Pages

Tuesday, October 8, 2013

နေရွှေသွေးအောင်နှင့် လုံးဝပတ်သက်မှု မရှိဟု မိုးစက်ဝိုင်ဆို...

နေရွှေသွေးအောင်နှင့် လုံးဝပတ်သက်မှု မရှိဟု မိုးစက်ဝိုင်ဆို...

ဘယ်လောက် အဖိုးတန်တဲ့ နတ်သုဒ္ဓါဖြစ်ပါစေ.. မစင်တစက် ထိမိရင် စင်မိရင်ဆိုသလိုပဲ....

မစင်ဆိုတာ လက်နဲ့ ထိမိရင်ပဲ ဖြစ်ဖြစ် ဘယ်လောက် အဖိုးတန်တဲ့ နတ်သုဒ္ဓါဖြစ်ပါစေ.. မစင်တစက် ထိမိရင်ပဲဖြစ်ဖြစ် စင်မိရင်.. ရင်ပဲဖြစ်ဖြစ် ဆေးပစ်၊ လွှင့်ပစ်၊ သွန်ပစ်ရတဲ့ သဘော သဘာဝအတိုင်းပါပဲ..။..... ဘေးမှာ ရပ်မိတဲ့ အဖြစ်အပျက်နဲ့တင် ပြည်သူတွေရဲ့ ဒေါသသံ ပေါက်ကွဲခဲ့ရတာပါ..။

သို့ပေတည့် နှစ်ပေါင်း (၅၂)နှစ်ကြာမှ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရတဲ့ Miss Universe ပြိုင်ပွဲမှာ အစွမ်းကုန် ကြိုးစားရင်း ပြည်သူ့မေတ္တာခံယူကာ
မြန်မာ့ဂုဏ်ဆောင်ယူ နိုင်ပါစေကြာင်း...

ဒီမိုဝေယံ..
နေရွှေသွေးအောင်နှင့် လုံးဝပတ်သက်မှု မရှိဟု မိုးစက်ဝိုင်ဆို...

ရန်ကုန်၊ အောက်တိုဘာ ၇

အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မြေးဖြစ်သူ ကိုနေရွှေသွေးအောင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော တက္ကသိုလ်များ ချန်ပီယံလိဂ်ပြိုင်ပွဲဖလား ကိုင်ဆောင်ပြီးနောက် ထွက်ပေါ်လာသော သတင်းများ မဟုတ်မှန်ဘဲ ကိုနေရွှေသွေးအောင်နှင့် လုံးဝပတ်သက်မှု မရှိကြောင်း Miss Universe Myanmar မိုးစက်ဝိုင်က ရန်ကုန်မြို့တော် PARKROYAL ဟိုတယ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားလိုက်သည်။

ရန်ကုန်ယူနိုက်တက် မြက်ခင်းတုကွင်းတွင် အောက်တိုဘာလ ၅ ရက်နေ့က ကျင်းပသည့် မြန်မာနိုင်ငံရှိ တက္ကသိုလ်ပေါင်းစုံ ကျောင်းသားများ ပါဝင်သည့် တက္ကသိုလ်များ ချန်ပီယံလိဂ် (Universities Champions League) ပွဲ ဖွင့်ပွဲတွင် မိုးစက်ဝိုင်သည် ပြိုင်ကားဖြင့် ကွင်းတစ်ပတ် ပတ်ပြီး ဖလားကို အထူးတန်း ပွဲကြည့်စင်ရှေ့သို့ သယ်ဆောင်လာခဲ့သည်။

အထူးတန်း ပွဲကြည့်စဉ်ရှေ့ ဆိုက်ရောက်လာသော ပြိုင်ကားကို ကိုနေရွှေသွေးအောင်က ကြိုဆိုနေသော ဓာတ်ပုံများ အင်တာနက် စာမျက်နှာများ အထူးသဖြင့် Facebook လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် ပျံ့နှံလာပြီးနောက် ယင်းတို့နှစ်ဦးနှင့် ပတ်သက်၍ ဝေဖန်မှု အမျိုးမျိုး ထွက်ပေါ်လာခဲ့သည်။

သို့သော် မိုးစက်ဝိုင်ကမူ ယင်းပြိုင်ပွဲကို အားကစားဝန်ကြီးဌာန၏ ဖိတ်ကြားချက်ဖြင့်သာ သွားရောက်ခဲ့ပြီး ကိုနေရွှေသွေးအောင်နှင့် ပတ်သက်မှု မရှိကြောင်း ပြောဆိုခဲ့သည်။
“ပြီးတော့ ညီမက ဒဂုံတက္ကသိုလ်မှာ အင်္ဂလိပ်စာမေဂျာနဲ့ အဝေးသင် ဘွဲ့ရထားတာမို့လို့ တက္ကသိုလ်ကျောင်းသူ တစ်ယောက်အနေနဲ့ သွားရောက် အားပေးတာပါ။ ပြီးတော့ အဲဒီမှာ ပါဝင်တဲ့ ကားကလည်း ကိုနေရွှေသွေးအောင်ရဲ့ ကားမဟုတ်သလို အဲဒီကားနဲ့လည်း လာတာမဟုတ်ပါဘူး။ အဲဒီကားက အဲဒီပွဲမှာ တင်ဆက်မှု တစ်ခုအနေနဲ့ ပါဝင်တဲ့ကားပါ။ အဲဒီကားပေါ်မှာလည်း မိုးစက် သုံးမိနစ်စာပဲ ထိုင်ခဲ့ရတာပါ” ဟု မိုးစက်ဝိုင်က ထိုပြိုင်ပွဲပြီး နှစ်ရက်အကြာ အောက်တိုဘာ ၇ ရက်နေ့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

