မာပြည်ကို တရုတ်ကျွန်ဇာတ်သွင်းဖို့ လမ်းခင်းနေတာလို့ယူဆရတဲ့ စကားပဲ” 
ဟံသာဝတီဦးဝင်းတင်နှင့် တွေ့ဆုံခြင်း
December 4, 2012
Home, သတင်း
သမ္မတရုံးဝန်ကြီးဌာနပြည်ထောင်စု ၀န်ကြီးဦးအောင်မင်းမှပြီးခဲ့သည့် နိုဝင်ဘာ (၂၆) ရက်နေ့၌ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသို့ရောက်ရှိခဲ့ပြီး ခရီးစဉ် အတွင်း လက်ပံတောင်းတောင်ဒေသရှိ ရွာသူရွာသားများ၊ ရွာ (၂၆) ရွာမှ တင်မြှောက်ထားသော ကိုယ်စားလှယ်များ နှင့် တွေ့ဆုံခဲ့ပြီး ယင်းဒေသရှိသံဃာတော် များအား တွေ့ဆုံလျှောက်ထားရာ၌ မိမိ တို့အနေဖြင့် တရုတ်ကိုကြောက်ရကြောင်း၊ ၈၈ အရေးအခင်းကာလအတွင်းတိုင်းပြည် တွင်စားစရာမရှိ၍ တရုတ်မှရိက္ခာသွင်းခဲ့ ရ၍ ပြည်သူများအသက်ဆက်ခဲ့ရကြောင်း နှင့် တရုတ်အားရန်မဖြစ်ရဲကြောင်း လျှောက်ထားပြောဆိုခဲ့ခြင်းအပေါ်ဝါရင့် သတင်းစာဆရာကြီးတစ်ဦးဖြစ်သူဟံသာ ၀တီဦးဝင်းတင်အား Hot news မှ တွေ့ဆုံ ၍ ယင်းစကားများ၏ တိုင်းပြည်နှင့် လူမျိုး အပေါ်သက်ရောက်မှုများအပေါ်အမြင် သုံးသပ်ချက်များအားမေးမြန်းဖြစ်ခဲ့ပါသည်။
ဦးအောင်မင်းလက်ပံတောင်းတောင်ဒေသ ခံသံဃာတော်တွေနဲ့ တွေ့တဲ့အခါတုန်းက တပည့်တော်တို့ဟာအရေးအခင်းကာလ က စားစရာမရှိလို့တရုတ်ဆီက ရိက္ခာ သွင်းရလို့အသက်ဆက်ခဲ့ရတယ်လို့ဆိုပါ တယ်။ ဘဘ တကယ်ရောအဲဒီအချိန်က တိုင်းပြည်မှာ စားစရာမရှိအောင်ငတ်ခဲ့တဲ့ အနေအထားမျိုးဖြစ်ခဲ့ပါသလား။
သူပြောတော့ ၈၈ အရေးတော်ပုံကြီး မှာ တုန်းကစားစရာမရှိလို့တရုတ်ကနေ သွင်းပြီး ပြည်သူတွေအသက်ဆက်ခဲ့ရ တယ်တဲ့။ ၈၈ တုန်းက လူထုက အစိုးရ တစ်ရပ်ပြောင်းဖို့ ဒီမိုကရေစီအသွင်ကူး ပြောင်းပေးဖို့ဆန္ဒပြတာပဲ။ အဲဒီတုန်းက တိုင်းပြည်မှာ စားစရာမရှိအောင်ငတ်နေ တယ်ဆိုတာ ကျွန်တော်လုံးဝလက်မခံဘူး။ အဲဒီတုန်းက တိုင်းပြည်မှာ အခြေအနေ တွေ ဘယ်လိုပဲဖြစ်နေပါစေ။ရိက္ခာဖြတ်ပြီး ငတ်တယ်ဆိုတာမျိုးလုံးဝမဖြစ်ခဲ့ဘူး။ ဦးအောင်မင်းပြောတဲ့ တိုင်းပြည်မှာ အဲဒီ တုန်းကစားစရာမရှိလို့ တရုတ်ကသွင်းရ တာကြောင့် အသက်ဆက်ခဲ့ရတယ်ဆို တာဟာ ချဲ့ကားပြောတဲ့စကားတရုတ်ကို စန်းတင်တဲ့စကားပဲ။ ကျွန်တော်ဒီလိုပဲဖြစ် တယ်။
