Pages

Thursday, June 20, 2013

ချုပ်ချယ်ခြင်းလား ကာကွယ်စောင့်ရှောက်ခြင်းလား (ဆောင်းပါးရှင် ကျော်ကျော်ခိုင်)


ချုပ်ချယ်ခြင်းလား ကာကွယ်စောင့်ရှောက်ခြင်းလား
(ဆောင်းပါးရှင် ကျော်ကျော်ခိုင်)
 
ဇွန် ၁၃နဲ့ ၁၄ ရက်က မှော်ဘီမြို့၊ ဓမ္မဒူတ ဇေတဝန် တောရ ဆေကိန္ဒာရာမ ကျောင်းတိုက်တွင် ဗုဒ္ဓ သာသနာတော်ဆိုင်ရာ သြဝါဒခံယူပွဲနှင့် အကြို ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပခဲ့ပါတယ်။ မီဒီယာအချို့ အနေနဲ့ ဆွေးနွေးတင်ပြချက်အချို့ကို လိုရာဆွဲဖွတဲ့အနေနဲ့ မျိုးစောင့်ဥပဒေပြဌာန်းနေပါတယ် ဆိုပြီး စွပ်စွဲရေးသား ဝါဒဖြန့်ချိခဲ့ပါတယ်။ 

ဆရာကြီး လုပ်ချင်သူတွေကလည်း အမျိုးမျိုးပညာတွေထုတ် ရေးသားလာကြပြန်ပါတယ်။ အမှန်တကယ် သံဃာတော်များ ဆွေးနွေး တင်ပြကြသည့်အချက်မှာ အမျိုးသားများနှင့်အတူ အမျိုးသမီးများသည်လည်း လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ရရှိရေး၊ ဘာသာရေးလွတ်လပ်ခွင့် အာမခံချက်နှင့် အကာအကွယ်ရရှိရေးတို့ကို ဆွေးနွေးကြခြင်း ဖြစ်ကြောင်း၊ ၉၆၉  လှုပ်ရှားမှုကို အကြမ်းဖက်သည့်လှုပ်ရှားမှု၊ ဘာသာခြားများကို တိုက်ခိုက်သည့် လှုပ်ရှားမှုများအဖြစ် စွပ်စွဲခံနေရခြင်း၊ မသမာသူများက အလွဲသုံးစား ပြုလုပ်နေကြခြင်းကြောင့် အဆိုပါ ၉၆၉  လှုပ်ရှားမှုဆိုသည်မှာ မိမိတို့ ဘာသာအဆုံးအမကို ပညာပေးခြင်း၊ စောင့်ရှောက်ခြင်းတို့ ပြုလုပ်သည့် ငြိမ်းချမ်းရေးသင်္ကေတမျှသာ ဖြစ်ကြောင်း မိမိတို့ သံဃာများက ရှင်းလင်းထုတ်ပြန်ခြင်း ဖြစ်ကြောင်း သတင်းဌာနတခုကို ဆရာတော်ဦးဓမ္မပီယမှ ရှင်းပြဖြေကြားပေးခဲ့တာကို ဖတ်ရှုမိပါတယ်။ စာရေးသူအနေနဲ့ အောက်ပါအတိုင်း သုံးသပ်မိပါတယ်။

၁။         ဗုဒ္ဓ သာသနာတော်ဆိုင်ရာ သြဝါဒခံယူပွဲနှင့် အကြို ညှိနှိုင်းဆွေးနွေးခြင်းသာ ဖြစ်ပါတယ်။ သာသာနာရေးဆိုင်ရာများသာ ဖြစ်ပါတယ်။ သို့သော် သာသနာတော်ကာကွယ်ရေးနဲ့ ဆက်စပ်နေသော အပိုင်းတခုအနေနဲ့ ယခုမျိုးစောင့်ဥပဒေဆိုပြီး ပြောနေကြတဲ့အချက်အလက်ကို တင်ပြသူရှိတဲ့ သဘောဖြစ်ပါတယ်။ အကြောင်းအရာတခုကို ဆွေးနွေးတဲ့အခါမှာ ဒီလိုပဲဆက်စပ်နေတဲ့ အကြောင်းအရာ ပြဿနာတွေပါ ထည့်သွင်းစဉ်းစားကြရတာ လုပ်ရမည့်အစီအစဉ်တခုပါပဲ။ ဆွေးနွေးပြီး ဆုံးဖြတ်ချက်မကြသေးသရွေ့ လုပ်နေပါပြီပြောမရပါဘူး။ မီဒီယာတချို့အနေနဲ့ ဝိုင်းဝန်း ဆွေးနွေးအဖြေရှာကြရမယ့် ကိစ္စတခုကို ဖွချင်တဲ့အတွက် လိုရာဆွဲအော်လိုက်လို့ အကျယ်အကျယ် ဖြစ်သွားခဲ့တယ်လို့ ယူဆမိပါတယ်။ အရှင်းဆုံးဆိုရရင် ဆရာတော် ဦးဝီရသူနောက် တကောက်ကောက်လိုက်ပြီး အစဆွဲသတင်းလုပ်ချင်နေတဲ့ သဘောတွေ့ရပါတယ်။

၂။         အထက်ဖေါ်ပြပါ ဆရာတော်၏ ရှင်းလင်းချက်ကိုနားလည် သဘောပေါက်လျှင် မထောက်ခံလျင်သော်မှ ကန့်ကွက်ခြင်းမပြုသင့်ပါ။ မေးမြန်းလျောက်ထား၍ ညှိနှိုင်းဆွေးနွေး အဖြေရှာခြင်းကိုသာ ပြုလုပ်သင့်ပါတယ်။ တင်ပြချက်များအပေါ် ပိုတာကိုဖယ် လိုတာကိုဖြည့်ရမှာသာ ဖြစ်ပါတယ်။ အကြောင်းတခုခု ပေါ်ပေါက်လာပြီဆိုလျင် ညီညီညွတ်ညွတ်ဖြင့် ဆွေးနွေးညှိနှိုင်းအဖြေရှာတတ်ခြင်း မရှိသည်မှာ မှားယွင်းသောအကျင့်ဆိုးများဖြစ်ပါတယ်။ ဗုဒ္ဓဘာသာကာကွယ်စောင့်ရှောက်ဖို့ဟာ သံဃာတော်များရဲ့တာဝန်သာမဟုတ်ပဲ ဗုဒ္ဓဘာသာဝင်အမျိုးသား အမျိုးသမီးများအားလုံးရဲ့ တာဝန်တခုသာ ဖြစ်ပါတယ်။ ဒီလိုကာကွယ်စောင့်ရှောက်ရတဲ့အခါ ဗုဒ္ဓဘာသာဝင်ဆုံးရှုံးရခြင်းဟာ ဘာသာခြားများနဲ့ လက်ထပ်ထိမ်းမြားပြီး ဘာသာခြားရဲ့အိမ်ထောင်ခန်းဥပဒေဘက်ကို လိုက်သွားရတာကြောင့် ဆိုတာကို တွေ့မြင်လာကြရပါတယ်။ 