ရုရှားနိုင်ငံ မော်စကိုမြို့တွင် နိုဝင်ဘာလ ၉ ရက်နေ့၌ ကျင်းပမည့် Miss Universe 2013 ပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်မည် ဖြစ်ပြီး ပြိုင်ပွဲတွင် အကောင်းဆုံး ယှဉ်ပြိုင်နိုင်အောင် ကြိုးစားနေကြောင်း မိုးစက်ဝိုင်က ဆိုသည်။

The Voice Weekly

19 comments:

  1. ကောင်းတယ်ကွာ။ အခုလိုပွင့်ပွင့်လင်းလင်း အားမနာတမ်း ၇ှင်းချက်ထုတ်လိုက်တာ။ ချီးထုတ်တော့ ၇ှက်တတ်၇င် လဲသေလောက်ချင်စ၇ာဘဲ...။ ။

    ReplyDelete
  2. ဧရာဝတီအောင်ဇော်တို.ကတော. သူမွေးရင် သူ.သားလောက်ရှိတဲ. သူတွေကိုတောင်အပုတ်ချ သပုတ်လေလွင်.သတင်းမှားတွေရေးပြီးတိုက်ခိုက်နေတော.တာဘဲ ၊ ပြည်ပြေးမီဒီယာပီသပါပေတယ်၊ ပုံစံကိုက ဆံပင်အရှည်ကို စည်းထားလိုက်သေးတယ် ၊ Rocker အောင်ဇော်ရေ ။ဧရာဝတီအောင်ဇော်ဘာလို. ဖိုးလပြည့် ကိုဒီလောက်မုန်တီးနေ၇တာလဲ ၊ သူ.ကိုထိခိုက်အောင် လုပ်ထားလို.ထင်တယ် ၊ အောင်ဇော်မြန်မာပြည် ပြန်လာရင်တော. ဘာဖြစ်မလည်းစောင်.ကြည်.ရမယ် ။ မဟုတ်တာတွေေ၇းထားတာ ဘယ်သူမှငြိမ်ခံနေမှာမဟုတ်ဘူး ၊ဧရာဝတီအောင်ဇော် အဖေ တို. အဖိုး တို.သာ ဗိုလ်ချုပ်မှုးကြီး ဖြစ်ခဲ.ရင် ၊ ကျွန်တော်တို. ဖိုးလပြည့် ကိုခေါ်သလို ဘဲ သူ.ကို ဖိုးအောင်ဇော်လို. ခေါ်ရမယ်နဲ.တူတယ် ၊ ဒီအသက်ဒီအရွှယ်ရောက်မှ ၊ ကလေးတွေ နဲ. ပြိုင် ပြီး အောက်တန်းစားအလုပ်တွေ လုပ်နေတုံး ။

    ReplyDelete
  3. ဖိုးလပြည့်က မင်းအ ဖေမို့လို့ မင်းက ကြားက
    နေနာပေးမေတာလား

    ReplyDelete
  4. အောင်ဇော် တို.ကတော.လုပ်ပြန်ပြီ ၊ သေသေချာချာ သတင်းမဖတ်ပဲ ကိုယ်ထင်တာတွေ ကိုယ်လျောက်ရေးနေတော.တာဘဲ ၊ ဗုဒ္ဓဘာသာ မြန်မာ အမျိုးသမီးများ လက်ထပ်ခြင်း ဆိုင်ရာနှင့် အမွေဆက်ခံမှု အက်ဥပဒေကို အခြေခံပညာ အထက်တန်း ကျောင်း သင်ခန်းစာများတွင် ထည့်သွင်းသင်ကြားပေးရန် အဆိုတရပ်ကို လွတ်တော်မှာ ဘယ်သူမှ မ ကန်.ကွက်ဘူး ၊ တခြားဘာသာဝင်တွေ ကိုထိခိုက်မှု ရှိ မရှိ အချိန်ယူ သုံးသပ်ဖို. လောလောဆယ် မှတ်တမ်းတင်ထားတာပဲ လုပ်တာ ။ အောင်ဇော် ခင်ဗျားဘာဖြစ်နေတာလည်း ? ခင်ဗျား အသက်လည်းကြီးပြီ ဆွေမျိုး မိဘ ညီအကို မောင်နှမတွေလည်း ငဲ.ညှာပါအုံး ၊ ခင်ဗျားအဲဒီလိုဆက် လုပ်နေရင် ခင်ဗျားဘ၀ပျက်သွားလိမ်.မယ် ၊ ဒီမိုကရေစီ စနစ်နဲ. အုပ်ချုပ်တဲ.နိင်ငံမှာ လူတိုင်း ကိုယ်ပိုင် အခွင်.အရေး ရှိတယ် ၊ ကိုယ်. ကိုစော်ကားရင် ၊
    နိင်ငံကို အပုတ်ချ သပုတ်လေလွင်.ပြောရင် ခင်ဗျားကို ဒီလိုပဲ လူတိုင်းကငြိမ်ခံနေမယ်ထင်လား ? ခင်ဗျား ကြီပြင်းခဲ.တဲ.မင်းမဲ.စရိုက်အချိန်တွေ မဟုတ်တော.ဘူးဆိုတာ မေ.မနေပါနဲ. ၊ ထပါတော.အောင်ဇော် ။