ဟုတ်ကဲ့ နောက်ဝန်ကြီးဦးအောင်မင်းပြော တဲ့ထဲမှာ “တရုတ်ကိုကြောက်ရတယ် ရန်မ ဖြစ်ရဲဘူး”လို့ပါပါတယ် အဲဒီစကားအပေါ် ဘဘရဲ့အမြင်ကိုသိပါရစေ။
သူပြောတဲ့ထဲမှာ တရုတ်ကကယ်ခဲ့ လို့အဲဒီကျေးဇူးလေးတွေကိုပြန်ကြည့်ရ မယ်ဆိုတာပါတယ်။ တရုတ်ကယ်ခဲ့တာ တရုတ်ရဲ့ ကျေးဇူးရှိတာ မြန်မာပြည်သူ တွေရဲ့ အပေါ်မှာမဟုတ်ဘူး။ သူတို့အပေါ် မှာ။ အာဏာရှင်အစိုးရရဲ့ အပေါ်မှာပဲရှိ တာ။ မြန်မာပြည်သူတွေအပေါ်တရုတ် ကျေးဇူးဘာမှမရှိဘူး။ တရုတ်ကိုကြောက် စရာရှိလည်း သူတို့ပဲကြောက်မှာ။ မြန်မာ ပြည်သူတွေ တရုတ်ကို ဘယ်တော့မှ မကြောက်ဘူး။ ကျေးဇူးတင်စရာရှိလည်း သူတို့ပဲကျေးဇူးတင်။ 
သူ့ကိုပြောချင်တာက မြန်မာ့သမိုင်းကိုပြန်ကြည့်ပါ။ မြန်မာတွေ တရုတ်ကိုဘယ်တော့မှ မကြောက်ခဲ့ဘူး။ ဘယ်တော့မှလည်းကြောက်မှာမဟုတ်ဘူး ဆိုတာသိရလိမ့်မယ်။ ကုန်းဘောင်ခေတ် တို့၊ ပုဂံခေတ်တို့မှာ တရုတ်တွေဘက်စစ ပြီးရန် စကျူးကျော်မှုတွေလုပ်ခဲ့တာပဲ။ အဲဒီတုန်းက မြန်မာတွေက တရုတ်ကို ကြောက်ပြီး ငြိမ်ခံနေခဲ့လို့လား။မနေခဲ့ဘူး။ တရုတ်ကို ပြန်တော်လှန်ခဲ့တာပဲ။ ဦးအောင်မင်းပြောတဲ့ထဲမှာ တရုတ်ကို ရန်မဖြစ်ရဲဘူးလို့ဆိုတာပါတယ်။ မြန်မာ တွေဟာ ရန်မဖြစ်ရဲတာမဟုတ်ဘူး။ ရန်မဖြစ်တတ်တာ။ကိုယ့်အိမ်နီးချင်းအပေါ် ရိုင်းပင်းတာကူညီတာ။ အဲဒါကို ခုတုံးလုပ် ပြီး။ တရုတ်တွေမြန်မာ့နိုင်ငံရေးကိုကစား ခဲ့တာလေ။မြန်မာတွေရန်မဖြစ်ရဲတာမဟုတ်ဘူး ရန်မဖြစ်ချင်တာ။
ကျွန်တော်တို့မြန်မာတွေဟာ တရုတ်ကို လုံးဝမကြောက်ခဲ့ဘူးဆိုတာနဲ့ ပတ်သက် ပြီးခိုင်မာတဲ့သမိုင်းသာဓကတစ်ခုကို ဘဘ ရဲ့ အတွေ့အကြုံအရပြောပြပေးပါလား။
