Pages

Tuesday, February 19, 2013

ကားရပ်နားရန် နေရာကိစ္စအတွက် မင်းမဲ့စရိုက်ဆန်ဆန် အုပ်စုဖွဲ့ ရမ်းကားမှုတွင် အာဏာပိုင်များ၏ သားသမီးများ ပါဝင်နေသည်ဟုဆို.. (ပေးစာ)

ဒီမိုဝေယံသို့ ပေးစာ
  ဓာတ်ပုံ... ကားနေရာအခက်အခဲကြောင့် 
ယနေ့ရန်ကုန်မြို့မှ တိုင်ထောင်၍ ကားParking နေရာရယူကြပုံ တချို့
ကားရပ်နားရန် နေရာကိစ္စအတွက် မင်းမဲ့စရိုက်ဆန်ဆန် အုပ်စုဖွဲ့ ရမ်းကားမှုတွင် အာဏာပိုင်များ၏ သားသမီးများ ပါဝင်နေသည်ဟုဆို.. (ပေးစာ)

သမ္မတကြီး ဦးသိန်းစိန်ခင်ဗျား...

သမ္မတကြီးနှင့် အစိုးရအဖွဲ့သည် clean government, good governance ဖြစ်ဖို့
ကြီးစားနေသည့် အစိုးရအဖွဲ့ဖြစ်ကြောင်း ပြည်သူများက ယုံကြည်နေကြပါသည်။

သို့သော် ထိုယုံကြည်ချက်များအား ဖျက်လို ဖျက်ဆီးပြုမည့်သူများက သမ္မတကြီးတို့အစိုး
အဖွဲ့အတွင်း၌ ရှိနေကြပါသည်။ ၎င်းအတွင်းလူများကြောင့် သမ္မတကြီးတို့ အစိုးရအဖွဲ့သည် တဖြည်းဖြည်းနှင့် အမည်းစက်များ များလာသည်ကို တွေ့လာရပါသည်။ ထိုလူများသည် သမ္မတကြီးတို့ အစိုးရအဖွဲ့၏ သားသမီး၊ ဆွေမျိုးတစ်စုပင် ဖြစ်ပါသည်။

ဥပမာပြရသော် ရန်ကုန်တိုင်းဒေသကြီး အတွင်းတွင် လူစုလူဝေးများဖြင့် မင်းမဲ့စရိုက်ဆန်
စွာပြုလုပ်ခဲ့ကြသော အမှုများမှာအင်းယားလိတ် ညကလပ်တွင် ကားဖြင့်တိုက်ခဲ့သောအမှု၊
နှင်းဆီကုန်း ဘိုးဘွားရိပ်သာရှေ့တွင် လူအုပ်စုများဖြင့် ရမ်းကားခဲ့သောအမှု၊ ခိုင်းစေသူများ
လွတ်မြောက်ဆဲ ဖြစ်သောမြောက်ဥက္ကလာ လူသတ်မှုတို့ပင်ဖြစ်ပါသည်။ ထိုအမှုများသည်
အစိုးရအဖွဲ့၏ သားသမီးဆွေမျိုးများ ပါဝင်သည်ကို ပြည်သူများသိရှိနေကြပါသည်။

ထိုမင်းမဲ့စရိုက်ဆန်သော ဖြစ်ရပ်များကို သမ္မတကြီးတို့အစိုးရအဖွဲ့သည်ထိန်းကျောင်းနိုင်ခြင်း
မရှိသေးကြောင်းကို နောက်ထပ်တွေ့ရှိလာရပါသည်။ ထိုဖြစ်ရပ်မှာရန်ကုန်တိုင်းဒေသကြီး၊
ကြည့်မြင်တိုင်မြို့နယ်၊ သီတာရပ်ကွက်၊ သိန္ဒိလမ်းတွင် car parking နေရာထားရှိရေးနှင့်
ပတ်သက်ပြီး၊ 15.2.2013 ည၈နာရီလောက်က ရပ်ကွက်တွင်းတွင် မင်းမဲ့စရိုက်ဆန်စွာ
ပြုလုပ်ခြင်း တစ်ခုဖြစ်ပွားခဲ့သည်ကို တွေ့ရှိရပါသည်။

