http://themyanmaage.com/?p=11637
ရန်ကုန်မြို့၊ ကမ္ဘာအေး ဘုရားလမ်း၊ မြန်မာ့ကျောက်မျက်ရတနာ ပြခန်း မျက်နှာချင်းဆိုင်ရှိ သူရိယအလင်း သတင်းဂျာနယ်တိုက်ကို အောက်တိုဘာလ ၁၈ရက်နေ့ည ၁၂နာရီခန့်က နေရွှေသွေးအောင်(ခေါ်)ဖိုးလပြည့် အပါအဝင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၏သားနှင့် အပေါင်းအပါများက ဝင်ရောက်၍ ပစ္စည်းများ သိမ်းဆည်းသွားကြောင်း ၎င်းသတင်းဂျာနယ်တိုက်တွင် ညအိပ် တာဝန်ကျသူများထံမှ သိရသည်။
ယင်းဂျာနယ်တိုက်သို့ ဝင်ရောက်၍ ပစ္စည်းများ သိမ်းဆည်းခံရခြင်းမှာ သူရိယအလင်း သတင်းဂျာနယ် အတွဲ(၁)၊ အမှတ်(၁၂)ပါ စစ်သူရဲ ဗလမင်းထင်ရေးသားသော မော်စကိုမှာ သာသာမယ့်’လ’ ဆောင်းပါးနှင့် ထောင်သူရဲ ဘအုပ်ရေးသားသော ‘မြင်းခွာတစ်ချက်ပေါက်ရင် မီးတဟုန်ဟုန်းတောက်စေရမယ် (သို့မဟုတ်) ရွှေပေါ်မြတင် ညီလေးများထံသို့ပေးစာ’ ဆောင်းပါးများကြောင့် ဖြစ်သည်ဟု ၎င်းဂျာနယ် အယ်ဒီတာ တစ်ဦးက ပြောသည်။
“ညက ၁၁နာရီကျော်ကျော် လောက်မှာ ဖိုးလပြည့်နဲ့ အဖွဲ့တွေ ရောက်လာပြီး ရှေ့တံခါးကို ဖွင့်ခိုင်းတာ လုံခြုံရေး တာဝန်ခံက မဖွင့်ပေးတော့ မလွယ်ပေါက်ကနေ ဖွင့်ခိုင်းလို့ ကိုသစ်မင်းဆွေကို ဖွင့်ခိုင်းပြီး ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်ရဲ့သား သူရိန်နဲ့ လူအရောက်နှစ်ဆယ်လောက် ဝင်လာပြီး ဂျာနယ် အပါအဝင် ပစ္စည်းတွေကို သိမ်းသွားတာ။ ရုံးမှာ ချန်ထားတဲ့ဂျာနယ် ၁၀၀နဲ့ ပြန်သိမ်းလာတဲ့ ဂျာနယ်၆၀၀ရာလောက်ကော၊ ကွန်ပျူတာ ၂၂စုံက System ပုံး၁၄လုံး ဖြုတ်သွားတယ်။ အထဲဝင်ဝင်ချင်း CCTVကို စက္ကူနဲ့ အုပ်လိုက်တယ်။ ကျွန်တော်တို့ အခန်းမှာ ရှိတဲ့ CCTV ပုံးကိုလည်း ဖြုတ်သွားတယ်။ နည်းပညာသမား ကောင်းကောင်းပါတယ်ဗျ။ အဲဒီတော့ ရကော့(record) မရတော့ဘူးပေါ့ဗျာ”ဟု အဆိုပါဂျာနယ်၏ ရှယ်ယာ ကိုးဆယ်ရာခိုင်နှုန်းကို ပိုင်းဆိုင်ထားသည်ဆိုသော စီအီးအို အဖွဲ့ဝင် ကိုမိုးဝေက ဆိုသည်။
ယင်းသို့ ဂျာနယ်တိုက်အား ဝင်ရောက်စီးနင်းမှုနှင့် ပတ်သက်၍ ရဲစခန်းသို့ တိုင်ကြားထားခြင်း မရှိသေးဘဲ ရှေ့နေများနှင့် ဦးစွာ တိုင်ပင်သွားမည်ဟုလည်း ဆိုသည်။
၎င်းဂျာနယ်ပါ ဆောင်းပါးများကိုလည်း ကိုမိုးဝေနှင့် အယ်ဒီတာများက ဖြတ်တောက်ခြင်း လုံးဝ မပြုလုပ်ဘဲ ပြည်သူလုထု သိသင့်သောကြောင့် ဖော်ပြခဲ့ခြင်း ဖြစ်သည်ဟုလည်း ၎င်းကဆက်လက်ပြောသည်။
မော်စကိုမှာ သာမယ့်’လ’ ဆောင်းပါးတွင် “ဒီနေရာမှာ စစ်သူရဲ ဗလမင်းထင်ဆိုတဲ့ကောင်က ခရိုနီအားလုံးကို အတိအလင်း သတိပေးလိုက်မယ်။ ကျုပ်ပြည်သူတွေ အတွက် မှန်တာရေးလို့ ခင်ဗျားတို့က ကျုပ်နဲ့ ကျုပ်မိတ်ဆွေတွေ ကျုပ်စာကို ဖော်ပြပေးနေတဲ့ သူရိယအလင်းဂျာနယ်ကို ထိပါး၊ စော်ကား လုပ်ကြံလာမယ်ဆိုရင် ကျုပ်တို့ကလည်း ခင်ဗျားတို့ ဆွေခုနှစ်ဆက်၊ မျိုးခုနစ်ဆက် အဆုံးတိုင်အောင် လက်တုံ့ပြန်သွားမယ် ဆိုတာရယ် ခင်ဗျားတို့အားလုံး နောင်တကြီးစွာ ရစေမယ် ဆိုတာတော့ ပြတ်ပြတ်သားသားကြီး ပြောထားလိုက်တယ်” ဟု စိန်ခေါ်မှု အရေးအသားဖြင့် ဖော်ပြထားခြင်းလည်း ဖြစ်သည်။
