Pages
Monday, January 21, 2013
လူ့အခွင့်ရေးကိုချိုးဖောက်ရုံတင်မက တိရစ္ဆာန်အခွင့်အရေးကိုပါ ကျူးလွန်ချိုးဖောက်နေသော မြန်မာပြည်က ခရိုနီကြီးများ......
အရှေ့တောင်အာရှတွင် ဒုတိယသက်တမ်းအရင့်ဆုံးဖြစ်သော တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)ကို ၁၉၀၆ ခုနှစ်တွင် အင်္ဂလိပ်မင်းဂျော့ဘုရင်နှင့် မေရီမိဖုရားတို့ အခမ်းအနားဖြင့် ဖွင့်လှစ်ခဲ့သော ရှေးဟောင်းသမိုင်းဝင် နေရာတစ်ခု ဖြစ်ပါသည်။ ၎င်းသမိုင်းဝင် တိရစ္ဆာန်ဥယျာဉ်ကြီးအား ထိန်းသိမ်း စောင့်ရှောက်သူများ ပြုလုပ်ရန်အတွက် ၀န်ထမ်းများ ထားရှိ၍ နေထိုင်စရာ ၀န်ထမ်းလိုင်းခန်းများလည်း ဆောက်လုပ်ပေး၍ တိရစ္ဆာန်ဥယျာဉ်ကြီးအား ထိန်းသိမ်းစေခဲ့ ပါသည်။
(၂၅-၁-၂၀၀၆) ရက်နေ့တွင် (အတွင်းရေးမှူး-၁) ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းစိန်၊ ယခု လက်ရှိတာဝန် ထမ်းဆောင်လျက်ရှိသော နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် နှစ် (၁၀၀)ပြည့် မော်ကွန်းကျောက်စာတိုင်ကို တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်) ၏ လိပ်ပုံကျွန်းအနီးတွင် စကျင်ကျောက်ဖြင့် ကျောက်စာတိုင်ပြုလုပ်ခဲ့ပြီး ထို ကျောက်စာတိုင်အား စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးပြီး၊ အသိမှတ်ပြုခဲ့သော တိရစ္ဆာန်ဥယျာဉ်ကြီး ဖြစ်ပါသည်။
 ယခုအခါ အများပြည်သူများ သွားလာလွယ်ကူ၍ ကောင်းမွန်စွာ အပန်းဖြေနိုင်သော တိရစ္ဆာန်ဥယျာဉ်၊ ကျောင်းသား/သူများ သတ္တဗေဒ၊ရုက္ခဗေဒနှင့် ဘူမိဗေဒပညာရှားမှီးစေရန် အထောက်အကူ ပြုပေးနေသော တိရစ္ဆာန်ဥယျာဉ်၊ နိုင်ငံတကာမှ ကမ္ဘာလှည့် ခရီးသွား ဧည့်သည်တော်များ လာရောက်၍ ရှေးဟောင်းအဆောက် အဦးကြီးများကို အစဉ်သဖြင့် လာရောက် လေ့လာလျှက်ရှိသော တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)ကို နိုင်ငံတကာ အဆင့် မှီစေရန် (၁-၁၀-၂၀၁၁)ရက်နေ့တွင် နိုင်ငံတော်အစိုးရမှ ဦးတေဇပိုင်သော ထူးကုမ္ပဏီများအဖွဲ့သို့ နှစ်ရှည်စာချု ပ်ဖြင့် ငှားရမ်းလုပ်ကိုင်စေခဲ့ပါသည်။
