Pages
Friday, June 28, 2013
"အမျိုးစောင့်ဥပဒေပေါ်ပေါက်ရေးကြိုးပမ်းမှု ရည်ရွယ်ချက်ကောင်းဟု သီတဂူဆရာတော်ကြီးမိန့်"
"အမျိုးစောင့်ဥပဒေပေါ်ပေါက်ရေးကြိုးပမ်းမှု ရည်ရွယ်ချက်ကောင်းဟု သီတဂူဆရာတော်ကြီးမိန့်"
အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးဥပဒေ ပေါ်ပေါက်ရေး ကြိုးပမ်းမှုသည် ရည်ရွယ်ချက်ကောင်းကြောင်း၊သံဃာ ၁၀၀၀ ကျော်တက်ရောက်သည့် အမျိုး ဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး သြ၀ါဒခံယူပွဲနှင့် ဦးဆောင်ဆရာတော်များ တွေ့ဆုံညှိနှိုင်းပွဲ၌ သီတဂူဆရာတော်ကြီးက တစ်နာရီကျော်ကြာ မိန့်ကြားသော သြ၀ါဒတွင် ထည့်သွင်းမိန့်ကြားခဲ့သည်။
ထို့အပြင် သီတဂူဆရာတော်ကြီးက အမျိုးဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တစ်ရပ်ပေါ်ပေါက်က အစိုးရ၊
နိုင်ငံတော်သံဃမဟာနာက၊ သံဃာထုတစ်ရပ်လုံး စည်းစည်းစည်းလုံးလုံး လုပ်ဆောင်ကြရန်လည်း တိုက်တွန်းခဲ့သည်။
အမျိုးစောင့်ဥပဒေပေါ်ပေါက်ရေး အကြံပေးဆွေးနွေးသူ ဥပဒေပညာရှင် ဦးရဲခေါင်ညွန့်ကလည်း ယင်းဥပဒေသည် လူ့အခွင့်အအရေးနှင့်ညီကြောင်း၊ အခြားနိုင်ငံများတွင် ၄င်းတို့ ဘာသာများအတွက်ခတ်ထားသော ခြံစည်းရိုးကို လူ့အခွင့်အရေးနှင့်မညီဟု မပြောကြောင်းစသည်ဖြင့် ဥပဒေကြောင်းရာများဆွေးနွေးခဲ့သည်။
ဓာတ်ပုံ - အောင်နိုင်စိုး(ကစ္ဆပ)
ပေါ်ပြူလာဂျာနယ်..
13 comments:
  1. ဆရာတော်ကြီးက ကြောင်တောင်တောင် အလုပ် လုပ်မယ်မထင်
    ReplyDelete
  2. မွတ်ဆလင်တွေ ပျော်နေလောက်ပီ
    ReplyDelete
  3. အမုန်းတရားများကို ဖြစ်ပေါ်စေတဲ့ ဘာသာရေး အစွန်းရောက် ဟောပြောမှု ၊ စည်းရုံးမှု ၊ လှုံဆော်မှုတွေကိုထိထိရောက်ရောက် တားမြစ်အရေးယူသင့်အထိဂရုဏ်းဖြစ်နေစဉ်မှာ
    မိထိလာလိုရဲမှူးကသူ့ရှေ့မှာပြောင်ပြောင်းတင်းတင်းလုပ်နေသူပြစ်မှုကျုးလွန်သူတွေ
    ကိုကျောပွတ်နှစ်သိမ့်နေလိုမျိုးမလုပ်သင့်ဘဲလက်ပံတောင်းအထိကရုဏ်းလိုထိထိရောက်ရောက်အရေးယူသင့်ပါတယ်။မှုခင်းမဖြစ်ခင်တားဆီးခြင်းသည်ဖြစ်ပြီးမှနှိမ်နှင်းခြင်းကပိုထိရောက်ပါတယ်
