Pages

Sunday, June 2, 2013

ရန်ကုန်မြေဈေး အပိုင်း(၂) (ဒေါက်တာလှိုင်မြင့်နှင့် အမေးအဖြေ..)

  ဒီမိုဝေယံဘလော့ဂ် ပင်တိုင် ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်နဲ့ ရန်ကုန်မြေဈေး အပိုင်း(၂) ဆက်သွယ် မေးမြန်းချက်အား ဖော်ပြလိုက်ပါတယ်...။


ရန်ကုန်မြေဈေး အပိုင်း(၂) 
(ဒေါက်တာလှိုင်မြင့်နှင့် အမေးအဖြေ..)

(မေး)  ဆရာဒလဘက် အခြမ်းမှာ နိုင်ငံတကာ လေယာဉ်ကွင်း ဆောက်လို့ ရနိုင်မှာပေါ့။

(ဖြေ) သိပ်ကောင်းတာပေါ့။  ဟောင်ကောင်ဆိုရင်  လေယာဉ်ကွင်းအသစ်က  ပင်လယ်ထဲ  မြေတွေ  ကျောက်တုံးကြီးတွေချဆောက်ထားတာပါ။  ဒလ  ဘက်မှာ  ပဲခူးမြစ်အပေါ်ကနေ လေယာဉ်အဆင်းအတက်  လမ်းကြာင်းခံထားပြီး ဆောက်ရင်  လေယာဉ်မတော်တဆ  ပျက်ရင်တောင် ရေထဲဘဲကျပါမယ်။  မြေပေါ်ကျတာက  မီးလောင်သေကြေတာများပါတယ်။  နောက်လူနေအိမ်တွေရှိရင်  အသံဆူညံတဲ့  ပတ်ဝန်းကျင်ပြသနာ  မရှိတော့ပါဘူး ။

ဒလ ဘက်သာလေယာဉ်ကွင်း  ဆောက်ခဲ့ရင်  ရန်ကုန်မြို့ ထဲကလဲ မိနစ်ပိုင်းအတွင်း  လေယာဉ်ကွင်းကိုရောက်ပြီ။  ဒီလိုဘဲ  သီလဝါဘက်ကိုလဲ  မြေအောက်လှိုင်ခေါင်းနဲ့ ဆက်ထားရင်  မိနစ်ပိုင်းဆို လေယာဉ်ကွင်းကိုရောက်ပြီ။

ပဲခူးလေယဉ်ကွင်းက  သိပ်ဝေးလွန်တော့  စီးပွားရေအရ  အခုခေတ်က အချိန်ဆိုတာ  ငွေဖြစ်နေတဲ့ ခေတ်ပါ။  TIME  IS  MONEY   ဆိုတာကို  အလေးအနက်ထားစဉ်းစားရမဲ့  အချိန်ပါ။  အထူးသဖြင့်အနောက်နိုင်ငံသားတွေက  အချိန်ကို  သိပ်စကားပြောလာနေပါပြီ ။  ပဲခူးလေယာဉ်ကွင်းသာဆိုရင်  နေ့ တဝက်မက  အချိန်ပေးရပြီ။  တခုခုကျန်ခဲ့ရင်  ဒုက္ခလှလှရောက်ပြီ။  ကျနော့်အမြင်တော့  မလုပ်သင့်ဘူး။  အချိန်လဲ တနာရီမက  မောင်းရပြီ။

အခု  သြစတြေးလျက ဆစ်ဒနီလေယာဉ်ကွင်း  အသစ်လိုလာလို့  မြို့ နဲ့ အနီးဆုံးနေရာကိုဘဲ  ဆုံးဖြတ်ထားကြပြီ။  သူတို့ ရဲ့ နမူနာတွေကိုယူဖို့ သင့်ပါတယ်။  နောက် ပဲခူးလေယာဉ်ကွင်းက  ဗိုလ်ခင်ညွှန့် အိုင်ဒီယာပါ။

 (မေး) နောက်ဆုံးပေါ့   ဆရာအထက်မှာ ဆိုခဲ့တဲ့ DO  or  DIE   ဆိုတာ  ဘာကိုဆိုလိုတာပါလဲ။ ဆက်ပြောပြနိုင်ပါလား..

