ခင်ဗျားတို့ ကျွန်တော်တို့ ယနေ့ Miss Universe မိုးစက်ဝိုင်နဲ့ ပတ်သက်ပြီး..
မိုးစက်ဝိုင်ကို ပုဂ္ဂိုလ်ရေးအရ မုန်းကြတာလား..
မြစ်ဆုံကိစ္စကြောင့် မုန်းကြတာလား..
လက်ပံတောင်းတောင် ကိစ္စကြောင့် မုန်းကြတာလား..
ဓာတ်ငွေ့ ပိုက်လိုင်းကြောင့် မုန်းကြတာလား..
ဗိုလ်ချုပ်ခင်ညွန့် လက်ချက်နဲ့ ၁၉၉၀နောက်ပိုင်း အလုံးအရင်းနဲ့ ဝင်လာတဲ့ နောက်ပေါက် တရုတ်တွေကြောင့် မုန်းကြတာလား..
အာဏာရှင်မိသားစုနဲ့ ပတ်သက်ပြီး မုန်းကြတာလား..
ပြည်တွင်းမှာ ဒိုးတူ ဘောင်ဖက် နှစ်ရှည်လများ အတူတကွ နေလာခဲ့ကြတဲ့ မြန်မာဆန်တဲ့ မြန်မာပြည်ဖွား အတူတကွ ရုန်းကန်ခဲ့တဲ့ တရုတ်လူမျိုးတွေကို အားနာကြဖို့ မေတ္တာရပ်ခံပါရစေ..
ကျွန်တော်တို့ မုန်းတာ လူကို မဟုတ် မူကိုဖြစ်တယ်...
မြန်မာ့မြေပေါ်က သံယံဇာတတွေကို သူခိုးဈေးနဲ့ မတရားဂုတ် သွေးစုပ်ခဲ့တဲ့ တရုတ်အစိုးရနဲ့ တရုတ်အစိုးရရဲ့ မြန်မာအပေါ်ထားရှိတဲ့ ပေါ်လစီ မူကိုသာ ဖြစ်သည်..။
ဒီမိုဝေယံ




မြန်မာ ကိုယ်စားပြု ဖြစ်ပါစေ ။ ဖိုးလပြည့် ကိုယ်စား ပြုမဖြစ်စေနဲ့
ReplyDeleteလူ က မုန်းစ၇ာ တွေလုပ်နေမယ် မုန်းစ၇ာဖြစ်နေမယ် ဆို လူကိုပါ မုန်းမှာ ဘဲ ကွယ့်
ReplyDeleteS U S.
ReplyDeleteမိုးစက်ဝိုင် က သူ့အလုပ်သူလုပ် သူ့လမ်းသူလျှောက်တာပါ။ လူတဦးတယောက် အောင်မြင်ပြီင်္ဆို အနံ့ခံသတ္တဝါတွေက ဒီလိုဘဲပါတ်သက်ချင်ကြတာပါဘဲ။
ဒီကိစ္စထဲမှာ သူ့အတွက် ပြသနာအဖြစ်ဆုံးကတော့ ဖိုးလဲပြည့် ကိစ္စပါဘဲ။ သူ့အဘက ပြည်သူတွေကို ဒုက္ခကြီးပေးခဲ့တဲ့ အနှစ်မရှိတဲ့ ကြက်ဆူပင် မင်းကြီးရဲ့မြေးဆိုတော့ သူဟာ လပြည့်တော့မဖြစ်နှိုင် ငါတို့မခေါ်နှိုင်ပါ၊ လဲတွေနဲ့ ပြည့်နေတဲ့ ဖိုးလဲပြည့် လို့ဘဲ ဆိုပါစို့။
သူခိုး ဒမြ ဆိုတာ သူ့နေရာနဲ့သူ နေထိုင်တတ်ရတယ်။ သူ့အဖိုး ဗိုလ်သန်းရွှေကြီးဟာ ဗိုလ်ခင်ညွန့် တွဲပြီး တပ်မတော်ကြီးကို ပြည်သူကိုနှိပ်စက်တဲ့ စစ်တပ်ဆိုးအဖြစ် ပုံဖေါ်၊ တိုင်းပြည်ရဲ့ သယံဇာတအားလုံးကို တပ်မတော်အားကိုးနဲ့ အေးဒမြတိုက်ခိုးကဲ့ဖွက်၊ ဆွေမျိုးပေါက်ဖေါ် တရုပ်ကြီးကို အောက်ဈေးနဲ့ရောင်း ဒီအပေါ်မှာ ဆယ်သက် ရာသက်မက ဖြုန်းမကုန်…..သို့သော် ကိုယ်တဦးထဲ ခိုးလဲ သခိုးပါဘဲ၊ တပ်မတော်ကြီး အားကိုးပြီးခိုးရင်လဲ သခိုးက သခိုးပါဘဲ။ သခိုးဆိုတာ နေရာတကာ တက်မစွာရဘူး ဒင်းတို့မိသားစုအားလုံးရဲ့ ဥစ္စာဓနအားလုံးဟာ တိုင်းပြည့်ဘဏ္ဍာ ပြည်သူနဲ့ တပ်မတော်သားတွေရဲ့ သွေးနဲ့မျက်ရည်တွေ (ဘုမသိ ဘမသိ ပြည်သူ့စတွေးခွက်ထဲ ရောက်သွားရရှာတဲ့ တပ်မတော်သားများ) ရဲ့အားလုံးရဲ့ ရလဒ်အပုံကြီး ဆိုတာ ပြည်သူအားလုံး သိထားကြတယ်။
မိုးစက်ဝိုင်….အရင်ကတော့ ငါတို့ မြန်မာနိုင်ငံသားလို့ ဆိုယုံနဲ့ဘဲ ဒို့တွေ မဲ ဝိုင်းထဲ့ပစ်လိုက်ကြတယ်။ အခုဒီတကြိမ်မှာတော့…….အင်း………နဲနဲစဉ်းစားရမလို လို ဖြစ်ရတယ်။ နင်ကနေနေပေမဲ့ အပုတ်နံ့က နင့်စီလာကူးတာဘဲ.. နင့်မှာအပြစ်မရှိပါ။ ငါတို့က နိုင်ငံတော်သူခိုးကြီးတွေကို မုန်းတီးပေမဲ့ နိုင်ငံကိုချစ်တယ်၊ နိုင်ငံဂုဏ်ဆောင်နှိုင်တဲ့သူကို ယ္ခင်ကလို မပျော်ပေမဲ့လဲ အားပေးရမှာပါဘဲ..၊ပြည်သူကောင်းတို့ရဲ့ တာဝန်အရ မဲတော့ ထည့်ပေးရမှာပါဘဲ။