    ဘာသာရေး အစွန်းရောက် ၊သင်တန်းများကို အားပေးအားမြှောက်ပြုမှုတွေ၊ ထပ်ဆင့် ဖြန့်ဖြူးမှုတွေနဲ့ငွေကြေးထောက်ပံ့ပေးမှုတွေကိုလည်းထိထိရောက်ရောက် မည်သူမကိုဆိအရေးယူဖို့ လိုအပ်ပါတယ် နိုင်တော်အစိုးရရဲ့အရေးယူရာမှာဘက်မလိုက်ဖို့စေတနာမှန်ဘို့လိုပါတယ်
    မြန်မာပြည်ထဲမှာ ထိတ်လန့်စရာကောင်းတဲ့ ဘာသာရေးနဲ့ လူမျိုးရေးဆန်တဲ့ နောက်ထပ် အကြမ်းဖက်မှုတွေ မဖြစ်ပွား မပေါ်ပေါက်ဖို့ဆိုရင် လုံခြုံရေးအင်အား တိုးမြှင့်ချထားရုံ၊ ပုဒ်မ ၁၈၈ နေ၀င်မီးငြိမ်း အမိန့်ထုတ်ရုံ၊ မီးသတ်ကားတွေ အဆင်သင့် ပြင်ထားရုံ၊ ရပ်ကွက်တိုင်း ကင်းစောင့်ရုံ လောက်နဲ့အမှန်တကယ်ကြိုးကိုင်သူများကိုအရေးမယူဘဲလုယက်ဖို့ဝင်လာတဲ့လူလောက်ကိုသာအဖမ်းပြရုံနဲ့မလုံလောက်ပါဘူး။
    လူကိုလူလိုမြင်ဘို့နိုင်ငံသားဆိုလည်းနိုင်ငံသားပီသစွာနေထိုင်ဖို့၊ယဉ်ကျေးမှုဓလေ့ ထုံးတမ်းအစဉ်
    လာမတူညီတူများတစ်ဦးကိုတစ်ဦးကို လေးစားဖို့ ၊အစွန်းမရောက်ဖို့ ကောလဟာလ မယုံကြည်ဖို့ ၊ ကန့်သတ်ချက်တွေ လုပ်ပြီး ၊ လူမျိုးခြား ဘာသာခြားဆိုပြီး မြန်မာပြည်မှာ အခြေချနေထိုင်ပြီး နိုင်ငံသား ခံယူထားသူရယ်၊ ဋ္ဌာနေ တိုင်းရင်းသားရယ် ခွဲခြားတဲ့ အခွင့်အရေးနဲ့ ဥပဒေမျိုး ပြဋ္ဌာန်း ဖို့ကိုပြည်ထောင်စုအဆင့်ဝင်တဲ့အာဏာပိုင်များကိုယ်တိုင်ဥပဒေအရ၄င်း၊လူ့အခွင့်ရေးအရ၄င်း ဘာသာလူမျိုးနိုင်ငံသားနှိမ်ချဆက်ဆံခြင်းမျိုးမလုပ်မိစေဖို့လုပ်ခဲ့ရင်အတိုင်းအတာအရ အရေးယူစေခြင်းမျိုးဆောင်ရွက်ရန်
    ဒါတွေကိုမလုပ်ကိုင်ခဲ့ရင်တော့မြန်မာပြည်ဆိုတာထိတ်လန့်ကြောက်ရွံ့ဖွယ် အခြေအနေအောက်မှာ နေထိုင်ရတဲ့၊အကြမ်းဖက်မှုတွေနေရာအနှံ့ဖြစ်ပေါ်နေတဲ့မတည်ငြိမ်တဲ့ တိုင်းပြည်ဘာသာရေး၊
    လူအခွင့်အရေး၊ဥပဒေမလိုက်နာသူလူရိုင်းတွေနေတဲ့နိုင်ငံအဖြစ်ကဘာအလည်မှာနိုင်ငံ့ပုံ
    ရိပ်ကျဆင်းသွားမှာဖြစ်ပါတယ်။နိုင်ငံရဲ့စီးပွားရေးကျဆင်းပြီးရင်းနှီးမြှုပ်နှံမှုမရှိတော့ဘဲဥပဒေမဲ့ မင်းမဲ့စရိုက်အခြေအနေရောက်ရှိပြီးအလုပ်လက်မဲ့ထူပြောကာပြည်ပျက်ကြီးကပ်ရောဂါရသကဲ့သို့
