အကျင့်ပျက်ခြစားနေသည့် ဝန်ထမ်းများအား ထိရောက်စွာ တားဆီးအရေးယူပေးပါရန်…
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို နှောက်ယှက်ပြီး ကိုယ်ကျိုးစီးပွားကိုသာကြည့်ပြီးလုပ်ဆောင်နေသည့် ပဲခူးတိုင်းမြေစာရင်းဝန်ထမ်းများကို ထိရောက်စွာ အရေးယူပေးပါရန်
ပဲခူးမြို့တွင် ယခုအခါ လေယာဉ်ကွင်းစီမံကိန်း၊ မြို့ရှောင်လမ်းစီမံကိန်းများကြောင့် မြေကွက်များမှာ အရောင်းအဝယ်ကောင်းနေပါသည်။ ထိုသို့ အရောင်းအဝယ်ဖြစ်နေသောအခါ ပဲခူးတိုင်းမြေစာရင်းဦးစီးမှူးမှလည်း အောက်လက်ငယ်များနှင့် ပူးပေါင်းပြီး မြို့၏ ပလပ်မြေများကို မြေကွက်ရိုက်ပြီး၊ ရောင်းစားမှုများပြုလုပ်နေသည်မှာ အချိန်ကာလအားဖြင့် ကြာမြင့်နေပြီ ဖြစ်ပါတယ်..။
ပဲခူးမြို့ လေယာဉ်ကွင်းစီမံကိန်း၏ မြောက်ဘက်တွင်

တည်ရှိသော (ဂုံမနီ)ကျေးရွာတွင် နိုင်ငံတော်၏ ပလပ်မြေအဖြစ် ထားရှိခဲ့သော မြေများကို တိုင်းမြေစာရင်းဦးစီးမှူးနှင့် လက်အောက်ငယ်သားများက စီးပွားရေးလုပ်ငန်းရှင်များပူးပေါင်းကာ လယ်မြေများကို တစ်ပတ်အတွင်း နာမည်ပေါက်ဖြင့် ရောင်းစားနေခဲ့ပါသည်။
တိုင်းမြေစာရင်းဦးစီးမှူးမှာ (၁-၇-၂၀၁၃)ယခုလပိုင်းမှ စတင်ပြီး ကိုယ်ကျိုးအတွက် ရှာဖွေနေသည်မှာ အရမ်းကိုအကျည်းတန်ခဲ့ပါသည်။ ယနေ့ (၅-၇-၂၀၁၂)နေ့တွင် (ဂုံမနီ)ကျေးရွာတွင်ရှိသော နိုင်ငံတော်၏ ပလပ်မြေကို အရောင်းအဝယ်ဖြစ်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးနှင့် ဈေးညှိနှိုင်းမှုလုပ်နေသည်မှာ နိုင်ငံတော်
ပိုင် တိုင်းမြေစာရင်းရုံးကြီးမှာ အရောင်းအဝယ်ပြုလုပ်နေသော ဈေးကွက်ကြီးဖြစ်နေပါသည်။
ယခုလို လူကြီးတစ်ယောက်ဖြစ်ပြီး နိုင်ငံတော်၏ အကြည်ညိုကိုဖျက်စီးနေသည့် ဝန်ထမ်းများကို သက်ဆိုင်ရာမှ ထိရောက်စွာ တားဆီး အရေးယူပေးပါရန် တင်ပြအပ်ပါသည်။
(ကျေးရွာသူ၊ ကျေးရွာသားများ လက်မှတ်နှင့် မြေပုံကြမ်းကိုတင်ပြပါသည်။)

ဂုံမနီကျေးရွာသားများ..

