Pages

Tuesday, July 9, 2013

လှည်တန်း လမ်းဆုံက လမ်းလျှောက်ဖို့ လမ်းပျောက်နေသူ.. လုပ်သားပြည်သူတဦး..... (ပေးစာ)

လှည်တန်း လမ်းဆုံက လမ်းလျှောက်ဖို့ လမ်းပျောက်နေသူ.. လုပ်သားပြည်သူတဦး..
 ယုံချင်ယုံ မယုံချင်နေ လှည်းတန်းလမ်းစုံက အဖြစ်အပျက်လေး... (ပေးစာ)
၇ - ၇ - ၂ဝ၁၃  နေ့ ထုတ်  မြန်မာ့အလင်းသတင်းစာ  စာမျက်နာ ၂ - မှာ  လှည်းတန်းလမ်း  လူသွားလူလာများတဲ့  လမ်းမကြီးမှာ  ပလက်ဖေါင်းတွေ  (လုံးဝ) မရှိတော့တာကို  ပလက်ဖေါင်းတွေ  မရှိတော့  လူတွေ ကားတွေ ကျပ်ညှပ်နေတဲ့ လ်မးမပေါ်ကနေ  လျှောက်နေကြရတယ်။  ကားတစ်စီး ဘရိတ်ပေါက်  တခုခုချို့ ယွင်းလို့ လူတွေကိုတိုက်မိလဲရင်  သည်းထိတ် ရင်ဖို ဖြစ်ရမယ် ရေးထားပါတယ်။
ဓါတ်ပုံကိုတော့  စာမျက်နာအခက်အခဲကြောင့် မတင်ထားလေသလားတော့ မသိဘူး။ စာရေးသူ  ဒီလောက်အထိ တင်ပြခွင့်ရတာ  ကျေးဇူးတင်မိပါတယ်။

တကယ်ကတော့  ရေးလာတဲ့နေ ကလည်း ( ၇ / ၇ / ၆၂)  တက္ကသိုလ်ကျောင်းသားတွေ အသတ်ခံရတဲ့  နစ်- ၅ဝ ရွှေရတုနေ့ မှာ  တက္ကသိုလ်ကြီးရဲ့   ပြည်လမ်းခြားထားတဲ့ အခြားတဖက်ခြမ်း  အကြောင်း ရေးလာတာလေး တိုက်ဆိုင်နေတာမို့   အထူးသတိထားမိလိုက်ပါတယ်။
စာရေးသူ တင်ပြလာတာကို  ကမ္ဘာမှာ မြန်မာဟေ့ဆိုပြီး ဒီမိုဝေယံက တဆင့်  ဓါတ်ပုံနဲ့ သက်သေထူလိုက်ပါတယ်။  စာရေးသူ  ပြောလာတဲ့ လမ်းပေါ်လူတွေလျှောက်နေရတာကို  တိတိကျကျ  ကွက်ကွက်ကွင်းကွင်းလေး  မျက်စေ့ထဲ  မြင်လာအောင်  ပြောရလျှင်  ပလက်ဖေါင်းတွေကို  ဆိုင်ရှင်တွေက  အခိုင်အမာ  ကိုယ်ပိုင်မြေလို့ ကို  ခြံခတ်သူကခတ်  ဆိုင်နဲ့ ပလက်ဖေါင်းအဆုံးအထိ  ခင်းသူကခင်း။  အလှုရှင်ကလဲ မဏ္ဍပ်တိုင်တက် သက်သေပြလိုက်တာ    ပလက်ဖေါင်းကိုကျော်ပြီး  လမ်းပေါ်အထိပင် ရောက်နေပါသည်။
မကြာခင် ရန်ကုန်တက္ကသိုလ်ကြီး ပြန်ဖွင့်လာပါတော့မည်။  တက္ကသီလာကြီးမှာ  ကျောင်းသားတွေနဲ့   အထူးစည်ကားပါတော့မည်။ တက္ကသိုလ်ကျောင်းသားအများစု  သွားကြမှာကတော့  လှည်းတန်း။  စာရေးသူပြောတဲ့  လမ်းပေါ်က  လူကိုတိုက်မိလျှင်  အဲဒီလူဟာ  တက္ကသိုလ်ကျောင်းသား   ကျောင်းသားအုပ်စုဆိုရင်   ဘရိတ်တချက်ပေါက်လိုက်တာနဲ့   မီးဟုန်းဟုန်းတောက်  သွားပါမည်။