“ကျွန်တော်က ဒီအခန်းထဲမှာ အိပ်နေတာပါ။ သူရိန်တို့ အဖွဲ့တွေ ဝင်လာပြီး ပစ္စည်းတွေကော ဂျာနယ်တွေကော သိမ်းသွားတာ။ လူကိုတော့ ဘာမှ မလုပ်ပါဘူး။ သူတို့နဲ့က အစကတည်းက ရင်းလည်း ရင်းနှီးပါတယ်”ဟု CCTV မှတ်တမ်းစက်ထားရှိသော အခန်းတွင် အိပ်နေသည်ဆိုသော အယ်ဒီတာ အဖွဲ့ဝင် ဦးတင်အေးကဆိုသည်။
သတင်းဂျာနယ် တိုက်အတွင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၏သား ကိုသူရိန်နှင့် အဖွဲ့များက ပစ္စည်းများ သိမ်းဆည်းနေစဉ်တွင် ဂျာနယ်တိုက်၏ အပြင်ဖက်တွင် ဖိုးလပြည့်နှင့် သူရိယအလင်းဂျာနယ်၏ ထုတ်ဝေသူ ဦးယုနိုင်လည်း ရှိနေခဲ့သည်ဟုလည်း ဆက်လက် သိရသည်။
အက္ခရာနိုင်(မြန်မာ့ခေတ်)
ဒီသတင်းနဲ့ အတူ ဒီအောက်ကလင့်ခ်မှာပါတဲ့ https://www.facebook.com/uclmyanmar?hc_location=timeline"
UCL ဥက္ကဌ ကိုနေရွှေသွေးအောင်မှ
ကျောင်းသား၊ ကျောင်းသူများထံသို့ မေတ္တာရပ်ခံလွှာ ပေးစာ" (နေရွှေသွေးအောင် ပေးစာဆိုတာ ဖြစ်နိုင်မဖြစ်နိုင်)တွဲဖက် ချင့်ချိန်နှိုင်းယှဉ် ကြည့်ကြပါ။
UCL ဥက္ကဌ ကိုနေရွှေသွေးအောင်မှ
ကျောင်းသား၊ ကျောင်းသူများထံသို့ မေတ္တာရပ်ခံလွှာ ပေးစာ" (နေရွှေသွေးအောင် ပေးစာဆိုတာ ဖြစ်နိုင်မဖြစ်နိုင်)တွဲဖက် ချင့်ချိန်နှိုင်းယှဉ် ကြည့်ကြပါ။
"UCL ဥက္ကဌ
ကိုနေရွှေသွေးအောင်မှ ကျောင်းသား၊ ကျောင်းသူများထံသို့ မေတ္တာရပ်ခံလွှာ" ၊ ၎င်း၏စာအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
" ချစ်ခင်လေးစားရပါသော တက္ကသိုလ်ကျောင်းသား၊ကျောင်းသူအေ ပါင်းတို့ခင်ဗျာ...
- ယခုအခါ UCL ပြိုင်ပွဲကြီးသည် ပြိုင်ပွဲဝင် ကျောင်းသား၊ကျောင်းသူတို့၏စိတ်အားတက်ကြွစွာပါဝင်မှု၊ ကစားသမားများ၏အစွမ်းကုန်ကြိုးပမ်းအားထုတ်ယှဉ်ပြိုင်မှုတို့ကြောင့် တက္ကသိုလ်များအကြားအထူးရေပန်းစား ၊ လူကြိုက်များလျှက် အုပ်စုပွဲများသည်ပင်လျှင်အောင်ြ မင်စွာ ယှဉ်ပြိုင်ပြီးဆုံးခဲ့ပြီးဖြစ်ပါသည်။မိမိအနေဖြင့် ယခုလက်ရှိပြိုင်ပွဲ၏အခြေအနေနှင့်  ပရိသတ်များသိရှိလိုသည်ဟု ယူဆသည့်ကိစ္စများကို ဤစာတွင်ရှင်းလင်းဖော်ပြအပ်ပါသည် ။
- နံပါတ်(၁)အနေဖြင့် ဤပြိုင်ပွဲကြီးကို 'မည်သည်ကရရှိသည့်ပိုက်ဆံဖြင့်ပြုလုပ်လဲ' ဟူသောမေးခွန်းကိုဖြေကြားလိုပါသည်။ဤပြိုင်ပွဲ၏ကုန်ကျစရိတ်စုစုပေါင်းမှာ သိန်း(၃၀၀)နီးပါးရှိ၍ ကုန်ကျစရိတ်အများစုမှာ ဆုကြေးငွေနှင့်နေ့စဉ် Video ရိုက်ကူးခတို့ဖြစ်ကြပါသည်။ဘောလုံးကွင်း၊ဒိုင် နှင့် နယ်မှကစားသမားများနေထိုင်ရေးကို MFF၊အားကစားဝန်ကြီးဌာန နှင့် ရန်ကုန်ယူနိုက်တက်ဘောလုံးကလပ်တို့မှ အခမဲ့ကူညီပါသည်။ ကျန်ကုန်ကျစရိတ်များကို မိမိနှင့်ဘောလုံးအားကစားကိုဝါသနာပါသော မိမိမိတ်ဆွေ စီးပွားရေးလုပ်ငန်းရှင်ကြီးများ ကအချိုးကျပါဝင်လှူဒါန်းပါသည်။ ထို့အပြင် ပြိုင်ပွဲဝင်တက္ကသိုလ်မှကျောင်းသူ၊ကျောင်းသားများကုသိုလ်ရစေနိုင်ရန်ပါ ရည်ရွယ်၍ပြိုင်ပွဲဝင်ကြေးကိုပင် ကုန်ကျစရိတ်တွင်မသုံးစေဘဲ လူမှုရေး၊ ဘာသာရေးအသင်းအဖွဲ့များသို့လှူဒါန်းစေခဲ့ပြီးဖြစ်ပါသည်။
