ဓာတ်ပုံ.. ဒေါက်တာလှိုင်မြင့်၏ ဒီရေလျှပ်စစ်အား ထုတ်လုပ်မှုအား
ဘိုကလေးမြို့နယ်ရှိ ချောင်းတာရိုးအတွင်း စမ်းသပ်စဉ်.. မြင်ကွင်း
လူထုပုံရိပ်ဂျာနယ် စာဖတ်ပရိသတ်များမှ
ဒေါက်တာလှိုင်မြင့်ထံသို့ ဆက်သွယ် မေးမြန်းလာသော ဒီရေမှလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းဆိုင်ရာ အမေးများနှင် ဒေါက်တာလှိုင်မြင့်အဖြေ..
ဘိုကလေးမြို့နယ်ရှိ ချောင်းတာရိုးအတွင်း စမ်းသပ်စဉ်.. မြင်ကွင်း
(12 July
2013)နေ့ ထုတ် လူထုပုံရိပ်ဂျာနယ်မှာ ရေစီးကနေရေကာတာမလိုဘဲ လျှပ်စစ်ထုတ်လုပ်မှု စမ်းသပ်အောင်မြင်တဲ့ အင်တာဗျူး ပါလာတော့
တချို့ သော စာဖတ်ပရိတ်သတ်တို့မှ စိတ်ဝင်တစား မေးမြန်းလာတာလေးတွေကို ပြန်လည် ဖြေကြားခဲ့ပါတယ်။ မှတ်မိသလောက်လေးတွေကို အများသိနိုင်ရန်နဲ့ အင်တာဗျူးတွင် မပါသော အချက်အလက်များကို ဖြည့်စွက် တင်ပြလိုက်ပါတယ်။
မေးခွန်း(၁) ဆရာရေကာတာ ဆောက်စရာမလိုဘူး နောက်အရင်းအနှီးကလဲ မများဘူးဆိုတော့ အရင်းဘယ်လောက် ကုန်ကျနိုင်ပါမလဲ။ ဆရာပြောတဲ့ အရင်းဒေါ်လာ သောင်းဂဏန်းဆိုတာ သိချင်ပါတယ်။
(ဖြေ) ဒါကတော့ ရေမြောင်း၊ ချောင်း၊
မြစ်သေးသေး၊ မြစ်ကြီးကြီး စသည်ဖြင့်
အရွယ်အပေါ် မူတည်စဉ်းစားရပါမယ်။ ကျနော်အခု စမ်းသပ်ခဲ့တဲ့ ရိုးချောင်းကလေးဟာ ၁၂ -ပေကျယ်ပြီး ၅-ပေဘဲနက်ပါတယ်။
အဲဒီရီုးကလေးပေါ်မှာ တည်ဆောက်ရင် ဒေါ်လာတစ်/နစ်သောင်း (မြန်မာငွေသိန်း-၁ဝဝ / ၂ဝဝ
) ဆိုတာအများဆုံး ကုန်နိုင်ပါမယ်။ အဲဒီရိုးကလေးကနေ မြင်းကောင်ရေ ၅ဝ ကနေ ၃ဝ ထွက်မယ် ခန့်မှန်းထားပါတယ်။
မြင်းကောင်ရေက လျှပ်စစ်အား ၇၄၆ ဝပ် (746 watts) ဆိုရင် စက်၏အား မြင်းကောင်ရေတစ် ရှိပါတယ်။ မြင်းကောင်ရေ - ၅ဝ ဆိုရင် လျှပ်စစ်အား (ဝ.၇၄၆ x ၅ဝ = ၃၇.၃) ကီလိုဝပ် 37 - Kilo – watts ရှိပါတယ်။ တနည်း တစ်နာရီကို လျှပ်စစ်ယူနစ် ၃၇ -ယူနစ်ရပါမယ်။ တနေ့လုံးဆိုလျှင် လျှပ်စစ်ယူနစ် (၈၉၅) ယူနစ်ရပါမယ်။ တစ်ယူနစ်ကို ကျပ် ၅ဝ နှုန်းနဲ့  ဆိုလျှင် တစ်နေ့ကို ကျပ်- ၄၄၇၅ဝ ရပါမယ်။ (မှတ်ချက်။...။ တစ်ကီလိုဝပ် - ၁ဝဝဝ- ဝပ်အားကို တစ်နာရီသုံးစွဲလျှင် လျှပ်စစ် တစ်ယူနစ် ဖြစ်ပါသည်။)
တစ်နှစ်ပတ်လုံးဆိုလျှင် ဝင်ငွေကျပ်သိန်း (၁၆ဝ) ခန့်ရပါသည်။ လျှပ်စစ်က ညပိုင်းတွင် အသုံးနည်းတာကို လျှော့တွက်ပြီး ဝင်ငွေသိန်း (၁ဝဝ) ခန့်တွက်လျှင် ထိုစက် အသေးလေးကို ပိုင်သူအတွက်
တစ်နှစ်အတွင်း အရင်းကျေကာ နောင်နှစ်များတွင် အမြတ်ငွေ
ချည်းသာဖြစ်ပါတော့မယ်။
ဒါကတစ်ယူနစ်ကို ကျပ်ငါးဆယ်နှင့် တွက်ထားဖြင်းဖြစ်ပါသည်။ ထိုင်းနိုင်ငံမှာ မြန်မာပြည်က ဓါတ်ငွေ့နှင့် ထုတ်ပြီး လျှပ်စစ်ဖြန့်ဖြူးနေတာ တစ်ယူနစ်ကို ၂ဝဝ ကျပ်ဖြစ်ပါသည်။ ယခုနေ စက်မှုဇုံတွေကို တစ်ယူနစ်လျှင် ၂ဝဝ -ကျပ်ဖြင့် ပေးနိုင်လျှင် အားလုံးကယူကြပါမည်။ သူတို့ကိုယ်ပိုင် ဒီဇယ်စက်ဖြင့် လည်ရလျှင် တစ်ယူနစ်ကို