ထိုဖြစ်ရပ်တွင်ရန်ကုန်တိုင်းဒေသကြီး
ဝန်ကြီးချုပ်မိတ်ဆွေနှင့် စ.စ.စ ညွှန်ကြားရေးမှူးရဲ့ သားဖြစ်သူသည်(၎င်းကိုယ်တိုင်ဟော်ဟစ်
ပြောဆိုချက်) အများနှင့် ဆိုင်သည့်နေရာတွင် ၎င်းကားတစ်စီးသာ ရပ်နားရန်နေရာ ဦးထားလေ့ရှိပါသည်။ (တုတ်ချောင်းများထောင်ထားခြင်း)

ထိုနေ့တွင် အခြားကားတစ်စီးက ၎င်းနေရာတွင် သွားရောက်ထားရှိသည့်အခါ ရပ်ထားသည့်ကားပိုင်ရှင် တိုက်ခန်းပေါ်သို့ ၎င်းဦးဆောင်သည့် လူများနှင့်တက်၍ ကြမ်းတမ်းစွာ ဖယ်ရှားပေးဖို့ပြောဆိုပါသည်၊ ၎င်းတိုက်ခန်းတွင် အသက်ကြီးပြီး အားနည်းနေသည့် မိခင်ကြောင့် ကားပိုင်ရှင်သည် ဘာမှမပြောနိုင်
ဖြစ်နေပါသော်လည်း ၎င်းမင်းမဲ့စရိုက်ဆန်သော လူတစ်စုသည် တိုက်ခန်းအောက်တွင်ပါ
အော်ဟစ်နေကြသည်ကို တွေ့ရှိရပါသည်။ ၎င်းမင်းမဲ့စရိုက်ဆန်သူ လူတစ်စုတွင် အမျိုးသမီးများလည်း ပါဝင်သည်ကို တွေ့ရှိရပါသည်။ (မြောက်ဥက္ကလာ လူစုလူဝေးဖြင့် လူသတ်မူတွင်လည်း မိန်းမများပါဝင်သည်ကို တွေ့ရှိရသည်)။

ထိုလူရမ်းကားများသည် ဘယ်လောက်များ
နောက်ခံအားကိုး ရှိသလဲတော့မသိပါ၊။ ၎င်းကားပိုင်ရှင်ရဲ့ ကားကိုတစ်ခြား ရပ်ကွက်တွင်
သွားထားဖို့အထိ ပြောဆိုနေသည်ကိုလည်း တွေ့ရှိကြားသိနေရပါသည်။ ထိုအချိန်တွင်
ရပ်ကွက်အတွင်းရှိ အိမ်များမှ ကြည့်မနေနိုင်သောကြောင့် တိုင်ကြားသောအခါ ရပ်ကွက်
အုပ်ချုပ်ရေးမှူးနှင့် တာဝန်ကျရဲများ လာရောက်သည့်အခါ ၎င်းမင်းမဲ့စရိုက်အဖွဲ့မှ
ခေါင်းဆောင်ဖြစ်သူသည် ရဲအရာရှိများအားသူသည် စ.စ.စ(စုံစမ်းစစ်ရေး)မှ
ညွှန်ကြားရေးမှူးချုပ်ရဲ့ သားဖြစ်ကြောင်း၊ ၎င်းအပြင် ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေ
(ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်)နှင့်လည်း ရင်းနှီးကြောင်း၊ ခင်ဗျားတို့ရဲ့
ဓာတ်ပုံ... ကားနေရာအခက်အခဲကြောင့် ယနေ့ရန်ကုန်မြို့မှ တိုင်ထောင်၍ ကားParking နေရာရယူကြပုံ တချို့
ကိုယ်ပိုင်အမှတ်ပေးပါ။ အခုဖုန်းဆက်မည်ဖြစ်ကြောင်းေ ပြာဆိုသည်ကိုတွေ့ရှိရပါသည်။