- နံပါတ်(၂)အနေဖြင့် ဤပြိုင်ပွဲမှဒိုင်လူကြီးများအြေ ကာင်းရှင်းလင်းတင်ပြလိုပါသည်။ ယင်းဒိုင်လူကြီးများအားလုံးသည် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မှတရားဝင် အသိအမှတ်ပြုထားပြီး နိုင်ငံတကာဒိုင်လူကြီး လိုင်စင်ရ ရှိထားကြသူများဖြစ်ကြကာ MFF ကတရားဝင်စေလွှတ်၍စေတနာဖြင့်လာရော က်ကူညီပေးနေသူများဖြစ်ကြပါသည်။ ဒိုင်များအနေဖြင့်မည်သည့်အသင်း၊ မည်သည့်ကစားသမား ကိုမျှသိရှိခြင်းလည်းမရှိသကဲ့သို့ ဘက်လိုက်ဆောင်ရွက်ခြင်းမျိုးလည်းလုံးဝပြုလုပ်မည်မဟုတ်ပါ။ ထို့ကြောင့် ပရိသတ်များအနေဖြင့် ကိစ္စတစ်စုံတရာပေါ်ပေါက်တိုင်း ဒိုင်အဖွဲ့ကိုအပြစ်တင်မစောကြရန် နှင့် ဒိုင်လူကြီး၏အဆုံးအဖြတ်ကို နိုင်ငံကြီးသားပီသစွာလေးစား၊လို က်နာပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
- နံပါတ်(၃)အနေဖြင့် မိမိ၏စာရိတ္တပိုင်းဆိုင်ရာအပေါ်မေးခွန်းထုတ်မှုများကိုရှင်းလင်းတင်ပြလိုပါသည်။ မိမိဘာမှမပြောခင် ပရိသတ်ကြီးကိုတစ်ခုစဉ်းစားစေလို ပါသည်။ မိမိသာ Internet ပေါ်တွင်ပုံဖော်နေသကဲ့ အပြင်လောကတွင် အမှန်တကယ် မိုက်ရိုင်း၊ဆိုးသွမ်းနေသူဖြစ်ပါက မည်သည့်ဝန်ကြီး၊ ဒုဝန်ကြီးကမိမိနှင့် လက်ခံတွေ့ဆုံဆွေးနွေးမည်နည်း?? မည်သည့်ပါမောက္ခချုပ်က မိမိနှင့်အတူအစည်းအဝေးထိုင်မည်န ည်း?? မည်သည့်ကျောင်းသား၊ကျောင်းသူများနှင့်မိဘများက မိမိနှင့်ပူးပေါင်းဆောင်ရွက်မည် နည်း?? မည်သည့်မီဒီယာက မိမိဘက်မှရပ်တည်ဖြေရှင်းပေးမည်န ည်း??
ကိုနေရွှေသွေးအောင်မှ ကျောင်းသား၊ ကျောင်းသူများထံသို့ မေတ္တာရပ်ခံလွှာ" ၊ ၎င်း၏စာအပြည့်အစုံမှာ အောက်ပါအတိုင်
" ချစ်ခင်လေးစားရပါသော တက္ကသိုလ်ကျောင်းသား၊ကျောင်းသူအေ
- ယခုအခါ UCL ပြိုင်ပွဲကြီးသည် ပြိုင်ပွဲဝင် ကျောင်းသား၊ကျောင်းသူတို့၏စိတ်အ
- နံပါတ်(၁)အနေဖြင့် ဤပြိုင်ပွဲကြီးကို 'မည်သည်ကရရှိသည့်ပိုက်ဆံဖြင့်ပြ
- နံပါတ်(၂)အနေဖြင့် ဤပြိုင်ပွဲမှဒိုင်လူကြီးများအြေ
- နံပါတ်(၃)အနေဖြင့် မိမိ၏စာရိတ္တပိုင်းဆိုင်ရာအပေါ်မေ
မိမိအနေဖြင့် ကောလဟလများပြန့်နေသလို စင်ကာပူသို့နေ့ချင်းပြန်လည်းကျောင်းမတက်ဘူးပါ၊
ဆယ်တန်းဖြေတုန်းကလည်း The whole burma မရပါ (မိမိကျောင်းမှထိုနှစ်က အဆင့် ၆
သာချိတ်ပါသည်)၊ မည်သည့်မူးယစ်ဆေးဝါးမှလည်းမသုံး ဘူးပါ (သင်္ကြန်နှင့်မွေးနေ့များတွင်ပင် မိမိအရက်သေစာသောက်စားခြင်းမပြုပါ)၊ ဝတ်မှုန်ရွှေရည်ကိုလည်းခိုးမပြေးဘူးပါ၊
မိုးယုစံနှင့်လည်း လက်မထပ်ရပါ၊ စစ်ရဟတ်ယာဉ်ဖြင့်မိမိကို
ဘဲကင်ဝယ်ပေးရသည်ဆိုမှာလည်း လုံးဝမမှန်ပါ၊ မန်ချက်စတာယူနိုက်တက်ကိုလည်း
မိမိဤဘဝတစ်သက်လုံးငွေစုလျှင်ပင် မဝယ်နိုင်ပါ၊
မည်သည့်ယာဉ်ထိန်းရဲကိုမှလည်း ထိုးကြိတ်အနိုင်ကျင့်ခြင်းမရှိရ ပါ (ယင်းယာဉ်ထိန်းသည် ဘာဒဏ်ရာမှလည်းမရှိ၊ဘာသက်သေအထောက်အထားမှလည်းမရှိဘဲ မိမိကိုအမြင်စောင်းနေသော၎င်း၏အထက်အ ရာရှိ၊ မီဒီယာအချို့နှင့်ပူးပေါင်းကာ မိမိကိုနိုင်ငံရေးအရတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းကို နိုင်ငံတော်သမ္မတအပါအဝင် အစိုးရအဖွဲ့တစ်ခုလုံးသို့စာပေးပို့၍ရှင်းပြခဲ့ပြီးဖြစ်ပါသည်၊ လူကြီးများကလည်း ဤအဖြစ်အပျက်ကိုနားလည်သဘောပေါက်ပါသည်)။