မြန်မာစာပေမှာ ကာချင်းဆိုတာရှိ တယ်။ အဲဒါဟာ တရုတ်ကို မြန်မာတွေ လုံးဝမကြောက်ဘူးဆိုတဲ့ ခိုင်မာတဲ့သာ ဓကပဲ။ ဘာလို့ဆိုတော့ ပုဂံခေတ်မှာ တရုတ်တွေ မြန်မာပြည်ကိုရန်စကျူးကျော် တဲ့အခါ မြန်မာတွေအနေနဲ့ စည်းစည်း လုံးလုံးတစ်ယောက်ကို တစ်ယောက်ညီရင်း အစ်ကိုစိတ်နဲ့ ဖေးမအားပေးရင်းကနေ ဇာတိမာန်တက်စေမယ့်စစ်သီချင်းတွေ ရေးစပ်သီဆိုကြရာကနေ ကာချင်းဆို တာပေါ်လာတာ။ မန်မာစာပေမှာရှိနေတဲ့ ကာချင်းဆိုတာဟာ မြန်မာတွေ တရုတ် ကိုဘယ်တော့မှ မကြောက်ဘူးဆိုတဲ့ ခိုင်မာတဲ့သာဓကပဲ။ အဲဒီတုန်းက တရုတ် တွေနဲ့ ရန်စကျူးကျော်မှုကို ပြန်တော်လှန် ဖို့ မြန်မာ့စစ်သည်တော်တွေရဲ့ စိတ်ဓာတ် အားမာန်မျိုးချစ်စိတ်ဇာတိမာန်တွေကို ဖြည်းပေးဖို့ စစ်ချီတေးတွေစပ်ခဲ့ရာကနေ ကာချင်းဆိုတာဖြစ်လာတာပဲလေ။ မြန်မာ တွေ တရုတ်ကိုမကြောက်ဘူးဆိုတာသမိုင်း နဲ့ ချီတဲ့သက်သေသာဓကတွေရှိနေပါတယ်။ သမိုင်းကိုသေသေချာချာမလေ့လာလာ သူတွေပဲမသိတာ။
တရုတ်နိုင်ငံအနေနဲ့ရောမြန်မာနိုင်ငံရဲ့ အရေးကိစ္စကြီးငယ်တွေမှာ ရပ်တည်ကူညီ ပေးခဲ့တာ၊ ဦးအောင်မင်းပြောသလို ကယ်တင်ပေးခဲ့တာမျိုးရောရှိပါသလား ဘဘ။
သူပြောတဲ့စကားတွေဖြစ်တဲ့ “တရုတ် ကိုကြောက်ရပါတယ်။ တရုတ်ကယ်တင် ခဲ့ပါတယ်” ဆိုတဲ့စကားတွေကိုကြည့်ရင် ကျွန်တော်တို့ကပဲ တရုတ်ကိုပြန်ပြီးထိုင် ကန်တော့ရမယ့် ပုံစံပေါက်နေပြီ။တကယ် တမ်းသမိုင်းကို ပြန်ကြည့်ရင်အဖြေပေါ်တာပဲ။ 
တရုတ်က မြန်မာပြည်ကိုကယ်ခဲ့တာလား။ ဒါမှမဟုတ်မြန်မာ့နိုင်ငံရေးကို ကစားခဲ့တာလား ရှင်းနေတာပဲ။ 
ဆိုပါစို့။ ကွန်မြူနစ်တွေ တိုင်းပြည်ကို ထိုးစစ်တွေ လုပ်မယ်။ ဆူပူမှုတွေဖြစ်အောင်လုပ်မယ် နောက် မြန်မာပြည်နိုင်ငံရေးကိုပျက်ပြား အောင်လုပ်မယ်ဆိုတော့ အဲဒီကွန်မြူနစ် တွေကို အဲသလိုလုပ်နိုင်ဖို့ထောက်ပံ့ပေး တာဘယ်သူလည်း တရုတ်ပဲ။ နောက်အဲဒီ ကွန်မြူနစ်တွေအခြေအနေဟန်ပုံမရတော့ တရုတ်က အဲဒီတုန်းက စစ်အာဏာရှင် တွေကို ပြန်ထောက်ပံ့တယ်။ သူတို့ပြော နေတဲ့ တရုတ်ကကယ်ခဲ့ပါတယ်ဆိုတဲ့ စကားတွေဟာ သူတို့အမြင်သူတို့ရှုထောင့် ကနေပြောနေတာ ပြည်သူရဲ့အမြင်ရှုထောင့် ကနေပြီးတော့ ပြောနေတာမဟုတ်ဘူး။ ခေါင်းဆောင်ဆိုတာဘာပြောပြော၊ ဘာပဲလုပ်လုပ်ပြည်သူရဲ့ ရှုထောင်မျိုးက နေပြောရတယ်၊ လုပ်ရတယ်။ ဒါမှခေါင်း ဆောင်ပီသမှာ
ဦးအောင်မင်းပြောခဲ့တဲ့ တရုတ်ကိုရန်မဖြစ် ရဲဘူး။ ကြောက်ရပါတယ်”ဆိုတဲ့စကားဟာ ရဲစွမ်းသတိ္တအပြည့်ရှိတဲ့ မြန်မာတွေရဲ့မျိုး ချစ်စိတ်သိက္ခာနဲ့ မာန်မာနအပေါ်ဘယ်လို သက်ရောက်မှုရှိနိုင်ပါသလဲ။
ကျွန်တော်တို့မြန်မာတွေက သူပြော သလိုတရုတ်ကိုဘယ်တော့မှမကြောက်ဘူး။ ဒါပေမဲ့ တိုင်းပြည်ရဲ့ အကြီးအကဲသမ္မတ ကြီးအနားမှာနေတဲ့ ၀န်ကြီးတစ်ယောက် က ဒီလိုစကားမျိုးပြောလိုက်တာဟာ မြန်မာလူမျိုးတွေရဲ့ ဂုဏ်သိက္ခာ၊ ရဲစွမ်း သတိ္တ၊ မာန်မာနနဲ့ မျိုးချစ်စိတ်ကို ချိုးနှိမ့် လိုက်တာ။ရိုက်ချိုးလိုက်တာလို့ပဲ ကျွန်တော် ယူဆတယ်။ ဒီလူရဲ့စကားကြီးကသမိုင်း ဖြစ်သွားမှာ ကျွန်တော်တို့မြန်မာတွေအရင် တုန်းကလည်း တရုတ်ကိုမကြောက်ဘူး၊ ခုလည်းမကြောက်ဘူး၊ နောင်လည်းဘယ် တော့မှမကြောက်ဘူး၊ သူတို့ပဲကြောက်နေ ရင် တရုတ်ဆီသွားပြီးအလုပ်အကျွေးသွား ပြုကြလေ။မြန်မာတွေကတော့တရုတ်လုံး ၀မကြောက်ဘူး။ ခုဦးအောင်မင်းပြောတဲ့ စကားက မြန်မာလူမျိုးတွေကို ချိုးနှိမ့်ရာ လည်းရောက်သလို မြန်မာပြည်ကြီးကို တရုတ်ကျွန် ဇာတ်သွင်းဖို့ကြို လမ်းခင်းနေ တာလို့ပဲယူဆတယ်။
ဘဘခုနက ပြောခဲ့တယ်နော်။ ဦးအောင် မင်းပြောခဲ့စကားသမိုင်းမှာသာ ကျန်ခဲ့မယ် ဆိုရင်နောင်လာမယ့်မျိုးဆက်တွေနဲ့ ဂုဏ်သိက္ခာအပေါ်မှာဘယ်လိုထိခိုက်နိုင် ပါသလဲ။