    ReplyDelete
  5. ဖိုးလပြည့် ကိုယ်စားပြု ပြိုင်မှာပါ ။မြန်မာပြည် ကိုယ်စားပြုမဟုတ်ပါ

    ReplyDelete
  6. စောက်ကြောက်တွေ အရည်မရ အဖတ်မရ တနာရီ ၃၀၀ ပေးပြီး အင်တာနက်မှာ အော်နေ ရေးနေကြတယ် ၊ မင်းပထွေးလေးက မင်းတို.ကို စောက်ဂရုတောင်မစိုက်ဘူး ၊ မင်းတို. သူ.ကို လုပ်ဖို မပြောနဲ. မင်းတို.တွေ.ချင်တာတောင်တွေ.လို. ရမှာမဟုတ်ဘူး ။စောက်ရူးထမနေကြနဲ.တော. ။

    ReplyDelete
  7. အပေါ်က စစ်ခွေး...
    ငရွှေမြေးခွေးကောင် ဘက်ကနေ ဟောင်ပေးဖို့
    မင်းပထွေးတွေက မင်းကို ဘယ်လောက် ပေးထားလဲ....

    ReplyDelete


  8. ခွင့်မလွှတ်နိုင်တဲ့ ပြဿနာ အစစ်က မိုးစက်ဝိုင် က နေရွှေသွေးအောင် နဲ့ လူပုံအလယ်မှာ ပွဲထွက်ခဲ့လို့ပါ

    စစ်အာဏာရှင်ကို မုန်းတီးသူတွေထဲမှာ အသိတိမ်သူတွေကလွဲလို့ အလေးအနက်ရှိသူတွေက ဘာဖြစ်လို့ မိုးစက်ဝိုင် ကို ကန့်ကွက်နေကြသလဲ။

    မိုးစက်ဝိုင် က တရုတ် ဖြစ်နေလို့လည်း မဟုတ်ဘူး။ ဘောလုံးကွင်းထဲ ပြိုင်ကား စီးလို့လည်း မဟုတ်ဘူး။ နောက်ဆုံး မစ္စယူနီဗာ့စ် ဆု ကို ငွေနဲ့ ပေးဝယ် လိုက်တယ် ဆိုရင်တောင် ခွင့်လွှတ်ပေးလို့ ရတယ်။

    တကယ် ခွင့်မလွှတ်နိုင်တဲ့ ပြဿနာ အစစ်က စစ်အာဏာရှင် သန်းရွှေ ရဲ့ မြေး ဟိုကောင်လေး နေရွှေသွေးအောင် နဲ့ လူပုံအလယ်မှာ ပွဲထွက်ခဲ့တာပဲ ဖြစ်တယ်။ အဲဒီကနေမှ ညောင်မြစ်တူးရင်း ပုတ်သင်ဥတွေ ဆင့်ကဲ ဆင့်ကဲ ပေါ်ကုန်တာပါပဲ။

    အခု ထိပ်တိုက်တွေ့နေ တာကလည်း နေရှင်နယ်လစ်နဲ့ လစ်ဘရယ်တွေ မဟုတ်ဘူး။ ထိပ်တိုက်တွေ့နေတာက စစ်အာဏာရှင်ကို အလေးအနက်မုန်းတီးတဲ့ ပြည်သူတွေနဲ့ ကျေးတော်မျိုး ကျွန်တော်မျိုး အုပ်စု တို့ပဲ ဖြစ်တယ်။

    ဒီတော့ ကြားထဲက ဟိုကလေးမ မိုးစက်ဝိုင် မြေဇာပင် ဖြစ်ရတာ စိတ်မကောင်းပါဘူး။ ဒါပေမယ့် နောင်မျိုးဆက်တွေ စစ်အာဏာရှင် အသိုင်းအ၀ိုင်းနဲ့ ပလူးပလဲ မဖြစ်ရဲဖို့ သင်ခန်းစာတော့ ပေးနိုင်ပါလိမ့်မယ်။

    ဇင်သော်နိုင်

    ReplyDelete
  9. ကျော်စည်သူOctober 14, 2013 at 9:20 AM



    ဟုတ်ပါတယ်

    မိုးစက်ဝိုင်က ကြားထဲက ခံရတာပါ

    မိုးစက်ဝိုင် ကို မုန်းတာ မဟုတ်ပါဘူး
    တရုပ်လူမျိုးကို မုန်းတာ မဟုတ်ပါဘူး

    တစ်ကယ်မုန်းတာက
    အာဏာရှင် အာဏာရူး အသိုင်းအဝိုင်းနဲ့
    ဒီကောင်တွေ သက်ဆိုးရှည်အောင်
    ကူညီပေးခဲ့တဲ့ တရုပ်အစိုးရနဲ့
    သူတို့ရဲ့ လုပ်ရပ်တွေပါ