မီဒီယာအချို့အနေဖြင့် မိမိကိုစွပ်စွဲမှုများမမှန်ကန်ြေ ကာင်းသိရှိသောအခါ မည်သည့်ဖြေရှင်းချက်မျှလည်းမပေး ၊ ၎င်းတို့၏သတင်းမှားကိုလည်း တာဝန်ယူပြန်လည်ဖြေရှင်းပေးခြင်း မျိုးလည်းမပြုဘဲ မိမိကသာတစ်ဘက်သတ် ပြည်သူလူထု၏အထင်မြင်လွဲမှားမှုကိုခံခဲ့ရခြင်းဖြစ်ပါသည်။ယခု ပရိသတ် ၂၀၀၀ကျော်နှင့် တက္ကသိုလ်ပေါင်းစုံမှတာဝန်ရှိသူများတက်ရောက်သော ဘောလုံးပွဲဖွင့်ပွဲတွင်ပင်လျှင် မိမိနှင့် မိုးစက်ဝိုင်ပြိုင်ကားနှင့်အတူလာသည်၊ မိမိကကားတံခါးနားသို့ဆင်းကြိုသည် စသဖြင့်မဟုတ်မမှန်ရေးသားသူအများ အပြားရှိကြောင်း အားလုံးအသိပင်ဖြစ်ပါသည်။
- မိမိကိုယ်တိုင်ဘောလုံးဝါသနာပါလွ န်း၍သော်လည်းကောင်း၊ ကျန်လူငယ်လူရွယ်များဘောလုံးအားက စားကို ကစားစေချင်လွန်း၍သော်လည်းကောင်း ၊ (မိမိအားအကြောင်းမသိ၍အမြင်စောင်းနေသူအချို့လဲရှိနိုင်သည့်)
ကျောင်းသားထုကြီးအပေါ် 'ရန်မဖြစ်ပါ၊ ပြဿနာလည်းမဖြစ်စေရပါ'ဟု
သက်ဆိုင်ရာလူကြီးမင်းများကို အာမဘန္တေခံ၍ဤပြိုင်ပွဲကြီးကိုကျင်းပခြင်းဖြစ်ပါသည်။ မိမိတစ်ယောက်တည်းအားနှင့် ဤပြိုင်ပွဲကြီးကိုအောင်မြင်အောင်မစွမ်းဆောင်နိုင်ပါ။ သက်ဆိုင်ရာတက္ကသိုလ်မှကျောင်းသား ၊ကျောင်းသူများ နှင့် ဆရာ၊ဆရာမတို့ကဝိုင်းဝန်းကူညီဖေး မမှသာလျှင် ဤပြိုင်ပွဲကြီး အဓွန့်ရှည်
- မိမိကိုယ်တိုင်ဘောလုံးဝါသနာပါလွ
တည်တံ့ မည်ဖြစ်ပါသည်။
မိမိအနေဖြင့် နိုင်ငံတော်၏အားကစားအခန်းကဏ္ဏကို အစွမ်းကုန်မြှင့်တင်ပေးသွားရန် စိတ်ဆုံးဖြတ်ထားပြီဖြစ်၍ မိမိနှင့်ရည်ရွယ်ချက်ချင်းတူသည့် မည်သူ့ကိုမဆို (သူ့ဟာသူ NLD မကလို့ ABC ဖြစ်ဖြစ် XYZ ဖြစ်ဖြစ်) လက်တွဲခေါ်ဆောင်သွားရန်လည်း စိတ်ဆန္ဒအပြည့်အဝရှိပါသည်။
- သို့ဖြစ်ပါ၍ ပြိုင်ပွဲဝင်တက္ကသိုလ်မှ ညီအကို၊မောင်နှမ၊ကျောင်းသား၊ကျောင်းသူများအနေဖြင့် ကိစ္စတစ်စုံတခုပေါ်ပေါက်တိုင်း Facebook စာမျက်နှာများပေါ်တွင် အချင်းချင်း
ဝေဖန်တိုက်ခိုက်ခြင်းမျိုးမပြုဘဲ
အားကစားစိတ်ဓာတ်
အပြည့်ဖြင့် အားပေးကူညီကြပါ၊ နိုင်ငံတော်အဆင့်တာဝန်ရှိသူလူကြီးများကို မိမိတို့တက္ကသိုလ်ကျောင်းသားများ ၏ စည်းလုံး၊ညီညွတ်မှုစွမ်းရည်ကို ထုတ်ဖော်ပြသကြပါဟု တိုက်တွန်း မေတ္တာရပ်ခံလိုက်ရပါသည်။ " ဟူ၍ဖော်ပြပါရှိပါသည်။

( A ) ဖိုးလပြည့်နှင့် သူရိယအလင်းဂျာနယ်၏ ထုတ်ဝေသူ ဦးယုနိုင်လည်း ရှိနေခဲ့သည်။ ကျွန်တော်က ဒီအခန်းထဲမှာ အိပ်နေတာပါ။
ReplyDelete( B ) သူရိန်တို့ အဖွဲ့တွေ ဝင်လာပြီး ပစ္စည်းတွေကော ဂျာနယ်တွေ
ကော သိမ်းသွားတာ။ လူကိုတော့ ဘာမှ မလုပ်ပါဘူး။ သူတို့နဲ့က အစကတည်းက ရင်းလည်း ရင်းနှီးပါ တယ် ။
( C ) ညက ၁၁နာရီကျော်ကျော် လောက်မှာ ဖိုးလပြည့်နဲ့ အဖွဲ့တွေ ရောက်လာပြီး ရှေ့တံခါးကို ဖွင့်ခိုင်းတာ လုံခြုံရေး တာဝန်ခံက မဖွင့်ပေးတော့ မလွယ်ပေါက် ကနေ ဖွင့်ခိုင်းလို့ ကိုသစ်မင်းဆွေကို ဖွင့်ခိုင်း ပြီး ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့်ရဲ့သား သူရိန်နဲ့ လူအရောက်နှစ်ဆယ်လောက် ဝင်လာပြီး ဂျာနယ် အပါအဝင် ပစ္စည်းတွေကို သိမ်းသွားတာ။
ခင်ဗျာ.တိုရေးချင်ရာရေးပြီ ၊ ခင်ဗျားတို. အချင်းချင်း စားခွက်လုတာကို ၊ ကှုပ်တို.ပြည်သူတွေကဘာလုပ်ရမှာလည်း ? တယောက်နဲ.တစ်ယောက်နိင်အောင်တိုက်ကြလေ ၊ ဘာမှသေဖေါ်လာညှိ.မနေနဲ. မိုးဝေ ရေ ။
ဒီမိုဝေယံ ရေ...
