"ဘာသာရေးအပိုင်းတွင် ကျွမ်းကျင်သူ မဟုတ်၍ မျိုးစောင့်ဥပဒေဆိုသည်ကို မသုံးသပ်လိုဟု ဒေါ်အောင်ဆန်းစုကြည်ပြော"
နေပြည်တော်၊ဇွန် ၂၅
လူပြောများနေသော အမျိုးစောင့်ဥပဒေဆိုသည်တွင် ဘာသာရေးနှင့် ဥပဒေ ရောယှက်နေသည့် အတွက် ဘာသာရေးအပိုင်းတွင် ကျွမ်းကျင်သူ မဟုတ်၍ သုံးသပ် လိုခြင်းမရှိဟု ပြည်သူလွှတ်တော် တရားဥပဒေစိုးမိုးရေး ကော်မတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ယနေ့ကျင်းပသော ပဌမအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ပထမနေ့ နေ့လည်ပိုင်းခေတ္တနားချိန်ဝယ် မီဒီယာများနှင့်တွေ့ဆုံစဉ်ပြောကြားသည်။
“အဲဒီဟာကနှစ်ဖက်ရှိတယ်လေ၊ဘာသာရေး နဲ့ ဥပဒေ နှစ်ပိုင်းရှိတယ်လေ၊ဘာသာရေး မှာ ကျွမ်းကျင်သူ မဟုတ်တဲ့ အတွက် ဘာသာရေး နဲ့ ပတ်သတ်ပြီး အန်တီပြောလေ့ မရှိဘူး ၊လက်ရှိအန်တီတို့ တည်ဆဲ ဥပဒေ ထဲမှာ အဲလိုမျိုး ဥပဒေ မရှိဘူး၊ဥပဒေဆို တာဟာတော့ တရားမျှတ မှု ကို အခြေခံရမယ်တန်းတူညီမျှ မှုကို အခြေခံရမယ်ဆိုတာ အားလုံး လက်ခံထား တဲ့ဟာတွေပဲ ”ဟု ၎င်း ကပြောသည်။
တိုင်းမဂ္ဂဇင်း ထဲတွင် ဗုဒ္ဒဘာသာကို အကြမ်းဖက် မှုခေါင်စဉ်နှင့် ယှဉ်တွဲဖေါ် ပြ မှုနှင့်ပတ်သတ်၍ ဒေါ်အောင်ဆန်းစုကြည် က အဆိုပါ ဆောင်းပါးကိုဖတ်ရခြင်း မရှိသေးကြောင်း အစိုးရ ကကန့် ကွက်သည် ကို လည်း ကြားရကြောင်း အဆိုပါ ဆောင်းပါးကို ဖတ်ရှုရခြင်း မရှိသေးသည့် အတွက် သုံးသပ်မှု မပြုလုပ်လို ကြောင်း၎င်း ကပြောသည်။
်
“ဘယ်ဘာသာပဲဖြစ်ဖြစ်ပေါ့ အကြမ်းဖက်မှုနဲ့ ပတ်သတ်ပြီး အထင်ခံရတာ ကတော့ ဘယ်ကောင်းမှာလဲ၊ဘာသာတရားဆိုတာကတော့ အခြေခံ ကတော့လူ
သားတွေကြားမှာ အချင်းချင်း မေတ္တာ ပွားဖို့ ဂရုဏာ ၊မုဒိတာ ပွားဖို့ ဥပက္ခာ ပွားနိုင်ဖို့ ဒီဟာကိုတွန်းအားပေးရမယ် ဘယ်ဘာသာဖြစ်ဖြစ်ပါ
အများအမြင်မှာ အကြမ်းဖက်တယ်လို့ မြင်လာတာ မကောင်းဘူးပေါ့၊ဒါပေမယ့်ဒီလို အမှားမြင်တာ မဖြစ်အောင် အားလုံးက ၀ိုင်းဝန်ကြိုးပမ်းဖို့ လိုတာပေါ့”
ဟု ၎င်း ကပြောသည်။
