Pages

Wednesday, June 19, 2013

Happy Birthday တို့အမေ.. (၆၈နှစ်ပြည့် အမေဒေါ်အောင်ဆန်းစုကြည် မွေးနေ့ဆုတောင်း)

Happy Birthday တို့အမေ..

မွေးနေ့မှသည်... ၂၀၁၅ခုနှစ် ရည်မှန်းချက် ပန်းတိုင် အများမျှော်လင့်နေတဲ့ နိုင်ငံခေါင်းဆောင်အဖြစ် ရောက်ရှိနိုင်ပါစေ.. ပြည်သူ့အမေ အသက်ရာကျော်ရှည်ပါစေ..

ဒီမိုဝေယံ

ဗီဒီယိုပေးပို့သော BG သွေးအကူအညီပေးရေး အဖွဲ့အား ကျေးဇူးတင်ပါသည်..။

19-june-2013 ရက်နေ့တွင်ကျရောက်မည့်အမေဒေါ်အောင်ဆန်းစုကြည် (၆၈)နှစ်ပြည့် မွေးနေ့အမှတ်တရ ဆုတောင်း သီချင်းလေးဖြစ်ပါတယ်..
BG သွေးအကူအညီပေးရေးမှ အမေ့သားသမီးများ ရေးစပ်သီဆို၍ ကိုဝင်းကျော်(G.T.X)မှ မေတ္တာဖြင့် တီးခတ်ဖျော်ဖြေပေးခဲ့ပါသည်။

12 comments:

  1. ယနေ့မှစ နှစ်တစ်ရာတိုင်စေ

    ReplyDelete
  2. အားလုံးအရေးတွက်မို့ ဘဝကိုလှူ ။ အမြဲတမ်းပြုံးလျှက် ဦးဆောင်သူ။ အမှောင်ထုကြီးထဲ အလင်းဝင်လာသူ။

    ReplyDelete
  3. အမေစု ကျန်းမာပါစေ

    ReplyDelete
  4. သားကလည်း အမေ့သားမို့ ပြောချင်ပါသည်။ အမှန်တရားကို မြတ်နိုးသည်။ သူဖို့ကိုယ့်ဖို့စဉ်းစားသည်။ အမေသက်တော်ရာကျော်ရှည်ပါစေ၊ အေးအေးချမ်းချမ်းနဲ့မိသားစု သိုက်သိုက်ဝန်းဝန်းနေနိုင်ပါစေ၊ အမေ့ရဲ့ အမိနိုင်ငံတော်ကြီး နှင့်အတူ ပျော်ရွှင်စွာနေနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံ အမေအပေါ်မှာဝေဖန်မှုပြုလုပ်ခဲ့ရင်တော့ အပြုသဘောနဲ့မို့ ခွင့်လွတ်စေချင်ပါသည်။ လူဆိုတာ အမှားမကင်းနိုင်လို့ ဘာပဲလုပ်လုပ်၊ ဘာပဲပြောပြော သတိတရားထားပြီး၊ အားလုံးတိုင်ပင်ညှိနှိုင်းပြီး လုပ်ပါလို့
    အမေ့ရဲ့သား

    ReplyDelete
  5. အမေစု မွေးနေ့မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ။
    အမေစု ဖြစ်ချင်တဲ့ သမ္မတ ဖြစ်ပါစေလို့ မွေးနေ့ဆုမွန်ပို့သလျှက်