ဒါ့ကြောင့်ဘဲ မိုးစက်ဝိုင် ကချက်ခြင်းကြီးဘဲ ဒီ ဖိုးလဲပြည့် နဲ့ ဘာမှ မပါတ်သက်ပါလို့ ထုတ်ပြန်တယ်၊ ကောင်းပါတယ်။မှန်ပါတယ်။ ဒီမှာ ဖိုးလဲပြည့် မင်းတို့ရဲ့ ဥစ္စာဓနတွေဟာ မသမာမှုနဲ့ ရတာတွေကြောင့် သာ ဒီလိုအပြောခံရတာဖြစ်တယ်။ ထမိန်စုတ် ခိုးတဲ့သူခိုး တွေကြောင့် တိုင်းပြည်နစ်နာမသွားဘူး၊ မင်းတို့ အဘတွေ၊ အဘကြီးတွေကြောင့် ပြည်သူတွေနစ်နာ တပ်မတော်ကြီးလဲနာမည်ပျက်။ ပြည်သူနဲ့ စစ်တပ် အစီးမကပ်တော့ တိုင်းပြည်ဒုက္ခရောက် မြန်မာပြည်သားတွေကတမွဲမွဲ ..ပေါက်ဖေါ်ကြီးတွေက တဟဲဟဲ…ဗိုလ်ချုပ်ကြီးတွေရဲ့ ပါးစပ်ထဲ.. ….အရိုးအရင်းစွန့်လို့ကျဲ….သားစဉ်မြေးဆက် မာန်ထောင်ဆဲ..`ဖိုးလဲပြည့်` လို အကောင်တွေဘဲ..။
စောက်ကြောက်တွေ အရည်မရ အဖတ်မရ တနာရီ ၃၀၀ ပေးပြီး အင်တာနက်မှာ အော်နေ ရေးနေကြတယ် ၊ မင်းပထွေးလေးက မင်းတို.ကို စောက်ဂရုတောင်မစိုက်ဘူး ၊ မင်းတို. သူ.ကို လုပ်ဖို မပြောနဲ. မင်းတို.တွေ.ချင်တာတောင်တွေ.လို. ရမှာမဟုတ်ဘူး ။စောက်ရူးထမနေကြနဲ.တော. ။
ReplyDelete
ReplyDeleteအလှမယ် တရုတ်မ ဖြစ်တော့ရော ဘာဖြစ်လဲ။
ဘာမဖြစ်ဘူး။ ကျနော်တို. ဆေးကျောင်းတွေ မှာ တရုတ်မ queen တွေမှ အများကြီး။ မင်းသမီး မော်ဒယ်တွေ ထဲလည်း တရုတ် သွေးတွေမှ အများကြီးပဲ။ ဘာပြသနာမှ မတက်။
မိုးစက် ၀ိုင်ကိုကျမှ လူတွေ against ဖြစ်နေတာက ဖိုးလပြည့် နဲ. တွဲထွက် လာလို.ရယ် သူ. အဖေရဲ. စီးပွားရေး နောက်ကြောင်းက အသံတွေထွက်နေတာရယ် ကြောင့်ပဲ။ အဲဒိမှာတင် ရွေးချယ်ရေး အဖွဲ. ဟာ အဂတိ ကင်းလား မကင်းလား မေးခွန...်းမေးစရာ ဖြစ်လာတယ်။
ဒါပေမဲ့ အဲဒီ ၂ ချက်ကို ဖုံးချင်ဖိချင်တဲ့ လူတွေက အလှမယ်ကို တရုတ်မမို. ဆန်.ကျင်ပါတယ်ဆိုတဲ့ လမ်းကြောင်းပေါ် အတင်းကြီးပဲ တွန်းတင်လာကြတယ်။ နဂိုကမှ တရုတ်မုန်းချင်နေတဲ့ ကျုပ်တို. ဗမာများကလည်း (တရုတ်ရယ် ကုလားရယ် မဟုတ် ဗမာ အချင်းချင်းလည်း တည့်တာ မဟုတ်ပါဘူး) မူလ ဘူတ အချက်ကို မေ့ပြီး တရုတ်မ တရုတ်မ ဆိုပြီး ၀ိုင်းအော်ကြပြန်တယ်။
ဘာကို သွားသတိရသလဲ ဆိုတော့ illegal immigration ပြသနာကနေ ကုလားမုန်းတီးရေး ကုလားဆိုင်၊ အိမ် မီးရှို.ရေး ဖြစ်သွားသလိုမျိုး ပုံစံဖြစ်နေတယ်။
တခုခုဆို ဂွေးတက်အောင် ကမယ် ဆိုတဲ့ ကျုပ်တို. အမျိုးတွေ သတိထားကြဖို. ပြောလိုရင်းပါ။
( ကျေးဇူးတင်ပါတယ် လိုရင်းကို ထိအောင်ရေးပေးထားတဲ့ ပို့စ်ပါ၊
ReplyDeleteကျနော် ကျမတို့ မိုးစက်ဝိုင်ကို မုန်းတာမဟုတ်ပါ၊ မရိုးသားတဲ့ကိစ္စရယ်
အာဏာရှင်တွေနဲ့ပေါင်းပြီး ထင်တိုင်းကြဲနေတဲ့ ကိစ္စပါ၊၊ မဟုတ်ဘူးလို့
တော့ ငြင်းမှာပဲ၊၊ ဒါပေမယ့် လုပ်ရပ်ကိုကြည့်တာ ပိုမှန်ပါတယ်၊၊ တရုတ်
မုန်းခိုင်းခြင်းမဟုတ်၊ တရုတ်လွှမ်းမိုးခြင်းကို မကြိုက်သူသာ ဖြစ်သည်၊၊
ကုလား မုန်းခိုင်းခြင်းလည်း မဟုတ်၊ ကုလား လွှမ်းမိုးမှုကို လက်မခံနိုင်
သူသာဖြစ်သည်၊၊ အမေရိကန်မုန်းခိုင်းတာမဟုတ်၊ လွှမ်းမိုးမှုကို မခံပါ၊၊
ဤသည် ငါတို့၏ ဇာတိသွေး၊ ဇာတိမာန် အစစ်ဖြစ်သည်၊၊ ထို့ကြောင့်
တရုတ်စစ်စစ်တစ်ဦး မြန်မာကိုယ်စားပြုမယ် ပြိုင်သည်ကို မကြိုက်ပါ၊၊ )