Deleteအ ပေါ်က comment လိုမျိုး
ဟိုက ဒီက ဟာတွေ copy paste လုပ်
လိုက်ဖြန့်တဲ့ comment တွေ မတင် နဲ့
ဖတ်တဲ့သူတွေ မျက်စိ ရှုပ်တယ်
ဟိုအပေါ်ဆုံးက comment ရေးသူက သူပြောသလိုပြည်သူထဲက ဟုတ်ပုံမရဘူး၊သူရေးပုံက ဟိုအဖွဲ့ထဲကပဲဖြစ်မှာပါ
ReplyDeleteမြန်မာပြည်က အာဏာရ ခရိုနီလက်သစ်တွေနဲ. ပြည်ပြေး ပြည်တော်ပြန်အပေါင်းအပါတွေ တွေတိုက်ကြတော.မယ် ၊ ဘယ်သူနိင်မလဲ စောင်.ကြည်.ရမယ် ၊ ပျော်စရာကောင်းလိုက်တာ ။
ReplyDeleteထိုင်းမယ် ဖိလစ်ပိုင်မယ် အကုန် ဗုတ်တယ် ရွှေသွေးခွေးကောင် (ဖိုးလမိုက်) က ကြိုရွေးပြီး စစ်ခွေးတွေ ထောက်ခံနေတဲ့ ဘိန်းသူဌေး ခရိုနီ သမီး မိုးစက်ဝိုင် က လွဲပြီး သူနဲ့  နီးတဲ့  မယ်တိုင်းကို အကုန်ဗုတ်တယ်
ReplyDeleteဘော်ဒါတွေကိုလဲ ထိုင်းမယ် ဖိလစ်ပိုင်မယ် ကို ဗုတ်ခိုင်းတယ် ကျောင်း က ဖောရိန်းဖရန့် တွေကိုလဲ ဗုတ်ခိုင်းတယ်
ဘိန်းသူဌေး ခရိုနီ သမီး မိုးစက်ဝိုင် ကို စစ်အစိုးရ က ရွေးထားတာလို့  ပြောလို့  မြန်မာမယ် မိုးစက်ဝိုင် ကို ကျောင်း က ဖောရိန်းဖရန့် တွေက ချဉ်နေကြတယ် ဟားဟားဟား
ReplyDeleteစာနာတတ်ကြပါစေ
===========
မိုးစက်ဝိုင်ကို ထောက်ခံနေသူတွေထဲမှာ
အာဏာရှင်ဘက်သားတွေ တော်တော်များများတွေ့တယ်။...
သူတို့ပြောတာလေး တွေ့မိပါတယ်။ ဘာတဲ့ ...
'မြန်မာလူမျိုးဂုဏ်တက်ဖို့ မိုးစက်ဝိုင်ကို အားပေးရမယ်'
တဲ့။ ဒါကို မဆွေးနွေးလိုပါဘူး။ တစ်ခုတော့ ပြောမယ်
အခု မိုးစက်ဝိုင်သွားပြိုင်တာ Miss Universe နော်
ခင်ဗျားတို့ သူ့ကို Miss Universe မရစေချင်ဘူးလား
ရစေချင်တယ်လို့ ဖြေမှာပဲ။ ဒါဆို ဆက်မေးမယ်။ ဘာလို့ရစေ့ချင်လဲ
အထက်ကအတိုင်း ဖြေမယ်ထင်တယ်။
'တိုင်းပြည်ဂုဏ်တက်အောင်' ဟုတ်လား။
ဒါဆို Miss Universe နဲ့ Nobel ဆု ဘယ်ဟာက ကမ္ဘာမှာပိုသိက္ခာရှိသလဲ
ဒီလောက်ကြီး နှိုင်းတာတောင် မအပ်မရာ နှိုင်းသလိုဖြစ်သွားပါပြီ
နည်းနည်းလျှော့ပြောမယ်။ Miss Universe နဲ့ မာလာလာ
ဘယ်သူက ပိုသိက္ခာရှိမယ် ထင်သလဲ။
အေး၊ ကျနော်တို့ဆီမှာ မာလာလာတွေ အများကြီးရှိတယ်။
ဒေါ်နော်အုန်းလှ၊ ဒေါ်ဖြူဖြူသင်း၊ ကိုမင်းကိုနိုင်၊ ကိုကျော်သူ စသဖြင့်
သူတို့ရထားတဲ့ အဆင့်အတန်းမြင့်လှစွာသော
ကမ္ဘာအဆင့် ဆုတံဆိပ်တွေကိုကြည့်စမ်းပါ။
မာလာလာနဲ့ အသာလေးနှိုင်းလို့ရတယ်။
မာလာလာလို့ပြောရင် ကလေးမလေးနဲ့နှိုင်းတယ်ဘာညာ အစဆွဲထုတ်ဦးမယ်။
ကျနော်ပြောချင်တာက ဂုဏ်သိက္ခာအကြောင်းပါ။
Miss Universe နဲ့ဆို မနှိုင်းသာလောက်အောင် မြင့်ကြသပေါ့ဗျာ။
ဒါပေမဲ့ သူတို့ဟာ ... အခု
“မြန်မာလူမျိုးဂုဏ်တက်ဖို့ မိုးစက်ဝိုင်ကို အားပေးရမယ်”
ဆိုပြီး ဆော်သြနေသူတွေထဲက တစ်ချို့ရဲ့ ပါးစပ်ဖျားမှာ
နှစ်ပြားမတန်အောင် အပြောခံခဲ့ကြရတယ်။
ကျနော်တို့ကိုတောင် ဒေါ်စုကို ထောက်ခံလို့တဲ့။
အဖွားကြီး ထမိန်နားခိုချင်နေတဲ့သူတွေ ... တဲ့
သူက ကျနော်တို့အတွက် အမေပဲလေ။ ပြီးတော့
သူ့ကြောင့်ကျနော်တို့ဘယ်လောက် ကမ္ဘာ့အလည်မှာဂုဏ်တက်ရသလဲ?
