Pages

Tuesday, June 18, 2013

ပဲခူးမြို့ ကျက်သရေဆောင် သီရိဟံသာခန်းမအား ကေတီဗွီနှင့် အနှိပ်ခန်းဖွင့်ရန် ခွင့်ပြုခဲ့ခြင်းအပေါ်(တိုင်ကြားစာ)

ပဲခူးမြို့ ကျက်သရေဆောင် သီရိဟံသာခန်းမအား  ကေတီဗွီနှင့် အနှိပ်ခန်းဖွင့်ရန် ခွင့်ပြုခဲ့ခြင်းအပေါ်(တိုင်ကြားစာ)

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို.ရှိ ရွှေမော်ဓောဘုရားလမ်းတွင် ပဲခူးမြို.၏ကျက်သရေဆောင် သိရိဟံသာခန်းမ ဟူသောခန်းမရှိပါသည်။ ထို့အတူပဲခူးမြို့၊ ဥသာမြို့သစ်၊ ဆည်မြောင်း လမ်းပေါ်တွင် သိရိဥသာခန်းမဟူသော ပုံစံတူအဆောက်အဦး တစ်ခုရှိပါသည်။

ယခုအခါတွင် ယင်းမြို့ကျက်သရေဆောင် သိရိဥသာခန်းမအား စီးပွားရေး လုပ်ငန်းရှင်တစ်ဦးအား နှစ်ရှည်ငှားရမ်းကာ ကေတီဗွီနှင့် အနှိပ်ခန်းဖွင့်ရန် ခွင့်ပြုခဲ့ပါသည်။ မည်သူ၏ ခွင့်ပြုချက်နှင့်ငှားရမ်း၊ ဖွင့်ခွင့်ပြုခဲ့ကြောင်း မသိရပါ။ ထိုသို့ဥသာမြို့သစ်၏ ကျက်သရေဆောင်ခန်းမ တစ်ခုအား မသင့်လျှော်သော နေရာအဖြစ် ပြောင်းလဲအသုံးချခြင်းအား တားမြစ်ပေးပါရန် အများ ပြည်သူအပေါင်းနှင့် ပဲခူးတိုင်းဒေသကြီး အုပ်ချုပ်ရေး အာဏာပိုင်များသိရှိစေရန် အကြောင်းကြားအပ်ပါသည်။

 အငြိမ်းစားရဲဝန်ထမ်းတစ်ဦး(ဥသာမြို့သစ်) 

4 comments:

  1. တအားမပြောကြပါနဲ့ ။ ဒေါ်စု ကြောင့်လို့ ဖြစ်နေပါအုံးမယ် ။

    ReplyDelete
  2. အမေစုများ ပါမစ် ထုတ်ပးလိုက်သလား

    ReplyDelete
  3. မြန်မာပြည် ကံမကောင်းသေးပါ။

    လူထုကို လူမျိုးရေး ဘာသာရေး မုန်းတီးမှုတွေနဲ့ အာရုံလွှဲထားပြီးတော့ တစ်နိုင်ငံလုံးက စီးပွါးရေး၊ နိုင်ငံရေး၊ လူ့အခွင့်အရေး၊ တရားမျှတရေးစတဲ့ ကဏ္ဍအားလုံးမှာ သူတို့ လုပ်ချင်တာလုပ်လို့ ရသွားပြီ။

    လွန်ခဲ့တဲ့ နှစ်ခြောက်ဆယ်ကာလ တစ်လျှောက်လုံး သူတို့ နိုင်ခဲ့သလို အခုလည်း နိုင်နေပြီ။ ဒီအတိုင်း ဆက်သွားနေမယ်ဆိုရင် နောင်လည်း နိုင်နေအုံးမဲ့ အလားအလာတွေ မြင်နေရတယ်။

    အဓိကတရားခံက မပြောင်းလဲလိုသူ အာဏာရှင်အုပ်စုနဲ့ လူမျိုးရေး ဘာသာရေး မုန်းတီးမှုတွေကို ရှေ့တန်းက အကောင်အထည်ဖေါ်နေတဲ့ ဦးဝီရသူအုပ်စုဖြစ်တယ်။

    ပူးတွဲတရားခံက နှာစေးနေတဲ့ နိုင်ငံရေးသမား အမည်ခံတွေဖြစ်တယ်။

    ReplyDelete
  4. စည်ပင်သာယာ ဘာလုပ်နေလဲ တိုင်းညွှန်မှူး ဦးအောင်မြင့်က ယခင် ဝန်ကြီး

    ဟောင်း ဦးဝင်းစိန် သားမက်ပါ အလုပ်က ဘာမှ မလုပ် ဂေါက်သာရိုက်နေတာ

    တောင်းကြီးမှာ အမှိုက်ကား ချောက်ထဲ ကျ မီးလောင်တာ ဘာမှမဖြစ်ဘူး။

    ရွှေကို အချောင်းလိုက်စုတယ် ဝန်ကြီးတွေ ကန်တော့လဲ ဒီလို ရွှေတုံးတွေ

    ကန်တော့ပြီး ရာထူးယူတဲ့ ပျော်ဘွယ်သား လေတပ်က ပြောင်းလာတဲ့

    စားဖားပါ။

    ကိုရွှေရဲ တို့သေချာစောင့်ကြည့်ပါ။

    စည်ပင်ညွှန်မှူးတွေဟာ သိန်းပေါင်း သောင်းနဲ့ချီ ချမ်းသာနေကြတာ

    စရဖ စသုံးလုံး SB တို့ ကိုယ်ပျောက်နဲ့ စောင့်ဖမ်းပါ။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။