၎င်းဖြစ်ရပ်တွင်လည်း မင်းမဲ့စရိုက်ဆန်သည့် လူတစ်စုကို အရေးယူဆောင်ရွက်နိုင်ခြင်း မရှိသည်ကိုလည်း တွေ့ရှိရပါသည်။ ထိုကြောင့် ကျွန်တော်တို့ကြည့်မြင်တိုင်မြို့နယ်၊ သီတာရပ်ကွက်
ကဲ့သို့နောက်ထပ်အခြား မြို့နယ်၊ ရပ်ကွက်၊ တိုင်းဒေသကြီးတို့တွင် မဖြစ်ပွားအောင်ပြင်းထန်စွာအမြန်ဆုံး အရေးယူ ဆောင်ရွက်သင့်ပါကြောင်း အကြံပြုတင်ပြအပ်ပါသည်။

ရွှေတိုင်သား

25 comments:

  1. အာဏာပိုင်များကဘယ်အရေးယူတယ်ဆိုတာသိရင်
    ထပ်ပို့ပေးပါအုံးခင်ဗျား၊

    ReplyDelete
  2. ယနေ့အချိန်မှာအတင့်ရဲလာတဲ့လူရမ်းကားတွေကိုအသေ
    အချာဖော်ထုတ်ပြီးအရေးယူဆောင်ရွက်သင့်ပါတယ်၊ဒါမှ
    နောက်လူတွေအတင့်မရဲနိုင်မှာပါ၊

    ReplyDelete
  3. ကျွန်တော်တို့ရန်ကုန်တိုင်းဒေသကြီးရဲ့ကြည့်မြင်တိုင်
    မြို့နယ်သီတာရပ်ကွက်မှာဒီလိုအာဏာပိုင်တွေရဲ့ဆွေမျိုး
    သားသမီးတွေသောင်းကျန်းနေမှတော့တခြားမြို့ရွာတွေ
    ဆိုဘယ်လိုနေကြမလဲ၊

    ReplyDelete
  4. ကျွန်တော်ကကြည့်မြင်တိုင်၊သီတာရပ်ကွက်က
    ကားပိုင်ရှင်တစ်ဦးလည်းဖြစ်ပါတယ်၊စာထဲမှာပါတဲ့
    ရန်ကုန်တိုင်းဒေသကြီးရဲ့မိတ်ဆွေဖြစ်တဲ့ စ.စ.စက
    ညွှန်ချုပ်ရဲ့သားရဲ့ကားကအဲဒီနေရာမှာအမြဲတမ်းတခြား
    ကားတွေမထားနိုင်အောင်တိုင်တွေထောင်ထား
    တာတွေ့ရပါတယ်၊ကားနံပါတ်က ၁ဃ / ၁၁၃၆
    ပါ၊အဲဒီကောင်ရဲ့မင်းမဲ့စရိုက်ကိုမတားဆီးနိုင်ရင်
    တခြားကောင်တွေလည်းသူတို့ရဲ့ဆွေမျိုးနောက်ခံတွေအားကိုးနဲ့မိုက်နေအုံးမှာပါ၊

    ReplyDelete
  5. ခေတ်ပြောင်းသွားပြီ ဆိုတာ ဒီကောင်တွေမသိကြသေးဘူး
    လား (ဒါမှမဟုတ်) ဘယ်အစိုးရတက်တက် ဒို့အမျိုးချည်းဘဲ
    ဆိုပြီး အများသူငါကို သောက်ဂရုမစိုက်တာလား မသိပါ
    စံပြအဖြစ်နဲ့ ထိရောက်စွာ အရေးယူသင့်ပါတယ်

    ReplyDelete
  6. ဘာမဟုတ်တဲ. ဒီကားပါကင်အကြောင်းကို နိင်ငံခေါင်းဆောင်နံမည်တတ်ပြီးရှင်းခိုင်းနေချင်တဲ.စိတ်ဓါတ်တွေဖျောက်သင်.နေပါပြီ ၊ တ်နိင်သလောက်ကိုယ်.တာဝန်ကိုယ်မယူကြတော.ဘူးလား ? ပုံမှန် မသိနားမလည်လို. Post တင်တာဆိုရင်တော. ခ့င်.လ့တ်ပေးလိုးရပါတယ် ၊ ဒါမှမဟုတ်ဘဲ ရည်ရွှယ်ချက်ရှိရှိ နဲ. တိုက်ခိုက်နေတာဆိုရင်တော.၊ ရပ်သင်.ပါပြီ ၊ ( ခေတ်ပြောင်းသွားပြီ ဆိုတာ ဒီကောင်တွေမသိကြသေးဘူး
    လား ).

