ပြည် - ကြို့ပင်ကောက်
ရေဘေးဒုက္ခသည်များနှင့် ကျွန်ုပ်တို့
အထက်ဗမာပြည်သမိုင်းဝင်
ဒီပဲယင်းရွာ ဝန်းကျင်မြို့ရွာအသီးသီး၏ မြို့ခံ၊ ရွာခံ ပြည်သူလူထုနှင့် လူမှုရေးအသင်းအဖွဲ့များ၏
ဖိတ်ကြားချက်အရ ဗြဟ္မစိုရ်ခြေလှမ်းဟောပြောပွဲများ ပြုလုပ်ခဲ့ပြီးနောက် ရန်ကုန်မြို့သို့
ပြန်လည်မထွက်ခွါမှီ ယခင်ကာလများတွင် သောင်ထွန်း၊ ရေခန်းဖြစ်ခဲ့သော ဧရာဝတီမြစ်ရေပြင်ကြီး၏
အံ့မခန်းမြစ်ရေလျှံတက်မြင့်မားမှုကြောင့် ပြည်မြို့ဝန်းကျင်ရှိ အရပ်ဒေသများတွင် လူနေရပ်ကွက်နေအိမ်များ
စားဝတ်နေရေး၊ ကျန်းမာရေး၊ နေထိုင်ရေးစသည့် လူမှုဒုက္ခများပေါ်ပေါက်နေရကြောင်း သတင်းရရှိသည့်အတွက်
၂ဝ.၉.၂ဝ၁၃ ရက်နေ့ ညတွင် ပြည်မြို့သို့ အရောက်သွား၍ မိုးမေတ္တာ ပရဟိတလူငယ် သွေးလှူရှင်များအဖွဲ့၊
သုခကုသိုလ်ဖြစ်ဆေးခန်း(ပြည်)မှ ကိုမိုးကြီး၊ ကိုညီညီအောင်နှင့် အဖွဲ့သားများလုပ်အားပေးလူငယ်များနှင့်
ပူးပေါင်းကာ ၂၁.၉.၂ဝ၁၃ နံနက်(၈း၃ဝ) နာရီအချိန်မှ စ၍ပြည်မြို့ နဝင်းနယ်မြေအတွင်းရှိ ရပ်ကွက်များ၊
နဝင်းချောင်းနှင့် ဧရာဝတီမြစ်ဘေးရှိ မိုးခေါင်၊ ချောင်းနားတန်းရွာနှင့် မာကလာကုန်းရပ်ကွက်၊
ခရမ်းကုန်းရပ်ကွက်၊ ပြည်သာယာရပ်ကွက်တို့ရှိ ရေဘေးဒုက္ခသည်စခန်းများသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)
ဥက္ကဌဦးကျော်သူနှင့်အဖွဲ့သားများတို့မှ ကယ်ဆယ်ရေး စားသောက်ပစ္စည်းများကို လိုက်လံ၍ ဒုက္ခသည်များထံသို့
တိုက်ရိုက်ပေးလှူခဲ့သည်။
ထိုသို့လှူဒါန်းမှုပြုရာတွင်
မိုးခေါင်၊ ချောင်းနားတန်းရှိ နေအိမ်စွန့်ခွာ ရေဘေးဒုက္ခသည်အိမ်ထောင်စုပေါင်း (၂၂၅)စုအတွက်
တစ်အိမ်ထောင်လျှင် ဆန်(၂)ပြည်၊ ဆီ(၂၅)ကျပ်သား၊ ခေါက်ဆွဲခြောက်(၁)ထုပ်၊ ဆား(၁)ထုပ်၊
ငါးသေတ္တာ(၁) ဘူးတို့ကို၎င်း၊ ရွှေပုလ္လင်မှော်၊ ဖောင်တော်ဦး၊ နဝင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၊
ဝါဆိုကျောင်းနှင့် ပြည်သာယာ(ခရမ်းကုန်း)ရေဘေးဒုက္ခသည် ကယ်ဆယ်ရေးစခန်းများတွင် နေအိမ်စွန့်ခွာရေဘေးဒုက္ခသည်
အိမ်ထောင်စုပေါင်း (၂၂၆)စုအတွက် တစ်အိမ်ထောင်လျှင် ဆန်(၃)ပြည်၊ ဆီ(၅ဝ) ကျပ်သား၊ ခေါက်ဆွဲခြောက်(၁)ထုပ်၊
ဆား(၁)ထုပ်၊ ငါးသေတ္တာ(၁)ဘူးတို့ကို၎င်း ပေးအပ်လှူဒါန်းခဲ့သည်။ ထို့ပြင် အိမ်ထောင်စု
စုစုပေါင်း(၄၅၁)စုအတွက် ရေသန့် ၅ လီတာဘူး အလုံး (၉ဝဝ)လုံးတို့ကိုလှူဒါန်းခဲ့သည်။ လှူဒါန်းမှုတန်ဖိုးငွေ
(၁၅) သိန်းကျော်အား ပြည်မြို့ဝန်းကျင် ရေဘေးဒုက္ခသည်များအတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့်