ယခုအခါ ၄င်းထက်ပိုမိုအကျိုးအမြတ်ရရှိစေရန် သစ်တောဦးစီက တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)ထဲမှ တိရ စ္ဆာန်များကို လှော်ကားဥယျာဉ် သို့ပြောင်းရွှေ့ပြီး ကွန်ဒိုတိုက်ခန်းနှင့် အရောင်းပြခန်းများ ဆောက်လုပ်ရန် စီစဉ်လျက်ရှိပါသည်။ ၂၂-၁-၂၀၁၃ ရက်စွဲပါ News Watch Weeky ဂျာနယ် အချပ်ပို(က)ဖော်ပြချက်အရ သမိုင်းဝင် အဆောက်အအုံများ၏ ဘေးပတ်လည် ကိုက် (၃၀၀)အတွင်း မည်သည့်အဆောက်အအုံမှ ပြန်လည်ဆောက်လုပ်ခွင့် ပြု လုပ်မည်မဟုတ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရပါသည်။ ဟု ဖေါ်ပြထားရှိပါသည်။
တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)သည်လည်း သမိုင်းဝင်ရှေးဟောင်းအဆောက်အဦးများ တည်ရှိသောနေရာတစ်ခုဖြစ်ပါသည်။ တိရစ္ဆာန်များကို လှော်ကားဥယျာဉ်သို့ပြောင်းရွှေ့ရန် စီစဉ်လျှက်ရှိပါသည်။ တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)သည် အရှေ့တောင်အာရှတွင် ဒုတိယသက်တမ်း အရင့်ဆုံး တိရစ္ဆာန်ရုံကြီးဖြစ်ပြီး၊ (၁၉၈၉)ခုနှစ်ထိ မြန်မာနိုင်ငံ တွင် တစ်ခုတည်းသော တိရစ္ဆာန်ဥယျာဉ်ကြီးဖြစ်ပါသည်။
 တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)သည် ဒုတိယကမ္ဘာစစ် ကာလကပင် တိရစ္ဆာန်များကို မပျောက်မပျက် ရှေးမူ မပျက်ပြသမှု ရှိခဲ့ပါသည်။ စစ်ကြီးပြီးလျှင် အများပြည်သူများ ကိုပြသခဲ့ပါသည်။ ယခု ဒီမိုကရေစီခေတ် ကာလ၌ ယခင်ရှေးဟောင်း သမိုင်းဝင်များကို ဖျောက်ဖျက်ပြီး စီးပွားရေး ဆန်ဆန် ဆောင်ရွက်မှုသည် သမိုင်းကြောင်းကို ညစ်ညမ်းစေနိုင်ပါသည်။ ယခုအခါ သစ်တောဦးစီးဌာန အနေဖြင့် တိရစ္ဆာန်များ ရွှေ့ပြောင်းခြင်းများကို စီမံဆောင်ရွက်ရန် စီစဉ်နေပြီး ၄င်းတိရစ္ဆာန်များကို မှီခိုဆောင်ရွက်နေသာ ၀န်ထမ်းများသည်လည်း အလုပ်လက်မဲ့၊ အိုးအိမ်မဲ့ဘ၀သို့ ရောက်ရှိစေနိုင်ပါသည်။
 လူကိုမဆိုထားဘိ၊ လှော်ကားတွင် ယခုလက်ရှိ၊ ရှိနေသော တိရစ္ဆာန်များသည်ပင် အစာရေစာ ၀လင်စွာမစားရ၊ မသောက် ရဟု သိရပါသည်။ ဒီမိုကရေစီစနစ်ကို အလွဲသုံးစားလုပ်နေသော ခေတ်သစ်နာမည်ကြီး ခရိုနီများ သည် မြန်မာပြည်က ဥပဒေများကို လက်တစ်လုံးခြား လုပ်စားလိုက်၊ ငါးသားလောက်လို ပေါင်းစားလိုက်နှင့် နားလှည့် ပါးရိုက်လုပ်လိုက်နှင့် ရိုးအသောလူထုများ၊ဆင်းရဲသော ပြည်သူအများစုပေါ်ကို မြန်မာပြည်သားလို့တောင် အသိအမှတ်မပြုတော့ဘဲ လုပ်ချင်သလိုလုပ်နေကြသည်က ယခုထက်တိုင်။
 ရန်ကုန်မြို့ကြီးကို သူ့အိမ်လို့များ သဘောထားပြီး ဖဲ့ချင်သလိုဖဲ့၊ သဲ့ချင်သလိုသဲ့နေသည်ကိုတော့ လွှတ်တော်ကြီးက သိပါသလားဟု ပြည်သူများ ကမေးခွန်းထုတ်ရုံမျှသာ……………. တတ်နိုင်ပါတော့ကြောင်း………….
မေမေ့သား လင်းဆက် ပေးပို့သည်..