    ReplyDelete
  7. ဒီကိစ္စကဘာမှမဟုတ်တဲ့ကိစ္စလို့ယူဆရင်ကိုယ်တိုင်မတရားလုပ်တာခံရမှနားလည်နိုင်မှာပါ၊အုပ်စုဖွဲ့ရမ်းကားမှုတိုင်းက
    ကျောထောက်နောက်ခံမရှိဘဲမလုပ်ရဲကြပါဘူး၊အမြန်ဆုံး
    နောက်ဒီလိုအပြစ်မဲ့ပြည်သူတွေကိုမစော်ကားရဲအောင်
    ကာကွယ်ပေးသင့်ပါတယ်၊

    ReplyDelete
  8. ခေတ်နဲ့လည်းမဆိုင်၊ အစိုးရနဲ့လည်းမဆိုင်ပါ၊ နိုင်ငံသားတစ်ဦးချင်းစီရဲ့ စိတ်ဓါတ်၊ စရိုက် နဲ့သာသက်ဆိုင်ပါတယ်၊ ကိုယ့်စရိုက်နဲ့ကိုယ် ကားပါကင်နဲ့ပတ်သက်လို့ အချင်းများတာကို မတိကျ မခိုင်လုံဘဲ ပုံကြီးချဲ့ပြီးပစ်စာပုံစံေ၇း၊ အင်တာနက်မှာ တင်တာ အမျိုးသားစိတ်ဓါတ် မရှိသူတွေရဲ့ လုပ်၇ပ်ပါ
    တနည်းပြောရရင် သူရဲဘောကြောင်သူတွေရဲ့ လုပ်ရပ်ပါ၊ ရှက်ဖို့ အရမ်းကောင်းပါတယ်၊
    ကိုယ့်စိတ်ဓါတ်နဲ့ စရိုက်ကိုသာ ပြုပြင်ဖို့ ကြိုးစားကြပါ။

    ReplyDelete
  9. ပျင်းတောင်ပျင်းသေးတယ်ဟေ့ ၊
    ပျင်းတောင်ပျင်းသေးတယ်

    ReplyDelete
    Replies
    1. ဘာတွေဖြစ် နေတာလဲ

      Delete
  10. ဒီဖြစ်စဉ်ကိုအစအဆုံးဖတ်ကြည့်ရသလောက်ဆိုရင် တခုခုလွဲနေသလိုထင်ပါတယ်။လက်ခုပ်ဆိုတာ၂ဖက်တီးမှမြည်တဲ့သဘာဝရှိတယ်လေ။ အခုပေးစာမှာက တစ်ဖက်ကစတဲ့သူရှိလို့သာပြသနာစဖြစ်တယ်လို့ထင်ပါတယ်။ကိုယ်ရပ်နေကျနေရာမှာသာ နေ့စဉ်ရပ်မယ် ဆိုရင် ဒီလိုပြသနာ ရှိလာမှာလည်းမဟုတ်ပါဘူး။ အာဏာပိုင် သားသမီးတွေမှ မဟုတ်ပါဘူး။ တခြားမည်သူမဆို ကိုယ်၇ပ်နေကျနေရာကို လာရပ်ရင်တော့ ဒေါသဖြစ်မိမှာပါဘဲ။ အခုတော့ သက်သက်မဲ့ သမ္မတကြီး ခေါင်းပူအောင် တိုင်ကြောသွားထူနေကြသေးတယ်။ ကိုတိုင်ကြောထူရေ....အဲလေမှားလို့ ကိုရွှေတိုင်သားရေ....

    ReplyDelete
  11. ဖြစ်စဉ်ကိုသေချာသိသူရှိရင် ပြန်တင်ပေးကြပါဦး။
    မှန်မှန်ကန်ကန်သိချင်လို့ပါ။ မျှတမှန်ကန်သင့်တယ် လို့ထင်ပါတယ်။

    ReplyDelete
  12. သေသေချာချာ သိမှပြောလို့ရမယ်ထင်တယ်နော် ဒီကိစ္စက နှစ်ဦးစလုံးမှာလဲတာဝန်ရှိတယ်။ ဖြစ်စဉ်ကို အမှန်တိုင်း အသေးစိတ်တင်သင့်တယ်ထင်တယ်လေ။ တစ်ဖတ်သတ်အမြင်ရေးလို့တော့မရလောက်ဘူး။