(ဖ) ၂ဝ၁၅ - ရွေးကောက်ပွဲကို ရည်ညွှန်းပြီးပြောတာပါ။  ဒလ  ဘက်ကို သမတကြီးဦးသိန်းစိန်  သူ့ လက်ထက်မှာ  အကောင်အထည်မဖေါ်နိုင်ရင်  ၂ဝ၁၅ - အတွက်မဲဆွယ်ချိန်မှာ  ဒီ ဒလ  တိုးချဲ့ ရေးက  တတိုင်းတပြည်လုံးက   စီးပွားရေးကို အလေးထား  အခြေခံပြီး  စဉ်းစား  မဲပေးလာကြတော့မှာလေ။  အဓိကထားစဉ်းစားကြမှာက  ဘယ်သူက  တိုင်းပြည်စီးပွားရေးကို  ဦးမော့လာအောင်  ပိုလုပ်နိုင်မလဲကို  လေ့လာနေကြပြီ။  စီးပွားရေး   မွန်းကြပ်လာတာက  နှစ် ၆ဝ - နီးနေပြီ။  လူတွေက  ငတ်နေကြပြီ .။  ဝင်ငွေက  မတိုးလာတဲ့အပြင်  ဆုတ်နေတယ်။

ဒလ  စီမံကိန်းကို  ဒေါ်စု သာဆို ရဲရဲဝံ့ဝံ့ ဆုံးဖြတ်ပြီး  ဆောက်ထဲ့လိုက်မယ်လို့ လက်ခံထားကြပြီ ဆိုပါဆို့။  ဆောက်လိုက်တာနဲ့   စီးပွားရေးတိုးချဲ့ ဖို့  မြေသစ်တွေပေါ်လာပြီ။  အဲဒီတော့  ဒလ - ဘက်တိုးချဲ့ လိုက်ရင်  မြေက  ဧကပေါင်း- ၃- သိန်းကျော်ပေါ်လာပါမယ်။  ကြည့်မြင်တိုင်တဖက်ကမ်းကို  တံတားထိုးလို်က်ရင် နောက်ထပ်ဧကပေါင်း တစ်သိန်းလောာက် ပေါ်လာပါမယ်။ မြေတွေပေါလာရင်  ဈေးကျရမှာက  ထုံးစံ။ မတရားမြင့်နေတဲ့ အိမ်ဈေးတွေ ကျသွားပြီ။  အသက်ရှုချောင်လာမှာက  အခြေခံလူထု။  ဒေါ်စုက  အခုမြေလှောင်နေတဲ့   မတရားချမ်းသာနေတဲ့   သူတွေမျက်နာကို  ငှဲ့ပြီး  မြေဈေးကိုကျားကန်ပေးနေတဲ့ အလုပ်ကို ပြောင်းပြန်လုပ်မယ်လို လူထုက  စီးပွားရေး  ကျပ်တည်းလာလေ   ဒေါ်စုကိုမျှော်လေ  ဖြစ်နေပြီ။  ဒီစစ်ဗိုလ်တွေအုပ်ချုပ်နေလို့ ကတော့  သေတောင်  စီးပွားတက်မလာတော့ဘူး  ထင်လာနေကြပြီ။  အဲဒါကို ပြည်ခိုင်ဖြိုးတွေ  လေ့လာရေးလုပ်သင့်တယ်။

အဲဒီမှာ  ယခုလက်ရှိလူတွေက(ပြည်ခိုင်ဖြိုး)  သူတို့ ပိုင်ဆိုင်ထားတဲ့ မြေဈေးမကျဖို့ က  နံပတ်တစ်  တိုင်းပြည်တိုးတက်ရေးက  ဘိတ်လုပ်နေတယ်  လို့ မြင်သွားရင်  ၂ဝ၁၅  တောင်မဟုတ်တော့ဘူး ပြည်ခိုင်ဖြိုး ကို  ဂူသွင်းလို်က်သလို  လုပ်မိလျက်သားဖြစ်သွားပြီ။
အဲဒီတော့ သမတကြီး  ဒလ  တံတားထိုးတာ   တနစ်အချိန်ဆွဲလိုက်တာနဲ့   ၂ယ၁၅ -  မှာ  ရှုံးနိုင်ချေ  ရှိနေတာက  သေချာပေါက်ကို  စုတ်ပြတ်သွားအောင်ရှုံး သွားပါမယ်။

