ကမ္ဘာ့မြို့ကြီးများရဲ့ မြေဈေး အိမ်ဈေးတွေထက်ပင် ကြီးမြင့်နေတဲ့ ရန်ကုန် မြေဈေးတွေနဲ့ ပတ်သက်ပြီး နောက်ကွယ်မှာ တရုတ်အစိုးရ ပါဝင်ပတ်သက်နေတယ် ဆိုတဲ့ သတင်းအချို့ ရရှိထားပါတယ်..။
ရန်ကုန် အိမ်ခြံမြေ လုပ်ငန်း လုပ်ကိုင်သူ မြေအကျိုးဆောင် လုပ်ငန်းရှင် အချို့ရဲ့ နောက်ကွယ်မှာ တရုတ်အစိုးရမှ ငွေကြေးထောက်ပံ့မှု ရယူထားတဲ့ ကုမ္ပဏီအချို့ရှိနေတယ်လို့ သိရပါတယ်..။
ပေးပို့လာသူရဲ့ ပြောကြားချက်အရ တရုတ်အစိုးရရဲ့ အထောက်အပံ့ကို ရရှိထားတဲ့ ကုမ္ပဏီအချို့ကြောင့် ရန်ကုန်မြို့ မြေဈေးဟာ သူ့အိုးနဲ့ သူ့ဆန် မတန်ပဲ ခေါင်ခိုက်နေရတယ်လို့ ဆိုပါတယ်..။ အဓိက အကြောင်းကတော့ ယခင် စစ်အစိုးရရဲ့ လက်ထက် နိုင်ငံတကာက ဝိုင်းပယ်ထားချိန်မှာ တရုတ်အစိုးရဟာ မြန်မာနိုင်ငံမှာ အထူးအခွင့်အရေးရရှိခဲ့ပြီး ပြိုင်ဘက်မရှိ တဦးတည်း စစ်အာဏာရှင် အချို့နဲ့ ပူးပေါင်းကာ မြန်မာ့သယံဇာတတွေကို သူခိုးဈေးနဲ့ ဂုတ်သွေးစုပ် ရယူနိုင်ခဲ့ပါတယ်..။
ယနေ့ မြန်မာပြည်ရဲ့ ရုတ်တရက် မထင်မှတ်တဲ့ ပြောင်းလဲမှု အချို့ကို အငိုက်မိခဲ့တဲ့ တရုတ်အစိုးရဟာ ပွင့်လင်းလာတဲ့ လက်ရှိအနေမထားမှာ မြန်မာပြည်မှ ရင်းနှီးမြုပ်နှံခွင့် အခွင့်အရေးများကို လက်လွတ်ဆုံးရှုံးရပြီး နောက်ကောက် အလဲထိုးခံနေရတဲ့ အနေအထားရောက်ရှိနေပါပြီ..။
ပြီးခဲ့တဲ့ မြစ်ဆုံနဲ့ လက်ပံတောင်းတောင် အရေးတွေဟာ တရုတ်အစိုးရအတွက် မျက်ဖြူဆိုက်ရမယ့် အနေအထားတွေ ဖြစ်ခဲ့သလို တခြားသော ရင်းနှီးမြုပ်နှံမှုတွေမှာလည်း ဂျပန်နဲ့ အနောက်နိုင်ငံတွေအား မယှဉ်ပြိုင်နိုင်ပဲ လက်လွတ် ဆုံးရှုံးမှုတွေ ကြုံတွေ့နေရပါပြီ..။
တနည်း မြန်မာပြည်သူလူထုရဲ့ တရုတ်နိုင်ငံအပေါ် သမိုင်းဒဏ်ခတ်မှုနဲ့ တပတ်လည်ကျိန်စာဆိုလည်း မမှားပါဘူး..။