ပဲခူးတိုင်းမှမဟုတ်ပါဘူး နိုင်ငံအနှံ့ပါဘဲ
ReplyDeleteမြေစာရင်းဝန်ထမ်းတွေက မြေရှင်ကြီးတွေဖြစ်
နေတာကြာပါပြီ အခုတော်တော်ဆိုးနေကြပါတယ် သူတို့အိမ်တွေ နဲ့ပိုင်ဆိုင်မှုတွေကို ကြည့်ပါ ရတဲ့လစာနဲ့ ၀ယ်နိုင်ပါ့မလား ကြည့်ရင်သိပါလိမ့်မယ်
ပြည်သူတွေအတွက် ရင်လေးစရာ
ReplyDeleteနေ၇ာတကာ ပုံစံတူ ဖြစ်နေတယ် ပဲခူးမြေစာရင်း တော်တော်နာမည်ကြီးနေတယ် မြေကွက်ရှင်တွေဘယ်လောက်ခံနေ၇ပြီလဲမသိဘူး မြေကွက်တွေသိမ်း ပြန်ေ၇ာင်းစား သူတို့ခေတ်ဖြစ်နေတယ်
ReplyDeleteဒီအကြောင်းတွေတင်ပေးတဲ့သူကို ကျေးဇူးတင်ပါတယ် မြို့နယ်/ခရိုင်မြေစာ၇င်း ဦးစီးမင်းသော်တာ ဘယ်လိုလာဘ်စားနေတယ် ဆိုတာလဲ တင် ပေးပါအုံး ပဲခူးမှာ တိုင်းဝန်ကြီးချုပ်နှင့်ပေါင်းပြီးလူပါးအ၇မ်းဝနေလို့
ReplyDeleteဟုတ်တယ် မော်ကန်ရပ်ကွက်ကခလေးဘောလုံး ကစားကွင်း တောင်အကွက်ရိုက်ပြီးေ၇ာင်းစားကြတယ် တော်တော်မွဲနေကြတယ်လေ မယုံ၇င်မော်ကန်၇ပ်ကွက်မှာ လာကြည့်လို့၇တယ် ၇ပ်ကွက်လူတွေကအားမသန်လို့မာန်လျှော့ပြီးခေါင်းငုံခံနေ၇တယ်လေ
ReplyDelete
ReplyDeleteလိပ်ပြာကန်မှာလည်း ဒီအတိုငိးဘဲ
ပဲခူး မြို့သစ်မှာလည်း မြေစာရင်းက ရောင်းစား နေတာ
လူကြီးတွေ မပါဘဲ မရပါဘူးကွာ
အောက်ခြေဝန်ထမ်းတွေကိုဘဲ အရေးယူ နေတာ
မတရား ဘူး
တရားခံက အောက်ခြေ က ဝန်ထမ်းတွေ ဖြစ်နေတာပါ
မင်းတို့က အပေါ်ကိုမပြောရဲတာနဲ့ အောက်ကဝန်ထမ်းတွေကို
တရားခံမလုပ်ပါနဲ့
အော်..အခုမှသိကြတာလား....စက်မှုဇုံကြီးဖော်ထုတ်ပြီး ယနေ့အချိန်ထိ ဘာမှ အကောင်အထည်မဖေါ်သေးဘူး...အကွက်တွေပဲရိုက်ပြီး ရောင်းစားနေတာ ယနေ့အချိန်ထိပါဗျာ....စက်မှုဇုံ နာဂ၀ံလမ်းမကြီးဘေးမှာဆို ယခင်လယ်သမားတွေပိုင်(၇.၅၇)ဧက ကိုမောင်းထုတ်ပြီး ထိုမြေနေရာကို စက်မှုမြေအဖြစ်ထုတ်ပေးပြီး ၀ယ်သူအမည်ပေါက်ဖြင့် မြေစာရင်းတိုင်းဦးစီးမှူး ဦးမျိုးဦးက တစ်ဧကကိုသိန်း(၅၅၀)နဲ့ရောင်းစားခဲ့တာကိုအားလုံးသိအောင်ပြောလိုက်ပါတယ်ဗျာ....
ReplyDeleteတစ်ခြားနေရာတွေလည်း ဒီလိုပါဘဲဗျာ နောက်ဆုံးကုန်ကုန်ပြောရရင် ရပ်ကွက်ထောက်ခံစာ ရဲစခန်းထောက်ခံစာယူရင်တောင် အလှုငွေထည့်ရတယ် ဘာအတွက်လဲတော့မပြောတတ်ဘူး ဒါမျိုးတွေ ရှိနေသင့်သေလို့ လား ပြောကြပါဦး
ReplyDeleteကော့မှုးမြု့ နယ်ထဲက မြစ်ကမ်းစပ်က ရွာလေးတစ်ရွာမှာ ၂လုံး၃လုံးရောင်တဲ့လူကို ၇ဲက ဆက်ကြေးတောင်းတာ အကြွေပေးလို့ စိတ်ဆိုးပြီး လွင့်ပစ်ခဲ့တာ ကျနော် ကိုယ်တိုင်မြင်ခဲ့ရတာပါခာ
လာဘ်ပေးလ်ာယူ ဒို့ ရန်သူ။
ReplyDeleteလာဘ်စားတယ်ဆိုတာ...တကယ်တော့ လစာလုံလောက်စွာ မပေးနိုင်ကြတာတွေ၊ ၀န်ထမ်းတစ်ယောက် ရပိုင်ခွင့်တွေကို ခံစားခွင့်မပေးတာတွေ၊ ကုန်ဈေးနှုန်းတွေ မတည်ငြိမ်မှုတွေကြောင့် ဖြစ်ရတယ်လို့ထင်ပါတယ်... လာဘ်စားမှုတွေကို ပပျောက်စေချင်ရင်တော့ တော်တော်ကြိုးစားရမယ်လို့ ထင်ပါတယ်... မွေးကတည်းက ဒီလိုလုပ်မယ်လို့ ဘယ်သူမှ စိတ်ကူးမရှိကြဘူးလို့ထင်ပါတယ်... လုပ်တတ်အောင် သင်ပေးသွားတဲ့သူတွေကိုပဲ အပြစ်ဖို့ချင်ပါတယ်.... သဘာဝကျကျပြောရရင်.. အခုခေတ်မှာ ရိုးသားတဲ့သူကတော့ ထမင်းငတ်မှာပဲလေ... လူမုန်းများမှာပဲလေ... အဲ့ဒါကြောင့် သူများမိုးခါးရေ သောက်တဲ့အချိန်မှာ မသောက်တဲ့သူကတော့ လူမိုက်ပဲပေါ့... ဒီလိုဖြစ်ရတဲ့အကြောင်းရင်းကတော့ တိုင်းပြည်အုပ်ချုပ်တဲ့သူနဲ့ပဲ ဆိုင်မယ်လို့ထင်ပါတယ်....
ReplyDeleteမြေစာရင်းတင် မက ဘူး စည်ပင် ညွှန်မှူးတွေက ငွေထုတ်တိုင် ၂၀% ပေး
ReplyDeleteရတယ် ပြောင်းသင့်နေပြီ။