    ဖြစ်စေကာမြန်မာနိုင်ငံကိုမီးလောင်တိုက်ထဲသွင်းကာပျောမွေ့သူအကြိုက်၎င်းတို့အလိုကျတိုင်းပြည်ပုံသွင်းမှုမှကာကွယ်ရန်မြန်မ်ာပြည်တွင်းနေမီဒီယာများတွင်မကမည်သည့်လူမျိုး၊ဘာသာမဆို
    အားလုံးတွင်တာဝန်ရှိကြောင်းအမျိုးသားရေးတာဝန်တရပ်အသွင်ခံယူကာဆောင်ရွက်သင့်ပေသည်။
    ReplyDelete
  4. မြန်မာပြည်ထဲမှာ ထိတ်လန့်စရာကောင်းတဲ့ ဘာသာရေးနဲ့ လူမျိုးရေးဆန်တဲ့ နောက်ထပ် အကြမ်းဖက်မှုတွေ မဖြစ်ပွား မပေါ်ပေါက်ဖို့ဆိုရင် လုံခြုံရေးအင်အား တိုးမြှင့်ချထားရုံ၊ ပုဒ်မ ၁၈၈ နေ၀င်မီးငြိမ်း အမိန့်ထုတ်ရုံ၊ မီးသတ်ကားတွေ အဆင်သင့် ပြင်ထားရုံ၊ ရပ်ကွက်တိုင်း ကင်းစောင့်ရုံ လောက်နဲ့အမှန်တကယ်ကြိုးကိုင်သူများကိုအရေးမယူဘဲလုယက်ဖို့ဝင်လာတဲ့လူလောက်ကိုသာအဖမ်းပြရုံနဲ့မလုံလောက်ပါဘူး။
    ဆူပူမှုဖြစ်လိုက် ကယ်ဆယ်ရေးတွေ လုပ်လိုက်နဲ့ နိုင်ငံရေးအရ တိုင်းပြည် GDP နစ်နာပါတယ်။
    မေး ။ ။ မြန်မာနိုင်ငံ၌ ဘာသာရေး ၊ လူမျိုးရေး ၊ ပဋိပက္ခတွေ မဖြစ်ရအောင် ဘာတွေ လုပ်ကြမလဲ။
    ဖြေ ။ ။ အမုန်းတရားများကို ဖြစ်ပေါ်စေတဲ့ သင်္ကန်းဝတ်ပြီး ဘာသာရေး အစွန်းရောက် ဟောပြောမှု ၊စည်းရုံးမှု၊လှုံဆော်မှုတွေကိုထိထိရောက်ရောက်တားမြစ်အရေးယူသင့်ပါတယ်။
    ဘာမဆိုင် ညာမဆိုင် အပြစ်မဲ့ ခရီးသွား တွေသတ်ပစည်းလုသူတွေ ဘာသာရေး အစွန်းရောက်တွေကြောင့်အမုန်းတရားများကို ဖြစ်ပေါ်စေပြီးအကြမ်းဖက်မှူခင်းပေါ်ပေါက်အောင်
    အားပေးအားမြှောက် လုပ်နေတဲ့ငယ်ရုပ်အဆင့်ရှိနိုင်ငံတော်သံဂါနာယကဆရာတော်များရဲ့သြ၀ါဒ ကိုဆန့်ကျင်ကာမင်းမဲ့စရိုက်အသွင်ဆောင် (ရုပ်သေးရုပ်)၉၆၉ဂိုဏ်းအုပ်ဦးဝီရသူအပါအ၀င်
    မည်သည့်ဘာသာရေးခေါင်းဆောင်မဆိုနောက်ကွယ်ကနေကြိုးကိုင်နေတဲ့GODFATHER
    (ှဆူပူမှုဖြစ်ပြီးမှလုယက်ဖို့ဝင်လာတဲ့လူများမဟုတ်နိုင်ငံရေးသမား၊အာဏာရပါတီဝင်အပါအ၀င်၊
    ခရိုနီပါဝင်ပါက)ဖြတ်တောက်မှုလုပ်ဖို့၊ကြောသားရင်သားမခွဲခြားပဲထိထိရောက်ရောက်အရေးယူဖို့
    လိုအပ်နေပါတယ်။
    ReplyDelete
