Pages

Friday, September 13, 2013

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးသူရတင်ဦး (၁၉၇၄-၁၉၇၆)၏ ဓာတ်ပုံအား စစ်သမိုင်းပြတိုက်တွင် ပြန်လည်ဖော်ပြပေးဖို့ တောင်းဆိုအပ်ပါသည်...

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးသူရတင်ဦး (၁၉၇၄-၁၉၇၆)


၁၉၇၄ခုနှစ်မှ ၁၉၇၆ခုနှစ်အထိ တပ်မတော်ရဲ့ အမြင့်ဆုံး ကာကွယ်ရေးဦးစီးချုပ်ရာထူးကို တာဝန်ယူထမ်းဆောင်ခဲ့တဲ့ ယနေ့အဖွဲ့ချုပ်ရဲ့ နာယက ဘဘသူရဦးတင်ဦးရဲ့ ထိုခေတ်ထိုချိန်အခါက ဓာတ်ပုံပါ...။

၁၉၇၆ခုနှစ်က ဦးနေဝင်းနဲ့ အပေါင်းအပါများအား ဗိုလ်ကြီးအုန်းကျော်မြင့်မှ လုပ်ကြံရန်ကြံစည်မှုမှာ ထိန်ချန်မှုဆိုတဲ့ စွပ်စွဲချက်နဲ့ အာဏာရှင် ဦးနေဝင်းရဲ့ မတရားဖမ်းဆီး ထိန်းသိမ်းခြင်း ခံခဲ့ရပါတယ်..။ ထိုခေတ်ထိုအခါက ဘဘဦးတင်ဦး နေအိမ်မှာရှိတဲ့ ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်စဉ် ဓာတ်ပုံများပါမကျန်.. သိမ်းစည်းခြင်း ခံခဲ့ရပါတယ်..။ ယနေ့ပုံများဟာလည်း ထိုစဉ်ထိုအခါက ကျန်ရှိခဲ့တဲ့ ရှားပါးဓာတ်ပုံ ၂ပုံဖြစ်ပါတယ်..။

ပြောင်းလဲလာတဲ့ ယနေ့ခေတ် ကာလမှာတော့ တပ်မတော် စစ်သမိုင်းပြတိုက်မှာ သမိုင်းမှာ ဖျောက်ဖျက်လို့ မရတဲ့ သမိုင်းဝင် နိုင်ငံတော် ကာကွယ်ရေးဦးစီးချုပ် တဦးအနေနဲ့ ပြန်လည်ချိတ်ဆွဲ ပြသခွင့် ရရှိနိုင်တော့မယ်လို့ ယုံကြည်မိပါတယ်။
ဒီမိုဝေယံ
ယနေ့စစ်သမိုင်း ပြတိုက်မှ ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်ခဲ့သူများ၏ ဓာတ်ပုံများ
ယနေ့စစ်သမိုင်း ပြတိုက်အတွင်း ဒုတိယကာကွယ်ရေး ဦးစီးချုပ် ဗိုလ်မှူးချုပ်သူရတင်ဦးအဖြစ်သာ ဖော်ပြခံထားရသည်..။

1 comment:

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။