    ဒါကြောင့်
    မိုးစက်ဝိုင် ကို မမုန်းပေမယ့်
    တရုပ်လူမျိုးကို မမုန်းပေမယ့်
    မိုးစက်ဝိုင် ကို vote တော့ ပေးမည်မဟုတ်ပါ

    ReplyDelete
  10. ပြည်သူတွေဆီ ပြန်လာပါ မိုးစက်ဝိုင်လေးရယ် ။ အဲ့ဒီ နွား နဲ့ ပတ်သတ်နေသရွေ့ ပြည်သူတွေက မင်းကို မုန်းနေလိမ့်အုံးမယ်။မင်းမပြတ်သားရင် ပြည်သူတွေက မင်းကို ပြတ်သားကြရလိမ့်မယ်။

    ReplyDelete


  11. နေရွှေသွေးအောင်က Miss Universe Myanmar မိုးစက်ဝိုင် နဲ့ လူချင်း သိတာ မသိတာ၊ Miss ကို နေရွှေသွေးအောင် က ဖိတ်ကြားတာ မဖိတ်ကြားတာတွေက အဓိက ပြသနာ မဟုတ်ဘူး...

    အဲ့ဒီ ကျက်သရေမရှိတဲ့ နေရွှေသွေးအောင် ဆိုတဲ့ လူတယောက်ရဲ့ ဖြေရှင်းချက်ကို စိတ်လဲ မဝင်စားဘူး...

    အဲ့.. စိတ်ဝင်စားတာက Miss တယောက်လုပ်နေပီး ဘယ်ကိစ္စဟာ လုပ်သင့်တဲ့ကိစ္စ ဘယ်ကိစ္စဟာ မလုပ်သင့်တဲ့ ကိစ္စလို့ ခွဲခြား မဆုံးဖြတ်နိုင်တဲ့ မိုးစက်ဝိုင် ဆိုတဲ့ အဲ့ဒီ အမျိုးသမီးရဲ့ အသုံးမကျတဲ့ ဦးနှောက်ပဲ...

    အဲ.. ဒိထက် ဒိထက်ပိုပီး အဓိကကျတဲ့ ပြသနာက မိုးစက်ဝိုင် ဆိုတဲ့ အသုံးမကျတဲ့ အမျိုးသမီးက Miss ဖြစ်နေတာပဲ. အသုံးမကျတဲ့ မိုးစက်ဝိုင် Miss ဖြစ်ပီးနောက် သူ လုပ်သမျှ အသုံးမကျတဲ့ ကိစ္စတိုင်းဟာ မြန်မာအမျိုးသမီးတိုင်းကို လာရိုက်ခတ်နေတာပဲ...

    အကယ်၍ အသုံးမကျတဲ့ မိုးစက်ဝိုင် သာ Miss Universe Myanmar မဟုတ်ဘူး ဆိုရင် သူ့ဘာသူ နေရွှေသွေးအောင် မယားငယ် မကလို့ သန်းရွှေ မယားငယ် ပဲ ဖြစ်နေဖြစ်နေ.. အလကား ပျော်တော်ဆက်ပဲ ဖြစ်နေဖြစ်နေ.. ဘယ်မြန်မာ မိန်းကလေးမှ မိုးစက်ဝိုင် ကို စိတ်မဝင်စားဘူး...

    ကြာပါတယ်.. အဲ့ဒီ အသုံးမကျတဲ့ မိုးစက်ဝိုင် ဆိုတဲ့ အမျိုးသမီးခေါင်းက Miss Universe Myanmar crown ကို ပြန်ဖြုတ်လိုက်တာ အကောင်းဆုံးပဲ...

    မြန်မာနိုင်ငံက မိန်းမတိုင်း မိုးစက်ဝိုင် လို မိန်းမမျိုး မဟုတ်ဘူး ဆိုတဲ့ မခံချင်စိတ်က အဓိက ဆိုတာကို အဲ့ဒီ အသုံးမကျတဲ့ မိုးစက်ဝိုင် ဆိုတဲ့ အမျိုးသမီး အနေနဲ့ နားလည်နိုင်တဲ့ အရည်အသွေး ရှိပုံမရဘူး...

    သိုး ကလေး
    ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်

    ReplyDelete


  12. နောက်ဆုံးတော့ အဖြေပေါ်တာဘဲ၊ ဖိုးလပြည့် ကြိုက်လို့  မိုးစက်ဝိုင် က Miss Universe Myanmar 2013 ဖြစ်ရတာဘဲ။

    တက္ကသိုလ်များ ချန်ပီယံ လိဂ် ဖွင့်ပွဲ အခမ်းအနားမှာ ဖိုးလပြည့်က ကိုယ်တိုင် ဒိုင်းဆုပေးရတာ အားမရဘဲ၊ ပွဲထုတ်တဲ့ ပုံစံဖြစ်နေတော့ မြင်မိတာက - မြောက်ကိုရီးယားက အဖေ့အရှိန်အ၀ါနဲ့ နေရာယူပြီး ထင်ရာစိုင်းနေတဲ့ Kim Jong-Un က သူ့ ရဲ့  မဟေသီ Ri Sol-Ju ကို နေရာတကာ ပွဲထုတ်ပြခဲ့တာနဲ့  သွားပြီး တူနေပါတော့တယ်။