ပြန်နှိုင်းလိုက်ဦးမယ်ဗျာ။
ကမ္ဘာမှာ Miss Universe ဆိုတာ အလွန်ဆုံးနာမည်ကြီးမှ တစ်နှစ်ပါ။
ဘယ် ကမ္ဘာ့ခေါင်းဆောင်မှလဲ Miss Universe ကို အလေးမထားပါဘူး
အခု မိုးစက်ဝိုင်ကို ၀ိုင်းအားပေးလို့ ရရင် အင်တာနက်မယ်ပါပဲ။
Miss Universe ဆုကတော့ကျနော်တို့ လဲ,သေနေအောင်အားပေးလဲ
သူ အရည်အချင်းရှိမှ ရမှာ။
ကျနော်တို့မြန်မာပြည်က မြန်မာမကြီးတစ်ယောက်ဟာ
ကမ္ဘာမှာ ရနိုင်ခဲလှသော Nobel ဆုကြီးရထားတယ်ဗျာ
ကမ္ဘာ့ခေါင်းဆောင်တွေကလဲ သူ့ကို
(လူငယ်စကားပြောရင်) 'ဂါ' ကြတယ်ဗျာ။
ဒီတော့ ... ကျနော်တို့က သူ့ကြောင့် မာန်ဝံ့တယ်ဗျာ။
သူ့ကို သိပ်ချီးကျူးတယ်ဗျာ။ သူ့ကို တန်ဘိုးထားတယ်ဗျာ။
ဒါ တို့တိုင်းပြည် ဂုဏ်တက်စေတဲ့ အဆောင်လက်ဖွဲ့ကြီးပဲ
... ဆိုတဲ့သဘောမျိုး အလေးအမြတ်ပြုကြတယ်ဗျာ။
မိုးစက်ဝိုင်သာ Miss Universe ရလာကြည့်စမ်း
ဟိုလူတွေ ဘယ်လောက် ပျော်မလဲ။
အဲဒီလိုအချိန်များ မိုးစက်ဝိုင်ကို တစ်ခွန်းလောက်ပြောမိကြည့်
ဘယ်လောက် ဆတ်ဆတ်ခါမလဲ။
အေး၊ ကျုပ်တို့က အဲဒီထက် မနှိုင်းအပ်မနှိုင်းရာဖြစ်လောက်အောင် မြင့်တဲ့
Nobel ဆုရှင်ကြီးကို မိုက်မိုက်ရိုင်းရိုင်းတွေ အဆဲခံရတော့
ဆတ်ဆတ်ခါတယ်ဗျာ။ အသည်းနာတယ်ဗျာ။
ကိုယ့်တိုင်းပြည်အတွက် ဒီလောက်ဂုဏ်တက်စေတဲ့လူကို ဆဲနေတာ
ဒီလူတွေ ဒီတိုင်းပြည်သားမှ ဟုတ်ရဲ့လားလို့တောင် ထင်တယ်ဗျာ။
ReplyDeleteမိုးစက်ဝိုင်ကို vote ပေးဖို့မပေးဖို့အတွက်.. အငြင်းပွားနေတာကို တွေ့ရတယ်..
vote ပေးဖို့ မပေးဖို့ ဆိုတာကတော့... ကိုယ့်ဆန္ဒအရပေါ့.....
တစ်ချို့အမြင်ကလဲ... မြန်မာလူမျိုး ဂုဏ်တက်ဖို့...ပေးသင့်တယ်ပေါ့လေ...
ဒါပေမဲ့ တစ်ခုတော့ သတိပေးချင်တယ်..
ဒေါ်အောင်ဆန်းစုကြည်ကို .. တိုင်းမ် မဂ္ဂဇင်းရဲ့ ဆယ်နှစ်အတွင်း သြဇာအရှိဆုံးဆုအတွက် Vote ပေးကြတုန်းက...
လေဒီဂါဂါ စတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြိုင်ဖက်တွေကို. Vote ပေးကြဖို့ လိုက်ဆွယ်နေတဲ့..
လဒူတွေရဲ့ ..status တွေကို ဖတ်ဖူးကြမယ် ထင်ပါတယ်...
အဲဒီအချိန်မှာ သူတို့စိတ်ထဲမှာရော.. .မြန်မာ ဆိုတာ မရှိဘူးလား ?
ဒေါ်အောင်ဆန်းစုကြည်ကို vote လုပ်တာက
တိုင်းပြည်ရဲ့ Image အတွက်.. vote လုပ်တာပဲ မဟုတ်ဘူးလား..?
လူချင်းလဲ ကွာတယ်..၊
ပြိုင်ပွဲချင်းလဲ ကွာတယ်..၊
ပြိုင်ဘက်ချင်းလဲ ကွာတယ်..၊
connection ချင်းလဲ ကွာတယ်..
တကမ္ဘာလုံးက အာရုံစိုက်တာချင်းလဲ..