  5. စောက်ရူး ဘာတွေလျှောက်ရေးနေတာလဲ မူးနေတာလား ရူးနေတာလား .... မူးမူးရူးရူးနဲ့ လျှောက်ရေးမနေနဲ့ သေချာတယ်ဆို photo တွေ အချက်အလက်တွေ တိတိကျကျနဲ့ရေး ... မင်း အတင်းပြောနေတာ သံဃာတွေ မင့်အမေလင်တွေ မင့်ပထွေးတွေမဟုတ်ဘူး နားလည်လား စောက်ရူး ဘာတွေလျှောက်ရေးထားမုန်းလဲမသိဘူး တစ်ယောက်ထဲကို ရှုတ်နေတာဘဲ
    ReplyDelete
  6. ညီလေးရေးမိထိလာအရေးအခင်းကိုင်တွယ်ပုံ VEDIO ဖိုင်ကိုမကြည်ဖူးနဲ့တူတယ် ၀ယ်ကြည့်နော် အထောက်အထားကဓတ်ပုံထက်သာတယ်
    ReplyDelete
  7. ညီလေးရေမြန်မာဆိုတာယဉ်ကျေးတဲ့လူမျိုး ဂါရဝေါစ နိဝါတောစတရားနဲ့ဗာဟုသဥစင်္စရှိသူလို့အကိုမြင်တယ် BLOG အဆင့်တန်းရှိအောင်ညစ်ညမ်းစာမရေးသင့်ဘူးလို့အကိုထင်တယ်ကိုကိုယ်ကိုတန်ဖိုးရှိဖိုကြံဆပါ
    ReplyDelete
  8. အဲ့ဒါဆို အထောက်အထားနဲ့တကွတင်ပြလေ...
    ပထမအဆင့် ခင်ဗျားပစ်မှတ်ထားတဲ့ ဆရာတော်ဦးဝီရသူ နဲ့ ၉၆၉ သတင်းကို တိတိကျကျစုံစမ်း
    ဒုတိယအဆင့် အနေနဲ့အမူ့ကို ဘက်ပေါင်းစုံကကြည့် အပြန်ပြန်အလှန်လှန်သုံးသပ် မှန်မှန်ကန်ကန်တည်ဆောက်
    တတိယအဆင့် အားလုံးတိကျသေချာပြီဆိုမှ လူထုကိုတင်ပြ
    သူတဘက်သားကို ပြောခြင်ဆိုခြင်နေတဲ့သူတယောက်က ဒီလောကိတောင်အားထုတ်မူ့မရှိဘဲနဲ့ ဆရာကြီးလေသံနဲ့တော့တက်မလာနဲ့...
    ခင်ဗျားဘက်ကများ တခုခုမှားယွင်းခဲ့ရင် ခင်ဗျားစော်ကားနေတာဘုန်းကြီးနော် ခင်ဗျားပေးဆပ်ရမှာ သံသရာတလျှောက်လုံးနော် သံဃာကိုစော်ကားမိရင် ဘယ်ဘဝမှာမှ လူ့အဖြစ်ကိုမရနိုင်တော့ဘူး ကျန်တဲ့အပိုင်းဘယ်လိုဘဝ ဘယ်လိုငရဲမှာခံစားရမယ်ဆိုတာတော့ ငါလူကိုမင်္ဂလာကြီးသိမှာပါ
    ReplyDelete
    Replies
    1. အထောက်အထား ဘာအထောက်အထားလဲ
      ဖြစ်ပျက်နေတာရှင်းရှင်းကြီး။
      ဒီအထောက်အထားတွေ အစိုးရမှာ
      မရှိဘူးလို့ မင်းထင်လား။
      ရခိုင်အမျိုးသမီးလေးကို မုဒိန်းကျင့်တဲ့ကောင်
      တွေကို ဖမ်းတယ်။ မူဆလင် ၁၀ ယောက်
      ကားပေါ်က ဆွဲချသတ်ဖြတ်သွားသူတွေ
      တယောက်မှ မမိဘူး။
      မိတ္ထီလာမှာ ဘုန်းကြီးကိုသတ်တဲ့ မူဆလင်
      ကောင်တွေ မိတယ်။ ထောင်ဒဏ်ပေးတယ်
      မူဆလင်တွေကိုသတ် ဆူပူသောင်းကျန်းကြ
      တဲ့သူတွေကိုရော ဘာလုပ်ပြီးပြီလဲ။
      ဥက္ကံမှာ ကိုရင်ပုညကိုဝင်တိုက်မိတဲ့ မူဆလင်