ဘာသာ တရားကိုးကွယ်ခြင်းမှာ့  ယုံကြည် မှုနှင့်သက်ဆိုင်ကြောင်းထိုကြောင့်ဘာသာတရားကို လိုက်စားသည့်သူ အားလုံးကယုံကြည်မှုခိုင်မာလျှင်မည်သည်အရာနှင့်မျှလုပ်လို့ မှမရပါကြောင်း ၎င်း က ဘာသာရေး အပေါ် ကာ ကွယ်ရန်ဥပဒေ ပြဌာန်းရေးနှင့်ပတ်သတ်ပြီး ပြောကြားသည်။
“ဒါတွေနဲ့ ပတ်သတ်ပြီး အန်တီမဖြေချင်လို့ မဟုတ်ဘူး
အခုအန်တီတို့ နိုင်ငံ အပေါ်မှာ အမြင်စောင်းလာပြီးဆိုတာ အားလုံသိနေတာပဲ မီဒီယာတွေမှာ ဖြစိပျက်နေတာအားလုံးကြားမှာပါ
အရင်တုန်းက အန်တီတို့ တိုင်းပြည်မှာ ဖြစ်ပျက်နေတာ ဒီမှာပဲဖြစ်နေတာ၊အခုအန်တီတို့ တိုင်းပြည်မှည ဖြစ်ပျက်နေတာ တစ်ကမ္ဘာလုံးနဲ့ ဆက်နွယ်နေတယ်
ဒီဟာကို ချိန်ခွင် လျှာညီးမျှ အောင်လုပ်ရမယ်၊ကိုယ်နိုင်ငံအတွင်က ကိုယ်ပြည်သူတွေရဲ့စိတ်အေးချမ်းလုံခြုံမှုကိုလည်းစဉ်စားရမယ်၊ကိုယ်နိုင်ငံမှာရှိတဲ့လူတိုင်းရဲ့အေးချမ်းတည်ငြိမ်မှု ကို စဉ်စားရမယ် ကွက်ပြီးတော့ စဉ်စားလို့ မရဘူး၊ တစ်ကမ္ဘာလုံးရဲ့ အနေအထားနဲ့ လည်းစဉ်စားရမယ်”ဟု ၎င်း ကပြောသည်။
လက်ရှိမြန်မာနိုင်ငံတွင်ဖြစ်ပွား ခဲ့သော ပဋိပက္ခများ သည် တစ်ဦးတစ်ယောက်တည်း အဖြေထုတ်ဖြေရှင်းနိုင်သည့် ကိစ္စ မျိုး မဟုတ်ကြောင်းအခြေအနေ များကလည်းပြောင်းလဲမှု မြန်ဆန်ကြောင်း ဆက်လက်ဖြစ်ပွားမှု မရှိရန် ၀ိုင်းဝန် အဖြေရှာရန် လို အပ်ကြောင်း ၎င်း ကပြောသည်။
စိုင်းနောင်
ပေါ်ပြူလာဂျာနယ်

http://www.yeyintnge.com/2013/06/father-land.html#.Ucmnb5xJIoF လူသေစေအောင် ချစ်လာအောင်မြန်မာမရယူနိုင်အောင်မွတ်ဆလင်ကုလားတွေအောက်လမ်းနည်းသုံးတယ်စာထဲတော့ဘယ်ပါမလည်းဗျာဥပဒေလဲမရှိတော့အသိစိတ်နဲ့ရှောင်ကြဒါပဲရှိတယ်လေ
ReplyDeleteအဲဒီလို ဖြေကြားပေးတာကောင်းပါတယ်။ မဟုတ်ရင်အမေစု အပေါ် အမုန်းတွေ ပွားနေပါဦးမယ်။