မိုးမေတ္တာပရဟိတလူငယ် သွေးလှူရှင်အဖွဲ့မှ တက်ကြွစည်းလုံး ညီညွတ်စွာဖြင့် လှူဒါန်းပေးနိုင်ခဲ့သည်။
ထိုနေ့
၂၁.၉.၂ဝ၁၃ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ဖြစ်သည်နှင့်အညီ ရန်ကုန်မြို့တော်ကြီးတွင်
ငြိမ်းချမ်းရေးနေ့ အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့သလို ဥက္ကဌဦးကျော်သူရောက်ရှိနေသော
ပြည်မြို့တွင်လည်း ညနေ(၅းဝဝ)နာရီအချိန်တွင် သုခကုသိုလ်ဖြစ်ဆေးခန်း(ပြည်) ရှိရတနာမာန်အောင်မြင်ကျောင်းတိုက်၌
စာပေကဗျာ ပညာရှင်များ အရပ်ဘက်အဖွဲ့အစည်းများ မိဘပြည်သူအပေါင်းနှင့် လူမှုရေးသမားများ
ပူးပေါင်းကျင်းပပြုလုပ်ခဲ့သည်။
၂၂.၉.၂ဝ၁၃
ရက်နေ့တွင် ကြို့ပင်ကောက် မြို့ပါတ်ဝန်းကျင်တွင်လည်း ရေကြီး၊ ရေလျှံမှုကြောင့် ရေဘေးဒုက္ခသည်များ
စားဝတ်နေထိုင်ရေးဒုက္ခများဖြင့် ကြုံတွေ့နေကြကြောင်း ထပ်မံကြားသိခဲ့ရမှုကြောင့် သုခကုသိုလ်ဖြစ်ဆေးခန်း(ကြို့ပင်ကောက်)မှ
အတွင်းရေးမှူး ကိုမင်းသူအောင်နှင့် ချိတ်ဆက်၍ ၂၃.၉.၂ဝ၁၃ရက်နေ့ နံနက်(၈းဝဝ)နာရီအချိန်မှစ၍
သုခကုသိုလ်ဖြစ်ဆေးခန်း(ကြို့ပင်ကောက်)မှ အမှုဆောင်များ၊ လုပ်အားပေးလူငယ်များ၊ ရွှေနှလုံးသားသွေးလှူရှင်အသင်းသားများ၊
မြို့နယ်နာရေးကူညီမှုအသင်းမှ အသင်းသားများ၊ သဲကုန်းရပ်ကွက် လူငယ်ပရဟိတအဖွဲ့သားများနှင့်
ပူးပေါင်း၍ ကြို့ပင်ကောက် အနောက် ဖက်ကျေးရွာများဖြစ်သော တန်းကုန်းရွာ၊ မင်းအိုရွာ၊
သုံပုရာကုန်းရွာ၊ ညောင်ကန်းရွာ၊ ကျောက်ဝရွာ(ဇီးကုန်းမြို့နယ်၊ နတ္တလင်းမြို့နယ်၊ မိုးညိုများအပါအဝင်)အားသွားရောက်
အားပေးကြည့်ရှုပြီး တန်ဖိုးငွေ (၁ဝ)သိန်းကျပ်ရှိ ဆန်အိတ်များအား သွားရောက်လှူဒါန်းခဲ့ရာ
ညနေ(၄း၃ဝ) နာရီအချိန်တွင် အောင်မြင်စွာပြီးဆုံးခဲ့သည်။
ထိုသို့ သွားရောက်လှူဒါန်းမှုပြုရာတွင်
စက်လှေဖြင့် ရေလမ်းခရီးအား တစ်နေကုန်သွားရောက်ခဲ့ကာ လှူဒါန်းမှုများမရှိသေးသော အရပ်ဒေသရှိ
ရေဘေးဒုက္ခသည်များအား အဓိကထားလှူဒါန်းနိုင်ခဲ့သည်။
ယခုကဲ့သို့
ပြည်မြို့၊ ကြို့ပင်ကောက်မြို့နယ်များရှိ ရေဘေးကယ်ဆယ်ရေး ခရီးစဉ် ရေလမ်းခရီးအား ခဲရာခဲဆစ်သွားရောက်လှူဒါန်းမှုပြုရာတွင်
လိုက်လံပို့ဆောင်၍ ပူးပေါင်းဆောင်ရွက်ပေးခဲ့သော နယ်ခံပရဟိတအဖွဲ့များနှင့် ဦးကျော်သူ၏
ကျန်းမာရေးအား အပင်ပန်းခံလိုက်လံစောင့်ရှောက်ကုသပေးခဲ့သော ဆေးဝန်ထမ်းများအား
အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
Welldone Ko roupKyaw Thu and the
ReplyDeleteGroups. I appreciate all of you
for your noble task.