      အမျိုးသမီး ထောင်ကျသွားတယ်။ မူဆလင်
      အိမ်တွေကို မီးရှို့ တဲ့ကောင်တွေရော ဘာဖြစ်
      သွားလဲ။ ထိုနည်းတူ လားရှိုးကိစ္စ အစရှိသဖြင့်
      ပေါ့ကွာ။
      အဲဒီအထောက်အထားတွေလိုချင်ရင်
      အစိုးရဆီမှာတောင်း။ အကုန် record
      လုပ်ထားတာ။ ဒါပေမဲ့ သူဖမ်းချင်တဲ့
      သူကိုဘဲရွေးဖမ်းတာဆိုတော့ကာ
      တမျိုး တွေးချင်စရာကြီးဖြစ်နေတယ်
      ဒီပြသနာကို အစိုးရဘက်လိုက်နေမှန်း
      သိသာနေတယ်။ ဒီကိစ္စမှာ အစိုးရ ပါဝင်
      ပတ်သက်မှု မရှိဘူးဆိုရင်တောင် ဘယ်သူ
      တွေနောက်ကွယ်မှာရှိနေတယ်ဆိုတာ
      ကောင်းကောင်းသိနေပုံရတယ်။
      အဲဒီ့အဖွဲ့ဟာ ဦးဝီရသူကို အသုံးချပြီး
      ရှေ့ကနေတွှရားဟောခိုင်း ပြီး
      နောက်ကွယ်ကနေ ဆူပူမှုတွေ ဖြစ်အောင်
      ကြိုးကိုင်နေတာ ထင်ရှားနေတယ်။
      နဝတ ရဲ့ လုပ်ကွက်ဟောင်း တချို့ပေါ့။
      Delete
  9. "လူကိုလူလိုမြင်ဘို့ နိုင်င်သားဆိုလဲ နိုင်ငံသားပီသစွာ နေထိုင်ဖို့ ................
    .............. အခြေခြနေထိုင်ပြီး နိုင်ငံသားခံယူထားသူရယ် ဌာနေတိုင်းရင်းသားရယ် .............
    ............... ဘာသာ လူမျိုး နိုင်ငံသား နှိမ့်ချဆက်ဆံခြင်းမျိုးမလုပ်မိစေဖို့ အတိုင်းအတာအရ အရေးယူစေခြင်းမျိုးဆောင်ရွက်ရန်"
    သေချာတော့စဉ်းစား ကောင်ကြီးရ လူကို လူလိုမြင်ဖို့ မင်းပြောတယ်နော် ဒါပေမဲ့ ဘာမှမဆိုင်တဲ့ ခရီးသွား ဘုန်းကြီးကို ရက်ရက်စက်စက်သတ်ပြစ်တယ် အဲ့ဒါလူမဟုတ်ဘူးနော် ဘုရားနဲ့တဂိုဏ်းထဲထားတဲ့ သံဃာ
    မင့်အထင်ကြီးတဲ့ ဒီမိုကရေစီနိုင်ငံကြီးတွေကို သေချာလေ့လာအုံးဟ အင်းငါ့ကောင်ကြီးသက်သာအောင် အဝေးကြီးမကြည့်နဲ့အုံး စင်္ကပူကိုဘဲကြည့် အခြေချတွေ ဌာနေတွေ လာမပြောနဲ့ သူတိုနိုင်ငံသားစစ်စစ်တွေထဲမှာတောင် ပထမမျိုးဆက် ဒုတိယမျိုးဆက် တတိယမျိုးဆက် ဆိုပြီးခွဲထားတယ်ဟ ပြီရင်အထောက်အထားအပြည့်အစုံနဲ့နေတဲ့ လူတောင်မှ နာရီပိုင်းကျော်နေလို့မရဘူး ကိုယ့်ကိုကိုယ်ဘာကောင်မှန်းမသိတဲ့ကောင်တော့တက်မလာနဲ့