၆ဝဝ မက ကုန်ကျပါသည်။
ကျေးရွာတွေဆိုလျှင်
တစ်ယူနစ်သည် (၂ဝဝ-ကျပ်) ဖိုးသည် ၂- ပေမီးချောင်း ၅ဝ - ချောင်းကို တစ်နာရီ ထွန်းနိုင်တော့
အိမ် ၅ဝ -ကို မီးပေးထားနိုင်ပါသည်။ ကီလိုဝပ်အား
၃၇-ကီလို ဆိုလျှင် အိမ်ထောင်စုပေါင်း -
၁၈၅ဝ ကိုပေးနိုင်ပါပြီ။ တစ်အိမ်ထောင်ကို တစ်ညအတွက် မီးကြေး
၁ဝဝ-ကျပ် ကောက်ခံလျှင် တစ်ညလျှင် ဝင်ငွေ-၁၈၅ဝဝဝ -ကျပ်ရနေပါပြီ။
တစ်ခါနေ့ခင်းအတွက် လုပ်ငန်းရှိသူတွေ အဝတ်လျှော်စက် ရေခဲသေတ္တာ လျှပ်စစ်မီးပူ
လျှပ်စစ်မီးဖိုပါ သုံးလျှင် သီးသန့် ဝင်ငွေရပါဦးမည်။ ဆန်ဖွတ်စက်
တခြားစက်များထူထောင်လည်ပတ်လာကြပါမည်
။ ထိုနေ့ ခင်းဘက် ဝင်ငွေကိုပါ တွက်ချက်လျှင် အထက်က တွက်ချက်ထားသော စက်မှုဇုံကို ရောင်းသည်ထက်များစွာ ဝင်ငွေပိုနေပါမည်။
မေးသူက အရင်းအနှီးကို မေးတာကျနော် တဆက်တည်း ဝင်ငွေကိုပါ ခန်
့မှန်းပေးလိုက်ပါတယ်။ အခုနမူနာ တင်ပြလိုက်တာကတော့ ချောင်းသေးရိုးကလေး အရွယ်ပါ။ ချောင်းကြီးကြီးဆိုရင် အရင်းသိန်းထောင် သောင်းချီကုန်ကျပါမယ်။ ဒါပေမဲ့ အရင်းအဆ ၁ဝဝ ကွာပေမည့် လျှပ်စစ် အထွက်ကျတော့ ချောင်လေးထက်
အဆ ၁ဝဝ မကတော့ဘူး။ ပိုပါပြီ။
အထက်က တွက်ချက်တာကို တစ်ယူနစ်ကို
၂ဝဝ-ကျပ်နှုန်းနှင့် တွက်ချက်ပါက၃- လနှင့်ပင် အရင်းကျေနေပါပြီ။ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်တို့မှာ လျှပ်စစ်တစ်ယူနစ်ကို မြန်မာငွေနဲ့ ၄ဝဝ ကျော်နေမယ် ထင်ပါတယ်။ အင်ဒိုနီးရှားဟာ တချိန်က သဘာဝဓါတ်ငွေ့ အများအပြားထွက်ခဲ့ပြီး ယခုကုန်ခမ်းသွားပါပြီ။
ပိုအရေးကြီးတာက စွမ်းအင် ထုတ်လုပ်မှုမှာ ရေကာတာကနေ ထုတ်လုပ်တာက လျှပ်စစ်တစ်ယူနစ် တန်ဖိုးမှာ အသက်သာဆုံးပါ။ သူ့ နောက်မှာ ကျောက်မီးသွေး။ သဘာဝဓါတ်ငွေ့။ ဈေးအမြင့်ဆုံးကတော့ ဒီဇယ်နဲ့ ထုတ်လုပ်မှုပါ။
အခုတွေ
့ရှိတဲ့နည်းကတော့ ရေကာတာထက်ကို ထက်ဝက်မက သက်သာနိုင်ခြေ ရှိနေပါတယ်။
(မေး) ဆရာက အဲဒီရိုးမှာကို ပေ-၂ဝဝ - သို့ မဟုတ် ပေ - ၅ဝဝ- အကွာမှာကို နောက်ထပ် စက်တခု ထပ်ဆောက်နိုင်တယ်ဆိုတာ ဘယ်လိုကြောင့် ဖြစ်နိုင်တာပါလဲ။ ခန့် မှန်းတာလား စမ်းသပ်ပြီးတာလား။
ခန့်မှန်းတာပါ။ ယခုစမ်းသပ်ချက်ကလည်း သဘောတရားကို မှန်းဆပြီး မျက်စေ့ထဲပုံဖေါ်ပြီး ဒီဇိုင်း ဆွဲယူထားတာပါ။ ဒီဇိုင်းဆွဲပြီး ဖိုင်ကဒ်ထူနဲ့ နမူနာ ပုံစံချိုးယူ တည်ဆောက်ပါတယ်။ ယခုစက်ကို စမ်းသပ်လည်ကြည့်ပြီးမှ ပေ ၂ဝဝ အကွာမှာလဲ ထပ်လုပ်နိုင်တယ်ဆိုတာကို သိလာတာပါ။ မူလကဒီလောက် မထင်ထားမိပါဘူး။
ဒီလိုခန့်မှန်းရတာကလဲ ကျနော့်ရဲ့ တာဘိုင်ကိုက ရေကာတာက တာဘို်င်ကြီးတွေလိုရေမျက်နာပြင် နစ်ခုအမြင့် ကွာခြားချက်တွေ ရေစီးအားကို အခြေခံထားတဲ့ တာဘိုင်တွေနဲ့ မတူဘဲ ကျနော်က တာဘိုင်ထဲကို ဖြတ်သန်းသွားတဲ့ ရေထုထည်နဲ့ ရေ၏ စွမ်းအားကို တွက်ဆထားတဲ့ တာဘိုင်ပါ။
ပိုရှင်းအောင်ပြောရရင်
ဥပမာ ရေမြောင်းလေးထဲမှာ ပစ္စည်းလေးတစ်ခု ချထားမယ်။