6 comments:
  1. ရှေးဟောင်း သမိုင်းဝင် တိရိစ္ဆာန်ရုံကြီးလည်းဖြစ်တယ်
    ခုဆိုရင် ၁၀၇ နှစ်ကျော်ပါပြီ
    london zoo, colone zoo (germany) အစရှိသည့် zoo တွေလို မြို့လည်က မြို့နေလူထုရဲ့ အနီးအနားမှာ အပန်းဖြေနားနေလို့လည်းရတယ် တိရိစ္ဆာန်
    ပေါင်း ၁၃၂ မျိုးရှိပြီး အကောင်ရေ ၁၂၀၀ကျော်ရှိပါတယ်
    အကျယ်အ၀န်းက ၆၅.၆၆ ဧကရှိပါတယ် နိုင်ငံတကာမှာတော့ Yangon Zoo လို့ လူသိ့များကြတာပါ။ လှော်ကားကို ပြောင်းဘို့ စီစဉ်နေတာဆိုပေမဲ့ လှော်ကားက တိရိစ္ဆာန်တွေတောင် စားရမဲ့ သောက်ရမဲ့ ဖြစ်နေတဲ့ အပြင် မျောက်တွေတောင် တောထဲပြန်လွတ်ဘို့ စီစဉ်နေရတယ်လို့ သစ်တောက ပြောတာတွေကြားနေရတယ် ပြည်သူလူထုအတွက် နောက်ထပ် ရှေးကျတဲ့ တိရိစ္ဆာန်ဥယျာဉ်လည်း ပြန်မရနိုင်တော့ဘူးပေါ့ သဘာဝ ပါတ်ဝန်းကျင် ကျေးငှက်တိရိစ္ဆာန်တို့ ထိန်းသိမ်းသောအားဖြင့် ရှေးဟောင်း အဆောက် အအုံများကိုလည်း ထိမ်းသိမ်းသောအားဖြင့် တဖက်တလမ်းမှ ပါဝင်ကူညီပေးကြပါရန်
    လေးစားစွာတင်ပြအပ်ပါသည်
    ReplyDelete
  2. This is one of Heritage in Yangon also in Yangon Heritage list. Building Condo or shops should not allowed.
    ReplyDelete
  3. I think they want to do another BOT project on the zoo land. Authorities just want to create chances to get bribery from such occasions. My God.... never change a bit...... pity ourselves....
    As an architect, I do object such idea to move the zoo away. Its national heritage also....
    ReplyDelete
  4. ဖိုးထောင်January 29, 2013 at 12:26 PM
    ရှေးဟောင်း သမိုင်းဝင် Yangon တိရိစ္ဆာန်ရုံကြီး မဖြတ်ပဲနဲ့, လှော်ကား ဥယျာဉ်ကို ကမ္ဘာသိအောင် စောင့်ရှောက်ခြင်းသည် နိုင်ငံချစ်ရာ ရောက်ပေတည်။ ငါတည်ရင်ပြီးရောဆိုပြီး ကိုယ်ကျိုးစီးပွားရေး လုပ်ခြင်းသည် နိုင်ငံချစ်ရာ မရောက်နိုင်။
    ReplyDelete
  5. ဆန္ဒပြကြပါတော့လား၊ ဘာလုပ်နေ ကြတာလဲ။ မြန်မြန်ပြ။
    ReplyDelete
  6. ထွဋ်နိုင်မောင်February 6, 2013 at 11:27 PM
    တိရစ္ဆာဆန်ဥယာဉ် ကို ခရီုနီ တေဇ ထံသို့ တနှစ်လုံးမှ ဌားရမ်းခငွေ ကျပ်သိန်း(၇၀၀)ထဲနှင့် ၀န်ကြီးသိန်းအောင် လက်ထက်က ဌားရမ်းခဲ့ ပါသည်
    တာဝန်အရှိဆုံးသူမှာ မတရားဈေးနှိမ်ဌားရမ်းပြီး လာဘ်စားခဲ့သော သိန်းအောင်နှင့်တေဇ တို့ကို ထိုက်သင့်သလို အရေးယူပေးပါသမ္မတကြီး
    ReplyDelete
ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။