ဘာသာခြားရဲ့ အိမ်ထောင်ခန်းဥပဒေအရ လက်ထပ်သွားရခြင်းကြောင့် နောက်ဆက်တွဲ ပြဿနာအဖြစ် နစ်နာဆုံးရှုံးမူတွေထပ်မံ  ဖြစ်ပေါ်လာရတာကြောင့် ဘာသာတရား စောင့်ရှောက်မူအတွက် ဆက်စပ်နေသော ယခုစာတမ်းတစောင်ကို ဆွေးနွေးစရာ တခုအဖြစ် တင်ပြလာတယ်လို့ ယူဆပါတယ်။ အခြားဘာသာတရားအပေါ် ထိပါးနှောက်ယှက်ခြင်းမပါ ပါဘူး။ ဒီစာတမ်းကို (အမျိုးစောင့်ဥပဒေဆိုတာကို) အသေအချာ လေ့လာကြည့်လျင် မြန်မာအမျိုးသမီးအားလုံးနဲ့ မသက်ဆိုင်ပဲ ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးများရဲ့ လက်ထပ် ထိမ်းမြားခြင်းဆိုင်ရာ အိမ်ထောင်ခန်း ဥပဒေဆိုင်ရာအပိုင်းပါ။ 

လက်ရှိ မြန်မာဓလေ့ ထုံးတမ်းဥပဒေနှင့် ၁၉၅၄ခု ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ ထိမ်းမြားလက်ထပ်မှုနဲ့ အမွေဆက်ခံမူအက်ဥပဒေအရမှာလည်း ဘာသာခြားနှင့် လက်ထပ်ရာတွင် နစ်နာဆုံးရှုးံမူများ ရှိနေသည့်အပြင် မြန်မာနိုင်ငံတွင် အစ္စလာမ် ဟိန္ဒူနဲ့ ခရစ်ယာန်ဥပဒေများကိုသာ ပြဌာန်းဥပဒေအဖြစ် လက်ခံထားရပါတယ်။ မြန်မာဓလေ့ ထုံးတမ်းဥပဒေမှာ ပြဌာန်းဥပဒေအဆင့်မဟုတ်ပဲ ဓလေ့ထုံးတမ်းဥပဒေအဆင့်သာ ဖြစ်နေသဖြင့် ၎င်းအချက်ကို အထူးတင်ပြဆွေးနွေးခြင်းလည်း ဖြစ်ပါတယ်။ ဘာသာခြားနှင့် လက်ထပ်ရခြင်းကြောင့် ဘာသာဝင်ဆုံးရှုးံခြင်းနဲ့ မြန်မာဗုဒ္ဓဘာသာအမျိုးသမီးများကို ကာကွယ်စောင့်ရှောက်ပေးနိုင်ရန်နှင့် နစ်နာဆုံးရှုံးမူများ မဖြစ်စေရန်သာ ဖြစ်ပါတယ်။

၃။         အကြမ်းအားဖြင့် မြန်မာဗုဒ္ဓဘာသာအမျိုးသမီးများဟာ ရှေးကာလကတည်းက ဘာသာခြားတွေနဲ့လက်ထပ်တဲ့အခါ ဘာသာခြားထဲမဝင်မနေရ အတင်းအကြပ်ဝင်ရပါတယ်။ အတင်းအကြပ် မဟုတ်ခဲ့လျှင်လည်း ၎င်းတို့ဘာသာအရကိုက ၎င်းတို့ ဘာသာထဲဝင်ရအောင် လုပ်ထားပါတယ်။ အဆင်မပြေကြလို့ ကွဲကွာကြတဲ့အခါမယ် သူတို့ဘာသာ အရ လက်ထပ်ထားတဲ့အတွက် အမွေများ ရပိုင်ခွင့်များဆုံရှုံးခြင်း၊ ကလေးများမိဘမဲ့ဖြစ်ရခြင်း မွတ်ဆလင် ဘာသာရေးတွင် တလာဘ်၃ ကြိမ်ခေါ်ရုံနဲ့ လင်ကမယားကို အလွယ်တကူ ကွာ၍ရခြင်းနဲ့ မယားလေးဦး ယူနိုင်ခြင်းများကြောင့် အငယ်အနှောင်း သဘွယ်ဖြစ်ရခြင်းတို့ကို မိမိနိုင်ငံထဲမှာနေပြီး မိမိတို့ အခွင့်အရေး ဆုံးရှုံးနေရခြင်းများကို ကာကွယ်ပေးနိုင်ဖို့သာ ဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။

၎။         ကန့်ကွက်သည်ဆိုသော အဖွဲ့များသည် အဆိုပါစာတမ်းကို ကောင်းစွာဖတ်ရှုရခြင်း မရှိသေးပဲ အလျင်စလို ပြောဆို ထုတ်ပြန်နေကြကြောင်း သုံးသပ်မိပါတယ်။ ကန့်ကွက်တယ်ဆိုတာက တို့ဘာသာ ဘာသာခြားနဲ့ လက်ထပ်ချင်ထပ်မယ် ပြောစရာမလိုဘူးဆိုတဲ့ သဘော သက်ရောက်သွားပါတယ်။ ယခု မျိုးစောင့်ဥပဒေဆိုတာ မြန်မာအမျိုးသမီးများ လက်ထပ်ခြင်းကိစ္စကို ထိန်းချူပ်တာ မဟုတ်ပဲ မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများက ဘာသာခြားနဲ့လက်ထပ်ခြင်းကြောင့် အခွင့်အရေး ဆုံးရှုံးခြင်း ပြဿနာများတွေ့ကြုံရခြင်း မရှိအောင် ရေးသားဆွေးနွေးထားတာပါ။ 
၅။         တခုခုဆိုရင် ယခုတလော လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကိုပဲ ကိုင်ပြောနေကြပေမယ့် နေရာတိုင်းမှာ ဒီပေတံကြီးကို ထုတ်ကိုင် တိုင်းတာနေလို့ မရပါဘူး။ ကုလသမဂ္ဂ၏ လူ့အခွင့်အရေး ကြေငြာစာတမ်းမှာ ကောင်းပါတယ်။ သို့သော် အခြေခံအားဖြင့် သဘောတူ နိုင်ကြသော်လည်း နိုင်ငံအသီးသီးမှာ ဒီကနေ့ လက်တွေ့လုပ်ကိုင်နေကြရသည်မှာ တခါတရံ လူ့အခွင့်အရေးစံနဲ့ ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။ မဖြစ်လို့လည်းမရပါဘူး။ မိမိနိုင်ငံ၏ နိုင်ငံရေး စီးပွားရေး ကာကွယ်ရေး လူမူရေး ယဉ်ကျေးမူနှင့် ဘာသာရေး အခြေအနေများအပေါ် မူတည်ပြီး အုပ်ချူပ်ရေး တရားစီရင်ရေး ဥပဒေပြုရေး အာဏာသုံးရပ်ဖြင့် စီမံအုပ်ချူပ် နေရတာဖြစ်ပါတယ်။ 