ReplyDeleteဘာသာရေးအလုပ် ဘာသာရေးသမားပဲလုပ်ပါစေ။အမေစု နိုင်ငံရေးပဲလုပ်ပါစေ။အမေစု ဘာသာရေးနဲ့မဆိုင်ဘူးလားဆိုတော့ ဆိုင်တော့ဆိုင်ပါတယ်။ဒါပေမယ့် တကယ်ထဲထဲဝင်ဝင် လုပ်တဲ့သူတွေလောက်တော့ နားမလည်ဘူးဆိုတာ အားလုံးက လက်ခံကြရလိမ့်မယ်။တကယ်ထဲထဲဝင်ဝင် လုပ်တဲ့သူတွေကလည်း အစွန်းမရောက်ပဲ မျှမျှတတနဲ့ ဗုဒ္ဓဘာသာရဲ့ အခြေခံဖြစ်တဲ့ ငြိမ်းချမ်းမှု့ကို အခြေခံပီးဆောင်ရွက်သင့်ပါတယ်။အကြမ်းဖတ်ခံနေရတာတောင် မေတ္တာနဲ့ တုံ့ပြန်တာတို့ဗုဒ္ဓဘာသာတွေပဲမဟုတ်ပါလား။မေတ္တာလက်နက်သည်သာ အရာရာကိုအောင်နိုင်ပါတယ်။ဒီမိုကရေစီ အရေးလှုပ်ရှားသူတွေတောင် ဒီလက်နက်ကိုအသုံးပြု့ခဲ့လို့ အကြမ်းဖတ်စစ်ဘီလူးတွေကိုတောင် အောင်နိုင်ခဲ့ပြီမဟုတ်ပါလား။
ReplyDeleteကိုယ်ပြု့သည့်ကံ ကိုယ့်ထံပြန်လာမည်။ကုလားကပြုလျှင် ကုလားခံရမြည်။ဝီရသူ ကပြုလျှင် ဝီရသူ ခံရမြည်။ဘုရားတောင်မှလွတ်အောင်မရှောင်နိုင်ပဲလေ
ReplyDeleteဗုဒ္ဓဘာသာတွေ ဘာသာခြားနဲ့ ပေါ်ပေါ်ထင်ထင် ယူလို့ရအောင် ဝီရသူ စီစဉ်ပေးပါမယ်။ဘယ်မိဘကမှ ဘာသာခြားနဲ့မယူအောင် မတားကြပါနဲတော့။ဗုဒ္ဓဘာသာကိုဝင်မယ်ဆိုပီး စိတ်ထဲကမပါလည်း ခေါင်းလေးညိမ့်လိုက်ရုံပါပဲ။
ReplyDeleteကျနော်တို့ အိမ်ဘေးနားကကောင်မလေး မွတ်ဆလင် တစ်ယောက်နဲ့ ကြိုက်နေတာပါ ။အဲ့ဒီ မွတ်ဆလင်က ကျနော်သူငယ်ချင်းပါပဲ။ လူကြီးတွေလုံးဝသဘောမတူပါဘူး။ကောင်လေးရော ကောင်မလေးရောစိတ်ညစ်နေတာပါ။ ခုတော့ အစဉ်ပြေပါတော့မယ် ။မျိုးစောင့် ဥပဒေ ထွက်ပေါ်လာရင် မိတ္တူ ဆွဲပြီး ဖြန့်ချီပေးစေချင်ပါတယ်။
ReplyDeleteNLD ပါတီအနေနဲ. ပါတီစည်းရုံးရေးဆင်းတဲ.အချိန်မှာ ၊ ပါတီရုံးတွေမှာ ကျွန်တော်တို.ရဲ.အမျိုးသားခေါင်းဆောင် လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ.ပုံတွေ နိင်ငံသားတွေအတွက်ဟောပြာခဲ.တဲ.မိန်.ခွန်းတွေကို ပါတီအနိင်ရရှိရေးအတွက် အသုံးချနေတာတွေကိုရပ်တန်းကရပ်သင်.ပါတယ် ။ ဒီလိုသာဆက်ပြီးအသုံးချနေမယ်ဆိုရင်ေ၇ွှးကောက်ပွဲကော်မရှင်ကို ကန်.ကွက်အကြောင်းကြားစာပို.ပြီး ပါတီဝင်မဟုတ်တဲ. နိင်ငံသူနိင်ငံသားတွေအနေနဲ. ၊ NLD ပါတီကို အရေးယူနိင်အောင်ဆက်လက်လုပ်ဆောင်သွားကြမယ် ။
ReplyDeleteဒါဆို ပင်လုံစာချူပ်အကြောင်းရော
Deleteထည့်မပြောရဘူးလား။
ဟဟ
ReplyDelete