ပြီးရေမြောင်းကို ရေတစ်ပုံး လောင်းချလိုက်ရင် ရေစီးအားကြောင့် ထိုပစ္စည်းက ၁- ပေရွှေ့ သွားမယ်ဆိုရင် ရေဆယ်ပုံးကို လောင်းချလျှင် ၁ဝ ရွှေ့မယ်လို့ တွက်ဆနိုင်ပါတယ်။ တကယ်လက်တွေ့မှာက ၁ဝ ပေမကများစွာ ရောက်သွားပါတယ်။
ရေမှာနောက်က ပံ့ပိုးနေတဲ့အား အဲဒါရှိနေပါတယ်။
ဒါကြောင့်မို့ ဆူနာမိဖြစ်တော့ ရေတက်လာတာ ရေကသိပ်မမြင့်သေးခင် အိမ်တွေ
ကားတွေကို သယ်မ သွားတော့တာပါဘဲ။ အဲဒီရေအမြင့်လောက်၊ အဲဒီရေစီးနှုန်းလောက် ရေထုနဲ့  ချောင်းရေကျလာလျှင် အဲဒီကားကို သိပ်မရွေ့ စေနိုင်ပါဘူး။ ဆူနာမိအားက သယ်မယူသွားတာ သိပ္ဗံပညာရှင်တွေ တွက်ချက် အဖြေရှာနေကြတုံးပါ။ ထူးခြားတာက ဆူနာမိရေလှိုင်းဟာ ရေထုအနေနဲ့ မဟုတ်ဘဲ စွမ်းအင်အနေနဲ
့သမုဒ္ဒရာ ရေပြင်အောက်ကနေ ရေတွေ မရွေ့ဘဲ အသံရဲ့ အမြန်နှုန်းနဲ့  နာရီပိုင်းလေးအတွင်း အဝေးကြီးမှာ သွားရိုက်ခတ် ပါတော့တယ်။
အဲဒါသိပ္ဗံပညာရှင်တွေ
လေ့လာနေကြရသေးတဲ့ ရေရဲ့  အရွေ့ စွမ်းအားဘဲ။ ကျနော့်အထင် ရေကရေလုံး (ရေထု )ကျယ်လေ ဘေးကရေအားရဲ့ အရှိန်တွေ ပါလာတတ်ပြီး ပိုအားကောင်းလေလို့ ထင်တာပါဘဲ။
သိပ္ဗံပညာရှင်တွေ အဖြေမတွေ့ သေးတော့ ဒီလောက်ဘဲပြောချင်ပါတယ်။
နောက်ကျနော့် တာဘိုင်က အထဲကိုဖြတ်သွားတဲ
့ရေထုထည်ကို အခြေခံထားတာဆိုတော့ နောက်တစ်နေရာ ရောက်လဲ ဒီရေထုထည်က အတူတူဘဲ။ ဒီရေထုကဘဲ တာဘိုင်ထဲ ဖြတ်ရမှာဆိုတော့ ဒီအားဘဲပြန်ရပါမယ်။ ခုနပြောတဲ့
ဆူနာမိရေလုံးအားကို မထင်မှတ်ဘဲ စဉ်းစားမိလာတာပါ။
တဆက်ထဲပေါ့။ သံလွင်ဖြစ်ကြီးဆို ရေစီးအားက သိပ်ကောင်းတော့
သံလွင်မြစ်ပေါ်မှာတာဘိုင်ကြီးတွေ ဆင့်ကဲဆင့်ကဲ ထိုင်သွားရင်
ထိုင်းကို ကမ္ဘာတည်သလောက် ထိုင်ရောင်းနေလို့ ရပြီ။ သံလွင်မြစ်ကို ပိုင်ဆိုင်သူတဲ့ တိုင်းရင်းသားတွေဟာ အာရပ်ရေနံ သူဌေးတွေလို တရက်ကို
၂ -နာရီကနေ ၄ -နာရီ အလုပ်လုပ်ရုံနဲ့  ကိုယ်ပိုင်လေယာဉ်တွေ စီးနိုင်ကြပါမယ်။ သံလွင်မြစ်ကြီးဟာ ဧရာမ ရတနာသိုက်ကြီး ဖြစ်လာပါမယ်။
ရေကာတာကြီးတွေ ဆောက်တာထက်ကို
လျှပ်စစ်အား အများကြီးပိုရပါမယ်။ နွေရာသီ ရေနည်းချိန်မှာကို ရေကာတာကြီးတွေ ထွက်သလောက်တော့ ထွက်မယ် ယူဆရတာပါဘဲ။
တခါ အခုဒီတာဘိုင်ကိုဘဲ ဥပမာရဲရွာရေအား လျှပ်စစ်စက်ရုံမှာ ရေတွေကို ဆည်ထားပါတယ်။ အဲဒီဆည်က ရေကန်က ရေတွေက ရေထွက်ပေါက်ကနေ လျှပ်စစ်တာဘိုင်ထဲကို လွှတ်ပေးပါတယ်။ အဲဒီရေထွက်ပေါက်ထဲ ဝင်မဲ့ရေ အဝင်လမ်းကို ဆည်မြောင်းပုံစံ (ဝင်ကမ္ဘာပုံပေါ့ )အကန့် တွေလုပ်ပြီး ရေစီးမြောင်း ဖေါ်ထားလိုက်မယ်။ ဓါတ်အားထုတ်တဲ့ စက်ထဲဝင်မဲ့ ရေတွေကို မြောင်းအရှည်ကြီး (ဝင်ကမ္ဘာပုံစံ)လုပ်ပြီး မြောင်းထဲဖြတ်စီးခိုင်းရင်၊ ရေစီးဆင်းနေတဲ့ မြောင်းတခုရလာမယ်။ အဲဒီရေဆင်းမြောင်းမှာ တာဘိုင်တွေ ဆင့်ကဲဆင့်ကဲ ထိုင်ထားလိုက်ရင် အဲဒီရေစီးအားကနေကို လျှပ်စစ်တွေ (အပိုဆုသဘော )ထွက်နေပါဦးမယ်။ ရေကာတာရဲ့  ရေထွက်ပေါက်အောက်မှာလဲ တာဘို်င်တွေ ထိုင်ထားရင် လျှပ်စစ်တွေ