ဟိုအပေါ်ကလူ ဘာဝင်ကြောင်တာလဲ ပြောချင်ရင် အချက်လက်နဲ့ ပြောလေ။ တရုပ်တွေကိုအကုန်အုပ်ခွင့်ပေးလို့ ပြည်သူအများစု ဖွတ်ဖြစ် အရိုးကိုက်ခွင့်ရဗိုလ်ချုပ်ကြီးတွေရဲ့သွားကြားထိုးတံ စုပ်ခွင့်ရဘူးယုံနဲ့ မင်းကဝင်နာပေးနေရတာကိုး ပြည်သူတွေရဲ့နစ်နာမှုနဲ့ တိုင်းပြည်အရှက်ကွဲရ တာတွေကိုလဲ ထဲ့စဉ်းစားပြီးမှ နာသင့်မှနာပါမိတ်ဆွေ။
ReplyDeleteS U S
ReplyDeleteအပေါ်က စေါက်ကြောက်တွေလို့ ရေးရဲတဲ့ ဆရာကြီး၊
ဟုတ်ပါတယ် ကြောက်ရတာပေါ့ဗျာ တာဝန်ထမ်းဆောင်ဆဲ လမ်းပြနေတဲ့ရဲကို လက်သီးနဲ့ဝင်ထိုးတာတောင် ဒီ..ဖိုးလဲပြည့် ကို အရေးမယူရဲတဲ့ နိုင်ငံမှာနေ နေကြရတဲ့ ပြည်သူတွေလေဗျာ။ ဒီနေ့ နည်းပညာတိုးတက်မှုလေးတွေကြောင့်သာ ဒီမတရားမှု ဝန်ထုပ်ကြီးအောက်ကနေ နဲနဲ ပြန်အော် ပြန်ကလော်ခွင့်ရတာလောက်တော့ ခင်ဗျားနားမလည်ပေးနှိုင်ဘူးလား။ အရိုးကိုက်ရယုံနဲ့ တော့ ဘဝင်မမြင့်နဲ့ဗျာ….မြန်မာတနိုင်ငံလုံး Half of ASEAN level လောက်ရောက် ရင်တောင် အရိုးကိုက်တွေ သွားကြားထိုးတံ စုပ်ခွင့်ရသူတွေကို ခွင့်လွှတ်နှိုင်ပါလိမ္မယ်။
လူမြင်ကွင်း ပရိတ်သတ်လူပုံလယ်မှာတောင် မင်းပထွေးလေး အဲ့ဒီ ဖိုးလဲပြည့် က ထိုင်ခုံအကြီးအမြင့်ကြီးနဲ့ ထိုင်ပြီး နိုင်ငံတာဝန်အမြင့်ဆုံး ထမ်းဆောင်နေတဲ့ အားကစားဝန်ကြီးက ထိုင်ခုံအသေးအနိမ့် နဲ့ယှဉ်တွဲ ထိုင်နေပုံ မြင်ရတဲ့ အဲ့ဒီသတင်းဓါတ်ပုံ ကို ပြန်ကြည့်လိုက်အုံးလေ ဝန်ကြီးတောင် အရှက်မရှိ ဒီဘဝမျိုးမြင်နေရတော့ သာမန်ငါတို့အဖို့ ကတော့ကြောက်လွန်းလို့ ဝေးဝေးရှောင်နေရပါတယ်။ ချီးပုံထဲကလောက် ကတော့ မစင်နားရောက်ရယုံနဲ့ မင်းတို့က ဘဝင်ခိုက်နေမှာပေါ့။ ခံရ နာရပေါင်း ထောင်းထောင်းကျေနေတဲ့ ငါတို့မှာတော့ နည်းပညာတိုးတက်ခွင့်အောက် အမှန်အမှား ထောက်ပြခွင့် ရယုံနဲ့တင် ကျေနပ်ပျော်ရွှင် သေပျော်တယ်လို့တောင် ထင်နေပါပြီ။
ဒီလိုစောက်ရမ်းတွေရေးချင်ရာရေး နေတဲ. မင်းတို.ကဘာတွေလည်း ၊ ဘယ်သူတွေလည်း ၊ ဘယ်ပါတီဝင်တွေလည်း ဘာရည်ရွယ်ချက်တွေရှိလည်း ဆိုတာကို ၊ သာမန်ပြည်သူတွေ ၊ ပညာတတ် အတွေးအခေါ်ရှိတဲ.သူတွေ ကဆုံးဖြတ်ပေးလိမ်.မယ် ။ ဒါပေမယ်. ဘယ်လိုအကြောင်းမျိုးတွေကြောင်.ပဲဖြစ်ဖြစ် ၊ သူတဖက်သားကို ပုတ်ခတ်သပုတ်လေလွှင်. ပြောချင်ရာတွေ ကို ငါတို.သာမန်ပြည်သူတွေကထောက်ခံမပေးရမှာလား ၊ မင်းတို. တကယ်လုပ်ချင်ရင် တ၇ား ရုံးမှာ အချက်အလက်နဲ. နေရွှေသွေးအောင်ကို တရားစွဲလေ ၊ ဘာလို.ကြောက်နေတာလည်း ၊ စောက်ကြောက်တွေ ၊ နိင်လို.ရတဲ.ပြည်သူတွေ အပြစ်မဲ.တဲ. မိန်းခလေးတယောက်ကိုတော. ၊ အနိင်ကျင်းစော်ကားရေ.နေလိုက်ကြတာ ။ စောက်ကြောက်တွေ ၊ တိုင်ပြည် အတွက်ဘာမှ အကျိုးပြုမယ်.ကောင်တွေ မဟုတ်ဘူး ၊ မင်းတို.ကိုဘယ်သူတွေကသင်းပေးလိုက်တာလည်း ။
ReplyDeleteမှန်ပါတယ် ၊ ဒီလို ရေးချင်ရာရေး ပြောချင်ရာတွေလျောက်ပြောနေတဲ. နိင်ငံသားတွေ ကျွန်တော်တိုနိင်ငံမှာပဲရှိပါတယ် ၊ တခြား ဘယ်နိင်ငံသားတွေမှမလုပ်ကြပါဘူး ၊ အချက်အလက်ပြည်.စုံရင် ဦးသိန်စိန်ကိုတောင် တရားစွဲလို.ရပါတယ် ၊ တရားရုံးကမဖြေရှင်းပေးရင် နိင်ငံတကာတရားရုံးထိ တိုင်လို.ရပါတယ် ၊ ဒီလိုမျိုး အောက်တန်းကျတဲ.ရေးသား ဝေဖန် ပြောဆိုနေတာတွေဟာ ၊ နိင်ငံ နဲ.လူမျိုးကို အရှက်ကွဲသေးသိမ်အောင်လုပ်နေတာလို.မြင်ပါတယ် ။
ReplyDeleteအော် ဗမာတွေ မြန်မာတွေ ဘာမှအသိညာဏ်မရှိဘူး တခုခုဆို ဆဲဆိုဖို.လောက်ပဲသိတယ် ၊ အဲဒါကြောင်.မို. သူများနိင်တာခံနေရတာ ။ နည်းတောင်နည်းသေးတယ် ။