အဲဒါကို  ရည်ညွှန်းပြီး   သမတကြီးနဲ့   ပြည်ခိုင်ဖြိုး  တို့ အတွက်  ဒလ  တံတား  ဒလမြို့ တော်တိုးချဲ့ ရေးဟာ  သူတို အတွက်မဲအနိုင်ရရေး  အတွက်  အသက်ကယ်ဆေး  သဘောရောက်နေတာ  ကို ရည်ညွှန်းတာပါ။  လုပ်ချင်လုပ်။   မလုပ်ရင်  ပြုတ်။ နှစ်လမ်းဘဲရှိတယ်။ လုပ်ချင်လုပ်  မလုပ်လျင် ပြုတ်  ။  DO   or  DIE    ။  သဘောကျရဲ့ လား။

(မေး)  ဆရာ  ဒါဆို တခုဆက်ချင်ပါသေးတယ်။  ဆရာပြောတဲ့ အတိုင်းဆို၂ဝ၁၅ -ရေးကောက်ပွဲရဲ့  အဓိက အဆုံးအဖြတ်က  ဒလ  တိုးချဲ့ရေးဖြစ်နေတာလား။

(ဖြေ)  မဟုတ်ပါဘူး ။  အဓိက  အဆုံးအဖြတ်က  ဘယ်သူက စီးပွားရေး တိုးတက်အောင်စွမ်းဆောင်နိုင်မလဲက  အဓိက အဆုံးအဖြတ်ပါ။  ဒလ  မဟုတ်ပါဘူး။  ဒါပေမဲ့   ဒလ ဆိုတာ မ.ဆ.လ. ခေတ်ကထည်းက  တိုးချဲ့ သင့်တာပါ။ ဒါကို တံတားဆောက်လုပ်တဲ့  ကုန်ကျစားရိတ်ကို   အရင်းကျေပါ့မလား  တွေးနေတာကိုက  တော်တော်လေး  စီးပွားရေးမျက်စေ့  မှုန်နေတာကို  ဝန်ခံလိုက်တာပါ။  မှုန်တယ်တောင်  မသုံးသင့်တော့ဘူး။  ကန်းနေပြီဘဲ  သုံးရတော့မယ် ။

နောက်  ဦးသန်းရွှေ  ချခဲ့တဲ့  နိုင်ငံတော်သမတသည်  စစ်ရေးအမြင်ရှိရမည်  ဆိုတာ  ကွဲတော့မယ်။  စစ်ရေးဆိုတာ  ကျနော်ယခင်က ရေးဖူးထားပါတယ်။  တိုင်းသူပြည်သားတွေ  ချမ်းသာလျင်  မာန်ကတက်နေမယ်။  အဲဒီမာန်တက်နေတဲ့  တိုင်းပြည်ကို တိုင်းတပါးက   ဝင်အုပ်ချုပ်ဖို့ သိပ်ခက်ခဲတယ်။  ချမ်းသာတော့  စစ်လက်နက်တွေကလဲ  ကောင်းနမယ်။

ခုဟာကဗျာ   န.ဝ.တ.  လက်ထက်လူဖြစ်လာတဲ့လူငယ်တွေ  ၅-ပေမပြည့်သူတွေ  အများကြီး။ သေနတ်  ( ဂျီသရီး ) ကို ဘက်နက်တပ်ထားရင်  သေနတ်က  သူတို့ ထက်ပိုမြင့်နေတာ  ဘယ်လိုလုပ် စစ်သည်တော်ကောင်းဖြစ်နိုင်ပါ့မလဲ။  အဟာရချို့ တဲတဲ့  လူဖြစ်တယ်ဆိုရုံလေးတွေ  တပုံကြိး။ အခုလူထုက မွဲနေကြတော့  မာန်တက်ဖို့ နေနေသာသာ  ဒေါ်လာပြရင်  ဂျီးတော်တောင်  ပေါင်ကြတော့မယ်။
၂ဝ၁၅ -  နိုင်ငံတော်သမတသည်  စီးပွားရေးအမြင် ရှိရမည်   ဖြစ်လာတော့မယ်။   ပြောင်းလာပါတော့မယ်။  စစ်ရေးအမြင်က  လူပုလူညက်လေးတွေ  ထွက်တာဘဲအဖတ်တင်ထားပြီ။

(မေး)  ဒလ ဘက်ကိုတိုးချဲ တော့  ဆရာပြောသလိုဆို ဘတ်ဂျက်အများကြီး လိုနေပြီ  . ဘယ်လိုစီမံကြနိုင်မလဲ။  အစိုးရမှာ ဘတ်ဂျက်လိုငွေပြနေတယ်။