ထပ်ရနေပါဦးမယ်။
ဒါတင်မကသေးပါဘူး။ အခုဂျိုးဖြူရေပိုက်ကြီးထဲက တစ်နေရာတိုင်းမှာ ပိုက်ကိုတာဘိုင်အထဲ ဖြတ်စေမယ်ဆိုရင် ဂျိုးဖြူပိုက်ရဲ့ ရေစီးအားကနေ လျှပ်စစ်ထွက်နေပါမယ်။
ငမိုးရပ်ချောင်းဆိုရင် ဒီရေအတက်အကျက ကြမ်းတော့သုဝဏ္ဏနား ကနေအထက်ကို ပေ ၅ဝဝ အကွာအဝေးတိုင်းမှာ ရေတားဆည်တွေ ဆောက်ပြီး စီးဆင်းနေတဲ့ ရေအားလုံးကိုသာ ဖမ်းယူ လျှပ်စစ်ထုတ်မယ်ဆိုရင် ကျနော့်ခန့် မှန်းပေါ့ တစ်နေရာမှာကိုကီလိုဝပ်အား၁ဝဝဝ ကနေ၂ဝဝဝ (ဝပ်အား
၁ဝဝဝ = တစ်-မီဂါဝပ်) တွေ အများကြီးရပါမယ်။
၅ဝဝဝ လောက်လဲရနိုင်ပါမည်။ အားဘယ်လောက်အထိ ရနိုင်မယ်ဆိုတာကို လုပ်ကြည့်မှ
သိလာပါမယ်။ ဒါလျော့ပေါ့တွက်ဆထားတာပါ။
(မေး) ဆရာအဲဒီ့ ရေစီးကိုကြည့်ပြီး အားပမာဏကို ဘယ်လိုခန်
့မှန်းတယ် ဆိုတာကိုပြောပြလို့ ရမလား ။ ကျနော်တို
့လဲ ခန့်မှန်း တတ်ချင်ပါတယ်။
(ဖြေ) ခန့် မှန်းတာကအကြမ်းဖျင်းပေါ့ ၊ ငမိုးရိပ်ချောင်းရဲ့ အကျယ်ပမာဏကိုအရင်ခန့် မှန်းရပါတယ်။ ပေ ၁ဝဝဝ -လောက် မကကျယ်တယ်။ ပေ၂ဝ - လောက်နက်မယ် ဆိုရင် ထုထည်(ခန့် မှန်းပေါ့)။ အဲဒါကိုရေပြင်ရဲ့အလျား၁-ပေလောက်ကိုထုထည်တွက်ရင်
ရေထုထည် ကုဗပေ-၂- သောင်းရှိတယ်။ (၁ဝဝဝ x ၂ဝ x ၁ ) ကုဗပေပေါ့။ အဲဒါ တစ်စက္ကန့် မှာဖြတ်သွားနေတဲ့ ရေထုထည်နော်။ (ခန့်မှန်း)။
အဲဒီရေထုထည်
( ကုဗပေ-၂ဝဝဝဝ ) ကိုတွန်းရွှေ့ ဖို့  မြင်းကောင်ရေအားဘယ်လောက်လိုမလဲ
။ တနည်းအဲဒီရေထုနဲ့ညီမျှတဲ့ရေတွေထဲ့ထားတဲ့
စီဘီတွဲကြီးကိုရွှေ့ အောင် မြင်းဘယ်နှစ်ကောင်ရှိတဲ့ စက်နဲ
့ဆွဲရပါ့မလဲ။ အဆင်ပြေသလိုခန့် မှန်းကြည့်တာပါ။
ရေပြင်ရဲ
့ထုကို ၁ဝ -ပေလောက် အလျားထားတွက်ကြည့်ရင်
ရေထုထည်-၂-သိန်းရှိပါမယ်။ ၂-သိန်းကုဗပေရှိတဲ့ ရေထုဆို စဉ်းစားကြည့်ပေါ့။ ဒါအထက်က ပြောသလို ဆူနာမိသဘော ဆင့်ကဲဆင့်ကဲ ရေထုရဲ
့ဖိအားမပါသေးဘူး။
ငါ့တူတို
့လဲစဉ်းစားတဲ့ အလေ့အကျင့်လေး လုပ်ကြပါ။ သြစတေးလျမှာ
SBS ဆိုတဲ့ ရုပ်သံလှိုင်းမှာ မကြာခန နည်းပညာတွေကို ထုတ်လွှင့်တဲ့ ကဏ္ဍလေး လွှင့်တတ်တယ်။ အဲဒီလိုကဏ္ဍတွေကို မြန်မာပြည်မှာ ဖက်စပ် ထုတ်လွှင့်ပေးရင် လူငယ်တွေ
တီထွင်ကြံဆအားတွေ စဉ်းစားတတ်တဲ့ အလေ့အကျင့်တွေ အများကြီး ကောင်းလာပါမယ်။ အဲဒီကဏ္ဍကို လူငယ်တွေ အထူးကြိုက်နှစ်သက် ကြကမယ်လို့ ယုံကြည်ပါတယ်။
(မေး) ဆရာပြောတဲ့ လူလတ်တန်းစား မိသားစုတွေ ဒေါ်လာသန်းကြွယ် သူဌေး ဖြစ်လာစေရမယ် ဆ်ိုတာကှို ရှင်းပြပေးနိုင်မလား။ ရည်မှန်းချက်က ဘယ်လိုပါလဲ။ (ရန်ကုန်က လူကြီးတစ်ဦး)
(ဖြေ) ကျနော်တို့ တိုင်းပြည်ဟာ အာဏာရှင် ဦးနေဝင်း အုပ်ချုပ်လိုက်တာ အရှေ
့တောင်အာရှရဲ့  စံပြုရတဲ့ နိုင်ငံအဆင့်ကနေ
၂၅-နှစ်မှာ ဖွံ့ ဖြိုးမှု အနည်းဆုံးနိုင်ငံစာရင်း (L.D.C