သမိုင်းမှာကျန်ကိုကျန်ခဲ့မှာ။ ခုသူရဲ့ စကားကို ဂျာနယ်တွေတော်တော်များများ က ဖော်ပြကြပြီး ဒါဟာနောင်သမိုင်းဖြစ် လာမှာ နောင်နှစ်နှစ်ဆယ်၊ သုံးဆယ်၊ လေး ဆယ်ပြီးတော့ နောက်ရာချီပြီးနှစ်တွေ ကြာလာတဲ့အခါ တစ်ချိန်က မြန်မာပြည် ကြီးရဲ့ အရေးပါတဲ့ဝန်ကြီးတစ်ပါး၊ သမ္မတ ရဲ့ လက်ရုံး ပုဂ်္ဂိုလ်တစ်ယောက်က တရုတ် ကိုကြောက်ရပါတယ်။ တရုတ်ကိုရန်မဖြစ် ရဲပါဘူး။ တရုတ်ရဲ့ ကျေးဇူးတွေအလွန် ကြီးမားပါတယ်။ တရုတ်ကျေးဇူးတွေ ပြန်ကြည့်ရပါမယ်ဆိုတဲ့စကားတွေဟာ နောင်သမိုင်းမှာသာကျန်ခဲ့ရင် အဲဒီအချိန် မှာရှိနေမယ့်မြန်မာတွေရဲ့ အရှက်တွေ၊ ဂုဏ်သိက္ခာတွေ၊ မာနေတွေကို ရိုက်ချိုး ချိုးနှိမ်ရာရောက်သွားမှာဖြစ်သလို နိုင်ငံ တကာနဲ့ ယှဉ်ရင်လုံးဝခေါင်းမဖော်နိုင် သွားစေမှာအမှန်ပဲ။
နောက်ဆုံးတစ်ခုအနေနဲ့ မြန်မာတွေရဲ့ ဂုဏ်သိက္ခာကို ရိုက်ချိုးလိုက်တယ်လို့ ဘဘယူဆတဲ့ စကားကိုပြောခဲ့တဲ့သူအပေါ် မှာရော ဘယ်လိုဝေဖန်ချင်ပါသလဲ။
ခုချိန်ဟာ တိုင်းပြည်တည်ဆောက် ရေးကာလဖြစ်နေတဲ့အတွက် ပြည်သူတွေ ရဲ့ မျိုးချစ်စိတ်ကအရမ်းကိုအရေးပါနေ တယ်။ ဒီအချိန်မှာ ပြည်သူတွေရဲ့ မျိုးချစ် စိတ်၊ ဇာတိမာန်ကို ညှိုးစေမယ့်စကားမျိုး တွေကို တာဝန်ရှိသူတွေအနေနဲ့ သတိ ထားသင့်တယ်။ ခုဦးအောင်မင်းတရုတ်ကို ကြောက်ပါတယ်ဆိုတဲ့ စကားမျိုးပြောတယ်။ အဲဒီစကားပြောတဲ့သူက သာမန် အရာရှိလောက်ဆို ကျွန်တော်မပြောဘူး။  သမ္မတအနားမှာနေတဲ့   ၀န်ကြီးတစ်ပါး။ နောက်သူ့ရဲ့အတွေးအခေါ်
အယူအဆ ပြောစကားတွေဟာ သမ္မတရဲ့ အတွေး အခေါ်အယူအဆတွေ ပြောစကားတွေ လို့တောင်ယူဆလို့ရတာ။ 
  နောက်သူက သမ္မတနားက၀န်ကြီးတွေထဲမှာ အထင် ရှားဆုံးနဲ့ လူသိအများဆုံးလူလေ။အဲသလို မျိုးသမ္မတရဲ့ လက်ရုံးတစ်ယောက် နိုင်ငံ တော်သမ္မတရဲ့ အသံကိုထင်ဟပ်ပြောဆို နေတဲ့ ပုဂ်္ဂိုလ်တစ်ယောက်က ဒီလိုစကား မျိုးတွေကို လုံးဝလုံးဝကို မပြောသင့်ပါ ဘူး။ သေသေချာချာစဉ်းစားချင့်ချိန်ပြီးမှ ပြောသင့်ပါတယ်။ ကျွန်တော်ကတော့ ဒီလိုပဲမြင်ပါတယ်။