ReplyDeleteဘယ်သူမှ မတိုင်ရဲပါဘူး တိုင်လည်းရှုံးမှာ သိပါတယ် ။ ဒါပေမယ့် သူတို့ လုပ်သမျှငြိမ်ခံနေမှာမဟုတ်ဘူးဆိုတာ သိစေချင်လို့ပဲ ။သူတို့ပေးတဲ့ အရိုးအရင်း လေးကိုက်ပီး ဘေးက ဝင်ဟောင်နေတဲ့ ကောင်တွေထက်စာရင် ဘယ်သူပိုမြတ်လည်း စစ်ခွေးတွေသိဖို့ ကောင်းတယ်။ အရိုးအရင်း ကိုက်ပီး ပြည်သူကို ဟောင်ခြင်း သီးခံပါ ။
ReplyDeleteပြည်သူအစစ်ဆိုရင် ဒီကောင်တွေကို မုန်းကို မုန်းနေကြလိမ့်မယ်
ReplyDeleteAnonymous says:
ReplyDeleteOctober 11, 2013 at 1:24 AM Reply
စောက်ကြောက်တွေ အရည်မရ အဖတ်မရ တနာရီ ၃၀၀ ပေးပြီး အင်တာနက်မှာ အော်နေ ရေးနေကြတယ် ၊
အပေါ်က ကွန်မန့်
အပါအဝင် ကွန်မန့် (၄) ခုကို တစ်ယောက်ထဲ
ရေးသွားတဲ့ စစ်ခွေး...
ငရွှေမြေးခွေးကောင် ဘက်ကနေ ဟောင်ပေးဖို့ မင်းပထွေးတွေက ဘယ်လောက် ပေးထားလဲ....
ခွင့်မလွှတ်နိုင်တဲ့ ပြဿနာ အစစ်က မိုးစက်ဝိုင် က နေရွှေသွေးအောင် နဲ့ လူပုံအလယ်မှာ ပွဲထွက်ခဲ့လို့ပါ
ReplyDeleteစစ်အာဏာရှင်ကို မုန်းတီးသူတွေထဲမှာ အသိတိမ်သူတွေကလွဲလို့ အလေးအနက်ရှိသူတွေက ဘာဖြစ်လို့ မိုးစက်ဝိုင် ကို ကန့်ကွက်နေကြသလဲ။
မိုးစက်ဝိုင် က တရုတ် ဖြစ်နေလို့လည်း မဟုတ်ဘူး။ ဘောလုံးကွင်းထဲ ပြိုင်ကား စီးလို့လည်း မဟုတ်ဘူး။ နောက်ဆုံး မစ္စယူနီဗာ့စ် ဆု ကို ငွေနဲ့ ပေးဝယ် လိုက်တယ် ဆိုရင်တောင် ခွင့်လွှတ်ပေးလို့ ရတယ်။
တကယ် ခွင့်မလွှတ်နိုင်တဲ့ ပြဿနာ အစစ်က စစ်အာဏာရှင် သန်းရွှေ ရဲ့ မြေး ဟိုကောင်လေး နေရွှေသွေးအောင် နဲ့ လူပုံအလယ်မှာ ပွဲထွက်ခဲ့တာပဲ ဖြစ်တယ်။ အဲဒီကနေမှ ညောင်မြစ်တူးရင်း ပုတ်သင်ဥတွေ ဆင့်ကဲ ဆင့်ကဲ ပေါ်ကုန်တာပါပဲ။
အခု ထိပ်တိုက်တွေ့နေ တာကလည်း နေရှင်နယ်လစ်နဲ့ လစ်ဘရယ်တွေ မဟုတ်ဘူး။ ထိပ်တိုက်တွေ့နေတာက စစ်အာဏာရှင်ကို အလေးအနက်မုန်းတီးတဲ့ ပြည်သူတွေနဲ့ ကျေးတော်မျိုး ကျွန်တော်မျိုး အုပ်စု တို့ပဲ ဖြစ်တယ်။
ဒီတော့ ကြားထဲက ဟိုကလေးမ မိုးစက်ဝိုင် မြေဇာပင် ဖြစ်ရတာ စိတ်မကောင်းပါဘူး။ ဒါပေမယ့် နောင်မျိုးဆက်တွေ စစ်အာဏာရှင် အသိုင်းအ၀ိုင်းနဲ့ ပလူးပလဲ မဖြစ်ရဲဖို့ သင်ခန်းစာတော့ ပေးနိုင်ပါလိမ့်မယ်။
ဇင်သော်နိုင်
ဟုတ်ပါတယ်
ReplyDeleteမိုးစက်ဝိုင်က ကြားထဲက ခံရတာပါ
မိုးစက်ဝိုင် ကို မုန်းတာ မဟုတ်ပါဘူး
တရုပ်လူမျိုးကို မုန်းတာ မဟုတ်ပါဘူး
တစ်ကယ်မုန်းတာက
အာဏာရှင် အာဏာရူး အသိုင်းအဝိုင်းနဲ့
ဒီကောင်တွေ သက်ဆိုးရှည်အောင်
ကူညီပေးခဲ့တဲ့ တရုပ်အစိုးရနဲ့
သူတို့ရဲ့ လုပ်ရပ်တွေပါ
ဒါကြောင့်
မိုးစက်ဝိုင် ကို မမုန်းပေမယ့်
တရုပ်လူမျိုးကို မမုန်းပေမယ့်
မိုးစက်ဝိုင် ကို vote တော့ ပေးမည်မဟုတ်ပါ
အာဏာရှင်ကို မုန်းတဲ့စိတ်က ပြည်သူတွေရင်ထဲမှာ အမြစ်တွယ်နေတာပါ။အဘိုး ကိုမုန်းလို့ မြေးကို မုန်းတာလဲမဟုတ်ပါဘူး ။ မြန်မာပြည်သူတွေရဲ့ စိတ်က အပြစ်ရှိသူကိုပဲ မုန်းတာပါ။ ဒါဆို မြေးကရော ဘယ်လောက်အပြစ်ကင်းနေသလဲ။
ReplyDeleteno vote
ReplyDelete
ReplyDeleteနေရွှေသွေးအောင်က Miss Universe Myanmar မိုးစက်ဝိုင် နဲ့ လူချင်း သိတာ မသိတာ၊ Miss ကို နေရွှေသွေးအောင် က ဖိတ်ကြားတာ မဖိတ်ကြားတာတွေက အဓိက ပြသနာ မဟုတ်ဘူး...