လှည်းတန်းက (ကမာရွတ်မြို့ နယ်)   လူကြီးတွေ  ပါတီတွေ  အမတ်တွေ  ဒီလောက်တော့ ကြိုမြင်သင့်ပါတယ်။  ပြောပြန်ရင်လဲ  အောင်းမင်းလိမ်တယ် (အဲ  ယောင်လို့  လွန်တယ်)  ဖြစ်ဦးမယ်။
လှည်းတန်းက  လူတန်းကြီး   ပလက်ဖေါင်းဆိုတာ  အဘိဓါန်ဖွင်ြ့ပီး  စာရိုက်မိတ္တူကူး  လမ်းထဲကလူတွေ  ဖြန့် ကြပါဦး။  ပြီးတော့  မြန်မာစာဌာန ကို   အဘိဓါန်ထဲက  (ပလက်ဖေါင်းဆိုတာ  ဆိုင်ခင်းဖို့   စည်ပင်ကအပိုင်ရောင်းစားထားတဲ့    ယခင်လူသွားလမ်းလို့) ဘာသာပြန်ကိုပြင်ဆင်ခိုင်းဖို့   ကမ်ပိန်းလုပ်ကြဖို့  လိုနေပြီ။

လမ်းဆုံက  ဂျမ်းဗုံ  တို့ ရော  ပြောကြပါဦး။  မတရားတာတွေ  ဘဲမမြင်ပါနဲ့ ဦး   ဖြစ်လာမဲ့  ဘေးလဲ  မြင်ပါဦး  မမဂျမ်း။  ဂျမ်းဗုံလေသံနဲ့ ပြောလိုက်ရလျှင်  မကောင်းတော့ဘူး။  တိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့  ဟိုအဝှါ  ဒီအဝှါ  ဟိုအမတ်မင်း  ဒီကိုယ်ဆားလဲ  ဟိုကိုယ်သကြားလဲ   ဆိုလားဘားလား   သိပါဘူးအေ  အဲဒီလူကြီးတွေ  ခေါင်းဆောင်လုပ်နေပြီး  ဗိုလ်ချုပမိန့် ခွန်းလေးတောင်  မကြားဖူးကြလေသလားမသိဘူး  ။


ဟိုဘာတဲ့   ကျုပ်တို့ ရဲ့ ဗိုလ်ချုပ်က  အမျှော်အမြင်က ကြီးကြီးဆိုတော့ ..ဒီလိုပြောရတော့  သူတို့ ကိုထိခိုက်နေပြန်ရော။  င်္ဟသတဘက်မှာ  လွတ်လပ်ရေးရပြီဆိုပြီး   လမ်းမပေါ် ဆေးရိုးတက်လှန်းတာ  နမူနာပေးပြောထားတာ ရှိလေလျက်သားနဲ့   နိုင်ငံရေး  မှာ ပရောဟိတ်ကြီးတွေလို  ဟိုလူဒီလူတွေကို ဆရာလုပ်နေကြတဲ့  ယခုခေတ်  ဆားလဲ  သကြားလဲတဲ့ လူကြီးတွေများ   ပြောပြောချင်ပေါင်တော်။  ဟိုကဆေးရိုးလှန်းတာ  ကားသွားလို့  လူသွားလို့ ရပါသေးတယ်အေ။  အခုဟာက  ပလက်ဖေါင်းပေါ်တက်လှမ်း    အခိုင်အမာ ပိတ်ပြစ်လိုက်တာ။  ဆားလဲတို့  သကြားလဲတို့ ရေ    သကြားလဲတာ  လူမမိပေနဲ့   ပလက်ဖေါင်းကြီးတခုလုံးကို  လဲတာကတော့အေ  ပေါ်တင်ကြီးပါ။ 

ဘယ်လောက်နဲ့ အလဲအထပ်နဲ့ လဲတယ်သာ မသိနိင်နေမယ်။  လဲထားတာကတော့အေ  ရှင်းရှင်းကြီးပါ။   လယ်ပြင်မှာ  ဆင်သွားသလို   ဖင်ကြားမှာ  ဆင်ဖြူတော်ကြီးတွေ  ညှပ်ထားတာ  မြင်နေရပါတယ်။  အဲလေ ယောင်လို့   ဘောင်းလဘီ    နောက်ဖင်ကအိတ်ထဲမှာ  ဆင်ဖြူတော်တွေမှ  အထပ်လိုက်အထပ်လိုက်  မြင်နေရပါတယ်တော်။ ဟဲ့ကောင်  နင်က ဂျမ်းဗုံ  ကိုလိုက်တုနေ  ဟိုကလိုက်ချရင်  ပြေးပေါက်မှားနေမယ်   မကြောက်ဖူးလား။  အမယ်  သူက  အမေရိကားမှာ    ဘော်လီဘောပုတ်လို့ ရလောက်အောင်အထိကျယ်တဲ့  ပလက်ဖေါင်းပေါ် မှာမှ သွားတတ်တဲ့သူပါ။  လှည်းတန်းလို ကားတွေကြား လမ်းလျောက်ရတဲ့ နေရာမျိုးမှာ ငါ့ကိုလိုက်လို့ ကတော့   အမေရိမကားရဘဲ  လှည်းတန်းမှာ  ကားသွားမှာ  မကြောက်ပေါင်တော် လို့ဆိုရလေမလားပဲ။

 တော်ရှာပါပေတယ်ဟေ့ တော်ဟေ့လို့ ဆိုရမလောက်အောင် လှည်းတန်းလမ်းပေါ်က အဖြစ်အပျက်တွေကို လာရောက်ကြည့်ရှုလှည့်ပါ.. မမြင်ချင် ယောင်ဆောင်နေတဲ့  အခွန်ရရင် အကုန်ရှောင် စည်ပင်ဝန်ထမ်းများခင်ဗျား..