ဟုတ်ကဲ့ဘဘ ခုလိုဖြေကြားပေးတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်။
ခန့်ခန့်(ဒဿနိက)
အေးချမ်းမွန်မှ The Hot News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From : The Hot News
6 comments:
  1. တရုတ်ကိုကြောက်ရပါတယ်ဆိုတဲ့ စကားက ရေရှည်မြန်မာပြည်မှာစစ်အုပ်စုဆက်ပီးအာဏာတည်မြဲဖို့နဲ့စစ်မှန်တဲ့ပြည်သူ့ကိုယ်စားပြုအစိုးရ မပေါ်ပေါက်ဖို့အရေးတွေမှာတရုတ်ကကူညီထောက်ခံမပေးမှာကိုသူတို့အရမ်းစိုးရိမ်စိတ်ပူနေတာလို့ယူဆရတဲ့ စကားပဲ”
    ReplyDelete
  2. "ကျနော်တို့က တရုတ် ကိုလည်း ကြောက်နေရတယ်" လို့ ဝန်ကြီးမင်း နမိတ်ဖတ်ပြီး၊ မကြာပါဘူး လက်ပံတောင်းတောင် မှာဆန္ဒပြနေကြတဲ့ ရဟန်းရှင်၊ ပြည်သူ အပေါင်းရက်စက်စွာ မီးလောင်တိုက် အသွင်းခံရတော့ဒါပါပဲ။ သုံးချက်တွက်နည်းနဲ့ တွက်ကြည့်လျှင်၊ အဖြေက ရှင်းရှင်းလေးပါ။ "လူကြောက် ဆိုဒါ၊ ခိုင်းဒါအကုန်လုပ်ရမှာပဲ"။ သူ့ဆန်စားထား စားပြီးထားပြီးပြီပဲ၊ သူခိုင်းတဲ့အတိုင်း လုပ်ပေါ့၊
    ReplyDelete
  3. ကျွန်တော်အမြင်(၂)မျိုးနဲ့ဝေဖန်ကြည်ပါမယ်။ နိုင်ငံရေးတော့ တအားနားမလည်ပါဘူး။ ပြည်သူတစ်ယောက်အနေနဲ့ပါ။
    ၁။ ဦးအောင်မင်း ဟာ သဘောရိုးနဲ့ အရှိအတိုင်းပြောလိုက်တာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
    သူ့ရဲ့ဆွေးနွေးမှုကို ကြည့်လိုက်တော့ လက်ပံတောင်း ကိုယ်စားလှယ် အမ ကို စကားပြောခွင့် နားနားပေးနေတာတွေ့ရတယ်။ သမ္မတ နဲ့ သူတို့မှာ အခက်အခဲတစ်ခုရှိနေတယ်လို့ ယူဆရတယ်။ ဒါကြောင့် သူတို့ကို နားလည်ပေးပါ အချိန်တစ်ခုစောင့်လို့ သူက ပြောနေပုံရတယ်။ ကျားအိုကြီး နဲ့ အပေါင်းအပါ အုပ်စု တွေရဲ့ရန် အကြီးအကျယ်ရှိနေပုံရတယ်။
    သူပြောတဲ့နောက်တစ်ခုက တရုတ်ပြည်ဟာ မြန်မာပြည်အတွက် အကြီးအကျယ် အန္တရာယ်ရှိနေပြီလို့ များ အချက်ပေးလိုက်သလားလို့ခံစားမိတယ်။ တရုတ်ဟာ အနီးကပ်ဆုံး ရန်သူဖြစ်နေပြီ သူတို့ကို လည်မျိုညှစ်နေပြီ ပြည်သူတွေ ကယ်ကြပါအုံးလို့ အချက်ပေးလိုက်သလိုဖြစ်နေသလား တွေးမိပါတယ်။