(ဖြေ) အဲဒါပြောတာပေါ့။  စီးပွားရေးအမြင်ဆိုတာ။  ဒလ တိုးချဲ့ တော့  ဘတ်ဂျက်အများကြိးကို လိုတာပေါ့။  တိုးချဲ့ ရမှာက  ဗိုလ်ခင်ညွှန့်တို့ လို လယ်ကွင်းတူး  မြေပုံလမ်းဖေါ်ရုံနဲ့ မြို့သစ်ဆိုပြီး လုပ်လို့ မရဘူး။

အခုဂျပန်က  အုပ်စုကြိးတခုက  တိုင်ပင်နေတယ်  သတင်းရထားတယ်။  သူတို့ က ဒလ ကို စကာပူထက် အဆင့်ပိုမြင့်တဲ့  ဧရာမမြို့ တော်ကြီး တည်မယ်။    (B.O.T) BUILT   OPERATE  &   TRANSFER  ဆောက်မယ်။  အလုပ်လည်ပတ်မယ်။  နှစ်စေ့တော့ အစိုးရကိုပြန်လွှဲပေးမယ်။ ဆောက်  လုပ်ကိုင်  လွှဲ ..ဆ.လ.လ)

သူတို့ဒီဇိုင်း ဆွဲထားတာက  စင်ကာပူအဆင့်ထက်ပိုမယ်။ ရန်ကုန်လို  လူတွေက  ရေတင်ပန့် တွေထားစရာမလိုတော့ဘူး။  လျှပ်စစ်မီးကလဲ  အခုသုံးနေရတဲ့   မိးအားမြှင့်စက်  ရေခဲသေတ္တာအတွက် အကာကွယ်စက် တွေမလို။  လျှပ်စစ်မမှန်လို့  ပျက်ရင်  လျှပ်စစ်ဌာနကလျှော်ရမယ် ။  လမ်းဘေး  မီးစက်တွေ မရှိတော့ဘူး။

 ဘတ်စ် ကားတွေမှာ  စပါယ်ယာမပါဘူး။   အီးကဒ်  လက်မှတ်။ မြေအောက်ရထားတွေ  ရှိမယ်။  အင်းယားကန်ထက် နှစ်ဆ  သုံးဆ  ကြီးတဲ့ ကန်ကြီးတွေ  ၄  - ၅ ခု ကန်ကြီးတွေလုပ်ထားမယ်။  ပန်းခြံတွေအများကြိး။  ပလက်ဖေါင်းတွေက ၁ဝ - ပေအကျယ်။  ဈေးမရောင်းရဘူး။  ပလက်ဖေါင်းတွေပေါ်  ကလေးတွေကို  လက်တွန်းလှည်း နဲ့ တွန်းလို့ ရမယ်။

နောက်ဆုံး  သောက်ရေသန့် မဝယ်ချင်ရင်တောင်  ရေဘုံဘိုင်ရေကိုသောက်  အာမခံအပြည့်။  သောက်ရေသန့် လုပ်ငန်းတွေ  အလုပ်ပါးသွားမယ်။  လူထုအတွက်ရေသန့် ဖိုး သက်သာသွားမယ်။  အလုပ်သက်သာမယ်။ မြို့ အလယ်မှာ  သစ်တောတွေ ထားမယ်။  ဂေါက်ကွင်းတွေထားမယ်။ လူထုတွေ  အလုပ်နားရက်  ပန်းခြံတွေမှာ  နားနားနေနေ  အပန်းဖြေခွင့်ရနေရင်  အလုပ်စွမ်းအားတွေ ပိုထွက်လာမယ်တဲ့။

 သူတို့ ဆွဲထားတာက    လမ်းအကျယ်တွေ (လမ်းမကြိးတွေ)က  တောင်မြောက်  ဖေါက်ထားတော့  ပင်လယ်က တိုက်လာတဲ့  လေက  မြို့ ထဲ တလျင်လျင်ဝင်  ဖြတ်သန်းသွားနေရမယ်။  မြို့ တော်မှာ လေသန့် နေစေရမယ်။  ပင်လယ်လေဆိုတော့  မြို တော်အေးမြနေမယ်။
ရေဆိုးတွေကို  မြေအောက်  ရေပြွန်စံနစ်နဲ့ လုပ်ထားတော့  ရေဆိုးမြောင်း  ဟောင်းလောင်တွေမရှိတော့    ခြင်မရှိနိုင်တော့ဘူး။  မြောင်းမရှိတော့  ခြင်ကိုက်မှာ မပူရတော့ဘူး။  ခြင်ဆေးခွေ မလိုတော့ဘူး။ ဆိုက္ကားမထားဘူး။  အားလုံး  ယာဉ်အလတ်စားတွေက  လမ်းသေးတွေမှာပြေးနေမယ်။  ဆိုက္ကားသဘော။