    သန်းရွှေရဲ့  မြေး နေရွှေသွေးအောင်ရဲ့  မိန်းမပျိုလှလှလေးတွေကို ခြေတော်ကောက်ချင်တဲ့ အကျင့်ကြောင့် နီးစပ်စွာ ရင်းရင်းနှီးနှီး ပေါင်းသင်းနေတဲ့သူတွေ သိကြတဲ့ အချင်းချင်းတောင် မရှောင်တဲ့ သစ္စာမရှိတဲ့ လုပ်ရပ်ကြောင့် ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေအပြင်၊ ယခုလည်း Miss Universe Myanmar 2013 မဖြစ် ဖြစ်အောင် စီစဉ်ပြီး လုပ်ခဲ့မှုအပေါ် SkyNet ကလည်း တွန်းပေးတယ်၊ အင်တာနက်ကနေ မဲပေးနိုင်အောင်လည်း နေရွှေသွေးအောင်နဲ့  နီးစပ်သူတွေက စတင် တွန်းပေးကြတယ်။

    နောက်ဆုံးတော့ Miss Universe ကို မဖြစ် ဖြစ်အောင် တွန်းပို့ လိုက်ကြတော့ မြန်မာနိုင်ငံကို ကိုယ်စားပြုနိုင်တဲ့ စစ်မှန်တဲ့ အရည်အချင်းထက် ဖိုးလပြည့်အကြိုက် Miss Phoe La Pyae တော့ ဖြစ်သွားရရှာပါပြီ။

    ရိုးသားစွာ ၀ိုင်းအားပေးကြတဲ့ သူတွေရဲ့  အားပေးမှုတွေလည်း ဖိုးလပြည့်ကို ကြက်ဥ ၀ိုင်းကျွေးကြတဲ့ အားပေးသူတွေ ဖြစ်မှန်းမသိ ဖြစ်သွားကြပါပြီ။

    ဒီထက် ပိုဆိုးတာကတော့ သန်းရွှေရဲ့  မြေးဖြစ်သူ နေရွှေသွေးအောင် ခေါ် ဖိုးလပြည့်ဟာ ယခုလက်ရှိ သိန်းစိန်တို့  ရွှေမန်းတို့  မင်းအောင်လှိုင်တို့ ကို ဖုတ်လေတဲ့ ငပိ ရှိတယ်လို့ တောင် မအောက်မေ့ဘဲ အဖိုးဖြစ်သူ သန်းရွှေရဲ့  အာဏာပါဝါနဲ့  ထင်ရာစိုင်းနေဆဲဆိုတာ ပိုပြီး ပေါ်လွင်စေတာပါဘဲ။

    မြန်မာပြည်ကြီး ပြောင်းလဲသွားပြီ … ဘာလည်းဆိုတော့ သန်းရွှေ ပေါ်ပေါ်တင်တင် အုပ်ချူပ်တဲ့ ခေတ် မဟုတ်တော့ပါဖူး၊ သန်းရွှေရဲ့  မြေးက ပေါ်ပေါ်တင်တင် ထင်ရာလုပ်တဲ့ ပြောင်းလဲမှု ခေတ်သို့  ပြောင်းလည်းသွားခြင်း ဖြစ်ပါတော့တယ် ဆိုတာပါ။

    မြန်မာနိုင်ငံကြီး ဘာဖြစ်နေပါပြီ ပြောဆိုနေကြတဲ့ သိန်းစိန်တို့ က အစ နောက်ဆုံး ပြောနေကြသူ ဘယ်သူမဆိုအနေနဲ့  သန်းရွှေရဲ့  မြေး နေရွှေသွေးအောင် ခေါ် ဖိုးလပြည့်ရဲ့  ထင်ရာစိုင်း လုပ်ရပ်တွေ မြန်မာပြည်မှာ ဖြစ်ပေါ်နေသေးသ၍ သန်းရွှေလက်အောက် ဖြစ်နေသေးတယ်ဆိုတာ ပြသနေတာဆိုတာရယ်၊ သန်းရွှေ မပြောနဲ့  သန်းရွှေရဲ့ မြေး နေရွှေသွေးအောင်ရဲ့  အဟွာကိုတောင် မ နေရသေးတယ်ဆိုတာ ငြင်းချင်ကြပါသေးသလား။

    သြော် … မြန်မာပြည်ကြီး ပြောင်းလဲနေပါပြီ …..


    နစ်နေမန်း
    ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်

    ReplyDelete
  13. မှန်လိုက်တာဗျာ

    သန်းရွှေက မင်းတို့ကောင်တွေ ငါ့ကိုမပြောနဲ့ ငါ့မြေးအဆင့်ကိုတောင် မင်းတို့ကြောက်နေရမယ်လို့ မိုးစက်ဝိုင် က တဆင့် ပြောနေသလိုပဲဗျာ။

    သိန်းစိန် သမ္မတ ဆိုတာ ရုပ်ပြတင်ထားတာပါ။ ဖိုးလပြည့် အရွယ်မရောက်သေးလို့ ရင်ခွင်ပိုက်သမ္မတ လုပ်နေရတာဖြစ်တယ်။

    နေဝင်း ခေတ်တုန်းက နေဝင်းမြေးတွေကို ခင်ညွန်တို့ ဘောမနေရသလိုမျိုး ခုလည်း သန်းရွှေ တင်ပေးထားလို့ နေရာရနေသူတွေက သန်းရွှေမြေး ဖိုးလပြည့်ဘောကို မနေရတာ မြင်ကြပြီမဟုတ်လား?????

