ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့် ပြည်ဝင်ခွင့် ဗီဇာပိတ်ပင်ခံနေရ..
မြန်မာပြည်အလယ်ပိုင်း မုံရွာဇာတိဖြစ်တဲ့ ဒေါက်တာလှိုင်မြင့်ဟာ ၈၈အရေးအခင်းကာလမှာ ရှေ့တန်းမှ တက်ကြွစွာ ပါဝင်ခဲ့ပြီး ၁၉၉၆ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်အား ထိုစဉ်က ကွန်ပျူတာ တစုံ(၀မ်းဆက်) လှုဒါန်းခဲ့မှုနဲ့ ပတ်သက်ပြီး ထိုစဉ်က စစ်ထောက်လှမ်းရေးများမှ အငြိုးတေးထားခဲ့ခြင်း ခံခဲ့ရကာ ကျောင်းသားသမဂ္ဂဖွဲ့စည်းရန် လှုံ့ဆ်ာမှုဟူသော အကြောင်းပြချက်ဖြင့် ဖမ်းဆီးခံခဲ့ရပါတယ်။ အမှုတင်တဲ့ အခါမှာတော့ အော်ဇီ channel-9 ကထုတ်လွှင့်တဲ့ မြန်မာပြည်အကြောင်း documentaryရုပ်သံဖိုင်အတွင်း ဒေါ်အောင်ဆန်းစုကြည်၊ ထိုစဉ်ကကုန်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ထွန်းကြည်၊ စီးပွားရေးအကြံပေး ဦးဆက်မောင်တို့အား မေးမြန်းချက် အင်တာဗျူး ( ၁၂-မိနစ် ) ရုပ်သံဖိုင် ဖြန့်ချီမှုနဲ့ဖမ်းဆီးခံခဲ့ရပါတယ်..။ အဆိုပါရုပ်သံဖိုင်မှ ပြောဆိုချက်များအား ကျောင်းသားများအား ဘာသာပြန် ပြောဆိုခဲ့မှုအား နိုင်ငံတော် အကြည်ညိုပျက်အောင် ပြောဆိုမှုဟုဆိုကာ ( ၅/ည)ဖြင့်၇နှစ်။ ဗွီဒီယို ဖြန့်ချီမှုဟုဆို ဗွီဒီယိုအက်ဥပဒေ- ၃နှစ်။ ပေါင်း ၁၀-နှစ် ချမှတ်ခံခဲ့ရပြီး ၁၉၉၆ခုနှစ် မေလ ၂၁ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရပြီး ၂၀၀၂ခုနှစ် နိုဝင်ဘာလ ၂၁ရက်နေ့မှာ ပြန်လည်လွတ်မြောက် လာပါတယ်..။
၂၀၀၆ခုနှစ်မှာတော့ သြစတြေးလျနိုင်ငံကို ရောက်ရှိခဲ့ပြီး လက်ရှိသြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ အခြေချနေထိုင်နေပါတယ်....။ ယနေ့ နိုင်ငံတော်သစ် တည်ဆောက်ရေး လုပ်ငန်းစဉ်များရဲ့ အခြေခံ အဆောက်အဦးများအတွင်း အဓိက အရေးပါတဲ့ လျှပ်စစ်စွမ်းအင် ကဏ္ဍအတွက် ဆရာဒေါက်တာလှိုင်မြင့်ဟာ မိမိကိုယ်ပိုင် စမ်းသပ် တွေ့ရှိထားတဲ့ " ဒီရေစီးအား လျှပ်စစ်စွမ်းအင် "နည်းပညာအား သွားရောက် အကြံပြု ဆွေးနွေးလိုတဲ့ အတွက် ယခုကဲ့သို့ ဗီဇာလျှောက်ထား ရခြင်းဖြစ်ကြောင်း ပြောဆိုပါတယ်..။ ဆရာဒေါက်တာလှိုင်မြင့်ရဲ့ ဒီရေစီးအား လျှပ်စစ်စွမ်းအင် အင်တာဗျူးအား ဆက်လက်ဖ်ာပြပေးပါမယ်..။
၁၉၆၉ခုနှစ် ကြေးမုံသတင်းစာပါ လေးဘာသာဂုဏ်ထူးရှင် ဒေါက်တာလှိုင်မြင့်
ယနေ့ လက်ပံတောင်းတောင် စီမံကိန်း ဖြစ်ရပ်များနဲ့ ပတ်သက်ပြီး မုံရွာဇာတိ ဖြစ်တဲ့ ဆရာရဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအကြောင်းနဲ့ ဦးပိုင်ကုမ္ပဏီအကြောင်း ဆောင်းပါးများ မကြာမှီ ဘလော့ဂ်မှာ ရေးသားဖော်ပြပေးမှာ ဖြစ်ပါတယ်..။ထို့အတူ ဆရာကဲ့သို့ Black List စာရင်းမှာ မပါဝင်ပဲ ဗီဇာပိတ်ပင်ခံရသူများ ရှိပါက.. ဆက်သွယ်ပေးပို့ နိုင်ပါသည်..။
ဒေါက်တာလှိုင်မြင့် ဆောင်းပါးများ ပြန်ဖတ်လိုလျှင် (Click)

I can see his love to our nation in his articles. It will be great if he can implement his technique ( producing electricity from tide ) in our country. Hope it will happen soon......
ReplyDeleteမင်္ဂလာပါ
ReplyDeleteမုံရွာသားတွေအတွက်အဝေးကနေ ဂုဏ်ယူနေလျက်ပါဗျာ-
လေးစားစွာဖြင့်
ဂျစ်တူး(မုံရွာ)
မပေးတာလဲ မပြောနဲ့ လေ ။ ဆရာလှိုင်တစ်ခါတစ်ခါမွှေလိုက်ရင်လိုက်ရင် ဟက်တက်ကွဲတာချည်းဘဲ လေ ။ တစ်ယောက်ထဲ လှုပ်ရှားပေလို့ သာ အဖွဲ့ နဲ့ ဆိုရင်...
ReplyDeleteကျနော့် ကို ပြည်ဝင်ခွင့်ဗွီဇာ ကို ( ၁၇ / ၁၂ / ၁၂ ) နေ့ က ချပေးလိုက်ပါပြီ ။
ReplyDeleteဒီမိုဝေယံ ၀က်ဆိုဒ်နင့် တွန်းအားတရပ်ဖြစ်စေသာ ကွန်မင့် ပေးသူများကို အထူးကျေးဇူးတင်ရှိပါကြောင်း ။ နစ်မကုန်ခင် / သို့ မဟုတ် ဇန္န၀ါရီလဆန်းပိုင်းလောက် ပြန်နိုင်အောင် ကြိုးစားနေပါသည် ။
နိုငfငံတော်က ခွင့်ပြုလျှင် အပြီးနေပါမည် ။
အားလုံးကိုကျေးဇူးတင်လျှက်
လှိုင်မြင့် @ Billy Mackenzie