Least Developed Countries) ထဲကို ရောက်သွားပါတယ်။ ဦးနေဝင်း အာဏာသိမ်းအပြီး ငွေရတုနှစ်မှာ ဒေဝါလီ ကြေငြာတာ ခံလိုက်ရပါတယ်။ န.အ.ဖ လက်ထက်မှာတော့ လူထုလက်ထဲက ပိုင်ဆိုင်တဲ့ ဓနတွေကို ကားပါမစ် ဖုန်းပါမစ်
အလုပ်ပါမစ် မလုပ်သင့်တာတွေနဲ့  ညစ်ပတ်ယူထဲ့လိုက်တော့ လူလတ်တန်းစား ပျောက်သွားပါတယ်။
နိုင်ငံတခု စီးပွားတိုးတက်ဖို့က လူလတ်တန်းစား အများကြီးရှိဖို့ လိုပါတယ်။
အဲဒီလို လူလတ်တန်းစားတွေကို ဒေါ်လာသန်းဂဏန်း ချမ်းသာသူတွေ များများဖြစ်လာအောင် လုပ်ပေးနိုင်ဖို
့ ရည်ရွယ်တာပါ။
တကယ်က LDCထဲကနေ ထွက်ဖို့ ရည်မှန်းချက်က အစိုးရရဲ့တာဝန်ပါ။ ကျနော့် တာဝန်မဟုတ်ပါဘူး။ ဒါပေမဲ့ ဘယ်နိုင်ငံရေး အင်အားစု ဘယ်အစိုးရ တာဝန်ရှိသူတွေကမှ ထုတ်ဖေါ် မပြောလာလို့ ကျနော်က ပြောလာရတာပါ။ နောက်တခုက ကျနော်တတ်နိုင်တဲ့ အပိုင်းလေးကနေ နဲနဲလေးဖြစ်ဖြစ် စလုပ်မယ်လို့ စိတ်ပိုင်းဖြတ်ထားလို့ပါ။
အဆိုလေးရှိပါတယ်။ Think globally, Act locally. ကမ္ဘာနဲ့ချီပြီး စဉ်းစားဒေသမှာ စတင်လိုက်ပါ။ နောက်တခုပေါ့။ သမ္မတ အိုဘားမားစကားကို ယူသုံးရလျှင် YES WE CAN လို့ စိတ်အားတင်း လုပ်ပါမယ်။ အဓိကက တကိုယ်ကောင်းစိတ် မမွေးရင် အဲဒီစီးပွားစုက အင်အားကြီးလာပါမယ်။ အရင်းခံကတော့ စိတ်ဓါတ်ပါဘဲ။ တိုင်းပြည်အတွက် တကယ်အလေးအနက် ထားသူမှန်လျှင် ဗိုလ်ချုပ်လို မာန်မာနကင်းတဲ့ စိတ်က အလိုလို ဖြစ်လာပါတယ်။ ဗိုလ်ချုပ်လိုမဟုတ်ဘဲ မာန်တက်နေပြီဆိုရင်တော့ အဲဒီလူဟာ ဦးနေဝင်းစိတ် တစတပေါ်လာနေသူပါ။ ဘယ်အာဏာရှင်မှ ကျနော်အာဏာကို အကြွင်းမဲ့ ဆုပ်ကိုင်မယ် မပြောပါဘူး။
အခုနိုင်ငံရေးလောကမှာ အမတ်လေးဖြစ်ပြီဆိုတာနဲ့ နိုင်ငံတကာက ဖိတ်ကြားလို
့သွားနေရသူတွေ အတိုက်အခံအချို့ ပင်လျှင် မာန်တက်ပြချင်သူတွေ တွေ့ လာနေရပြီ။
(မေး) ဆရာရေးဖူးတာမှာ အခုစွမ်းအင်ဟာ
စွမ်းအင်ကဏ္ဍမှာတော်လှန်ရေးအပြောင်းအလဲလို
့ပြောလာတာဘာကြောင့်ပြောနိုင်တာပါလဲ ။
ကမ္ဘာမှာ အမေရိကန်၊ ဂျပန် ဥရောပနိုင်ငံတိုင်းဟာ ယနေ့ ရေနံနဲ့ ကျောက်မီးသွေးတွေ မတရားသုံးစွဲနေရတော့ ရေနံဈေးတွေ
တက်ပီးရင်း တက်လာတာရယ် တချိန်မှာ ၎င်းရေနံတွေ ကုန်ခမ်းသွားမှာ ကမ္ဘာကြီးပူနွေးလာမှု တို့ ကိုရပ်တန့် ရန် အစိုးရတွေက ငွေအမြောက်အများ ထုတ်ပေးပြီး သဘာဝစွမ်းအင် အတွက်များစွာ အကုန်ခံ ဆောင်ရွက်နေပါတယ်။ အမေရိကန်နိုင်ငံမှာ တနှစ်ကိုဒေါ်လာ သန်း-၆ဝဝ
ကျော်အထိ ထောက်ပံ့ပါတယ်။ တက္ကသိုလ်ကြီးတွေက ကိုယ်ပိုင်ငွေနဲ
့ အကုန်ခံ နေတာတွေကလဲ အများကြီး။
ဂျပန်တက္ကသိုလ်ကြီးတွေမှာ အင်္ဂလန်ဝန်းကျင်က ဒီရေရေလှိုင်းတွေကနေ လျှပ်စစ်ထုတ်နိုင်လျှင် လျှပ်စစ် တီတာဝပ် (Tita watts ) ၆ဝ-ကျော်ရနိုင်မယ်လို့  တွက်ဆထားပါတယ်။
(one Tita watt = 1000 Giga watts) (one Giga
watt = 1000 Mega watts)
(one Tita watt = 1,000,000 Mega watts) / One Tita = One Million Mega watts.