    ReplyDelete
  14. သန်းရွှေမြေး ဖိုးလပြည့် က ဘောလုံးပွဲလုပ်ပြီး ခွပ်ဒေါင်းကို နားရွက် တံတွေးဆွတ်ပြထားတယ်၊

    ခရိုနီသမီးကို မယ်စကြာဝဠာအတွက်ပွဲထုပ်ပေးပြီး စစ်သားဂုဏ် ခရိုနီဂုဏ်တွေ ချီးမွမ်းခန်းတွေ တင်လာတယ်-

    ဒါဆိုရင် သဘောပေါက်

    ReplyDelete
  15. ထိုင်းမယ် ဖိလစ်ပိုင်မယ် အကုန် ဗုတ်တယ် ရွှေသွေးခွေးကောင် (ဖိုးလမိုက်) က ကြိုရွေးပြီး စစ်ခွေးတွေ ထောက်ခံနေတဲ့ ဘိန်းသူဌေး ခရိုနီ သမီး မိုးစက်ဝိုင် က လွဲပြီး သူနဲ့  နီးတဲ့  မယ်တိုင်းကို အကုန်ဗုတ်တယ်

    ဘော်ဒါတွေကိုလဲ ထိုင်းမယ် ဖိလစ်ပိုင်မယ် ကို ဗုတ်ခိုင်းတယ် ကျောင်း က ဖောရိန်းဖရန့် တွေကိုလဲ ဗုတ်ခိုင်းတယ်

    ဘိန်းသူဌေး ခရိုနီ သမီး မိုးစက်ဝိုင် ကို စစ်အစိုးရ က ရွေးထားတာလို့  ပြောလို့  မြန်မာမယ် မိုးစက်ဝိုင် ကို ကျောင်း က ဖောရိန်းဖရန့် တွေက ချဉ်နေကြတယ် ဟားဟားဟား

    ReplyDelete

  16. စာနာတတ်ကြပါစေ

    ===========

    မိုးစက်ဝိုင်ကို ထောက်ခံနေသူတွေထဲမှာ
    အာဏာရှင်ဘက်သားတွေ တော်တော်များများတွေ့တယ်။...
    သူတို့ပြောတာလေး တွေ့မိပါတယ်။ ဘာတဲ့ ...

    'မြန်မာလူမျိုးဂုဏ်တက်ဖို့ မိုးစက်ဝိုင်ကို အားပေးရမယ်'
    တဲ့။ ဒါကို မဆွေးနွေးလိုပါဘူး။ တစ်ခုတော့ ပြောမယ်
    အခု မိုးစက်ဝိုင်သွားပြိုင်တာ Miss Universe နော်
    ခင်ဗျားတို့ သူ့ကို Miss Universe မရစေချင်ဘူးလား
    ရစေချင်တယ်လို့ ဖြေမှာပဲ။ ဒါဆို ဆက်မေးမယ်။ ဘာလို့ရစေ့ချင်လဲ
    အထက်ကအတိုင်း ဖြေမယ်ထင်တယ်။
    'တိုင်းပြည်ဂုဏ်တက်အောင်' ဟုတ်လား။

    ဒါဆို Miss Universe နဲ့ Nobel ဆု ဘယ်ဟာက ကမ္ဘာမှာပိုသိက္ခာရှိသလဲ
    ဒီလောက်ကြီး နှိုင်းတာတောင် မအပ်မရာ နှိုင်းသလိုဖြစ်သွားပါပြီ
    နည်းနည်းလျှော့ပြောမယ်။ Miss Universe နဲ့ မာလာလာ
    ဘယ်သူက ပိုသိက္ခာရှိမယ် ထင်သလဲ။
    အေး၊ ကျနော်တို့ဆီမှာ မာလာလာတွေ အများကြီးရှိတယ်။

    ဒေါ်နော်အုန်းလှ၊ ဒေါ်ဖြူဖြူသင်း၊ ကိုမင်းကိုနိုင်၊ ကိုကျော်သူ စသဖြင့်
    သူတို့ရထားတဲ့ အဆင့်အတန်းမြင့်လှစွာသော
    ကမ္ဘာအဆင့် ဆုတံဆိပ်တွေကိုကြည့်စမ်းပါ။
    မာလာလာနဲ့ အသာလေးနှိုင်းလို့ရတယ်။
    မာလာလာလို့ပြောရင် ကလေးမလေးနဲ့နှိုင်းတယ်ဘာညာ အစဆွဲထုတ်ဦးမယ်။
    ကျနော်ပြောချင်တာက ဂုဏ်သိက္ခာအကြောင်းပါ။
    Miss Universe နဲ့ဆို မနှိုင်းသာလောက်အောင် မြင့်ကြသပေါ့ဗျာ။