အထူးသဖြင့် နိုင်ငံကြီး၂ခုအကြား ရှိပြီး လူဦးရေ ပေါက်ကွဲမူဖြစ်နေတဲ့ ဘာသာမတူတဲ့ ဘင်္ဂလားဒေ့ရှ်လို နိုင်ငံနဲ့ ကပ်နေတဲ့ မြန်မာနိုင်ငံ၊ ခိုးဝင်လာတဲ့ ဘင်္ဂလီလူမျိုးများက တိုင်းရင်းသားတောင်းတာ နယ်မြေအပိုင်စီးတာ ခံနေရတဲ့ မြန်မာနိုင်ငံအဖို့ သည်ကြေညာစာတမ်းနဲ့သာ တိုင်းတာပြောဆိုနေရင် လူမျိုးဘာသာ ပျောက်ကွယ်သွားနိုင်ပါတယ်။ ရခိုင်တိုင်းရင်းသားတို့ရဲ့ အမျိုးကို စောင့်ရှာက်နိုင်မူကြောင့် ရခိုင်လူမျိုးနဲ့ ရခိုင်ဗုဒ္ဓဘာသာရေး ကိုးကွယ်မူ ပျောက်ကွယ်မသွားခဲ့လို့ သတိလက်လွတ် ဖြစ်မသွားသင့်ပါ။
၆။         စကာင်္ပူ မလေးရှားကိုဥပမာပေးတာကလည်း အတုယူတာမဟုတ်ပဲ နားမလည်သေးသူတွေ မသိသေးသူတွေကိုသိအောင် ပေးထားတာဖြစ်ပါတယ်။ စကာင်္ပူဟာ ဒီမိုကရေစီနိုင်ငံ အစစ်မဟုတ်လို့ အတုမယူသင့်ဘူး လို့ ပြောသူကပြောပါတယ်။ ဒီမိုကရေစီဘိုးအေနိုင်ငံကြီးတွေဟာလည်း နေ့ချင်းညချင်း ဒီမိုကရေစီနို်င်ငံကြီး ဒီနေ့အခြေအနေလို တည်ထောင်နို်င်ခဲ့တာမဟုတ်ပါဘူး။ ဒီမိုကရေစီစစ်စစ်နဲ့သွားရင်လည်း ဒီကနေ့ စကာင်္ပူလူမျိုးဆိုတာ တွေ့နိုင်မှာ မဟုတ်ပါဘူး။ ဒီမိုကရေစီဆိုတာဟာလည်း နေရာတကာ လွတ်လွတ်လပ်လပ် ဆိုတာနဲ့ တိုင်းတာတာမျိုး မဟုတ်ပါဘူး။ စည်းကမ်းဆိုတာ ပါပါတယ်။ စကာင်္ပူဟာ စည်းကမ်းရှိလို့ စည်းကမ်းလိုက်နာလို့ ယနေ့အခြေအနေနဲ့ နေထိုင်နိုင်ကြတာပါ။

 မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီနိုင်ငံ ထူထောင်နေပေမယ့် ဒီမိုကရေစီ ဘိုးအေနိုင်ငံတွေလို အဆင့် ချက်ခြင်းဖြစ်ချင်လို့ မရပါဘူး။ နောက်တချက်ကတော့ အတုယူသင့်ရင် ယူရမှာပဲဖြစ်ပါတယ်။ ထိုင်းတောင်ပိုင်းမှာ မူဆလင်ခွဲထွက်ရေး သမားတွေပြဿနာ ရှိနေပေမယ့် စကာင်္ပူမှာမရှိဘူး။ ဘာကြောင့်လည်းဆိုတော့ မြို့ကိုနိုင်ငံခေါ်နေရတဲ့ နိုင်ငံသေးကလေးအဖို့ မူဆလင်ဦးရေးကို စတည်ထောင်ကာစက ၁၅% ယခုလည်း ၁၅% ထိန်းထားနိုင်ခဲ့ပြီး စကာင်္ပူတရုတ်များကို မူဆလင်ဘာသာခြားနဲ့ ထိမ်းမြားခြင်းကို ပုံစံမျိုးစုံနဲ့ ကန့်သတ်ပေးထားလို့ ဖြစ်ပါတယ်။