အဲ့ဒီ ကျက်သရေမရှိတဲ့ နေရွှေသွေးအောင် ဆိုတဲ့ လူတယောက်ရဲ့ ဖြေရှင်းချက်ကို စိတ်လဲ မဝင်စားဘူး...
အဲ့.. စိတ်ဝင်စားတာက Miss တယောက်လုပ်နေပီး ဘယ်ကိစ္စဟာ လုပ်သင့်တဲ့ကိစ္စ ဘယ်ကိစ္စဟာ မလုပ်သင့်တဲ့ ကိစ္စလို့ ခွဲခြား မဆုံးဖြတ်နိုင်တဲ့ မိုးစက်ဝိုင် ဆိုတဲ့ အဲ့ဒီ အမျိုးသမီးရဲ့ အသုံးမကျတဲ့ ဦးနှောက်ပဲ...
အဲ.. ဒိထက် ဒိထက်ပိုပီး အဓိကကျတဲ့ ပြသနာက မိုးစက်ဝိုင် ဆိုတဲ့ အသုံးမကျတဲ့ အမျိုးသမီးက Miss ဖြစ်နေတာပဲ. အသုံးမကျတဲ့ မိုးစက်ဝိုင် Miss ဖြစ်ပီးနောက် သူ လုပ်သမျှ အသုံးမကျတဲ့ ကိစ္စတိုင်းဟာ မြန်မာအမျိုးသမီးတိုင်းကို လာရိုက်ခတ်နေတာပဲ...
အကယ်၍ အသုံးမကျတဲ့ မိုးစက်ဝိုင် သာ Miss Universe Myanmar မဟုတ်ဘူး ဆိုရင် သူ့ဘာသူ နေရွှေသွေးအောင် မယားငယ် မကလို့ သန်းရွှေ မယားငယ် ပဲ ဖြစ်နေဖြစ်နေ.. အလကား ပျော်တော်ဆက်ပဲ ဖြစ်နေဖြစ်နေ.. ဘယ်မြန်မာ မိန်းကလေးမှ မိုးစက်ဝိုင် ကို စိတ်မဝင်စားဘူး...
ကြာပါတယ်.. အဲ့ဒီ အသုံးမကျတဲ့ မိုးစက်ဝိုင် ဆိုတဲ့ အမျိုးသမီးခေါင်းက Miss Universe Myanmar crown ကို ပြန်ဖြုတ်လိုက်တာ အကောင်းဆုံးပဲ...
မြန်မာနိုင်ငံက မိန်းမတိုင်း မိုးစက်ဝိုင် လို မိန်းမမျိုး မဟုတ်ဘူး ဆိုတဲ့ မခံချင်စိတ်က အဓိက ဆိုတာကို အဲ့ဒီ အသုံးမကျတဲ့ မိုးစက်ဝိုင် ဆိုတဲ့ အမျိုးသမီး အနေနဲ့ နားလည်နိုင်တဲ့ အရည်အသွေး ရှိပုံမရဘူး...
သိုး ကလေး
၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်
ReplyDeleteနောက်ဆုံးတော့ အဖြေပေါ်တာဘဲ၊ ဖိုးလပြည့် ကြိုက်လို့  မိုးစက်ဝိုင် က Miss Universe Myanmar 2013 ဖြစ်ရတာဘဲ။
တက္ကသိုလ်များ ချန်ပီယံ လိဂ် ဖွင့်ပွဲ အခမ်းအနားမှာ ဖိုးလပြည့်က ကိုယ်တိုင် ဒိုင်းဆုပေးရတာ အားမရဘဲ၊ ပွဲထုတ်တဲ့ ပုံစံဖြစ်နေတော့ မြင်မိတာက - မြောက်ကိုရီးယားက အဖေ့အရှိန်အ၀ါနဲ့ နေရာယူပြီး ထင်ရာစိုင်းနေတဲ့ Kim Jong-Un က သူ့ ရဲ့  မဟေသီ Ri Sol-Ju ကို နေရာတကာ ပွဲထုတ်ပြခဲ့တာနဲ့  သွားပြီး တူနေပါတော့တယ်။
သန်းရွှေရဲ့  မြေး နေရွှေသွေးအောင်ရဲ့  မိန်းမပျိုလှလှလေးတွေကို ခြေတော်ကောက်ချင်တဲ့ အကျင့်ကြောင့် နီးစပ်စွာ ရင်းရင်းနှီးနှီး ပေါင်းသင်းနေတဲ့သူတွေ သိကြတဲ့ အချင်းချင်းတောင် မရှောင်တဲ့ သစ္စာမရှိတဲ့ လုပ်ရပ်ကြောင့် ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေအပြင်၊ ယခုလည်း Miss Universe Myanmar 2013 မဖြစ် ဖြစ်အောင် စီစဉ်ပြီး လုပ်ခဲ့မှုအပေါ် SkyNet ကလည်း တွန်းပေးတယ်၊ အင်တာနက်ကနေ မဲပေးနိုင်အောင်လည်း နေရွှေသွေးအောင်နဲ့  နီးစပ်သူတွေက စတင် တွန်းပေးကြတယ်။
နောက်ဆုံးတော့ Miss Universe ကို မဖြစ် ဖြစ်အောင် တွန်းပို့ လိုက်ကြတော့ မြန်မာနိုင်ငံကို ကိုယ်စားပြုနိုင်တဲ့ စစ်မှန်တဲ့ အရည်အချင်းထက် ဖိုးလပြည့်အကြိုက် Miss Phoe La Pyae တော့ ဖြစ်သွားရရှာပါပြီ။