    ဒါပေမဲ့ သူတို့ဟာ ... အခု
    “မြန်မာလူမျိုးဂုဏ်တက်ဖို့ မိုးစက်ဝိုင်ကို အားပေးရမယ်”
    ဆိုပြီး ဆော်သြနေသူတွေထဲက တစ်ချို့ရဲ့ ပါးစပ်ဖျားမှာ
    နှစ်ပြားမတန်အောင် အပြောခံခဲ့ကြရတယ်။

    ကျနော်တို့ကိုတောင် ဒေါ်စုကို ထောက်ခံလို့တဲ့။
    အဖွားကြီး ထမိန်နားခိုချင်နေတဲ့သူတွေ ... တဲ့
    သူက ကျနော်တို့အတွက် အမေပဲလေ။ ပြီးတော့
    သူ့ကြောင့်ကျနော်တို့ဘယ်လောက် ကမ္ဘာ့အလည်မှာဂုဏ်တက်ရသလဲ?

    ပြန်နှိုင်းလိုက်ဦးမယ်ဗျာ။
    ကမ္ဘာမှာ Miss Universe ဆိုတာ အလွန်ဆုံးနာမည်ကြီးမှ တစ်နှစ်ပါ။
    ဘယ် ကမ္ဘာ့ခေါင်းဆောင်မှလဲ Miss Universe ကို အလေးမထားပါဘူး
    အခု မိုးစက်ဝိုင်ကို ၀ိုင်းအားပေးလို့ ရရင် အင်တာနက်မယ်ပါပဲ။
    Miss Universe ဆုကတော့ကျနော်တို့ လဲ,သေနေအောင်အားပေးလဲ
    သူ အရည်အချင်းရှိမှ ရမှာ။

    ကျနော်တို့မြန်မာပြည်က မြန်မာမကြီးတစ်ယောက်ဟာ
    ကမ္ဘာမှာ ရနိုင်ခဲလှသော Nobel ဆုကြီးရထားတယ်ဗျာ
    ကမ္ဘာ့ခေါင်းဆောင်တွေကလဲ သူ့ကို
    (လူငယ်စကားပြောရင်) 'ဂါ' ကြတယ်ဗျာ။
    ဒီတော့ ... ကျနော်တို့က သူ့ကြောင့် မာန်ဝံ့တယ်ဗျာ။
    သူ့ကို သိပ်ချီးကျူးတယ်ဗျာ။ သူ့ကို တန်ဘိုးထားတယ်ဗျာ။

    ဒါ တို့တိုင်းပြည် ဂုဏ်တက်စေတဲ့ အဆောင်လက်ဖွဲ့ကြီးပဲ
    ... ဆိုတဲ့သဘောမျိုး အလေးအမြတ်ပြုကြတယ်ဗျာ။

    မိုးစက်ဝိုင်သာ Miss Universe ရလာကြည့်စမ်း
    ဟိုလူတွေ ဘယ်လောက် ပျော်မလဲ။
    အဲဒီလိုအချိန်များ မိုးစက်ဝိုင်ကို တစ်ခွန်းလောက်ပြောမိကြည့်
    ဘယ်လောက် ဆတ်ဆတ်ခါမလဲ။

    အေး၊ ကျုပ်တို့က အဲဒီထက် မနှိုင်းအပ်မနှိုင်းရာဖြစ်လောက်အောင် မြင့်တဲ့
    Nobel ဆုရှင်ကြီးကို မိုက်မိုက်ရိုင်းရိုင်းတွေ အဆဲခံရတော့
    ဆတ်ဆတ်ခါတယ်ဗျာ။ အသည်းနာတယ်ဗျာ။
    ကိုယ့်တိုင်းပြည်အတွက် ဒီလောက်ဂုဏ်တက်စေတဲ့လူကို ဆဲနေတာ
    ဒီလူတွေ ဒီတိုင်းပြည်သားမှ ဟုတ်ရဲ့လားလို့တောင် ထင်တယ်ဗျာ။

    ReplyDelete

  17. မိုးစက်ဝိုင်ကို vote ပေးဖို့ မပေးဖို့ အတွက်.. အငြင်းပွားနေတာကို တွေ့ရတယ်..
    vote ပေးဖို့ မပေးဖို့ ဆိုတာကတော့... ကိုယ့်ဆန္ဒအရပေါ့.....
    တစ်ချို့အမြင်ကလဲ... မြန်မာလူမျိုး ဂုဏ်တက်ဖို့...ပေးသင့်တယ်ပေါ့လေ...


    ဒါပေမဲ့ တစ်ခုတော့ သတိပေးချင်တယ်..

    ဒေါ်အောင်ဆန်းစုကြည်ကို .. တိုင်းမ် မဂ္ဂဇင်းရဲ့ ဆယ်နှစ်အတွင်း သြဇာအရှိဆုံးဆုအတွက် Vote ပေးကြတုန်းက...
    လေဒီဂါဂါ စတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြိုင်ဖက်တွေကို. Vote ပေးကြဖို့ လိုက်ဆွယ်နေတဲ့..
    လဒူတွေရဲ့ ..status တွေကို ဖတ်ဖူးကြမယ် ထင်ပါတယ်...