တခါ အဓိက  စားသောက်ကုန်ပစ္စည်းလာနေတဲ့  ဧရာဝတီတိုင်ဘက်က  သင်္ဘောတွေကိုလဲ  မြို့ လယ်အထိ တူးမြောင်းနဲ့ သွင်းထားမယ်။  သင်္ဘောတွေပေါ်ကကုန်တွေကို  ကွန်တိန်နာ အသေးတွေနဲ့   ကရိန်းနဲ့ အတင်အချလုပ်မယ်။  သင်္ဘောပေါ်ကနေ  အလုပ်သမားမပါဘဲ  ကုန်သယ်ကားပေါ်တန်းရောက်။ အလုပ်သမားခပျောက်သွားရင်  ကုန်တွေ ကမ္ဘာ့ဈေးကွက်ကိုယှဉ်လာနိုင်မယ်။

မြေအောက်  မြေပေါ်ရထားတွေက  အချိန်အတိအကျ  အမြန်တွေ။  အလုပ်ကို ကားလမ်းပိတ်နေလို့ လိမ်မရအောင် ချိန်ထားမယ်။  ရထားလမ်းတွေမှာ  ကားဖြတ်လမ်းအးလုံးက  အပေါ်မှာ။  ရထားလမ်းဖြတ်ဂိတ်ဆိုတာ မထားဘူး ။

ကျနော်စဉ်းစားကြည့်တယ်။  အော်  တခြားနိုင်ငံကလူတွေက  ကိုယ့်ထက်ပိုတော်တာလား။  ဒါဆိုကျနော်တိ့  လူညံ့ တွေဖြစ်ပြန်။  သူတို့ က  မိမိအရေးထက်  တိုင်းပြည်အရေးပိုအလေးပေးလို့  ဒီလိုစီမံချက်တွေ ပေါ်လာလေတာလား။  ဒုတိယ  လို့ ထင်တာဘဲ..။

အားလုံးကို လေးစားလျှက်
ဒေါက်တာလှိုင်မြင့်

ဆက်လက်ဖော်ပြပေးပါမယ်...
ရန်ကုန်မြေဈေး အပိုင်း(၁) ပြန်ဖတ်လိုလျှင်
http://www.demowaiyan.org/2013/06/blog-post_2.html

ဒေါက်တာလှိုင်မြင့် ရေး တဲ့ " ဒလမြို့ တော်ကြီး စီမံကိန်း " အကြံ ပြု ဆောင်း ပါး ၅ ပိုင်း စိတ်ဝင်စားလို့ ပြန်ဖတ်ချင်ရင်..
(1) http://www.demowaiyan.org/2011/11/blog-post_9206.html
(2) http://www.demowaiyan.org/2011/11/blog-post_9884.html
(3) http://www.demowaiyan.org/2011/12/blog-post_8796.html
(4) http://www.demowaiyan.org/2012/01/blog-post_7171.html
(5) http://www.demowaiyan.org/2012/02/blog-post_3513.html

9 comments:

  1. လေးစားပါတယ် ကိုလှိုင်မြင့်ရဲ့
    အတွေးအခေါ်တွေ အလွန်ကောင်းပါတယ်
    စစ်ဗိုလ်ကြီးတွေ ကိုယ့်အတွက်ကြည့်
    မာနကြီးထားပြီး ငါသိငါတတ်လုပ်တာကို
    စွန့်သင့်တယ် အမြင်သစ်ရှိသင့်တယ်
    ဂျပန်ရဲ့ စီမံကိန်းကို လုပ်သင်ပါတယ်
    တရုတ် စင်္ကာပူလောကိကို လာဘ်လာဘ
    မြှော်ကိုးပြီး ကန်တော့မနေဖို့ တိုက်တွန်းချင်ပါတယ်
    ဒေါက်တာလှိုင်မြင့်ရဲ့ စေတနာကို
    လေးစားသင့်တယ် အလေးထားသင့်တယ်