မြစ်ဆုံရေကာတာ
၁၆၆ လုံးလောက်အားနဲ့ ညီမျှပါမယ်။ အင်္ဂလန် ဝန်းကျင်တခုလုံးဆို မြစ်ဆုံဆည်မျိုး အလုံး ၁ဝဝဝဝ လောက်ကထွက်တဲ့ စွမ်းအင်ရှိနေပါတယ်။
တော်လှန်းရေးလို့ ပြောလိုက်ရတာကတော့ စွမ်းအင်ရယူမှု စံနစ်ကြီး ပြောင်းပြစ်တာ ဖြစ်လာမှာမို
့ပြောရတာပါ။ တကမ္ဘာလုံး လိုက်လုပ်နိုင်ပါပြီ။ ကျနော်အစက မြန်မာပြည်နင့် တချို့ နိုင်ငံတွေလောက်သာ ရနိုင်မယ်လို့ တွက်ဆထားမိပါတယ်။ အခုတကယ် လက်တွေ့ တွေ့ရှိချက်တွေအရ နိုင်ငံတိုင်းနီးနီးလုပ်နိုင်
ထုတ်နိုင်ပါမယ်။ မြစ်ရှိမယ် ချောင်းရှိရင် လျှပ်စစ်ထုတ်နိုင်ပါတော့မည်။
လျှပ်စစ်ဈေးချိုလျှင် လျှပ်စစ်ကားတွေ သုံးစွဲလာပြီး ရေနံ အသုံးနည်းသွားမှာပါ...။ အာရပ်ကမ္ဘာ အိုပက်ကြီး အ်ိုင်ပက်ဘဝ ရောက်ရပါတော့မည်။ ဒီလိုအမြင်ကို တက္ကစီ ကားဆရာတစ်ဦးက မေးမြန်း ဆွေးနွေးလာခဲ့ပါတယ်။ သူက အိုအိုင်စီအဖွဲ့က ဘာသာရေး လူဝင်မှုအရေးမှာ သိသိကြီးနဲ
့ ငွေများ တရားနိုင်လုပ်နေတာကို အတော် မကျေမချမ်းဖြစ်နေသူ။ ကျနော်ကရှင်းပြတော့ ဝမ်းသာလွန်းလို့တဲ့။
ကျနော်ကပြောလိုက်ပါသည် မပူနဲ့ မပူနဲ့ မကြာခင်ခင်ဗျားရဲ့ အိုအိုင်စီ ထိုင်ငိုပီလို့။
တဆက်တည်းက ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လုပ်မှုတွေ ကျသွားမယ်။
ရပ်တန့် သွားမယ်ဆိုလျှင် ကမ္ဘာကြီး ပူနွေးမှုကြောင့် ရာသီဥတုဖေါက်ပြန်တာတွေ လျော့နည်းလာပြီး မိုးလေဝသ မှန်လာပါတော့မယ်။ ပင်လယ်ရေမျက်နာပြင် မြင့်တက်လာလို့  ပျောက်ကွယ်လုနီးနီး ကျွန်းလေးတွေကို ကယ်ဆယ်နိုင်တော့မှာပါ။ ပစိဖိတ်သမုဒ္ဒရာထဲက KIRIBATI
ကျွန်းလေးဟာ ဆယ်နစ်အတွင်း ပျောက်ကွယ်လုနီးနီး ဖြစ်နေပါပြီ။
ကျနော်ကတော့ ဒီတွေ့ ရှိချက်ကြောင့် မာနမထောင်လွှားပါဘူး။ ပီတီနဲ
့တော့ ကျေနပ်နေမိပါတယ်။ လူသားတွေကို အများကြီး အကျိုးပြုနိုင်တာကို ကျေနပ်နေပါတယ်။
ဆက်လက်ရေးသား ဖော်ပြပါဦးမယ်။
အားလုံးကိုလေးစားလျှက်
လှိုင်မြင့်

>>>အင်ဒိုနီးရှားဟာ တချိန်က သဘာဝဓါတ်ငွေ့ အများအပြားထွက်ခဲ့ပြီး ယခုကုန်ခမ်းသွားပါပြီ။<<<<<
ReplyDeleteရေနံ သဘာဝဓါတ်ငွေ့ နှင့် ကျောက်မီးသွေး (Fossil Fuel) တို့သည် တနေသောအခါ ကုန်ခမ်းသွားမည်မှာ မလွဲမသွေ ဖြစ်သော်လည်း အင်ဒိုနိရှားတွင် မကုန်ခမ်းသေးပါ။ ၂၀၁၀ ခုနှစ်ကိန်းဂဏန်းများအရ ကမ္ဘာ့ ၁၀ အဆင့်ရှိနေပြီး proven reserve နောက်နှစ် ၁၀၀ စာ (ခန့်မှန်း) ကျန်ပါသေးသည်။http://en.wikipedia.org/wiki/List_of_countries_by_natural_gas_production.....http://en.wikipedia.org/wiki/List_of_countries_by_natural_gas_proven_reserves
သံ လွင် မြစ် ကို ရ အောင် ဝယ်တော့ မယ်.. လေ ယာဉ် ဝယ်စီးမယ် ဘာမှမဆ်ုင်ပါ
ReplyDeleteresult ထွက်တာ ကိုမြင်ချင်ပါသည် ပြောတာတွေ အရမ်းများနေ ပါ သည်.. ပြောသလောက် ဖြစ်နေရင် နိုဘယ်ဆု သုံးခုလောက် ရနေ လောက်ပါသည်
စကားအများကြီးပြောတယ့်သူဆိုရင်အလုပ်မဖြစ်ဘူးဆို
ReplyDeleteတာနိယာမဘဲဒီလိုစမ်းသပ်မှုမျိုးဘယ်၂ ယောက်လုပ်ပြီးလို့
တကယ်မဖြစ်နိုင်လို့လက်လန်သွားလဲ ကိုယ်ပေါ်ပြူလာဖြစ်ချင်လို့သူများနင်းတာ
တော့မလုပ်သင့်ဘူး ကိုယ်လိုတော်သူတွေလည်းရှိမျာဘဲ ဘုရားဟောတဲ့စကားကြီး၆ ခွန်းကို မသိလေရော့သလားကို သောကြာရဲ့
အိုပက် က အိုင် ပက်..အိုအိုင်စီ က ထိုင် ငို ပြီ..တရုတ် ကို ပြန်ဖိုက် မဲ့ အာ ရှ ကျား...ထိုင်း က ကမ္ဘာတည် သရွေ့ ဒီရေ လျှပ်စစ် ဝယ် မယ်..ဒါဆို ထိုင်း က င တုံး..