ရိုးသားစွာ ၀ိုင်းအားပေးကြတဲ့ သူတွေရဲ့  အားပေးမှုတွေလည်း ဖိုးလပြည့်ကို ကြက်ဥ ၀ိုင်းကျွေးကြတဲ့ အားပေးသူတွေ ဖြစ်မှန်းမသိ ဖြစ်သွားကြပါပြီ။
ဒီထက် ပိုဆိုးတာကတော့ သန်းရွှေရဲ့  မြေးဖြစ်သူ နေရွှေသွေးအောင် ခေါ် ဖိုးလပြည့်ဟာ ယခုလက်ရှိ သိန်းစိန်တို့  ရွှေမန်းတို့  မင်းအောင်လှိုင်တို့ ကို ဖုတ်လေတဲ့ ငပိ ရှိတယ်လို့ တောင် မအောက်မေ့ဘဲ အဖိုးဖြစ်သူ သန်းရွှေရဲ့  အာဏာပါဝါနဲ့  ထင်ရာစိုင်းနေဆဲဆိုတာ ပိုပြီး ပေါ်လွင်စေတာပါဘဲ။
မြန်မာပြည်ကြီး ပြောင်းလဲသွားပြီ … ဘာလည်းဆိုတော့ သန်းရွှေ ပေါ်ပေါ်တင်တင် အုပ်ချူပ်တဲ့ ခေတ် မဟုတ်တော့ပါဖူး၊ သန်းရွှေရဲ့  မြေးက ပေါ်ပေါ်တင်တင် ထင်ရာလုပ်တဲ့ ပြောင်းလဲမှု ခေတ်သို့  ပြောင်းလည်းသွားခြင်း ဖြစ်ပါတော့တယ် ဆိုတာပါ။
မြန်မာနိုင်ငံကြီး ဘာဖြစ်နေပါပြီ ပြောဆိုနေကြတဲ့ သိန်းစိန်တို့ က အစ နောက်ဆုံး ပြောနေကြသူ ဘယ်သူမဆိုအနေနဲ့  သန်းရွှေရဲ့  မြေး နေရွှေသွေးအောင် ခေါ် ဖိုးလပြည့်ရဲ့  ထင်ရာစိုင်း လုပ်ရပ်တွေ မြန်မာပြည်မှာ ဖြစ်ပေါ်နေသေးသ၍ သန်းရွှေလက်အောက် ဖြစ်နေသေးတယ်ဆိုတာ ပြသနေတာဆိုတာရယ်၊ သန်းရွှေ မပြောနဲ့  သန်းရွှေရဲ့ မြေး နေရွှေသွေးအောင်ရဲ့  အဟွာကိုတောင် မ နေရသေးတယ်ဆိုတာ ငြင်းချင်ကြပါသေးသလား။
သြော် … မြန်မာပြည်ကြီး ပြောင်းလဲနေပါပြီ …..
နစ်နေမန်း
၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်
မှန်လိုက်တာဗျာ
ReplyDeleteသန်းရွှေက မင်းတို့ကောင်တွေ ငါ့ကိုမပြောနဲ့ ငါ့မြေးအဆင့်ကိုတောင် မင်းတို့ကြောက်နေရမယ်လို့ မိုးစက်ဝိုင် က တဆင့် ပြောနေသလိုပဲဗျာ။
သိန်းစိန် သမ္မတ ဆိုတာ ရုပ်ပြတင်ထားတာပါ။ ဖိုးလပြည့် အရွယ်မရောက်သေးလို့ ရင်ခွင်ပိုက်သမ္မတ လုပ်နေရတာဖြစ်တယ်။
နေဝင်း ခေတ်တုန်းက နေဝင်းမြေးတွေကို ခင်ညွန်တို့ ဘောမနေရသလိုမျိုး ခုလည်း သန်းရွှေ တင်ပေးထားလို့ နေရာရနေသူတွေက သန်းရွှေမြေး ဖိုးလပြည့်ဘောကို မနေရတာ မြင်ကြပြီမဟုတ်လား?????
သန်းရွှေမြေး ဖိုးလပြည့် က ဘောလုံးပွဲလုပ်ပြီး ခွပ်ဒေါင်းကို နားရွက် တံတွေးဆွတ်ပြထားတယ်၊
ReplyDeleteခရိုနီသမီးကို မယ်စကြာဝဠာအတွက်ပွဲထုပ်ပေးပြီး စစ်သားဂုဏ် ခရိုနီဂုဏ်တွေ ချီးမွမ်းခန်းတွေ တင်လာတယ်-
ဒါဆိုရင် သဘောပေါက်
ထိုင်းမယ် ဖိလစ်ပိုင်မယ် အကုန် ဗုတ်တယ် ရွှေသွေးခွေးကောင် (ဖိုးလမိုက်) က ကြိုရွေးပြီး စစ်ခွေးတွေ ထောက်ခံနေတဲ့ ဘိန်းသူဌေး ခရိုနီ သမီး မိုးစက်ဝိုင် က လွဲပြီး သူနဲ့  နီးတဲ့  မယ်တိုင်းကို အကုန်ဗုတ်တယ်
ReplyDeleteဘော်ဒါတွေကိုလဲ ထိုင်းမယ် ဖိလစ်ပိုင်မယ် ကို ဗုတ်ခိုင်းတယ် ကျောင်း က ဖောရိန်းဖရန့် တွေကိုလဲ ဗုတ်ခိုင်းတယ်
ဘိန်းသူဌေး ခရိုနီ သမီး မိုးစက်ဝိုင် ကို စစ်အစိုးရ က ရွေးထားတာလို့  ပြောလို့  မြန်မာမယ် မိုးစက်ဝိုင် ကို ကျောင်း က ဖောရိန်းဖရန့် တွေက ချဉ်နေကြတယ် ဟားဟားဟား
ReplyDeleteစာနာတတ်ကြပါစေ
===========
မိုးစက်ဝိုင်ကို ထောက်ခံနေသူတွေထဲမှာ
အာဏာရှင်ဘက်သားတွေ တော်တော်များများတွေ့တယ်။...