ဒီအတွက်ကြောင့် တရုတ်အစိုးရရဲ့ နောက်ဆုံးပိတ် မြန်မာပြည်မှ စီးပွားရေး လက်လွတ်ဆုံးရှုံးမှုများကို ကာကွယ်ရန်နဲ့ မြန်မာပြည်တွင်း တရုတ်ကုမ္ပဏီများကို အကာအကွယ် ပေးနိုင်ဖို့အတွက် နောက်ဆုံးလက်နက်ကတော့ မြန်မာ့မြေယာ၊ အိမ်ဈေးကွက်မှာ ဝင်ရောက် ငွေကစားခြင်းဖြင့် တချက်ခုတ် (၂)ချက်ပြတ် ကြက်လည်းမော ယာလည်းညက်အောင် ရန်ကုန် မြေအရောင်းအဝယ် ပြုလုပ်တဲ့ ကုမ္ပဏီအချို့အား နောက်ကွယ်မှ ငွေကြေးထောက်ပံ့ခြင်းဖြင့် ရန်ကုန်မြေဈေးတွေ ကမောက်ကမဖြစ်၊ ကြီးမားလှတဲ့ မြေဈေး၊ အိမ်ဈေးတွေအောက်မှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကိုလည်း အဟန့်အတား ဖြစ်စေရန်နဲ့ ဒီမိုကရေစီ ကူးပြောင်းစ မြန်မာနိုင်ငံအား ခြေထိုးခံပြီး နိုင်ငံရေး မတည်ငြိမ်အောင် လုပ်ဆောင်နေတယ်လို့ ယူဆရပါတယ်..။
တရုတ်အစိုးရမှ ငွေကြေး ကျောထောက်နောက်ခံ ပြုထားတဲ့ အိမ်မြေအကျိုးဆောင် ကုမ္ပဏီတချို့ကြောင့် ရန်ကုန်မြေဈေး ခေါင်ခိုက်နေရတယ်ဆိုပြီး ပေးပို့လာတဲ့ မစားရတဲ့အမဲ သဲနဲ့ပက်ဆိုသလို အတင်းမဟုတ်ပဲ ဖြစ်နိုင်ချေရှိတဲ့ သတင်းကိုလည်း လျစ်လျှူရှုလို့ မရသလို နိုင်ငံခြားမှာ အပ်ထားတဲ့ အကောင့်(၅)ခုရဲ့ ၁၁ဘီလံယံကိစ္စကိုလည်း မေ့လျော့လို့ မဖြစ်ပါ...။
ထို့အတွက်ကြောင့် သက်ဆိုင်ရာ သက်ဆိုင်ရာ မီဒီယာများအနေနဲ့ ညောင်သီးကိုလည်းစား လေးသံကိုလည်း နားထောင်ပြီး သတင်းများရှာဖွေ ဖော်ထုတ်ပေးကြဖို့ အသိပေး တိုက်တွန်းအပ်ပါတယ်..။
(၁) ၇န်ကုန် ထက် ဆိုးတာ၊ မန်းမြေ ဇျေး ၇ှိတယ်။
ReplyDeleteတ၇ုပ်လက်ထဲအကုန်ေ၇ာက်နေပြီ။၇န်ကုန်ထက်ဆယ်ဆကွာတယ်။ဒါကိုမမြင်ကြဘူးလား
(၃)ဓါတ်ငွေ့ တင်ဘဲလား၊သစ်ေ၇ာင်း၇တာတွေ၊ကျောက်သံပတမြားေ၇ာင်၇တာတွေဘယ်သွားမေ့ထားလဲ။မြန်မာပြည်လဲဘာကျန်တော့လို့လဲ
ဒီကြားထဲ ၇ခိုင်ပိုင် ၇ှင်မဖြူကျွန်းကိုကုလားအလကားသွားပေးသေးတယ်။
It's true . Now 2 chinese New name companies will doing High rise condo in pervious Hantharwadi car market place and near by Inyar lake. Their names also Chinese name . Not Shwe Taung (Myanmar china town people) group. They are backing from China .