    ReplyDelete
  13. ဒီရပ်ကွက်တွေက ကားထားရတာတော်တော်ခက်ခဲတာ လေ ဒီလိုနေရာစကားပြောရတဲ့ကိစ္စလေးတွေကတော့ နေရာတိုင်းမှာရှိနေတာပဲလေ။ ဘယ်လူကြီး ဘယ်သားသမီးမှရယ်မဟုတ်ပါဘူး ဖြစ်လေ့ဖြစ်ထရှိတက်ကြ တာပဲ အဲဒါကိုများ အရေးကြီးကိစ္စလုပ်နေသေးတယ်ကွာ......

    ReplyDelete
  14. သူများကြတော့ မင်းမဲ့စရိုက်ဆန်ဆန်တဲ့ တစ်ဖတ်အကြောင်းကိုပြောတယ် ကျွန်တော်သိတာလေးပြောပြမှာပါဗျာ.... ၁င\၉၈၆၄ ကားပိုင်ရှင် ကိုမိုးသူကြီးရေ.. ခဗျားကြတော့ ရပ်ကွတ်ထဲမှာ ရပ်ချင်တဲ့နေရပ် တွေ့တဲ့လူကိုပြသနာရှာ အမည်ပြောင်လေးတောင်ရှိလိုက်သေးတယ် ကြောက်ချီးတဲ့ ခများကလဲပိုင်ထင်တယ်ပြီးလုပ်တယ်လေ..... အခြာသော သူတွေကို ခေါင်းစဉ်ကြီးကြီးတွေတပ်ပြီး မပြောပါနဲ့ဗျာ.... ခများအကြောင်းသိတဲ့သူတွေကတော့ ရီတာပေါ့ဗျာ....

    ReplyDelete
  15. ဟားဟား ကြောင်ချီး မိုးသူ မိုးသူ ကြောင်ချီးတဲ့၊ မှန်လိုက်တာကွာ၊ ကိုယ့် အိမ် ကိုယ့်ရပ်ကွက်တင်နံတာမဟုတ်တော့ဘူး၊Web ပေါ်မှာတောင်လိုက်နံနေပြီ မိတ်ဆွေတို့ရေ သိတယ်မှုတ်လား ဘာလုပ်ရမလဲ ဝေါင်ဝေါင်ရွှေး ဝေးဝေးရှောင်ဖို့ လိုပြီပေါ့
    ဟားဟားဟားးးးးးး

    ReplyDelete
  16. moe thu so ta` ...ငနဲကြီး ko thi tha lo lo pa`...အူကြောင်ရုပ်နဲ့လေ...hote lar?
    ပုံစံက....ဒန့်ဒလွန်သီးကို...ဓါးပြားရိုက်ထားသလိုပုံနဲ့
    အင်းးး..ဆံပင်က...စိတ္တဇဖြစ်နေတဲ့လူညှပ်တဲ့ပုံနဲ့......အော် သူက ကြောင်ချီးလား..သိပါဘူး....ကြီးချောင်ထင်လို့...ကြီးချောင်ဆိုတာ...အသက်ကြီးမှချောင်သွားတာ ကိုပြောတာနော်... :P

    ReplyDelete
  17. သေ ချာ လည်း သိ မှ ရေး ပါ ကော လ ဟ လ ရယ် ,,
    internet ကို အ သုံး မ ချ ပါ နဲ့ ဒေါက် တာ ဆိတ် ဖွား တ ပည့် ရယ် , သက် ကြီး ရွယ် အို ကို အ သုံး မ ချ ပါ နဲ့,
    ငါ တို့ မှာ လည်း ၄၅ ရက် မ ပြည့် သေး တဲ့ မိန်း က လေး ရှိ တယ်။
    သူ့ အ ဖေ ရဲ့ စ.စ.စ သ မိုင်း ကြောင်း, သူ့ အ ကို ကြီး ရဲ့ တပ် သ မိုင်း ကြောင်း ကို ရော သိ လား, နင် တို့ ပြော တဲ့ အ လွှာ က ပြည် သူ တွေ ကြား မှာ ရှိ မ နေ ဘူး ။နင် တို့ တွေ မြင် နေ ရ တယ် ဆို ရင် အဲ ဒီ အ လွှာ က မ ဟုတ် လို့ ဘဲ။ ပ ညာ ရှိ ဆို တာ တွေး ကြည့် ရုံ ဘဲ။ ပြေး ကြည့် စ ရာ မ လို ဘူး။