    နောက်ဆုံးတချက် မင့်ရြောိကိတ်နေတဲ့ ၉၆၉ ဆိုတာ ဆရာတော် ဦးဝီရသူ တည်ထောင်ခဲ့တာမဟုတ်ဘူး ရှိပြီသားရေမြောင်းတခု ရေစီးရေလာကောင်းအောင် ဆရာတော်က အမှိုက်တွေ ဒိုက်တွေ ရှင်းပေးတဲ့ သဘောမျိုးလောက်ဘဲလုပ်ပေးတာ
    ကဲငါ့ကောင်ကြီး ဒီလောက်ဆို နားလည်လောက်ရောပေါ့
    ReplyDelete
  10. အညီလေးစကားအရပဲဒိုက်တွေကိုရှင်းတဲ့သဘောဆိုတာ ဒိုက်ကိုရှင်းတာအပင်သဘောအရ ရေဖြတ်တောက်ပြီးရှင်းတာနဲ့အပင်ကိုသတ်တာ၂မျိုး
    ဘဲရှိတယ်အဲဒီတော့အကြမ်းဖက်တာကိုဝန်ခံသလိုာဘဲ
    သွယ်ဝိုက်ဝန်ခံတာအကိုသဘောပေါက်ပါတယ်။နောက်စင်္ကာပူဆိုတာလူကို
    လူလို့မြင်တဲ့နိုင်ငံအဖွဲ့အစည်းမှာဘာသာမရှိဘူးဥပဒေအရ National Right ရှိရင် ခွဲခြားမှူမရှိဘူး ဒီမှာကဥပဒေတွင်မည်သို့ပင်ရှိစေကာမူဆိုတဲ့ကြီးနိုင်ငယ်ညှင်း
    တိရိဆန်ဥပဒေကြောင့်နိုင်ငံသားဖြစ်ခွင့်မရှိတာ မွတ်စလော CHINA ကော်ပဲ ဒါကြောင့်စင်းနဲ့မနှိုင်းနဲ့ရှက်စရာကြီး
    အထောက်အထားကတော့သူသွားတဲ့နေရာတိုင်းပြသာနာဖြစ်ရတာ ရယ် သူသီတင်းသုံးရာ ကျောင်းတိုက်မှာ ကွန်ဂိုမှာဓတှ်ဆီကားမှောက်တဲ့နေရာမှာဓတှ်ဆီ ခပ်နေရင်းနဲ့ ပေါက်ပြီးလူအတွဲလိုက်သေတယ့်ပုံကိုမွတ်
    သတ်လို့သေတာပါဆိုပြီးပြထားထားညီလေးInternet တွေကရှင်းထားတာမသိသေးဘူးနဲ့တူတယ် ဘာဆိုဆိုညီလေးပြောတယ့်ဒိုက်ဥပမာလောက်နဲ့ဆိုရင်းသူရဲ့အကြမ်းဖက်
    ReplyDelete
  11. မျိုးစောင့်ဥပဒေကြောင့်လက်ထပ်ခွင့်မရတာကြောင့်အဖေလို့ခေါ်ခွင့်အမေလို့ခေါ်ခွင့်မရမယ့်သနားစရာခလေးတွေပေါ်လာပြီးနောင်မျိုးဆက်တခုမှာဗုဒ်ဓဘာသာ
    ကိုနာကြည်းမယ့်ခလေးတွေပေါ်ပေါာက်လာနိာင်တယ် ဓမ်မ က အဓမ်မကြောင့်ဘုရားရဲ့
    သာသနာကွယ်ပျောက်မှာဘာသာကိုကွယပျောက်အောင်လုပ်နိုင်တာ မွတ်တွေကြောင့်မဟုတ်ဘူးဘုရားရဲ့သားတော်တွေဘဲကောလဟာလတွေလုပ်မိမိနာမည်ကြီးခြင်လို့လာဘ်ပသကာတွေများချင်လို့လူသတ်လို့သေရင်တယောင်ဘဲကလောင်သတ်လို့သေရင်......
    ReplyDelete
  12. လူတိုင်း ငြိမ်းချမ်းပါစေ တရားဥပဒေ စိုးမိုးပါစေ ဆိုတဲ့ စိတ်ကလေးသာ ရှိခဲ့လျှင်
    ReplyDelete
ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။