 ဘာသာခြားက စကာင်္ပူအမျိုးသမီးကို ယူခဲ့ရင်တောင် အခွင့်အရေးများကို အမျိုးသမီးဘက်အပြည့်အဝရယူပေးထားတယ်။ သို့သော် စကာင်္ပူအမျိုးသမီးများ အမျိုးကို စောင့်ရှောက်ပါတယ်။ မူဆလင်များနဲ့ မယူသလောက်ပါ။ အကယ်၍ စကာင်္ပူမှာ မူဆလင်ဘာသာဝင် ၄-၅၀% ရှိလာလျင် သေချာပေါက် ဘာသာရေးပြဿနာ ဖြစ်လာနိုင်ပါတယ်။   မြန်မာမှာ ဘယ်လိုအခြေအနေရှိလည်း အားလုံးသိရှိပါတယ်။ နိုင်ငံတကာရဲ့ အိမ်ထောင်ခန်းဥပဒေတွေကိုလေ့လာတဲ့အခါ  ဘယ်လိုပဲလွပ်လပ်စွာကိုးကွယ်ယုံကြည်ခွင့် ထိမ်းမြားခွင့်ပြုထားပေမယ့် မိမိတို့လူမျိုးဘာသာ ထိခိုက်နစ်နာရခြင်း မရှိလေအောင် ပြဌာန်းထားကြပါတယ်။ အထူးသဖြင့် အမျိုးသမီးများကို ဦးစားပေးထားပါတယ်။ 
၇။         ယခုဆွေးနွေးပွဲကအမျိုးစောင့်ဥပဒေဆိုတာလည်း လွပ်လပ်စွာကိုးကွယ်နိုင်ခြင်းကို ထိခိုက်ခြင်းမရှိပါဘူး။ ကိုယ်နှစ်သက်ရာ ဘာသာတရားကို လူတိုင်းလွပ်လပ်စွာ ကိုးကွယ်ယုံကြည်နိုင်ခွင့်ပေးထားပါတယ်။ သို့သော် ဘာသာရေးထိခိုက်ပြောခြင်း မဟုတ်ပဲ မှန်ရာဆိုလျင် မူဆလင်ဘာသာဝင်များနှင့် မြန်မာဗုဒ္ဓဘာသာဝင်အမျိုးသမီးများ ယူလေ့ရှိကြရာတွင် အမျိုးသား၏မူဆလင်ဘာသာကို ဝင်ရသည်ချည်းဖြစ်ပါတယ်။ မဝင်လျှင် သူတို့ဘာသာတရားအရ တရားမဝင်တဲ့ အတွက် ဝင်ကိုဝင်ရပါတယ်။ သဘောကျစွာဝင်တယ် လွတ်လပ်စွာ ကိုးကွယ်တယ်လို့ ပြောလို့မရပါဘူး။ ယူပြီး ဗုဒ္ဓဘာသာ ဘုရားစင်ထားကြည့်လိုက်ပါ။ လက်တွေ့ နားလည်သွားပါလိမ့်မယ်။ ဗုဒ္ဓဘာသာထုံးတမ်းအရ လက်မထပ်ခဲ့ရတော့ ဆုံးရှုံးမူတွေ နစ်နာမူတွေ ထပ်တွေ့ လာတော့တာပါပဲ။ ခရစ်ယာန်ဘာသာဝင်တွေနဲ့တော့ အထူးတလည် ပြဿနာရှိတာ မတွေ့ရပါဘူး။ တအိမ်တည်း ဘုရားစင်နှစ်ခုနဲ့ ကိုးကွယ်နေကြတာပါပဲ။ သားဆိုရင် ဗုဒ္ဓဘာသာ အရ ရှင်ပြုရဟန်းခံပေးပြီး သမီးတွေကို ကြိုက်ရာ ကိုးကွယ်ခွင့်ပြုတာလည်း တွေ့ဘူးပါတယ်။
၈။         စာရေးသူ ဘာသာရေးထိခိုက်မူ မပါပဲ ကိုယ်တွေ့လေး မျှချင်ပါတယ်။ စာရေးသူ မူဆလင်ရပ်ကွက်ထဲ နေထိုင်ဘူးပါတယ်။ အမှန်တကယ်လည်း မြန်မာမ ယူရင် ထောက်ပံ့ပေးမယ်ဆိုတာ ရှိခဲ့တာပါ။ ယခုတော့ သူတို့ငြင်းပါတယ်။ ငြင်းဆိုသလို  မူဆလင်လူကြီး သူမများအနေနဲ့ ထိန်းသိမ်းပေးသွားဖို့ တိုက်တွန်းပါတယ်။ စကားဆက်ရရင် ဘာသာခြား ရပ်ကွက်ဖြစ်တာကြောင့် စာရေးသူအနေနဲက   ညီမတွေနဲ့ ညီမသူငယ်ချင်းတွေကို ရှေးရေးမျှော်မြင်ပြီး ဘာသာတရားနဲ့
ပါတ်သက်လို့ အထူး တိုက်တွန်းပါတယ်။

 သို့သော်လည်း နီးစပ်မူက ရှိလေတော့  ညီမသူငယ်ချင်းတဦး မူဆလင်ဘာသာဝင်နဲ့ ယူသွားပါတယ်။ နောက် အဲဒီမိန်းကလေးက မူဆလင်ဘာသာထဲ အဝင်ပြပေမယ့် မူဆလင်လုံးလုံး မဖြစ်ဘူးဆိုပြီး ကွဲသွားကြတော့ မိန်းကလေးက ကလေးတွဲလောင်းနဲ့ ဖြစ်နေပါပြီး။ ကလေးကလွဲပြီး ဘာတခုမှ အဖတ်တင်ခဲ့တာမရှိပါဘူး။ ရုပ်ရည်ကလဲချောမောလှပြီး တခုလပ်ဖြစ်သွားတော့ မြန်မာချင်း မကူညီစောင့်ရှောက်ပဲ အကျင့်ဆိုးတဲ့သူတွေနဲ့ ထပ်တွေ့ပါတယ်။ ကိုယ်တိုင်က စိတ်ဓါတ်ကမခိုင်မာ ဘဝကိုကြံ့ကြံ့မခံနိုင်၊ ကိုယ့်ပညာနဲ့ကိုယ် ရပ်တည်နိုင်ခြင်းကလည်းမရှိ  အစဉ်းစားအဆင်ခြင်ကလည်း နဲပါးသူဖြစ်တာကြောင့် မြှူဆွယ်သူတွေနဲ့တွေ့ပြီး မကောင်းမူတောထဲ ရောက်သွားပါတယ်။ 

အစကတည်းက ဘာသာတူခြင်းတောင် “ အိမ်ထောင်မူ ဘုရားတည်၊ ဆေးမှင်ရည် စုတ်ထိုး ( ယခုတော့ တက်တူးတောင်ထိုးနေကြပါတယ် ) နောင်ပြင်နိုင်ခဲတဲ့အမျိုး ” ဆိုတဲ့ စကားလေးနဲ့ ရှေးလူကြီးသူမတွေက သွန်သင်ဆုံးမပေးထားခဲ့တာဟာ အမြှော်အမြင်ကြီးကြီးနဲ့ ပြောခဲ့ကြတာပါ။ ဟာသလုပ်စရာ မဟုတ်ပါဘူး။ လိုက်နာကျင့်ကြံသင့်တာပါ။ 
၉။         အကြံပြုချက်သဘော တင်ပြချင်တာက ဘယ်ဘာသာဝင်ဖြစ်စေ ကိုယ့်ရဲ့ဘာသာတရားအပေါ်မှာ မိရိုးဖလာထက်တော့ လေ့လာမူပြုသင့်ပါတယ်။  အဖေအမေက ကိုးကွယ်လို့ အလိုလို ဘာသာဝင်ဖြစ်လာတာ မဆန်းသလို သဘာဝမကျပါဘူး။ အသက် ၄၀ နားရောက်ပြီး ဗုဒ္ဓဟာသေပြီးမှ ဘုရားဖြစ်တာလား မသေခင်ဖြစ်တာလား မေးတဲ့သူကို စာရေးသူတွေ့ဘူးပါတယ်။ သူငယ်ချင်း ဆရာမကြီးက တဦးကလည်း ဘုရားဟာတဆူတည်းပါ အစွဲတွေမထားပါနဲ့တဲ့။ 