Deleteအမေရိကန်,ဂျပန်,အင်္ဂလန်,တရုတ်...ရေအား လျှပ်စစ်,nuclear က လည်း လျှပ် စစ်ထုပ် မနေ နဲ့ တော့...
ပြောပုံ က ဆူပါ ပါဝါတွေတောင် မသိရော့လေ သလား ဟဲ့..ဂျိုးဖြူ ပိုက် ကတောင် ရေအား လျှပ် စစ် ထွက် အောင် လုပ်နိုင် တယ်ဟေ့..ငယ် ငယ် တုန်း က စက်ဘီး နောက်ဘီးမှာ ဒိုင်နမိုလေး ကပ်လိုက်ရင် မီးလင်းတာ မှတ်မိပါရဲ့...
ထင် တယ်..ခန့် မှန်း ကြည့် တာ..စဉ်း စား ကြည့် ပေါ့..ကောင်းလိုက်တဲ့research..
အလုပ်လုပ်နေသူတစ်ယောက်
ReplyDeleteလုပ်ငန်းရှေ့ဆက်မတက်နိုင်ခြင်း
ရှေ့ဆက်လုပ်ဆောင်ရန်permitမရခြင်း
မြန်မာနိုင်ငံတွင်အစိုးရအဆက်ဆက် တီထွင်နိုင်သူ
ဆန်းသစ်နိုင်သူ စွမ်းဆောင်နိုင်သူ ပညာရှင်
အမြောက်အများကိုနေရာမပေး အဆင်မသင့်လျှင်
ဖမ်းဆီးထောင်ချနည်းမျိုးစုံနှင့်နှိပ်ကွပ်မှုကြောင့်
အချို့မြန်မာနိုင်ငံမှထွက်ခွာသွားကုန်၏
အချို့တတ်ထားသောပညာကိုမေ့ပစ်ရ၏
အချို့ထောင်ထဲတွင်ဘဝဆုံး၏။.........
ယခုအနေအထားသည်..ပညာကိုတန်ဖိုးထား၍လိမ္မာပါးနပ်သောအစိုးရသာဆှိုလျှင်..........
.......................................................
.......ကျွန်ုပ်တို့ပြောင်းလဲ၍မရသော မြန်မာနိုင်ငံ
ကံကြမ္မာကံကောင်းပါစေ............
စကားခြောက်ခွန်းလူ၌ထွန်း
ReplyDeleteလေးခွန်ကိုပယ်နှစ်ခွန်းတည်၏
တဲ့မှတ်ထားကြဦး။(လက်ယာသုန္ဒရ)
ဒီေ ရ အတက် အကျနဲ့ လျပ်စစ် ထုတ်တာ ဆိုတော့ ဒီေ ရ အတက် နဲ့အကျမှာ တာဘိုင်ကို လူက ဂီယာေ ပြာင်း ပြန် ေ ရြေ ပး ရန္ လိုပါသလား။ ဒီေ ရအတက် ရော အကျ ရော တာဘိုင်က တဘက်တည်းဘဲ လည်တာ လား ၊ အတက်မှာ ဘယ်လည် ဆိုလျင် အကျမှာ ညာလည် ဖြစ်နေ မလားလို့။ ကျေးဇူးပြု ၍ေ ဖြ ေ ပးေ စလိုပါတယ်။
ReplyDeleteThere are same direction and no need to change gear, turbine is able to design only one direction.
ReplyDeleteအရူးတွေ အချိန်တော်တော် ပေါလား?
