Pages

Wednesday, February 6, 2013

အောင်ဘန်းမြို့ ရိုးမဘဏ် ဖောက်ထွင်းခံရမှု ညတွင်းချင်းဖမ်းမိ..

 အောင်ဘန်းမြို့ ရိုးမဘဏ် ဖောက်ထွင်းခံရမှု ညတွင်းချင်းဖမ်းမိ..

ဖေဖော်ဝါရီ ၅ရက်နေ့ နံနက် ၂း၀၀နာရီအချိန်ခန့်က အောင်ဘန်းမြို့ရှိ ရိုးမဘဏ်ခွဲ ဖောက်ထွင်းခံခဲ့ရကြောင်း မြို့ခံများ၏ ပြောပြချက်အရသိရှိရသည်။

 ဖြစ်ပွားပုံမှာ ၅ရက်နေ့ နံနက် ၂း၀၀နာရီအချိန်တွင် အောင်ဘန်းမြို့နေ (ဘ) ဦးအောင်မင်းစိန် ၏သားဖြစ်သူ ၊မောင်အောင်ဇာနည်ဦး အသက်၁၉ နှစ်သည် ရိုးမဘဏ် အနောက်ဘက် ပေါက်မှတဆင့် ကျော်ဝင်ပြီး အတွင်းရှိဆွဲတံခါးအား အသင့်ပါလာသော သံဖြတ်ကတ်ကြေး ၊ ဓါးတို့ဖြင့် ဖျက်ပြီး ၀င်ရောက်ခဲ့ကာ၊ မှန်တံခါးအား ထုခွဲပြီး ဘဏ်အတွင်း သို့ရောက်ရှိခဲ့ကြောင်း ၊ ငွေလွဲကောင်တာ ထည်းဝင်ပြီး ငွေကြေးရှာဖွေရာ ဘာမျှမတွေ့သဖြင့် အံဆွဲတွင်းရှိ ငွေ ၁၇၀၀၀ ကျပ်သာတွေ့သဖြင့်ယူဆောင်ပြီး ဘဏ်အပြင်သို့ပြန်ထွက်လာခဲ့ကြောင်း၊ အပြင်ဘက်ရှိ ဘဏ်ညစောင့်ဖြစ်သူ ဦးထွေးမြင့်အား အား ဓါးဖြင့်ထောက်ကာ ခြိမ်းခြောက် ပြီး မီးခံသေတ္တာ သော့ တောင်းယူကြောင်း ၊ ထိုသို့တောင်းယူနေစဉ်အတွင်း ဦးထွေးမြင့်က အော်ဟစ်အကူညီတောင်းခံသဖြင့် အပြင်မှ ပတ္တာရောင်လည့်နေသည့် နယ်ထိန်း ဒုရဲအုပ်ညီညီထွန်း နှင့်အဖွဲ့ရောက်ရှိလာကြောင်း ၊ ဓားဖြင့်ထောက်သည့် ဘဏ်ဖောက်ဝင်လာသူမှာ အော်ဟစ်စဉ်ကတည်းက ထွက်ပြေးသွား သဖြင့် အမှတ်(၄) ရပ်ကွက် အုပ်ချုပ်ရေးမှုး ဦးနိုင်ဝင်း နှင့်ရပ်ကွက်နေပြည်သူများ၊ ဆိုင်ကယ်ကယ်ရီသမားများ၊ ပူးပေါင်းလိုက်လံ ရှာဖွေကြရာ အောင်ဘန်းမြို့၊ ပြည်ထောင်စု လမ်းမကြီးဘေး ၊တံတားအောက်ရှိ ၊ ရေပြွန်ကြီးအောက်တွင် လက်ရဖမ်းဆီးရရှိခဲ့မိကြောင်း အောင်ဘန်းမြို့ မှ တာဝန်ရှိသူအဖွဲ့အစည်းများ၏ ပြောပြချက်အရ သိရှိရသည်။

 ယင်းဖောက်ထွင်းမှု ဖြစ်စဉ်နှင့် ပတ်သတ်ပြီး အောင်ဘန်းမြို့ ရီုးမ ဘဏ်လက်ထောက်မန်နေဂျာ ဒေါ်စန္ဒာကို က အောင်ဘန်းရဲစခန်းတွင် အမှုဖွင့်တိုင်ကြားရာ အောင်ဘန်းမြို့ ရဲစခန်းမှ ပြစ်မှုပုဒ်မ ပ- ၂၆/၁၃ ၊ ပုဒ်မ၃၉၂ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။ ပြစ်မှုကျူးလွန်သူသည် အသက် (၁၉) နှစ်သာရှိသေးပြီး  တောင်ကြီးမြို့၊
 အေးသာယာ မြို့သစ်တွင် ဖွင့်လှစ်ထားသည့် ဂျီတီစီ နည်းပညာ တက္ကသိုလ်တွင် စက်မှုဘာသာရပ် သင်ကြားတက်ရောက်နေသည့်  ပထမနှစ် ကျောင်းသားတစ်ဦး ဖြစ်ကြောင်း အောင်ဘန်းမြို့ခံများကပြောသည်။