အများကြီး ကွာတယ်နော်...
ထူးဆန်းတာက..
အဲဒီတုန်းက ဒေါ်စု ကို လက်မခံတဲ့သူ အများစုဟာ..
အခု မိုးစက်ဝိုင် ဘက်က လော်ဘီ လုပ်နေကြလေရဲ့...
Shwe Pa Yit
ReplyDeleteမော်စကိုမြို့၊ ရုရှနိုင်ငံ
၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်
ရုရှနိုင်ငံ၊ မော်စကိုမြို့တွင် ကျင်းပသော ၆၂ ကြိမ်မြောက် ၂၀၁၃ မယ်စကြာဝဠာပြိုင်ပွဲတွင် ဗင်နီဇွီးလားမယ်က မယ်စကြာဝဠာဘွဲ့ ဆွတ်ခူးသွားသည်။
ဒုတိယဆုကို စပိန်မယ်၊ တတိယဆုကို အီကွေဒေါ မယ်၊ စတုတ္ထဆုကို ဖိလစ်ပိုင်မယ်၊ ပဉ္စမဆုကို ဘရာဇီးမယ်တို့က ဆွတ်ခူးသွားသည်။
နောက်ဆုံးအဆင့် ယှဉ်ပြိုင်သော မယ် ၁၆ ဦး မှာ ကော့စတာရီကာမယ်၊ ယူကရိန်းမယ်၊ တရုတ်မယ်၊ အီကွေဒေါမယ်၊ ဗြိတိန်မယ်၊ အင်ဒိုနီးရှားမယ်၊ ဗင်နီဇွီးလားမယ်၊ ဒိုမီနီကန်မယ်၊ ပွာတိုရီကိုမယ်၊ စပိန်မယ်၊ အမေရိကန်မယ်၊ နီကာရာဂွာမယ်၊ ဆွစ်ဇာလန်မယ်၊ အိန္ဒိယမယ်၊ ဘရာဇီးမယ် နှင့် ဖိလစ်ပိုင်မယ် တို့ ဖြစ်သည်။
ဖိုးလပြည့် ရွေးချယ်သည့် မြန်မာစစ်တပ်ကိုယ်စားပြုမယ် ဘိန်းသူဌေး ခရိုနီသမီး မိုးစက်ဝိုင်မှာ နောက်ဆုံးအဆင့် ယှဉ်ပြိုင်သော မယ် ၁၆ ဦးထဲတွင် မပါဝင်ကြောင်းသိရသည်။
အင်တာနက်မှ မဲပေးပြီး ရွေးသော ပရိသတ်အကြိုက်ဆုံးဆု (People's Choice Award)ကို မြန်မာစစ်တပ်ကိုယ်စားပြုမယ် ဘိန်းသူဌေး ခရိုနီသမီး မိုးစက်ဝိုင် ရရန် စစ်သားများ၊ ကြံ့ဖွတ်များ တာဝန်တရပ်အဖြစ် လုပ်ဆောင်ခဲ့ကြသည်။
မိုးစက်ဝိုင် People's Choice Award ဆု ရစေရန် မြန်မာစစ်သားများ၊ ကြံ့ဖွတ်များနှင့် သမိုင်းကိုမေ့လွယ်ပြီး နိုင်ငံရေးခံယူချက်မရှိသော မြန်မာများက အပြင်းအထန် မဲပေးကြသော်လည်း မရဘဲ ဖိလစ်ပိုင်မယ်က ရသွားသည်။
နိုင်ငံအများစုကလူများက မိမိနိုင်ငံမှ မယ်ကို People's Choice Award ရစေရန် ထပ်တလဲလဲ မဲပေးခြင်းကို စိတ်မဝင်စားသည့်နည်းတူ ဖိလစ်ပိုင်လူမျိုးများသည်လည်း ဖိလစ်ပိုင်မယ်ကို စိတ်ပါလက်ပါ မဲမပေးခဲ့ကြပါ။
သို့သော် အာဏာရှင်ဆန့်ကျင်သူ မြန်မာများက စစ်တပ်ကိုယ်စားပြုမယ် ဘိန်းသူဌေး ခရိုနီသမီး မိုးစက်ဝိုင် မရစေရန် ဖိလစ်ပိုင်မယ်ကို အားတက်သရော မဲပေးကြသဖြင့် ဖိလစ်ပိုင်မယ်က People's Choice Award ဆုကို ရသွားသည်။
သူရိယနေဝန်း မိုးဟိန်း (ခ) နိုင်ဝင်းက နှစ်ဖက်ချွန် သာကူး
ReplyDeleteစစ်ထောက်လှမ်းရေးကို သတင်းပေး သာကူး နှစ်ဖက်ချွန်လုပ် ကျော်ငြိမ်း၊စည်သူ ၊လှသက်မောင် ၊ခင်အောင် ၊တို့ အောက်ဆွဲ လုပ်ပြီး အစိုးရသက်သေအဖြစ်ကျောင်းသားတွေအပေါ်သစ္စာဖောက်လောက်ကောင်လုပ်လာတာ
၁၉၈၉ -၉၀ နောက်ပိုင်းမှာ ထောင်က ဘယ်လိုလွတ်လာလဲမသိပဲ ထောက်လှမ်းရေး ကိုပေါင်းနယ်စပ်အထိဆင်း သတင်းစု ပြီး နှစ်ဖက်ချွန်စလုပ်နေတာ
လှသက်မောင်ပိုင် လှမ်း ၇ မြေ ဦးဝိစာရလမ်း နားက လမ်းကြားမှာ ပါဝါဆားဗစ်ဆင်နဲ့ ထမင်းဆိုင်ဖွင့်ပြီး အကြီးအကျယ်အောင်မြင်လာတာ
ဝင်ဒါမီယာမှာ အင်းလျားလမ်းမှာ တိုက် ၄လုံးမက ပိုင်တယ်
