Pages

Monday, July 15, 2013

အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ် ဘတ်ဖဲလိုးမြို့ ဇေယျာသီရိကျောင်းမှာ ကျင်းပတဲ့ မြန်မာမိသားစုများရဲ့ ရဟန်းခံ၊ရှင်ပြုပွဲသို့ ရွှေညဝါဆရာတော်ကြီး ကြွရောက်ချီးမြှင့်..

ဇူလိုင်လ ၁၃ရက်နေ့က အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ် ဘတ်ဖဲလိုးမြို့ ဇေယျာသီရိကျောင်းမှာ ကျင်းပတဲ့ မြန်မာမိသားစုများရဲ့ ရဟန်းခံရှင်ပြုပွဲသို့ ရွှေညဝါဆရာတော်ကြီးနှင့် လက်ထောက် ဆရာတော် အရှင်သူရိယတို့ ကြွရောက်ချီးမြှင့်..

 ရွှေညဝါဆရာတော်ကြီးနဲ့ လက်ထောက် ဆရာတော် အရှင်သူရိယတို့ဟာ ဇွန်လ(၁၁)ရက်နေ့ ရန်ကုန်မြို့မှ ဂျပန်နိုင်ငံသို့ ရောက်ရှိခဲ့ပြီး ဇွန်လ(၁၇)ရက်နေ့အထိ နေထိုင် သီတင်းသုံးခဲ့ပြီး လက်ရှိ မြန်မာပြည်တွင်း အခြေအနေများအား ရှင်းလင်းပောာပြောခဲ့ပါတယ်..။ ထို့မှ ဥရောပနိုင်ငံများ ဖြစ်တဲ့ ဂျာမဏီနိုင်ငံနဲ့ နော်ဝေနိုင်ငံသို့ ရောက်ရှိသတင်းသုံးခဲ့ပြီး..  ဇူလိုင်လ(၃)ရက်နေ့က အမေရိကန်နိုင်ငံ သို့ရောက်ရှိခဲ့ပါတယ်...။ လက်ရှိအမေရိကန် နိုင်ငံမှာ နေထိုင်စဉ်အတွင်း မြန်မာပြည်တွင်း အခြေအနေများနဲ့ တရားဓမ္မများ ဟောကြားချီးမြှင့်မှာ ဖြစ်ပါတယ်..။ 

ရွှေညဝါဆရာတော်ရဲ့ အမေရိကန်နိုင်ငံမှ အပြန်ခရီးမှာတော့ ထိုင်းနိုင်ငံသို့ ဝင်ရောက်မှာ ဖြစ်ပြီး သြဂုတ်လဆန်းပိုင်းမှာ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမှာ ဖြစ်ပါတယ်..။

သတင်း ဓာတ်ပုံ.. ဦးသူရိယ။ 
ဒီမိုဝေယံ၊

3 comments:

  1. မင်္ဂလာကျက်သရေအပေါင်းနှင့်ပြည့်စုံပါသည်။

    ReplyDelete
  2. မြန်မာတွေများလာပီ။အမေရိကန်ကို သိမ်းကြစို့။

    ReplyDelete
  3. မြန်မာအိမ်တွေကို မီးရှို့ဖို့ လုပ်နေလောက်ပီ

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။