လှည်တန်း လမ်းဆုံက လမ်းလျှောက်ဖို့ လမ်းပျောက်နေသူ.. လုပ်သားပြည်သူတဦး..

4 comments:

  1. မှန်လိုက်လေ။
    ဓါတ်ပုံတွေနဲ့ဆိုတော့ ကျေးဇူးတင်ပါတယ်။
    အမှန်က ဒီထက် 1000 အဆ ပိုဖြစ်နေတာပါ။ နေရာတိုင်း နီးပါး။
    အမှန်ကို ဟာသစွက် တင်ပြပေးလို့ ကျေးဇူး။
    မကြာမကြာ တင်ပေးပါဦး။

    သမတရုံးဝက်ဆိုဒ် ပေးစာထဲ လွှဲပို့ ပေးလိုက် ကြည့်မယ်။

    ReplyDelete
  2. အခု သတင်းက လမ်းလျှောက်ပြည်သူတွေအနေနဲ့ ကြိုဆိုတယ့်သတင်းတပုဒ်ပါ ကိုယ့်စီးပွားရေးအတွက် ဘယ်သူသေသေ ငတေမာရင်းပြီးရောဆိုတဲ့ ကိုယ်ပိုင် တဲ့နေရာ လိုသဘော ထားပြီးလမ်းဘေးဈေးရောင်းသူတွေ ဆိုင်ရှိရဲ့နဲ့ဆိုင်အတွင်းမှာ တင် မဟုတ်တော့ဘဲ လမ်းဘေးစည်ပင် နေရာ ကျုးကျော်သူတွေ ဘာသာရေးဆိုပြီးလူသွားလူလာ လို့မရအောင် လုပ်သူတွေ နဲ့ ဒီလုပ်ရပ်တွေကို မသိကျိုးကျွန် ခွင့်ပြုထားတယ့်စည်ပင်က ၀န်ထမ်းတွေ ကိုပါအရေးယူသင့်တယ် ဒါတွေဟာ မြို့တော်အဆင့်တန်းမြှင့်တင် ရေးအတွက် အဟန့်အတား တွေပါ ထိမိရင် ဆဲဆိုပြီး ကိုယ်ထိလက်ရောက် စောကားတတ်လို့မှုခင်းတွေဖြစ်နိုင်လို့ ဆင်းရဲသားတွေ လို့သနားလို့ လာဘ်ရလို့ ထက် အဲဒီအချက်တွေကို နေ့စဉ်လမ်းလျှောက်နေရတယ့် လက်လုပ်လက်စားတွေ အခွန်ထမ်းတွေျြမို့တော်သာယာရေး နဲ့ တရားဥပဒေစိုးမိုးရေးအတွက် ထောက်ရှုပြီး ဘယ်သူ့မျက်နှာမထောက်ဘဲအရေးယူသင့်ပါတယ် လိုအပ်ရင် မြို့တော်ဝန် တိုင်းဒေသကြီးအစိုးရအဖွဲ့အထိ တင်ပြင်္ပြးရှင်းလင်းသင့်ပါတယ် အခုသတင်းကို လည်း ဖြန့်ဝေပေးပါ့မယ် သတင်းတင်းပြသူအနေနဲ့လည်း ဂျာနယ် တခုခုမှာ သတင်းအနေနဲ့တင်ပြရင် ပိုကောင်းပါမယ် တင်ဆက်သူက မူပိုင် ဖြစ်လို့comment ရေးသူအနေနဲ့က မထည့်သင့်လို့အကြံဥဏ်ပေးတာပါ
    အခုသတင်းကို ကြိုဆိုပါတယ်

    ReplyDelete
  3. နေရာတိုင်းလိုလိုဖြစ်နေတာ
    အမှန်ပဲ
    ဒါတွေကိုချက်ချင်းပပျောက်ဖို့ဘယ်လိုမှမဖြစ်နိုင်
    စားဝတ်နေရေးကရှိတော့အဆင်ပြေရာလုပ်ကြမှာပဲ
    ဖြေရှင်းဖို့တော်တော်ကြာကြာအချိန်ယူရမယ်

    ReplyDelete
  4. ဒါ ဒီမိုကရေစီခေတ်ကွ စစ်တပ်သိမ်းထားတဲ့ မြေ နေရာတွေ
    တောင် ဝင် လုပ်လို့ရသေးတာ စည်ပင် ပိုင် ပလက်ဖေါင်း
    လောက်တော့ သနားတယ် ငါတို့လူမျိုးက ဒီမိုကရေစီနဲ့
    အရမ်းတန်တဲူ့လူမျိုး မှတ်ထား လျှောက်လို့မရရင် လဲ
    လမ်းပေါ်ကသာ ဆင်းလျှောက်ပါ အခုမှ အထူးအဆန်းလုပ်
    နေတယ်

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။