ReplyDeleteအမေရိကန်။ဂျပန်နဲ.ဥရောပအစရှိတဲ.နိုင်ငံကြီးများမြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံလို.မ၇အောင်တရုတ်အစိုးရမြန်မာပြည်ရဲ.မြေဈေးတက်အောင်လုပ်နေတာလက်ရှိအစိုးရအဖွဲ.ဝင်တွေသိပါတယ်။လက်ရှိအစိုးရအဖွဲ.ဝင်တွေရဲ.ပိုင်ဆိုင်မှု.ကိုကာကွယ်နေရလို.တဖြည်းဖြည်းမြေဈေးကျအောင်တရုတ်တွေကိုနှိပ်ကွပ်မယ်လို.သိရပါတယ်။ဖုန်း။ကားဈေးတွေလုပ်ခဲ.ပါတယ်။မြေဈေးအတွက်လဲလုပ်ပါလိပ်မယ်။
ReplyDeleteအမေရိကန်။ဂျပန်နဲ.ဥရောပအစရှိတဲ.နိုင်ငံကြီးများမြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံလို.မ၇အောင်တရုတ်အစိုးရမြန်မာပြည်ရဲ.မြေဈေးတက်အောင်လုပ်နေတာလက်ရှိအစိုးရအဖွဲ.ဝင်တွေသိပါတယ်။လက်ရှိအစိုးရအဖွဲ.ဝင်တွေရဲ.ပိုင်ဆိုင်မှု.ကိုကာကွယ်နေရလို.တဖြည်းဖြည်းမြေဈေးကျအောင်တရုတ်တွေကိုနှိပ်ကွပ်မယ်လို.သိရပါတယ်။ဖုန်း။ကားဈေးတွေလုပ်ခဲ.ပါတယ်။မြေဈေးအတွက်လဲလုပ်ပါလိပ်မယ်။
ReplyDeleteမြေဈေး ကစားရုံထိုမျှမကသေး ဈေးပေါပေါဖြင့်ရောင်းချနိုင်သော အနာရယ်ရှိ Recycleစားသုံးစီကဲ့သို့သောFood Stuff များ ရောင်းချခြင်း၊အဆင့်နိမ့်ထုတ်ကုန်များဖြန့်ရောင်းနေခြင်းငွေဝယ်ကျွှန်ကဲ့သို့ စက်မှုဇုံအတွင်းအချိန်နှင့်မမျှအောင်ခိုင်းစေခြင်း
ReplyDeleteများ၊နယ်နိမိတ်ကိုမတရားပိုင်းခြားခြင်း
(ယခင်ကရွှေလီသည်မြန်မာပိုင်ဖြစ်ပြီး
ယနေ့တိုင်ရှမ်းရွာများရှိသေးသည်)ယခုအခါ ၀ ကိုးကန့်စသောအမည်ခံကာတိုင်းရင်းသားအသွင်ရ
ယူခြင်း၊မိမိတို့နိုင်ငံအားး၎င်းရဲ့လက်အောက်ခံသဖွယ်
သဘောထားကာပြည်တွင်းရေးဝင်ရောက်စွက်ဖက်
လာခြင်း
နိုင်ငံခြားရေးမူဝါဒများကို၎င်းဧသဘောတူညီချက်ကဲ့သို့
ရယူရန်နိုင်ငံတော်အကြီးကဲများမှတရုပ်အစိုးရအားညျိနိုင်းရခြင်း
အဆိုးဆုံးမှာမိမိတို့တိုင်းရင်းသူများးအား
၎င်းတို့အလိုကျဖြစ်စေ၇န် သားဖောက် ကာ ဌာနေတိုင်းရင်းသားအဖြစ်သို့၎င်းတို့
သားသမီးများအားဆောင်ရွက်ကာပံ့ပိုးခြင်း တို့မှာဆယ်စု ၅စုမျှရှိနေသော လည်းယခုဆယ်စုအတွင်းအများဆုံနှင့်စနစ်အ
ကျဆုံးရည်ရွယ်ချက်ဖြင့်ဆောင်ရွက်နေပါသည်