 သတင်း... ဂျွန်ချစ်ငြိမ်း(တောင်ကြီး)

ရတနာပေးပို့သည်..။

9 comments:

  1. ဒီသတင်းကိုဖတ် ပြီး စိတ်မကောင်းဖြစ်မိတယ်။
    ဒါဘယ်သူတွေကြောင့်လဲ ဘယ်သူတွေမှာ တာဝန်ရှိလဲ
    သေချာတွေးလိုက်ရင် ခွေးမသားသန်းရွေနဲ့စစ်အစိုးရကြောင့်ပဲဗျာ
    ပညာသင်နေတဲ့ လူငယ်လေးဘာကြောင့် ဒီလိုလုပ်မိလဲဆိုတာ ဆင်းရဲကျပ်တည်းငတ်မွတ်မှု့ကြောင့်ပါပဲ။
    သားသမီးချင်းကိုယ်ချင်းစာ စိတ်ထဲမကောင်းဖြစ်ရပါတယ်ရှင်။

    ReplyDelete
    Replies
    1. စောက်ရူး။ သူ့ ဟာသူ ဆိုင်ကယ်စီးချင်လို့ ဘဏ် ဖောက်တာနဲ့ ဦးသန်းရွှေနဲ့ ဘာဆိုင်တုံး။ အဲဒါဆို သူခိုး၊ ဓါးပြတွေ အားလုံးက ဦးသန်းရွှေမကောင်း လို့ ခိုးရ တိုက်ရတာပေါ့။ ပြီးတော့ အလယ်မှာ ဗျာ နဲ့ရေးပြီး အဆုံးသတ်ကြတော့ ရှင် နဲ့ဆုံးထား တယ်။ comment ပေးတာကိုက မရိုးသားဘူး။ စောက်ခြောက်။

      Delete
  2. ရေးထားတဲ့စာကိုအရင်နားလည်အောင် ဖတ်စေချင်
    ပါတယ် ဒီကောင် ဘဏ်ကိုဖေါက်တာ ပညာရေးအတွက်
    မဟုတ်ပါ ဆိုင်ကယ်စီးချင်လို့ပါ နောင်ကြီးလည်း မြန်မာ
    စာကို သေချာဖတ်စေချင်ပါတယ်

    ReplyDelete
  3. သတင်းကိုဖတ်ပြီးတော့စိတ်မကောင်းဖြစ်မိပါတယ်

    ReplyDelete
  4. ကောင်လေးသနားပါတယ်...... သူ့မှာလဲ အခက်အခဲ တစ်ခုခုရှိနေမှာပေါ့နော်.......

    ReplyDelete
    Replies
    1. စာကို သေချာဖတ်။အေး..အဲဒီကောင် ထောင်က လွတ်လာရင် နင့်အိမ် လာဖောက်ခိုင်း အုံးမယ်။ အဲဒီချိန်ကြ သနားနိုင်သေးလားလို့ ကြည့်ရသေး တာပေါ့။ စောက်ရူးတွေ။ သူခိုးက သူခိုးပဲ။ဘာမှ သနား နေစရာ မလိုဘူး။ သူ့မိုက်ပြစ် သူခံလိမ့် မယ်။ လေကြီး မိုးကြီးတွေ လျှောက်ပြောမနေနဲ့။

      Delete
  5. နေရာတကာ အစိုးရလူကြီးတွေကိုချည်း အပြစ် မတင်ကြပါနဲ့ ကိုယ့်ရဲ့စိတ်ရင်းအတိုင်း အကျိုးပေး တတ်ပါတယ်။

    ReplyDelete
  6. ဂျီတီစီကျောင်းသားတစ်ယောက်ဖြစ်ပေမယ့် စဉ်းစားတွေးခေါ်မှုနည်းပါးတဲ့အတွက် အခုလို ဖြစ်သွားတယ်ထင်ပါတယ်။

    ReplyDelete
  7. အင်းဟြေရမယ်ဆိုရင် မကောင်းတာလုပ်လို့ မကောင်းတာဖြစ်တာပါ သူ့အပြစ်သူခံရတာ သနားစရာတော့မလိုပါဘူး အပြစ်ကိုခံယူပြီးရင် ဘာပဲလုပ်လုပ် ဆင်ခြင်နိုင်ပါစေ လို့ပဲဟြေချင်ပါတယ်....

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။