သူတို့ပြောတာလေး တွေ့မိပါတယ်။ ဘာတဲ့ ...
'မြန်မာလူမျိုးဂုဏ်တက်ဖို့ မိုးစက်ဝိုင်ကို အားပေးရမယ်'
တဲ့။ ဒါကို မဆွေးနွေးလိုပါဘူး။ တစ်ခုတော့ ပြောမယ်
အခု မိုးစက်ဝိုင်သွားပြိုင်တာ Miss Universe နော်
ခင်ဗျားတို့ သူ့ကို Miss Universe မရစေချင်ဘူးလား
ရစေချင်တယ်လို့ ဖြေမှာပဲ။ ဒါဆို ဆက်မေးမယ်။ ဘာလို့ရစေ့ချင်လဲ
အထက်ကအတိုင်း ဖြေမယ်ထင်တယ်။
'တိုင်းပြည်ဂုဏ်တက်အောင်' ဟုတ်လား။
ဒါဆို Miss Universe နဲ့ Nobel ဆု ဘယ်ဟာက ကမ္ဘာမှာပိုသိက္ခာရှိသလဲ
ဒီလောက်ကြီး နှိုင်းတာတောင် မအပ်မရာ နှိုင်းသလိုဖြစ်သွားပါပြီ
နည်းနည်းလျှော့ပြောမယ်။ Miss Universe နဲ့ မာလာလာ
ဘယ်သူက ပိုသိက္ခာရှိမယ် ထင်သလဲ။
အေး၊ ကျနော်တို့ဆီမှာ မာလာလာတွေ အများကြီးရှိတယ်။
ဒေါ်နော်အုန်းလှ၊ ဒေါ်ဖြူဖြူသင်း၊ ကိုမင်းကိုနိုင်၊ ကိုကျော်သူ စသဖြင့်
သူတို့ရထားတဲ့ အဆင့်အတန်းမြင့်လှစွာသော
ကမ္ဘာအဆင့် ဆုတံဆိပ်တွေကိုကြည့်စမ်းပါ။
မာလာလာနဲ့ အသာလေးနှိုင်းလို့ရတယ်။
မာလာလာလို့ပြောရင် ကလေးမလေးနဲ့နှိုင်းတယ်ဘာညာ အစဆွဲထုတ်ဦးမယ်။
ကျနော်ပြောချင်တာက ဂုဏ်သိက္ခာအကြောင်းပါ။
Miss Universe နဲ့ဆို မနှိုင်းသာလောက်အောင် မြင့်ကြသပေါ့ဗျာ။
ဒါပေမဲ့ သူတို့ဟာ ... အခု
“မြန်မာလူမျိုးဂုဏ်တက်ဖို့ မိုးစက်ဝိုင်ကို အားပေးရမယ်”
ဆိုပြီး ဆော်သြနေသူတွေထဲက တစ်ချို့ရဲ့ ပါးစပ်ဖျားမှာ
နှစ်ပြားမတန်အောင် အပြောခံခဲ့ကြရတယ်။
ကျနော်တို့ကိုတောင် ဒေါ်စုကို ထောက်ခံလို့တဲ့။
အဖွားကြီး ထမိန်နားခိုချင်နေတဲ့သူတွေ ... တဲ့
သူက ကျနော်တို့အတွက် အမေပဲလေ။ ပြီးတော့
သူ့ကြောင့်ကျနော်တို့ဘယ်လောက် ကမ္ဘာ့အလည်မှာဂုဏ်တက်ရသလဲ?
ပြန်နှိုင်းလိုက်ဦးမယ်ဗျာ။
ကမ္ဘာမှာ Miss Universe ဆိုတာ အလွန်ဆုံးနာမည်ကြီးမှ တစ်နှစ်ပါ။
ဘယ် ကမ္ဘာ့ခေါင်းဆောင်မှလဲ Miss Universe ကို အလေးမထားပါဘူး
အခု မိုးစက်ဝိုင်ကို ၀ိုင်းအားပေးလို့ ရရင် အင်တာနက်မယ်ပါပဲ။
Miss Universe ဆုကတော့ကျနော်တို့ လဲ,သေနေအောင်အားပေးလဲ
သူ အရည်အချင်းရှိမှ ရမှာ။
ကျနော်တို့မြန်မာပြည်က မြန်မာမကြီးတစ်ယောက်ဟာ
ကမ္ဘာမှာ ရနိုင်ခဲလှသော Nobel ဆုကြီးရထားတယ်ဗျာ
ကမ္ဘာ့ခေါင်းဆောင်တွေကလဲ သူ့ကို
(လူငယ်စကားပြောရင်) 'ဂါ' ကြတယ်ဗျာ။
ဒီတော့ ... ကျနော်တို့က သူ့ကြောင့် မာန်ဝံ့တယ်ဗျာ။
သူ့ကို သိပ်ချီးကျူးတယ်ဗျာ။ သူ့ကို တန်ဘိုးထားတယ်ဗျာ။
ဒါ တို့တိုင်းပြည် ဂုဏ်တက်စေတဲ့ အဆောင်လက်ဖွဲ့ကြီးပဲ
... ဆိုတဲ့သဘောမျိုး အလေးအမြတ်ပြုကြတယ်ဗျာ။
မိုးစက်ဝိုင်သာ Miss Universe ရလာကြည့်စမ်း
ဟိုလူတွေ ဘယ်လောက် ပျော်မလဲ။
အဲဒီလိုအချိန်များ မိုးစက်ဝိုင်ကို တစ်ခွန်းလောက်ပြောမိကြည့်
ဘယ်လောက် ဆတ်ဆတ်ခါမလဲ။
အေး၊ ကျုပ်တို့က အဲဒီထက် မနှိုင်းအပ်မနှိုင်းရာဖြစ်လောက်အောင် မြင့်တဲ့
Nobel ဆုရှင်ကြီးကို မိုက်မိုက်ရိုင်းရိုင်းတွေ အဆဲခံရတော့
ဆတ်ဆတ်ခါတယ်ဗျာ။ အသည်းနာတယ်ဗျာ။
ကိုယ့်တိုင်းပြည်အတွက် ဒီလောက်ဂုဏ်တက်စေတဲ့လူကို ဆဲနေတာ
ဒီလူတွေ ဒီတိုင်းပြည်သားမှ ဟုတ်ရဲ့လားလို့တောင် ထင်တယ်ဗျာ။
ReplyDeleteမိုးစက်ဝိုင်ကို vote ပေးဖို့ မပေးဖို့ အတွက်.. အငြင်းပွားနေတာကို တွေ့ရတယ်..
vote ပေးဖို့ မပေးဖို့ ဆိုတာကတော့... ကိုယ့်ဆန္ဒအရပေါ့.....