စာရေးသူ ပြန်ပြောလိုက်တယ်။ အဲဒီလို ဘုရားတဆူ အတူတူပါဆိုပြီး ကိုယ့်ဘာသာကျတော့ ပစ်ပယ်ခိုင်း သူ့ဘာသာ ဝင်ခိုင်းသူတွေကြောင့် မြန်မာအမျိုးသမီးတွေ ဘာသာခြားဖြစ်တာများပြီ။ ဗုဒ္ဓဘာသာဟာ ဘယ်ဘာသာနဲ့မှ မတူသလို ဘုရားချင်းလည်းမတူ တရားချင်းလည်းမတူ နေနဲ့လ အရှေ့နဲ့အနောက်လို့။ အစွဲမထားခြင်း မထားရင် ဗုဒ္ဓဘာသာက အစွဲအလန်းဖြုတ်တယ်။ နားမလည်တာကို နားမလည်ဘူးသိဖို့ လိုတယ် အဲဒါအစွဲအလန်းနဲ့ မဆိုင်ဘူး ဆိုပြီးပြောပြရတယ်။ သူကပြန်ပြောတယ် တို့ရုံးမှာ နင်တို့ငါတို့အရွယ် ဘယ်သူမှ ဘုရားတရားစကားပြောတာ မကြားဖူးဘူးတဲ့။ 

စာရေးသူကို သီလ သမာဓိ ပညာ ဆိုတော့ ပညာက ဘာပညာလည်းဆိုပြီး ပြောဆိုတဲ့သူလည်းတွေ့ဘူးပါတယ်။ သူက သိပ္ပံခေတ်ပညာကိုမှ ပညာလို့တထစ်ချ လှေနံဓါးထစ်ယူထားပါတယ်။ ဘဝကိုမှန်မှန်ကန်ကန် နားလည်သိမြင်ဖို့ ဗုဒ္ဓဟောကြား ဆုံးမထားတဲ့ သစ္စာတရားတွေကို အလုပ်ပေးတရားတွေကို ပညာလို့ မထင်ဘူး။ စာရေးသူတို့ ဗုဒ္ဓဘာသာဝင်တွေ တော်တော်များများက မိရိုးဖလာပဲဖြစ်နေပါတယ်။ ဘာသာတရားနဲ့ပါတ်သက်လာရင် ကိုယ်ခံအား ကိုယ်ခံပညာမရှိဘူး။ ဒါကြောင့်လည်း တခြားဘာသာကစည်းရုံးရင် အလွယ်တကူပဲပါသွားတတ်ပါတယ်။ ယုံကြည်လို့ သွားတာက ပြဿနာမဟုတ်ပါဘူး။ သူ့အခွင့်အရေးပါ။ မသွားခင်မှာ ကိုယ့်ဘာသာတရားကိုရော ဘယ်လောက် ဆန်းစစ်ဝေဖန်ကြည့်ပြီးပြီလည်း။   ဒါတော့ လုပ်သင့်တယ်လို့ယူဆပါတယ်။       
         
အထက်ပါ တင်ပြချက်များကို ပြန်ချုံ့ပြီးတင်ပြရလျင် မှော်ဘီမြို့၊ ဓမ္မဒူတ ဇေတဝန် တောရ ဆေကိန္ဒာရာမ ကျောင်းတိုက်တွင် ကျင်းပခဲ့တာသည် ဗုဒ္ဓသာသနာတော်ဆိုင်ရာ သြဝါဒခံယူပွဲနှင့် အကြို ညှိနှိုင်းဆွေးနွေးပွဲသာ ဖြစ်ပါတယ်။ ဘာသာသာသနာ ကာကွယ်ခြင်းဆိုင်ရာနဲ့ ပါတ်သက်နေတဲ့အတွက် ယခုဆွေးနွေးစရာ စာတမ်းပေါ်ထွက်လာတယ်လို့ ယူဆပါတယ်။ အမျိုးစောင့်ဥပဒေဆိုတာကတော့ အလွယ်ခေါ်လိုက်ခြင်းသာဖြစ်ပြီး ဗုဒ္ဓဘာသာဝင်ဖြစ်သော မြန်မာအမျိုးသမီးများရဲ့ အိမ်ထောင်ခန်းဥပဒေနဲ့သာ သက်ဆိုင် ပါတယ်။ မြန်မာအမျိုးသမီးအားလုံး အကျူံးမဝင်သလို လက်ထပ်ခြင်းကိစ္စုအဝဝကို ဆွေးနွေးထားတာမဟုတ်ပါဘူး။ မြန်မာအမျိုးသမီးရဲ့ လက်ထပ်ထိမ်းမြားခြင်းကို အဓိကဆိုလိုချင်တာမဟုတ်ပဲ ဘာသာတရားကာကွယ်စောင့်ရှောက်ရေးနဲ့  မြန်မာဗုဒ္ဓဘာသာအမျိုးသမီးများ  ဘာသာခြားနဲ့လက်ထပ်တဲ့အခါ မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးများရဲ့ လွပ်လပ်စွာယုံကြည်ကိုးကွယ်ခွင့် အမွေရပိုင်ခွင့်  လင်မယားကွာရှင်းရေး ဥပဒေများမှာ အခွင့်အရေးဆုံးရှုံးနေရခြင်း ရှုထောင့်က ဆွေးနွေးနေကြတာလို့ သုံးသပ်မိပါတယ်။

 ဘာသာခြားများနဲ့လက်ထပ်ပြီး ဘာသာခြားများရဲ့ထိမ်းမြားဥပဒေကိုသာ လက်ခံကျင့်သုံးနေရခြင်း ၎င်းတို့၏ဘာသာသို့ ဆန္ဒသဘောအလျောက် မဟုတ်ပဲ ဝင်ရောက်ရခြင်းတို့ဟာ ဗုဒ္ဓဘာသာဝင်တို့အတွက် အဆုံးအရှုံးကြီးဖြစ်ပါတယ်။ ရခဲလှတဲ့ လူ့ဘဝမှာ ကြုံတွေ့ရခဲတဲ့ ဗုဒ္ဓသာသနာနဲ့လည်း လွဲချော်ခဲ့ရတဲ့အဖြစ်မျိုးက ကင်းလွတ်အောင် ကယ်တင်ခြင်း ဖြစ်ပါတယ်။ ကန့်ကွက်ခြင်း ထောက်ခံခြင်းထက် ဆွေးနွေးတိုင်ပင်ေ
 ဆောင်ရွက်သင့်ပြီး လိုအပ်ပါက ဒကာဒကာမများကပင် ဆက်လက်အကောင်အထည် ဆောင်ရွက်သင့်သော ကိစ္စတရပ်ဖြစ်တယ်လို့ ယူဆပါကြောင်းတင်ပြယင်း နိဂုံးချူပ်ပါရစေ။
                                    ကျော်ကျော်ခိုင်

16 comments:

  1. ၁။ သတင်းသမားတွေနဲ့ ကန့်ကွက်သူတွေဟာ စွပ်စွဲပြောဆိုနေတဲ့ ခေါင်းစဉ်ကိုမှားနေပါတယ် အမျိုးသမီးအခွင့်အရေးကို ကန့်သတ်ဖို့ ကြိုးစားမှု ဆိုတာကို အတင်းလိုင်းပေါ်ဆွဲတင်ပြီး ပြောနေကြတာမကောင်းပါ။ ၂။ ဗုဒ္ဓဘာသာမြန်မာအမျိုးသမီးမှန်ရင် ကန့်ကွက်စကားမပြောခင် သက်ဆိုင်ရာ ဆရာတော် သံဃာတော်များနဲ့သွားရောက်တွေ့ဆုံ မေးမြန်းလျောက်ထား သင့်ပါတယ်။ ဘာကြောင့်မလုပ်ပဲ သတင်းသမားတွေအလိုကျ ပြောဆိုထုတ်ပြန်တာ အရင်လုပ်နေကြသလည်း တခုခုလွဲချော်နေသလို မေးမြန်းဖြေဆိုတာတွေ လုပ်နေတာတွေဟာ အမေးတခြား အဖြေတခြား ဖြစ်နေပါတယ်။ ၃။ မူဆလင်တို့က ဗုဒ္ဓဘာသာမြန်မာအမျိုးသမီးယူလျင် ထောက်ပံ့သော ကိစ္စကို ငြင်းပါတယ်။ အမှန်တရားအတွက်တော့ လခြမ်းနဲ့ကြယ်တရားကို ကန့်ကွက်နေသူများ အရင်နားထောင်ကြည့်ပါ။ တခြားနိုင်ငံတွေမှာ ဒါမျိုးမကြုံရတော့ သွားနှိုင်းယှဉ်လို့ မရတဲ့အချက်တွေပါ။ ထေရဝါဒဗုဒ္ဓသာသနာ တည်တံ့ခိုင်မြဲစေရေး တရားတော် မှ လခြမ်းနှင့်ကြယ် ကိုနားဆင်ကြည့်ပါရန်။
    http://yinthinnei.blogspot.jp/search?updated-max=2011-09-15T13:36:00-04:00&max-results=15&start=15&by-date=false

    ReplyDelete
  2. လခြမ်းနှင့်ကြယ်

    http://yinthinnei.blogspot.jp/search?updated-max=2011-09-15T13:36:00-04:00&max-results=15&start=15&by-date=false

    ReplyDelete
  3. စော်ကားခြင်းပါ

    ReplyDelete
  4. အေး ဟုတ်တယ် စော်ကားတာမှန်သမျ
    မွတ်ဆလင်တွေက စတာချည်းပဲ ဒီဘက်က
    ပြန်ချတော့မှ အဘားအဘားနဲ့ အော်ငိုပြတာ
    အဲဒီလို လာစော်ကားတာတွေရှိလို့ အခုလို
    ကာကွယ်ရတာတွေ ဖြစ်လာတာ တခြား
    ဘယ်ဘာသာနဲ့မှ မွတ်ဆလင်နဲ့ဖြစ်သလို
    မဖြစ်ဘူး မွတ်ဆလင်ကသာ အခြားဘာသာ
    အားလုံးနဲ့ ဖြစ်နေတာ အားလုံးအသိပဲ

    ReplyDelete
  5. စိန်ကျောက်ခဲ၊
    ဦးကျော်ကျော်ခိုင် ရဲ့ အားထုတ်ရေးသားမှုကို အလေးထား လေးစားပါတယ်။
    လူ့အခွင့်အရေး၊နိုင်ငံတကာတရားဥပဒေဆိုတာတွေကို တွင်တွင်ကြီးပြောနေကြတဲ့ ပုဂ္ဂိုလ်များ သတိထား စေလိုတာက ကိုယ့်နိုင်ငံ ကိုယ့်ဘာသာ၊ ကိုယ့်အမျိုးသားအကျိုးစီးပွားအတွက်ဆိုရင် အဲ့ဒီ့လူ့အခွင့်အရေးနဲ့ နိုင်ငံတကာတရားဥပဒေဆိုတာဟာ တခါတရံ နောက်တန်းထားရတယ်ဆိုတာ အမေရိကန်၊ အစ္စရေးလ် တို့ရဲ့ လုပ်ရပ်တွေမှာ နမူနာ များစွာရှိသလို ဘာသာရေးနဲ့ ပါတ်သက်လို့ ဘယ်နိုင်ငံတကာတရားဥပဒေမှ အနားတောင်ကပ်လို့မရတဲ့ ဆော်ဒီအာရေးဗီးယား၊ အီရန် စတဲ့ အစ္စလမ်နိုင်ငံတွေ ရဲ့ လုပ်ရပ်တွေရော လေ့လာပြီးပြီလား။ အဲ့ဒိ အစ္စလမ်နိုင်ငံတွေကိုသွားကြတဲ့ ဥရောပ အာရှက သတင်းထောက်အမျိုးသ္မီးတွေ ဘယ်အမျိုးသမီးမဆို ( ဥပမာ ကျနော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သွားရင်တောင်) ခေါင်းမြီးမခြုံပဲ လူမြင်ကွင်းမှာ လွတ်လပ်စွာ သွားလာလို့မရဘူးဆိုတာနားလည်ကြရဲ့လား။ အီရန်နိုင်ငံမှာ ဘာသာ ကူးပြောင်းရုံနဲ့ သေဒဏ်တရားဝင်ပေးခွင့် ရှိတယ်ဆိုတာတွေ၊ ဘယ်အမျိုးသမီးတဦးတယောက်မှခေါင်းမှီးမခြုံပဲ လူတောထဲထွက်ခွင့်မရှိတဲ့ အဲ့ဒီ့နိုင်ငံတွေရဲ့ တရားဥပဒေများ ကိုသွားပြီး လူ့အခွင့်အရေးတို့နိုင်ငံတကာတရားဥဒေတို့ ဆိုတာသွားပြီးတိုင်းထွာ ကြည့်ပါလား။ ဒါတွေကို ရန်မီးပွားအောင်ထိုးပြနေခြင်း မဟုတ်ပါ။ သူတို့မွတ်စလင်ဘာသာရဲ့ တာတွေကို အပ်ထိုးလို့ မရ လုံစေ့အောင် ကာထားကြပါလျှက် မြန်မာရဲ့ဟပြဲနေတဲ့ ကိုယ့်တာကျကာမှ နိုင်ငံတကာဥပဒေ စတာတွေသုံးပြီး ဖွင့်ပေးသင့်ပါတယ် ဆိုလာတဲ့သူတွေ စဉ်းစားကြပါ။ နိုင်ငံပေါင်းစုံကို လေ့လာနှိုင်ပြီးကာမှ နိုင်ငံတကာဥပဒေတို့……ဆိုတာတွေကို စမ်းသပ်သုံးကြစေလိုပါတယ်။
    ဗုဒ္ဓဘာသာ ဆရာတော်ကြီးများရဲ့ လုပ်ရပ်ကို ဦးကျော်ကျော်ခိုင် တင်ပြသလို စေ့စေ့ မလေ့လာဘဲ၊ အမျိုးသမီးတွေရဲ့ လွတ်လပ်ခွင့်ကို ချုပ်ချယ်တားစီးတယ်ဆိုပြီး ချက်ချင်းတုန့်ပြန်ပြောဆိုဖေါ်ရတဲ့ ဒေါ်လူ့အခွင့်ရေးမယ်တို့….ကို့ယ်နိုင်ငံအတွင်းက ဗုဒ္ဓဘာသာ ဘာသာမြန်မာအမျိုးသမီးတွေ မွတ်စလင်ဘာသာဝင်နဲ့ယူပြီးရင် နာမည်ကအစ အစ္စလမ်နာမည်…ဥပမာ မသန်းရွှေမှ ( မသန်းရွှေခေါ်မွတ်စလင်နာမည် ဖာတာမီ၊ အမီနာ..စသဖြင့်) မပြောင်းပေးရင် နဲ့ မိမိမူလယုံကြည်ရာ ဗုဒ္ဓဘာသာကိုမစွန့်လွှတ်ရင် သက်ဆိုင်ရာမိသားစုရဲ့ အမွေ တစိုးတစိမှ ရပိုင်ခွင့်မရှိတာတွေ၊ သူတို့အသိုင်းအဝိုင်းရဲ့ အရာသွင်းမခံရတာတွေ နှစ်ပေါင်းများစွာမှ ယနေ့တိုင်ခံလာခဲ့ကြတဲ့အဖြစ်တွေကျတော့ရော မျှတတယ်လို့ ယူဆနေကြပါသလား။
    မူလ ရှေးဘိုးဘွားတွေရဲ့ ဟင်ဒူ နဲ့ ဗုဒ္ဓဘာသာနိုင်ငံတွေ ဖြစ်ခဲ့ကြတဲ့ အင်ဒိုနီးရှား အာဖဂန် စတာတွေလဲ ပါသွားကြပြီးပါပြီ။ ဗမာမွတ်ဆလင်များ ဖြစ်ကြတဲ့ ကိုမာမက် အီစွတ်၊ မဖါတမာ တို့ တွေးကြည့်ကြစမ်းပါ ခင်ဗျားတို့ရဲ့ အချို့သော အဖွားရဲ့အဖွားတွေ ဘယ်လိုငွေကြေးအသာစီး အနိုင်ရယူမှုတွေကြောင့် မယုံကြည်ချက်ကိုဖက်တွယ်ပြီး အငြှင်းခံဒုက္ခဘဝနဲ့ ကွယ်လွန်သွားကြရပြီး ခင်ဗျားတို့ မျိုးဆက်တွေ ကျန်ခဲ့ကြရလဲ ဆိုတာတွေ……….။