    ReplyDelete
    Replies
    1. ခေါင်း စဉ် က ရန် ကုန် မြေ ဈေး.. မေး တာနဲ့ ဖြေ နေ တာ က ဒ လ အ ကြောင်း.. မြေ ဈေး ကျ ဖို့ ဒလ တစ် ခု ထဲ ..တိုင်းပြည် တိုး တက်ဖို့ က ဒလ တစ် ခု ထဲ မ ဟုတ် ပါ ဘူး..ဒလ က လည်း တစ် စိတ် တစ် ပိုင်း ပေါ့ ..there are other alternatives..
      Singapore မှာ ဒလ မ ရှိပါ ဘူး...Good governance n manangement with limited resources..
      Too much ဒလ .. Whatever u say, finally come up ဒလ...dont see only one side of the coin..

      Delete
  2. တစ်ခါ က ကျောင်း သား လေး တစ် ယောက် က စာ ကျက် ထား တာက မြွေ အ ကြောင်း, စာ မေး ပွဲ မှာ မေး တာ က ဆင် အ ကြောင်း ဖြစ် နေ တော့.. ဆင် ဧ။် နှာမောင်း သည် မြွေနဲ့ တူ ပါ သည် လို့ စ လိုက် ပြီး.. ကျန် တာ သူ ကျက် ထား တဲ့ မြွေအ ကြောင်း ဘဲ ရေး လိုက် တော့ လေ သတည်း။

    ReplyDelete
  3. တတိယပိုင်း ပျောက်နေတယ်ဗျ..
    ဒုတိယပိုင်းက နှစ်ခါဖြစ်နေတယ်။

    ReplyDelete
  4. ဖတ်တဲ့သူတွေထဲက အချို့က
    ဒေါက်တာလှိုင်မြင့်ဲရဲ့ ဆိုလိုရင်းကို
    မငုံမိဘူးဖြစ်နေတယ် စကာင်္ပူမှာ ဒလ
    ရော လဒရောမရှိပေမယ့် နေရာတိုင်း
    တရုတ်ကို ဆရာတင် နေရာပေး
    လာဘ်ယူပြီး အလုပ်လုပ် စကာင်္ပူလောက်ကို
    အဟုတ်ထင် အတုယူမယ်လုပ်နေလို့
    ကျနော်တို့လို နိုင်ငံခြားရောက် လူငယ်တွေ
    က မဖြစ်သင့်တာ မဖြစ်ောအင် တိုက်တွန်း
    တာပါ ဆရာရဲ့ဆောင်းပါးက အဆုံးမရောက်သေးသလို မြေဈေးနဲ့အဆက်စပ် တော်တော်ရှိနေတယ် ဘာလို့နားမလည်နိုင်သလဲ အတင်းကာချင်နေကြတာလဲ တွေးမိပါရဲ့