    ReplyDelete
  18. ကုန်ကုန်မြို့ရဲ့နေရာတော်တော်များများမှာ ကားပါကင်ခက် ခဲမှုတွေရှိနေတာပါပဲ၊ လူနေထူထပ်တဲ့ ရပ်ကွက်အချို့မှာဆို ရင် ဒီလိုတိုင်တွေထောင်ပြီး ယာဉ်တွေကိုရပ်နားထားရတာ ပါပဲ ဒီလိုမှမရပ်ရင် မိမိတို့ကိုယ်ပိုင်ကားတွေကို ဘယ်လိုလုံ ချုံစိတ်ချစွာရပ်နားထားရမလဲလို့ ပြန်လည်မေးခွန်းထုတ် စရာဖြစ်လာပါလိမ်မယ်၊ နိုင်ငံခြားက ကားတွေကဆက်တိုက် မြန်မာနိုင်ငံကိုဝင်နေတယ် ရပ်နားစရာတွေ အခက်အခဲတွေ ဖြစ်နေတာပေါ့ ဘာဘဲဖြစ်ဖြစ် အဆိုးနဲ့အကောင်းဒွန်တွဲနေ တာပဲလေ ကိုယ်နဲ့အဆင်မပြေတာနဲ့ အများသူငှာတွေ စိတ်ချလုံချုံစွာရပ်နားနေတဲ့ နေရာတွေကိုတော့ ရန်မရှာသင့် ပါဘူး သမ္မတကြိးကိုလဲ ဘာမှမဟုတ်တဲ့ ကိစ္စနဲ့ ခေါင်းမစားသင့်ဘူး ပေးစာပို့ထားတဲ့သူသာ လူလိုနားလည် လူလိုတွေးတက်မယ်ဆိုရင်တော့ ဒီလိုကိစ္စတွေ ဖြစ်လာမှာမဟုတ်တော့ပါဘူး..... ဒီမိုကရေစီဖြစ်အောင်တည်ဆောက်နေတဲ့အချိန်မှာ လူသားဆန်ဆန် တွေးခေါ်ချင့်ချိန်ရန်လိုအပ်ပါသည်။

    ReplyDelete
  19. မြန်မာပြည်မှာအုပ်စုဖွဲ့ ပြီး ယန်းကားနေကြရင် မည်သုမည်ဝါတွေဘဲဖြစ် မည်သူ့သားသမီးတွေဖြစ်နေပါစေ အရေးယူပေးပါ မြန်မာပြည်မှာ ဒီမိုကရေစီစနစ်နဲ့တနတဲ့သူတွေကို ဒီမိုကရေစီလမ်းစှုနဲ့ အပ်ြချုပ်ပြီး ဒီမိုကရေစီစနစ် နဲ့ မတန်တဲ့ သူတွေကိုတော့ ကွန်မြူနစ်စနစ်လို ခြေကြူးရင် ခြေကိုဖြတ် လက်ဆိုလက်ဖြတ် သေစားဆို သေဒဏ္ဍ် စနစ်နဲ့ အုပ်ချုပ်သင့်တယ်

    ReplyDelete
  20. ဟေ့...မိုးသူဆိုတာငါသိတယ်ဟေ့.....။
    (၁၆)လမ်းကProgrammer သင်တဲ့ဆရာဆိုတဲ့လူလေ။
    ဆရာလုပ်ပြီး....တပည့်တွေကိုလည်း...အဲလိုဘဲ...
    မဟုတ်ကဟုတ်က..ကောလဟာလ ဖြတ်ညှပ်ကပ်
    လုပ်နည်းတွေကိုဘဲ သင်နေတယ်ထင်တယ်။
    သူ့ဆီမှာသင်တန်းတက်ရင်တော့ သေချာပါတယ်။
    သူလိုဘဲ...အင်း........အူကြောင်ကြား.....
    ဖြစ်ရင်ဖြစ်...မဖြစ်ရင်...သူများကိုဂျောက်တွန်းသူ
    ဖြစ်မှာသေချာတယ်။...သူ့တပည့်တွေလည်းး...
    သူလို မဖြစ်ကြပါစေနဲ့လို့...ဆုတောင်းပါတယ်။