ReplyDeleteနေပါစေ..ရေးပါစေ ပြောပါစေသူငယ်ချင်းရာ အနည်းဆုံး လေအားလျှပ်စစ် အကြောင်းတော့သိရတာပေါ့..ဆက်ရေးပါအုန်း! သေချာဖတ်ကြည့်ရင်တရားတောင်ရသွားနိုင်ပါတယ်..သည်းခံ
Deleteကြ..နောက်ဆုံးသုသဘောသူဆောင်သွားပါလိမ့်မယ်
လစာတိုးမလား
ReplyDeleteနိုင်ငံ့ဝန်ထမ်း(အောက်ခြေ)တွေအတွက်
ReplyDeleteစဉ်းစားပေးကြပါအုန်း
လစာနဲ့မလောက်လို့ တချို့ဆို
အပြင်မှာအလုပ်ရှာရတာ၊
အလုပ်မရလို့ မိသားစုစားဝတ်နေရေး
အဆင်မပြေဖြစ်နေတာတွေ
ဘယ်လွှတ်တော်အမတ်၊
ဘယ်ပါတီကြီးတွေကစဉ်းစားပေးဖူးလဲ၊
ဦးသိန်းညွန့်ကတော့ လာဘ်ပေးလာဘ်ယူ
အကြောင်းတင်တယ်။
လာဘ်ပေးလာဘ်ယူ မလုပ်စေချင်ရင်
ဝန်ထမ်းလစာနဲ့ လောက်ငှတဲ့
ကုန်ဈေးနှုန်း(သို့) ကုန်ဈေးနှုန်းနဲ့
လိုက်ဖက်ညီတဲ့ ၀န်ထမ်းလစာဖြစ်အောင်
ဆောင်ရွက်ပေးစေလိုပါတယ်။
အစိုးရကိုတိုက်ဖို့ဘဲမစဉ်းစားပါနဲ့။
သောကတွေနဲ့ ပင်လယ်ဝေနေပါပြီ။
ရှေ့နေကြီး ဦးသိန်းညွန့်ရယ်။
Ko Demo, we r not happy to read the f**king articles.. There r many people who love their country without saying f** king bullshit, showing off, looking down others.. If I m rude, sorry sorry my fellow readers..
ReplyDeleteToo much now!
နာနာဘာဝ အကြောင်း စိတ်ကူးယဉ် ဆောင်းပါး ရေးပေးပါ ဗျို့
ReplyDeleteမြန်မာငွေသိန်း(100)ရာဆိုတာ ဒီခေတ် ဒီအခါမှာ ဘာတန်ဘိုးရှိတာမှတ်လို့ ခွင့်ပြုချက်တောင်း ကိုယ်တိုင်စိုက်ထုတ်လုပ်ပြပေးပါလား ဒါမှကိုယ်ပိုင် မစိုက်ထုတ်နိုင်ရင် လုပ်ငန်းရှင်ရှာပြီးလုပ် အောင်မြင်ပြီဆိုရင် ထပ်တိုးချဲဘို့ လွတ်တော်ကို တင်ပြခိုင်း ပြီးရင် လျှပ်စစ်ခေတ်ပြောင်းတော်လှန်ရေးလုပ် အဲဒီအခါ ကျမှ ကိုယ်ဘယ်လောက်အရည်အချင်းရှလဲဆိုတာ ကို ကဘာကကောမြန်မာကပါသိလာပြီ အဲတော့မှ ကျန်တာဆက်ပြောမယ် ကျန်တာဆက်လုပ်မယ် စာသားတခုကြားဘူးတယ်
ReplyDelete-နပိုလီယံ ပင်လယ်ဖြတ်ပြီး -စစ်တိုက်ထွက်တော့ သတ်တိရှိတာ..တဲ.
-ဒို့ ဗိုလ်ချုပ်က ဆဲဆိုရမ်းပြီး
-ကြမ်းကြမ်းပြောတော့ အမျိုးချစ်တာ..တဲ့
-ဘာမဟုတ်တဲ့ငါ ဘုရားပေါ်တက် -ပတီးစိတ်တော့ စောက်ရူး..တဲ့
ကိုယ့် အရည်အချင်းကိုအရင်ပြပြီးမှ ကျန်တာတွေနောက်မှဆက်ပြောပါလား ဘဘရယ်.....နော်
သားတို့လဲ ဘဘကိုအားကိုးလိုက်ချင်ပါတယ်
ကျနော် အင်တာနက် အချိန် မပေးနိုင်လို့  လိုင်းမကောင်းတာနဲ့  ဒီမိုဝေယံ ဆိုဒ်မဝင်နိင်ခဲ့ပါ ။ ကိုလှိုင်ဦးရဲ့အင်ဒို အချက်အလက် ကိုကျေးဇူးပါ ။ ကျန်လူတွေ လက်တွေ့ လုပ်မပြသေးတာကိုဝေဖန်တာတော့ မူပိုင်သဘောတရားကို နားလည်ပေးပါဘဲပြေရုံရှိပါတယ်။ မူပိုင်မတင်ရသေးဘဲ လုပ်လျင် ဘာဖြစ်မယ်ဆိုတာ နိုင်ငံတကာ စီးပွားရေးမျက်စေ့ပေါက်သူတွေ နည်းပညာအကြောင်းဖတ်ဖူးသူ ကိုအထူးပြောနေရန်မလိုပါ ။နားလည်ကြပါသည်။
ReplyDeleteကိုဒီမိုကို ကျနော်လျပ်စစ်စမ်းသတ်ထားတဲ့ ဗွီဒီယို ဖိုင်လေးတွေ ပြထားပြီးပါပြီ ။
ဒီရေအတက်အကျ ကိစ္စ တာဘိုင်မေးသူ ကိုဇော် အတွက် တာဘိုင်ကတော့ တဖက်ထည်းသာလည်ပါမည် ။ ရေအဝင်နဲ့အထွက်ကို လူကပြုပြင်ပေးရပါမည် ။ အော်တိုနည်းလုပ်တတ်လျင်တော့ လူမလိုပါ။ အဲဒါတော့ကျနော် မတီထွင်တတ်ပါ။ တာဘိုင်ကိုနစ်ဖက်ပြောင်းလည်အောင်လုပ်နိုင်လျင်တော့ ပိုကောင်းနိုင်ပါမည်။ ကျနော် မစဉ်းစားတတ်ပါ။
anonymous တွေကိုတော့ ပြန်ရှင်းမည်မဟုတ်ပါ။
လှိုင်မြင့်