    ReplyDelete
    Replies
    1. ဒေါက် တာ လှိုင် မြင့် ကို ဆန့် ကျင် နေ တာ မ ဟုတ် ဘူး.. ငါ မြင် တဲ့ အမြင် ကို ဝေ ဖန် တာ တစ် ခု ဘဲ because I have a right to comment on it.
      ရိုင်း စိုင်း တာ လဲ တစ် ခု မှ မ ပါ ဘူး..
      မငိး အ ခု နောက် ဆုံး post ကို ဖတ် ကြည့်...
      ဒီ ရေ က နေ လျှပ် စစ် ထုတ် တော့ မယ် ပေါ့..ဒီရေ လျှပ် စစ် နဲ့ ပတ် သက် လို့ ဆောငိး ပါး ခေါင်း စဉ် အ ရ ဘာ တွေ မင်း ရ လိုက် သ လဲ..အ လွန် ဆုံး ရေး ထား ကိုး ပိုဒ် ဆယ် ပိုဒ် ပေါ့..ပြီး တော့ ဘယ် အ ကြောင်း တွေ ရောက် ကုန် လဲ..အပိုဒ် သုံး ဆယ် လောက် က ပြော ရ ရင် ပညာ ရေး နဲ့ ပတ် သက် တဲ့ ဆောင်း ပါး တို့..ဘိုး တော် နဲ့ ပတ် သက် တဲ့ ဆောင်း ပါး တို့ မှာ ပါ သင့် တဲ့ အ ကြောင်း တွေ ကွ...လို ရင်း မ ရောက် တောင် ရောက် မြောက် ရောက် တွေ ဖြစ် နေ တယ်..ဆောင်း ပါး တစ် ခု ဆို တာ စာ ဖတ် သူ ကို စ လယ် ဆုံး ပေး ချင် တဲ့ message ကို ထိ မိ အောင် ပေး ရ တာ ကွ...နိ ဂုံး ပိုင်း မှာ လဲ ဒီရေ က နေ လျှပ် စစ် ထုတ် နိုင် ရင် တ ရုတ် ကြီး ကို အလဲ ထိုး တော့ မ လို့..ပြည် သူ တွေ မွဲ နေ တာ ဘဲ ခဏ စောင့် ဒီ ရေ လျှပ် စစ် ရ ရင် အား လုံး ပြေ လည်တော့ မ လို.. တိုင်း ပြည် တစ် ပြည် မှာ စွမ်း အင် ဖူ လုံ ရင် ထုတ် လုပ် မှု စ ရိတ် တွေ လျော့ကျ မယ် စ သည် ဖြင့် ကောင်း တဲ့ အ ကျိုး ဆက် တွေ ဖြစ် မှာ ပါ ဘဲ...ဒါ တစ် ခု ထဲ နဲ့ တော့ တိုင်း ပြည် တိုး တက် ဖို့, တ ရုတ် ကြီး ကို ကန် ထုတ် ဖို့ ဆို တာ တွေ က စိတ် ကူး ရင် ဆန် လွန်း ပါ တယ်...အ ရေး ပါ တဲ့ တခြား ကဏ္ဍ တွေ လဲ တိုင်း ပြည် တိုး တက် ရေး မှာ အ များ ကြီး ပါ..Should not over promise, under deliver! တိုင်းပြည် နဲ့ လူး မျိုး ချစ် စိတ် ကို တော့ လေး စား ပါ တယ်..မဖြစ် သင့် တာ မဖြစ် အောင် လမ်း ပြ ပေး တဲ့ နိုင် ငံ ခြား ရောက် လူ ငယ် လေး လုပ် ပါ အုံး ကွ

      Delete
  5. အပေါ်ကလူကတော့ဗျာ ရေးယင်းနဲ့
    အတွေးအခေါ်နည်းတာ ရိုင်းပြတာ
    သိသာတယ် ပြိုင်မဖြစ်ပါရစေနဲ့
    တခုပဲပြောတော့မယ် တရုတ်ကိုကန်
    ထုတ်ဖို့ မပြောဘူး ပြည်ပအားကိုးဆိုပြီး
    တရုတ်ကျေးဇူး ဆိုပြီးအားကိုးတာ ဘယ်သူ
    တွေလည်း တရုတ်ဆီက လာဘ်စားပြိး
    ကားသွင်းတာ ဆက်သွယ်ရေး ရေကာတာ
    နေရာတကာ လုပ်စားနေတာ တရုတ်ကို
    ရှိုခိုးဦးချနေတာကို ရပ်ပြီးလုပ်သင့်တာ လုပ်ဖို့ ပြောတာပါ မြစ်ဆုံကြည့်ဗျာ
    နိုင်ငံတော်အဆင့် လုပ်နေတာ ဘယ်က
    ကြားပွဲစားရှိလည်း နှစ်ရှည်ကြားပွဲစားက
    စားဦးမယ်တဲ့ လာဘ်ကအများကြီး
    စားထားတဲ့အပြင် ပွဲစားဆိုတာ ဒီလူတွေပဲ
    သားစဉ်မြေးဆက်စားပေါက် ထွင်ထားတာ
    ဟုတ် အိန္ဒီယကားကို ဈေးတော်တော်နဲ့
    သွင်းမယ့်အရေး အကြောင်းတွေပြပြီး တရုတ်
    ကားတွေသွင်း သြစီက တရုတ်ကားတွေကို
    စစ်ဆေးမယ်လ်ုပမှ ထပြီး စစ်ဆေးမယ်လုပ်
    တရုတ်က အင်ထုသမျ ခံနေတာကိုပြောတာ
    စစ်တပ်ပဲကြည့်ဗျာ လန်ကျိယန်ဆိုတဲ့ လန်ဂျန်းလား ဖောလား ဝင်လာတုန်းက
    ဂီယာshift တောင် တချောင်း အပိုပေးလိုက်သေး လမ်းမှာကျီုးမှာသိလို့
    တိုက်လေယာဉ်ကြည့်မလား လေယာဉ်ချင်း
    တူတာတောင် ဘင်္ဂလားကိုမမီ ပုဇင်းလား
    ဝက ခင်ဗျားတို့ ပုဇင်းထက်သာအောင်
    တရုတ်က ပေးထားတာ သူ့အကျိုးကြည့်နေတာ
    ဘာကျေးဇူးမှ မဟုတ်ဘူး သူဌေးက
    အပျိုမလေးလိုချင်တော့ ပေးကျွေးနေတာ
    ကျေးဇူးမဟုတ်ဘူး -ဖို့ဗျ အဲဒီလိုပဲ
    နော် နားလည်အောင် ပြောလိုက်တာ
    မရိုင်းပါဘူးနော်