    ReplyDelete
  6. အမေ့မှာ သားကောင်းတွေရှိသလို သားညစ်တွေလည်းရှိတယ်။သားညစ်တွေ က ဘယ်ကလဲဆိုတာ သားကောင်းတွေသိသလို အမေလည်းသိတယ်။ဝေဖန်ထောက်ပြတယ်ဆိုပီး သောက်ကျင့်ယုတ်နေတဲ့ သူတွေရှိတယ်။မြန်မာလူမျိုးက နှစ်ယောက်ရှိရင် သုံးဖွဲ့ ကွဲတယ်။ဒါကိုအားလုံးသိတယ်။လူတစ်ယောက်ချင်းစီရဲ့ အကြိုက်လိုက်ဖို့မလွယ်ဘူး။ဒါ့ကြောင့်အစဉ်ပြေမယ့်ဟာတစ်ခုကို ကိုယ့်စိတ်ကူးနဲ့ ဆုံးဖြတ်လိုက်ရတာတွေရှိတယ်။ကိုယ်ကဒီဘက်က ဒီတစ်မျိုးပြောနေတယ် ဟိုဘက်တစ်ဖတ်မှာလည်း နောက်တစ်ယောက်က တစ်မျိုးပြောနေမယ်ဆိုတာ မမေ့နဲ့။ဟိုကတစ်မျိုး ဒီကတစ်မျိုး ပြောနေတာတွေကို လိုက်လုပ်နေရင် အစဉ်မပြေလို့ ကိုယ်ပိုင်ဆုံးဖြတ်လိုက်ရတာတွေရှိမယ်။ဒါကိုအားလုံးကနားလည်းပေးရမယ်။မိဘက အပြင်မှာအလုပ်ထွက်လုပ်နေတယ် ကိုယ်ကဝိုင်းမကူရင်တောင် အိမ်ပြန်လာချိန်မှာ အပြုံးကိုယ်စီနဲ့ကြိုသင့်တယ်။ကျနော် ပါတီဝင်မဟုတ်ဘူး အမေစုကို ထောက်ခံသူသာဖြစ်တယ်။

    ReplyDelete
  7. ရွှေထီလာJune 20, 2013 at 6:28 PM

    စိတ်ပျက်တယ်

    ReplyDelete
  8. စုရေ. မြန်မြန်သေပါစေ

    ReplyDelete
  9. စိတ်ရင်းအမှန်တွေ ဝမ်းသာပါတယ်။တချို့ရှိပါတယ် အန်တီစုကို ဝေဖန်ထောက်ပြတယ်ဆိုပီး ဂျာနယ်တွေထဲမှာ တွေ့ရပါတယ်။တကယ်ပဲ ဝေဖန်ထောက်ပြချင်တာလား အန်တီစုကို အများမုန်းအောင် လုပ်တာလား ဆိုတာ စဉ်းစားစရာပါ။သူ့လူကိုယ့်ဘက်သားတွေနဲ့ အန်တီမတွေ့ပါစေနဲ့လို့ ဆုတောင်းပေးပါတယ်။

    ReplyDelete
  10. အားလုံးသိဖို့ တစ်ခုပြောပါချင်ပါတယ်။ NLD ရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လျှော့တွက်ရင်မှားလိမ့်မယ်။NLD ကိုထောက်ခံသူတွေ ခေါင်းငုံ့နေတာ ငြိမ်နေတာဟာ မလိုအပ်သေးလို့ပဲ။ဒေါ်အောင်ဆန်းစုကြည် က အရည်အချင်းမရှိပဲ နိုင်ငံရေးဝင်လုပ်နေတာမဟုတ်ဘူး။ထောက်ခံသူတွေ ခေါင်းထောင်လာမဲ့ အချိန်ကို ရင်ဆိုင်ဖို့ အသင့်ပြင်ထားပါ။

    ReplyDelete
  11. ဒီလှုပ်တွေ ညီညွတ်သင့်ပါပီ ။ဓါးတောင်ကို ကျော်၍ မီးပင်လယ်ကို ဖြတ်ခဲ့သူချင်းတွေပဲ။၂၀၁၅ က ပါရာဒို စီးပီး ဂျေဒိုးနတ် စားခဲ့တဲ့ ယခုစားနေတုန်းဖြစ်တဲ့ အဖွဲ့နဲ့ ဓါးတောင်ကိုကျော်ပီး မီးပင်လယ်ကို ဖြတ်ကူးခဲ့ ဖြတ်ကူးနေဆဲ အဖွဲ့ တို့ရဲ့ အားပြိုင်ပွဲဖြစ်ပါတယ်။ပင်ပန်းခဲ့သူချင်းတွေပဲ ဘာလို့ အပြစ်တွေပဲ ပြောနေတာလဲ။တစ်ဦးနဲ့တစ်ဦး ညီညွတ်နေရင် ပန်းတွေဝေနေတဲ့ ပန်းတိုင်က ငါတို့ကို ဆီးကြိုနေလိမ့်မယ်။

    ReplyDelete
  12. ပြည်သူလူထုအရောင်ဆောင်ပြီး NLD ပါတီဝင်တွေ ထောက်ခံတဲ.ကောမင်.တွေ ၊ ပုံမှန်ပြည်သူလူထု ထင်ရောင်ထင်မှားဖြစ်အောင် ရေးသားနေတာတွေကို သတိထားကြပါ။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။