    ReplyDelete
  6. ဘုမသိ၊ ဘမသိနဲု့ လူ့အခွင့်အရေးဆိုပြီး ဘုန်းကြီးတွေကို ကက်ကက်လန် ရန်တွေ့နေတဲ့ ဇင်မာအောင်က မြန်မာမလား၊ တရုတ်မလား.. ဘာပဲဖြစ်ဖြစ် ထားလိုက်ပါ။ ဘုန်းဘုန်းတို့ရဲ့ လုပ်ရပ်က အမျိုးသမီးတွေကို အထင်သေးလို့၊ ကန့်သပ်ချုပ်ချယ်ဖို့ မဟုတ်ဘူးဆိုတာ ဒီမိန်းမတွေ သေသေချာချာ မသိဘူး။ သူတို့ စိတ်ဆန္ဒမပါပဲ အတင်းကြီးဘာသာ အပြောင်းခံရမယ့် အရေးကို ကာကွယ်ပေးဖို့ အားထုတ်တာကို နားမလည်နိုင်တာ အံ့သြတယ်။ နောက်တစ်ခုက အမျိုးသမီးတွေမှာကြီး တာဝန်ရှိတာမဟုတ်ဘူးတဲ့။ ဟုတ်ပါတယ် ယောက်ကျားတွေမှာလဲ တာဝန်ရှိပါတယ်။ ဒါပေမယ့် သဘာဝတရားရဲ့ တာဝန်ပေးချက်အရ ဘယ်ယောက်ကျားနဲ့ပဲ ယူယူ မျိုးဆက်ပွားခြင်း၊ ကလေးမွေးခြင်းအလုပ်ကို မိန်းမတွေပဲ လုပ်နိုင်တယ်ဆိုတာကို သိသိကြီးနဲ့ မေ့ထားလို့ မရဘူး။

    ReplyDelete
    Replies
    1. အမျိုးသမီးတွေဟာ လင်ယူသားမွေးတင်
      မဟုတ်ဘူး။ စားဝတ်နေရေးကိုပါ
      လင်နဲ့အတူ ရင်ဘောင်တန်း ရှာနေရတဲ့ခေတ်
      မှာ အမျိုးသမီးတွေကို ကာကွယ်ဖို့အရေး
      ရှေ့ တန်းတင်နေလိုက်ကြတာ။
      အားကိုးရှာပါတယ်ဆိုမှ ကိုယ်ကဘဲဦးဆောင်
      နေကြရတာ။ ရပ်ကွက်တွေထဲလိုက်ကြည့်ပါ။
      အိမ်ထောင်ဦးစီး ယောင်္ကျားတွေ
      မူးရူးပြီးအိမ်ပြန်လာတာ ဆန်ဖိုးတောင်ပါမလာ
      တဲ့ အဖြစ်တွေ အများကြီးတွေ့ ရပါလိမ့်မယ်
      အဲဒီတော့ အမျိုးသမီးတွေလဲ သူတို့ရဲ့ဘဝ
      လုံခြုံအေးချမ်းသာယာဖို့အတွက်
      သူတို့စိတ်ကြိုက် ရွေးချယ်ကြတော့မှာဘဲလေ
      ခက်တာက ယောင်္ကျားတွေရဲ့ စိတ်ကို
      ကျိန်းသေမသိနိုင်ကျတော့
      ဘယ်ဘာသာမှာဘဲ ဖြစ်ဖြစ် အိမ်ထောင်ပြု
      တာဟာ ထီထိုးနည်းတမျိုးပေါ့။
      နောက်ဆုံး ကုန်ကုန်ပြောရရင်
      မိသားစုတလှေကြီးရဲ့ တာဝန်ကို ဆက်ပြီး
      မထမ်းချင်တော့လို့ သာသနာ့ဘောင်
      ဝင်သွားတဲ့ ဗုဒ္ဓရဲ့ သားတော်တွေတောင်
      ရှိနေကြတာဘဲ။