    ReplyDelete
  6. ဒေါက်တာလှိုင်မြင့်ရေးတာ ရှင်းပါတယ်။ မြေဈေးကို မြေယာအသစ်တွေဖေါ်ပြီးဈေးချရမှာပါ ။ ရန်ကုန်မြေးဈေးကျဖို့  အစိုးရကိုယ်တိုင် ဒလဘက်မှာ ပထမအဆင့် ဧက-၄ဝဝဝဝ- တိုးချဲ့ ဖို့  စီမံချက်ရေးဆွဲထားပါတယ်။ ကြည့်မြင်တိုင်တဖက်ကမ်းလဲ ဧက-၁ဝဝဝဝ-တိုးချဲ့ ဖို့ ဆွဲထားပြီးပါပြီ ။ မြေဈေးကျမှာကြောက်မနေပါနဲ့ ။ကျမှာဘဲ။

    ကလေးကိစ္စရေးလာတာကတော့ မဆိုင်သလိုပါ.။

    မြေးဈေးနဲ့ လဒ ဆက်စပ်ဖြေထားတာပါ ။လွှဲနေတာမဟုတ်ပါဘူး ။ မကျေနပ်ချက်ပေါ်လွင်နေပါတယ် ။

    ဆရာလှိုင်မြင့်လွှဲနေတယ်ထင်ရင် ကိုယ်ကပိုကောင်းတာရေးပြပေးစေချင်ပါတယ်။တိုင်းပြည်အတွက်အပြုသဘောဝေဖန်ချက်တွေ စာတမ်းရှင်တွေအများကြီးလိုနေပါတယ် ။

    တရုတ်ကြီးကိုတော့ အလဲမထိုးနိုင်တောင်စိတ်ကူးနဲ့ ထိုးရလဲ ဗမာစိတ်ရှိသူတိုင်းကျေနပ်တယ်။တရုတ်ကြီးထိလို့ နာတတ်သူ သစ္စာဖေါက်ဘဲ။

    စွမ်းအင်ဟာဘယ်လောက်အရေးပါတယ်ဆိုတာ တရုတ်ကြီး NLDတွေကိုလေချိုသွေးနေတာသာကြည့်ပါ။ စွမ်းအင်ကတော့ အားလုံးမျော်နေပါတယ်။သူကလဲလက်တွေ့ ထုတ်နိင်ပြီဆိုထားတော့ ဘာမကျေနပ်စရာရှိလို့ လဲ။ရုရှား ပြင်သစ်မှာထုတ်နေကြပြီ။ သူမထုတ်နိုင်တောင် ဒီဘက်ကိုတခြားသူတွေအာရုံရကုန်တာကိုကအမြတ်ပါ။

    ReplyDelete
  7. ဒီမိုဝေယံJune 4, 2013 at 10:38 PM

    ဒလ တတိယပိုင်းလင့်ခ် မှားနေတာ ပြန်တင်ပေးလိုက်ပါတယ်...။
    http://www.demowaiyan.org/2011/12/blog-post_8796.html
    ဆရာလှိုင်မြင့်ရဲ့ ဆောင်းပါးတွေကို အားပေးဖတ်ရှုကြတဲ့ ပရိသတ်အားလုံးကို ကျေးဇူးတင်ပါတယ်..။

    စာဖတ်တဲ့အခါ စာရေးသူရဲ့ စေတနာကို မြင်အောင်ကြည့်သင့်ပါတယ်..။ စာထဲက အတွေးအခေါ်တခု ရင်ထဲရောက်လာရင် အမြတ်ပါ..။ ဒီဆောင်းပါးကို ပြီးအောင်ဖတ်တယ်ဆိုကတည်းက အလေးထားလို့ဖတ်တယ်လို့ မြင်ပါတယ်..။ ငကျွဲဆန်ကို မမြင်ပဲ စပါးလုံးပဲ မြင်သလားလို့...


    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။