    တရုတ်ဟာ မြန်မာပြည်အပေါ်မှာ ဘယ်တုန်းကမှ မကောင်းဘူး။ ညစ်ပတ်ဖို့ ကြိုးစားခဲ့တယ်လို့ သူက ဆိုလိုလိုက်တယ်လို့ ထင်ပါတယ်။
    နောက်တစ်နည်း နံပါတ်(၂)က
    သူဟာ သဘောရိုးနဲ့ပြောခဲ့တာ မဟုတ်ပဲ၊ ပြည်သူ့ဖက်က မရပ်တည်ပဲပြောခဲ့တာဆိုရင်၊ အမှန်တကယ် တရုတ်ကို ကျေးဇူးရှင် အရှင်သခင်ကြီးလို့ ယူဆနေတယ်ဆိုရင် မြန်မာအမည်ခံ ဗိုလ်ချုပ်ကြီးတွေဟာ တရုတ်ရဲ့ သူလျှိုအုပ်စုတွေများ ဖြစ်နေမလားလို့ တွေးမိပါတယ်။ အဲသလိုသာ ဖြစ်ခဲ့မယ်ဆိုရင် စစ်အုပ်စု ထိပ်ပိုင်းပုဂ္ဂိုလ်တွေကို သေသေချာချာစုံစမ်းစိစစ်ဖို့လိုနေပြီလို့ထင်ပါတယ်။ အဲသလိုသာဖြစ်နေခဲ့ရင် မြန်မာ့အရေးဟာမတွေးဝံ့စရာဖြစ်ပြီး မြန်မာအမည်ခံ တရုတ်အစိုးရဖြစ်နေပြီလို့ပြောရမလိုဖြစ်နေပါပြီ။ ဘာလို့ အဲလိုထင်ရသလဲဆိုရင် မြန်မာပြည်သူတွေရဲ့အကျိုးစီးပွားကို မကာကွယ်ဘဲ တရုတ်အကျိုးစီးပွားကို ကာကွယ်နေတာရယ်၊ တိုင်းပြည်ရဲ့ အတွင်းပစ္စည်းတွေကို တရုတ်ဆီ ဒလဟော တွန်းပို့နေတာတွေဟာ သံသယ ဖြစ်စရာတွေဖြစ်နေပါတယ်။ ဒါပါဘဲ အမှန်တရားဘဲ မြတ်နိုးပါတယ်။ မြန်မာပြည်သူတွေအေးချမ်းဖို့၊ ကမ္ဘာကြီးအေးချမ်းဖို့ ငြိမ်းချမ်းစွာ ကမ္ဘာသူ/သား တွေ အတူလက်တွဲနေထိုင်နိုင်ဖို့ ကျွန်တော့်အနေနဲ့ လိုလားပါတယ်။
    တရုတ်ပြည်ကို မေတ္တာရပ်ခံချင်တာက ခင်ဗျားတို့ လုပ်ရပ်တွေရပ်တန်းက ရပ်ပါလို့ပြောချင်တယ်။ ကမ္ဘာကြီးက သေးသေးလေးပါ။ ဘယ်သူကမှ ဗိုလ်ကျစိုးမိုး ရန် မဖြစ်နိုင်ပါ။ စိတ်ကူးမယဉ်ပါနဲ့။ အမေရိကန် နဲ့ ဥရောပနိုင်ငံတွေတောင် ဗိုလ်ကျစိုးမိုး ရန် အရင်တုန်းကလို မဖြစ်နိုင်တော့ပါဘူး။ ငြိမ်းချမ်းရေးကိုပဲ ဦးတည်ဆောင်ရွက်ပါလို့ တရုတ်နိုင်ငံ အကြီးအကဲများနဲ့ပြည်သူများကို တိုက်တွန်းပါရစေ...