      Delete
  7. ကန့်ကွက်တယ်ဆိုတဲ့ မိန်းမတွေ အထူးသဖြင့်ဇင်မာအောင်ကြည့်ရတာ မိဘကကောင်းအောင်ဆုံးမရင်တောင်မကြိုက်ဘူးဆိုတဲ့ ခေါင်းကြောမာတဲ့လူ့ကန့်လန့်မျက်နှာပေါက်ပဲ မောင်နှမချင်းဆို အမြဲရန်ဖြစ် သူတပါးအပေါ်ကျ အကောင်းလုပ်ပြတတ်တဲ့ လူစားမျိုးနဲ့တူတယ် ပြီးတော့သတင်းဌာနနဲ့ သူကိုယ်တိုင်ဒီကိစ္စကိုဘန်းပြ ပြီးကိုယ်ရေးထင်ပေါ်လိုမူ ဇောင်းတင်လာတာပါသူ့ရဲ့ဆော်ဒီကိုရောက်စဉ်က ဓါတ်ပုံတွေကလည်း သူဘာဆိုတာပြနေပါတယ် ဒေါ်ဇီးကွက်လိုနာရေးကူညီမူကထင်ပေါ်သူကို ဆွဲသွင်းလိုင်းတင် လာတာကလည်း မကောင်းပါဘူး စည်းကမ်းရှိတဲ့ စင်္ကာပူမှာ စည်းကမ်းမဲ့တဲ့အမေရိကန်ကြိမ်ဒဏ်ကြောင့် ဖင်စုတ်သွားတာတောင်လူ့အခွင့်အရေးအော်လို့ မရဘူး အမေရိကန်ကလွပ်လပ်လွန်းလို့ လွတ်တောင်လွတ်တယ်စည်းကမ်းကျတော့နည်းပါတယ် ဒီမိုကရေစီစစ်လွန်းတော့စည်းကမ်းမရှိ ပေါက်လွတ်ပဲစား လုပ်ချင်ရာလုပ်ပြောချင်ရာပြော များနေသလားပဲ ဒီမိုကရေစီ ရှိပေမယ့် စည်းကမ်းရှိရင်ဒီမိုကရေစီမစစ်ဘူး ပြောချင်နေကြတယ်ဒီမိုကရေစီရဲ့အဓိကသော့ချက်ဟာ စည်းကမ်းပဲ '

    ReplyDelete
  8. အီရန်ရောက် အမေရိကန်မိသားစုဘဝကို လေ့လာနိုင်ဖို့ ဒီရုပ်ရှင်လေးကို အမျိုးသမီးများအထူးသဖြင့် ဇင်မာအောင်ကြည့်ရန် Not Without My Daughter ဖြစ်ရပ်မှန်ရုပ်ရှင် မြန်မာညစ်ညမ်းဒါရိုက်တာများလည်း အတုယူရတာပေါ့ http://www.youtube.com/watch?v=-L-Ykkz7AJw

    http://yinthinnei.blogspot.jp/search?updated-max=2011-09-15T13:36:00-04:00&max-results=15&start=15&by-date=false မွတ်ဆလင်တွေ ယုတ်မာစွာ မြန်မာမကိုရယူဖို့ ကြံစည်ခဲ့ကြတာ လခြမ်းနဲ့ကြယ်တရားမှာနားထောင်ပါ

    ReplyDelete
  9. အရှုံးမပေးနဲ့ ဇင်မာအောင်ရေ ။ရဲရင့်မှ ကျော်ဖြတ်သွား ။အများအကျိုးတွက် တာဝန်ထမ်းရွက်တဲ့အခါ တကယ်ကိုယ်ကျိုးစွန့်နိုင်မှ

    ReplyDelete
  10. ဖာစုက လူ့အခွင့်ရေးဆိုတဲ့စကားကို တွင်တွင်သုံးမှာပေါ့ သူကိုယ်တိုင်က ဘာသာခြား လူမျိုးခြားကို လင်လုပ်ထားတာလေ. မျိုးစောင့်ဥပဒေကို ထောက်ခံလိုက်ရင် သူကိုယ်တိုင် ခွေးမလုံးလုံးဖြစ်တော့မှာကိုး ကန့်ကွက်တယ်ဆိုတဲ့ဟာတွေကလည်း ဖာစုနောက်လိုက် အရိုးကိုက်ရတဲ့ ခွေးလေ ခွေးလွင့်လေးတွေပါပဲ

    ReplyDelete
    Replies
    1. ကံကြမ္မာ ပေးတဲ့ ဘဝမှာ လူဖြစ်ရတာလေ
      အထက်က ပုဂ္ဂိုလ်လဲ နိုင်ငံခြားမှာ
      ကြီးပြင်းလာခဲ့ရင် ခင်ဗျားရဲ့ ကြင်ဖေါ်ဟာ
      လူမျိုးခြားဖြစ်တော့မှာပေါ့။
      ဒေါ်စု ကိုလေးစားရမှာတခုရှိတယ်။
      မိရိုးဖလာ ဗုဒ္ဓ ဘာသာကို တွယ်ဖက်
      ထားလို့လေ။

      Delete
  11. ဒီလောက်အောက်တန်းကျပုံထောက်ရင် ဒေါ်စုကို မုန်းတဲ့သူပဲဖြစ်မယ်

    ReplyDelete
  12. အရှုံးမပေးနဲ့ မီးငယ်ရေ။ရဲရင့်မှကျော်ဖြတ်သွား။ငြိမ်းချမ်းရေးအတွက်တာဝန်ထမ်းရွက်တဲ့အခါ တကယ်ကိုယ်ကျိုးစွန့်နိုင်မှ

    ReplyDelete
  13. http://www.yeyintnge.com/2013/06/father-land.html#.Ucmnb5xJIoF မွတ်ဆလင်ကုလားတွေ အောက်လမ်းနည်းတွေသုံးတတ်တာ ခုမှသိသလား ယုံပြီလား အရင်ကတည်းက သတိပေးနေတာ

    ReplyDelete
  14. http://www.yeyintnge.com/2013/06/father-land.html#.Ucmnb5xJIoF မွတ်ဆလင်ကုလားတွေ အောက်လမ်းနည်းတွေသုံးတတ်တာ ခုမှသိသလား ယုံပြီလား အရင်ကတည်းက သတိပေးနေတာ မြန်မာမတွေကိုရယူရေးမှာ အဲဒီလို အောက်လမ်းနည်းတွေပါသုံးတာ ဆရာမကြီးတို့ရေ

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။