    အဲဒီအချိန်မှာ သူတို့စိတ်ထဲမှာရော.. .မြန်မာ ဆိုတာ မရှိဘူးလား ?

    ဒေါ်အောင်ဆန်းစုကြည်ကို vote လုပ်တာက
    တိုင်းပြည်ရဲ့ Image အတွက်.. vote လုပ်တာပဲ မဟုတ်ဘူးလား..?

    လူချင်းလဲ ကွာတယ်..၊
    ပြိုင်ပွဲချင်းလဲ ကွာတယ်..၊
    ပြိုင်ဘက်ချင်းလဲ ကွာတယ်..၊
    connection ချင်းလဲ ကွာတယ်..
    တကမ္ဘာလုံးက အာရုံစိုက်တာချင်းလဲ..
    အများကြီး ကွာတယ်နော်...

    ထူးဆန်းတာက..

    အဲဒီတုန်းက ဒေါ်စု ကို လက်မခံတဲ့သူ အများစုဟာ..
    အခု မိုးစက်ဝိုင် ဘက်က လော်ဘီ လုပ်နေကြလေရဲ့...

    Shwe Pa Yit

    ReplyDelete


  18. မော်စကိုမြို့၊ ရုရှနိုင်ငံ
    ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်


    ရုရှနိုင်ငံ၊ မော်စကိုမြို့တွင် ကျင်းပသော ၆၂ ကြိမ်မြောက် ၂၀၁၃ မယ်စကြာဝဠာပြိုင်ပွဲတွင် ဗင်နီဇွီးလားမယ် Gabriela Isler က မယ်စကြာဝဠာဘွဲ့ ဆွတ်ခူးသွားသည်။

    ဒုတိယဆုကို စပိန်မယ်၊ တတိယဆုကို အီကွေဒေါ မယ်၊ စတုတ္ထဆုကို ဖိလစ်ပိုင်မယ်၊ ပဉ္စမဆုကို ဘရာဇီးမယ်တို့က ဆွတ်ခူးသွားသည်။

    နောက်ဆုံးအဆင့် ယှဉ်ပြိုင်သော မယ် ၁၆ ဦး မှာ ကော့စတာရီကာမယ်၊ ယူကရိန်းမယ်၊ တရုတ်မယ်၊ အီကွေဒေါမယ်၊ ဗြိတိန်မယ်၊ အင်ဒိုနီးရှားမယ်၊ ဗင်နီဇွီးလားမယ်၊ ဒိုမီနီကန်မယ်၊ ပွာတိုရီကိုမယ်၊ စပိန်မယ်၊ အမေရိကန်မယ်၊ နီကာရာဂွာမယ်၊ ဆွစ်ဇာလန်မယ်၊ အိန္ဒိယမယ်၊ ဘရာဇီးမယ် နှင့် ဖိလစ်ပိုင်မယ် တို့ ဖြစ်သည်။


    ဖိုးလပြည့် ရွေးချယ်သည့် မြန်မာစစ်တပ်ကိုယ်စားပြုမယ် ဘိန်းသူဌေး ခရိုနီသမီး မိုးစက်ဝိုင်မှာ နောက်ဆုံးအဆင့် ယှဉ်ပြိုင်သော မယ် ၁၆ ဦးထဲတွင် မပါဝင်ကြောင်းသိရသည်။

    အင်တာနက်မှ မဲပေးပြီး ရွေးသော ပရိသတ်အကြိုက်ဆုံးဆု (People's Choice Award)ကို မြန်မာစစ်တပ်ကိုယ်စားပြုမယ် ဘိန်းသူဌေး ခရိုနီသမီး မိုးစက်ဝိုင် ရရန် စစ်သားများ၊ ကြံ့ဖွတ်များ တာဝန်တရပ်အဖြစ် လုပ်ဆောင်ခဲ့ကြသည်။

    မိုးစက်ဝိုင် People's Choice Award ဆု ရစေရန် မြန်မာစစ်သားများ၊ ကြံ့ဖွတ်များနှင့် သမိုင်းကိုမေ့လွယ်ပြီး နိုင်ငံရေးခံယူချက်မရှိသော မြန်မာများက အပြင်းအထန် မဲပေးကြသော်လည်း မရဘဲ ဖိလစ်ပိုင်မယ်က ရသွားသည်။

    နိုင်ငံအများစုကလူများက မိမိနိုင်ငံမှ မယ်ကို People's Choice Award ရစေရန် ထပ်တလဲလဲ မဲပေးခြင်းကို စိတ်မဝင်စားသည့်နည်းတူ ဖိလစ်ပိုင်လူမျိုးများသည်လည်း ဖိလစ်ပိုင်မယ်ကို စိတ်ပါလက်ပါ မဲမပေးခဲ့ကြပါ။

    သို့သော် အာဏာရှင်ဆန့်ကျင်သူ မြန်မာများက စစ်တပ်ကိုယ်စားပြုမယ် ဘိန်းသူဌေး ခရိုနီသမီး မိုးစက်ဝိုင် မရစေရန် ဖိလစ်ပိုင်မယ်ကို အားတက်သရော မဲပေးကြသဖြင့် ဖိလစ်ပိုင်မယ်က People's Choice Award ဆုကို ရသွားသည်။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။