    အားလုံး ကျန်းမာချမ်းသာကြပါစေ
    ReplyDelete
  4. တရုတ်က ကျေးဇူးရှင် လို့ပြောရ အောင် မြန်မာပြည်
    အတွက် ဘာများကောင်းကျိုးပြုခဲ့ဘူးလို့လဲ။
    မြန်မာပြည်မှာ ဂုတ်သွေးစုတ်ပြီး အမြတ်ထုတ်နေ
    တာကို ဘုရားလိုကိုးကွယ်နေချင် တယ်။
    မြန်မာပြည်မှာပြန်ကြည့်ရင် တရုတ်ပစ္စည်း တွေလွှမ်းမိုးနေတာကို တွေ့နိုင် ပါတယ်။ ဘယ်နိုင် ငံကိုမှပို့လို့မရတဲ့ quality မမှီတဲ့ reject ပစ္စည်းတွေ
    ကို မြန်မာပြည် ကိုဈေးပေါပေါနဲ့ တင် ပို့ပြီး လုပ်စား
    နေတာကို မြန်မာပြည်သူ/ပြည်သားများသိစေချင် ပါ
    တယ်။ တကယ်မှာဆိုရင် တရုတ် ရဲ့ ကျေးဇူးရှင်
    အစစ်က မြန်မာပါဘဲ။ ဦးနုအစိုးရလက်ထက်က
    တရုတ်ပြည်မှာ အငတ်ဘေးကြုံတွေ့ခဲ့စဉ်က
    မြန်မာက ဆန်အိတ်ပေါင်း မြောက်မြားစွာ သွားရောက်ကူညီ ဖူးပါတယ်။ ဒါတောင် လူဦးရေ
    များပြားသောကြောင့် လူတိုင်းလုံလောက်စွာ မရ ရှိ
    တာကြောင့်ဆန်ပြုတ်ပြုတ်သောက်ပြီး အသက်ဆက်ခဲ့ရဘူးတာကို လူတိုင်းသိစေ ချင် ပါတယ်။
    ReplyDelete
  5. တရုတ်ကိုဘယ်တော့မှ မကြောက်ပါဘူး။ တရုတ်ဟာ ဘယ်တော့မှလည်း မြန်မာ့အပေါ်မှာ မကောင်းပါဘူး။ ဘယ်နိုင်ငံအပေါ်မှာလည်း မကောင်းပါဘူး။ သူကောင်းစားရေးအတွက် အချင်းချင်းကို ရန်တိုက်ပေးနေတာပါ။အဲ့ဒါကို သိဖို့လိုပါတယ်။ ဒီကောင်က သတင်းလိုချင်တယ်။ အချင်းချင်းရန်တိုက်ပေးတော့ သူအဆင်ပြေတာပေါ့။ ဒါကိုမြန်မာ့ခေါင်းဆောင်တွေ သိဖို့လိုပါတယ်။ တရုတ်ကိုကြောက်ရတယ်ဆိုရင် ဦးအောင်မင်းနှုတ်ထွက်ဖို့ လိုနေပါပြီ၊ဒီနေရာ၊ ဒီရာထူးနဲ့မထိုက်ပါဘူး။သိဖို့လိုပါတယ်၊ နိုင်ငံခေါင်းဆောင်တစ်ယောက်အနေနဲ့ မပြောသင့်ပါဘူး။ကျွန်တော်လည်း တစ်ချိန်က နိုင်ငံတာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးပါ။ ကိုယ့်နိုင်ငံကိုယ်ကာကွယ်တာ ရှက်စရာမလိုပါဘူး။ တရုတ်ရဲ့ မူဝါဒ၊နိုင်ငံရေးသဘောထား၊ စီးပွားရေသဘောထားတွေကို မကြိုက်နှစ်သက်ပါဘူး။ ဒါကြောင့် ဦးအောင်မင်းအနေနဲ့ တိုင်းပြည်အတွက် ဒီစကားတစ်ခွန်းကိုပြည်သူအတွက်ရော၊တိုင်းပြည်အတွက်ပါ ပြန်လည်တောင်းပန်ဖို့လိုနေပါပြီ၊
    ReplyDelete
  6. အူးအောင်မင်း ခင်ဗျား ကြီးမရှက်ဘူးလား မြန်မာ့သမိုင်းမှာခင်ဗျား နာမည်က ပထမတရုပ်ကြောက်
    ReplyDelete
ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။