    ReplyDelete
  21. တင်တဲ့သူဝမ်းသာနိုင်ပါစေ ၁၀.၃.၂၀၁၃ထိမပြီးနိုင်သေးပါဘူး။ဘာမပြီးနိုင်တာလဲဆိုတာတော့ သက်ဆိုင်တဲ့သူတွေသိမှာပါ။လိုအပ်ရင်ဆက်ပြောကြတာပေါ့။ပုံမှန်ကတော့ ဘယ်သူနဲ့မှစကားမပြောချင်ပါဘူး ။လိုအပ်ရင်တော့ဆက်ဆက်ပြောကြတာပေါ့

    ReplyDelete
  22. ဖြစ် စဉ် အမှန် မှာ သာမန် သာ ဖြစ် ပြီး လူ အများစိတ် ၀င် စား အောင် ရေး ခြင်း ဖြစ် ပြီး စစစ အမှူစစ် ဦး သိန်း ၀င်း ၊ဦး ထွန်း နေ မိုး ။ မ လျော် သြဇာ သုံး ပြီး ကြမ်း တမ်း စွာ စစ် ဆေး သွား ကြောင်း ။ ရဲ များ က လည်း ကြိမ် ဖန် များ စွာ အပ် ကြောင်း ထပ် စစ် ဆေး နေ ခြင်း ဖြစ် ကြောင်း ကြား သ် ရ ပါ သည်။

    ReplyDelete
  23. နောက် ဆုံး တော. ကား ပါ ကင် ကြောင်. ဖြစ် ရ တာ ကို တွေ့  ရ ပါ တယ် ။ ဒါ ကို မ ဖြေ ရှင်း ပဲ နဲ့ ၊ ရဲတို. စစစ တို.အာဏာ ပိုင် အဖွဲ့  အစည်း တွေက ပြည်သူ တွေ ကို မ နှိပ် စက် သင်. ပါ ဘူး၊ ပြည် သူ ချစ် တဲ. အား ကိုး ရ တဲ. သူ များ ဖြစ် အောင်ကြိုး စား ပါ ။ ကား ပါ ကင်ပြသနာကို အဓိက အာရုံ စိုက် ဖြေ ရှင်းပေးပါ။

    ReplyDelete
  24. ကြား သိ ရ သော သတင်း အရ ထို နေ.က ကို မိုးသူဆို သူ မှ မိမိ ရပ် နေ ကျ နေ ရာ မဟုတ် ဘဲ လာ ရောက် ရပ် နား ကြောင်း ။ မီး ဖွှား ပြီး စ ကလေး ၁လ ပြည်. ဆေး ထိုး ရာ မှ ပြန် ရောက် လာ သော ကား ပိုင် ရှင် များ မှ ယင်း နေရာ မှာ မိမိ တို. အမြဲ ရပ် နေ ကျ ဖြစ် ရ်ျ ရွှေ. ပေး ရန် ပြော ရာ မှ ကို မိုး သူ မှ မရွှေ့  နိုင် ကြောင်း ။ ၃ နာ ရီ ခန်. ပေ ကပ် နေ ရ်ျ လမ်း သူ လမ်း သား များ ဝိုင်း ဝန်း ပြော ဆို သော် လည်း မ ရ ဘဲ နောက် ဆုံး ကို ညွှန့် ဝင်း (ကို မိုး သူ ၏ အကို ဖြစ် သူ ) ရောက် ရှိ လာ မှ ဖယ် ပေး ကြောင်း ။ထို ဖြစ် စဉ် ကိုစစစ မှ ဦး သိန်း ဝင်း မှ ဟိန်း ဟောက် ခြမ်း ခြောက် ရျိ ဆူ ညံ စွာ ရပ် ကွက် အတွင်း စစ် ဆေး ရ်ျ သွား ကြောင်း ထပ် မံ သိ ရှိ ရ ပါသည် ။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။