တစ်ချို့အမြင်ကလဲ... မြန်မာလူမျိုး ဂုဏ်တက်ဖို့...ပေးသင့်တယ်ပေါ့လေ...
ဒါပေမဲ့ တစ်ခုတော့ သတိပေးချင်တယ်..
ဒေါ်အောင်ဆန်းစုကြည်ကို .. တိုင်းမ် မဂ္ဂဇင်းရဲ့ ဆယ်နှစ်အတွင်း သြဇာအရှိဆုံးဆုအတွက် Vote ပေးကြတုန်းက...
လေဒီဂါဂါ စတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြိုင်ဖက်တွေကို. Vote ပေးကြဖို့ လိုက်ဆွယ်နေတဲ့..
လဒူတွေရဲ့ ..status တွေကို ဖတ်ဖူးကြမယ် ထင်ပါတယ်...
အဲဒီအချိန်မှာ သူတို့စိတ်ထဲမှာရော.. .မြန်မာ ဆိုတာ မရှိဘူးလား ?
ဒေါ်အောင်ဆန်းစုကြည်ကို vote လုပ်တာက
တိုင်းပြည်ရဲ့ Image အတွက်.. vote လုပ်တာပဲ မဟုတ်ဘူးလား..?
လူချင်းလဲ ကွာတယ်..၊
ပြိုင်ပွဲချင်းလဲ ကွာတယ်..၊
ပြိုင်ဘက်ချင်းလဲ ကွာတယ်..၊
connection ချင်းလဲ ကွာတယ်..
တကမ္ဘာလုံးက အာရုံစိုက်တာချင်းလဲ..
အများကြီး ကွာတယ်နော်...
ထူးဆန်းတာက..
အဲဒီတုန်းက ဒေါ်စု ကို လက်မခံတဲ့သူ အများစုဟာ..
အခု မိုးစက်ဝိုင် ဘက်က လော်ဘီ လုပ်နေကြလေရဲ့...
Shwe Pa Yit
ReplyDeleteမော်စကိုမြို့၊ ရုရှနိုင်ငံ
၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်
ရုရှနိုင်ငံ၊ မော်စကိုမြို့တွင် ကျင်းပသော ၆၂ ကြိမ်မြောက် ၂၀၁၃ မယ်စကြာဝဠာပြိုင်ပွဲတွင် ဗင်နီဇွီးလားမယ်က မယ်စကြာဝဠာဘွဲ့ ဆွတ်ခူးသွားသည်။
ဒုတိယဆုကို စပိန်မယ်၊ တတိယဆုကို အီကွေဒေါ မယ်၊ စတုတ္ထဆုကို ဖိလစ်ပိုင်မယ်၊ ပဉ္စမဆုကို ဘရာဇီးမယ်တို့က ဆွတ်ခူးသွားသည်။
နောက်ဆုံးအဆင့် ယှဉ်ပြိုင်သော မယ် ၁၆ ဦး မှာ ကော့စတာရီကာမယ်၊ ယူကရိန်းမယ်၊ တရုတ်မယ်၊ အီကွေဒေါမယ်၊ ဗြိတိန်မယ်၊ အင်ဒိုနီးရှားမယ်၊ ဗင်နီဇွီးလားမယ်၊ ဒိုမီနီကန်မယ်၊ ပွာတိုရီကိုမယ်၊ စပိန်မယ်၊ အမေရိကန်မယ်၊ နီကာရာဂွာမယ်၊ ဆွစ်ဇာလန်မယ်၊ အိန္ဒိယမယ်၊ ဘရာဇီးမယ် နှင့် ဖိလစ်ပိုင်မယ် တို့ ဖြစ်သည်။
ဖိုးလပြည့် ရွေးချယ်သည့် မြန်မာစစ်တပ်ကိုယ်စားပြုမယ် ဘိန်းသူဌေး ခရိုနီသမီး မိုးစက်ဝိုင်မှာ နောက်ဆုံးအဆင့် ယှဉ်ပြိုင်သော မယ် ၁၆ ဦးထဲတွင် မပါဝင်ကြောင်းသိရသည်။
အင်တာနက်မှ မဲပေးပြီး ရွေးသော ပရိသတ်အကြိုက်ဆုံးဆု (People's Choice Award)ကို မြန်မာစစ်တပ်ကိုယ်စားပြုမယ် ဘိန်းသူဌေး ခရိုနီသမီး မိုးစက်ဝိုင် ရရန် စစ်သားများ၊ ကြံ့ဖွတ်များ တာဝန်တရပ်အဖြစ် လုပ်ဆောင်ခဲ့ကြသည်။
မိုးစက်ဝိုင် People's Choice Award ဆု ရစေရန် မြန်မာစစ်သားများ၊ ကြံ့ဖွတ်များနှင့် သမိုင်းကိုမေ့လွယ်ပြီး နိုင်ငံရေးခံယူချက်မရှိသော မြန်မာများက အပြင်းအထန် မဲပေးကြသော်လည်း မရဘဲ ဖိလစ်ပိုင်မယ်က ရသွားသည်။
နိုင်ငံအများစုကလူများက မိမိနိုင်ငံမှ မယ်ကို People's Choice Award ရစေရန် ထပ်တလဲလဲ မဲပေးခြင်းကို စိတ်မဝင်စားသည့်နည်းတူ ဖိလစ်ပိုင်လူမျိုးများသည်လည်း ဖိလစ်ပိုင်မယ်ကို စိတ်ပါလက်ပါ မဲမပေးခဲ့ကြပါ။
သို့သော် အာဏာရှင်ဆန့်ကျင်သူ မြန်မာများက စစ်တပ်ကိုယ်စားပြုမယ် ဘိန်းသူဌေး ခရိုနီသမီး မိုးစက်ဝိုင် မရစေရန် ဖိလစ်ပိုင်မယ်ကို အားတက်သရော မဲပေးကြသဖြင့် ဖိလစ်ပိုင်မယ်က People's Choice Award ဆုကို ရသွားသည်။