ထောက်လှမ်းရေးမြေ မြေပဒေသာထိပ် မှာ ဘီယာဆိုင်တွေဖွင့် လုပ်စားရင်း နိုင်ဝင်းမိန်းမ မိုးသီတာက လင်ငယ်နေ ထွက်ပြေး
နိုင်ဝင်း က မယားငယ်တွေ ဆိုင်ကအဆိုတော်တွေကို ကီပင်ခန့်ပြီး စီးပွားပျက်တော့ ထောက်လှမ်းရေးတွေ ဆီက ချေးထားတဲ့ ငွေတိုးလုပ်ပေးထားတာတွေ မဆပ်နိုင်တော့
ဖုန်းတလုံး သိန်း ၄၀ ခေတ်မှာ မိုးဟိန်းနိုင်ဝင်းလင်မယားမှာ လှမ်း ကနေ ချပေးထားတာ ၉၉ ကနေ ၅၁ အထိ ဖုန်း ၆လုံးမကဘူး နိုင်ဝင်းခ့ါးမှာ ဖုန်းပတ်လည်ခ်ျတ်ထားတာ
ReplyDeleteနောက်ဆုံး အကြွေးပင်လယ်နစ်ပြီး ပထမမယားမိုးသီတာ ဆိုတာနဲ့ကွဲ မယားငယ်တိတ်တိတ်ပုန်းကိုခေါ် နယ်စပ်ပြေးတာ မိုးသီးဇွန်က နိုင်ဝင်းဆရာရင်းဆိုတော့ ထိုင်းမှာ သံရုံးရှေ့လက်သီးလက်မောင်းတန်းပြပြီး သာကူး လုပ်တာ US ကို မယားငယ်ပါရောက် US နိုင်ငံသားဖြစ်ပြီး သမ္မတ US လာတော့ ဖိနပ်နဲ့ပေါက်ကျတာ ဒီကောင်တွေအုပ်စုပေါ့
မယားကြီးနဲ့ သားသမီးသုံးယောက်ကိုပါ US ကို ခေါ်ထုပ်ပြီး အခု တော့ ကောင်းစားနေကျတာလေ
ပြည်ပြေးတွေ မြန်မာပြည်ထဲပြန်ဝင်ခွင့်ရတော့ ပြန်လာ စီးပွားကူးသန်း ၉တန်းမအောင်တဲ့ ဝန်ကြီးဝင်းမြင့် သားအဖ ကို အပိုင်ကပ် ဖာ ရှာပေး ပြီး သတင်းနှိုက်လုပ်နေတာ
ဝင်းမြင့်က ဦးသန်းရွေရဲ့ တူ တော်တယ်
ဝင်းမြင့်ကို မှီပြီးဂျာနယ်ထုပ်
အစထဲ ကြည့်မရမနာလိုခဲ့တဲ့ ခရိုနီသစ်သူခိုးကျောက်သူခိုးလက်နက်မှောင်ခိုသာယာစီးတေဇ နဲ့ မယားပါသးး ဖိုးလပြည့်ကို ဆော်နေတော့ ပြသာနာကတက်လာတာပဲ ဝင်းမြင့် သားအဖ တောင် ကြောက်သေးပန်းကုန်ကျတာ ဝင်းမြင့်သား သူရိန်ကလဲ ဖာခေါင်းသာသာကောင် အဖေနဲ့သား တဏှာရူးချင်းတူတူပဲ
အခုလဲ သူရိယနေဝန်းဂျာနယ်ရဲ့ နောက်ကွယ်မှာ ခင်ညျွန့် ဆရာတပည့်တွေ ပါနေတာ နောက်ကွယ်ကဘငွေ အလုံးအရင်းထောက်ပံထားတာ
ReplyDeleteခင်ညွန့်တို့ ထောက်လှမ်းရေးအုပ်စုတွေက သန်းရျွေ မိသားစု နဲ့ မောင်အေးမိသားစု ကို အငြိုးကြီးနေတာ အသေသတ်ချင်နေတာ ဒါကြောင့် နိုင်ဝင်း မိုးဟိန်း က နှစ်ဖက်ချွန်ပီပီ ဝါဒဖြန့်ဖို့ ၈၈ တွေ ကိုအမည်ခံခုတုံးလုပ် ပြည်သူတွေကို မှိုင်းတိုက်ဝါဒဖြန့်တာပဲ
ဒီကောင့်ကို ၈၈ က ခေါင်းကြီးပိုင်း ဂျင်မီ ၊ မင်းဇေယျာ ၊ မင်းကိုနိုင် ဘယ်ကောင်ကမှ လူရာမသွင်းတာ ခံယူချက်မရှိ သာကူး ငွေ အတွက် ဘာမဆို သစ္စာမဲ့တဲ့ကောင်လို့သိနေတာလေ
နေဝင်းသမီး စန္နာဝင်းနဲ့ ခင်ညွန့် အဖွဲ့ က သန်းရွေနဲ့ မောင်အေး ကို မကျေတော့ အငြိုးတကြီး ဆော်ကျဖို့ ဝါဒဖြန့်လက်သီးပုန်းထိုးဖို့ နိုင်ဝင်းမိုးဟိန်းကို ငွေ သန်းချီထောက်ပံ ဂျာနယ်ထုပ် လူပြိန်းကြိုက်လုပ်ပြီး ၈၈ တွေကို ခုတုံးလုပ်နေတာ
မိုးဟိန်းနိုင်ဝင်းဆိုတာ အလကားကောင် ၈၈ မှာ အရောင်ပြ ပြီးတော့ တောခို ပြန်ဝင်လာ ထောင်ခန ကျပြ အစိုးရသက်သေလုပ် ထောက်လှမ်းရေး နာမည်ကြီးခင်ညွန့်တပည့်ရင်း စည်သူ ၊ လှသက်မောင် ကျော်ငြိမ်း ၊နေစိုး ၊ခင်အောင် ၊ ကျော်သိန်း ၊တို့ကို ဖာ ရှာပေး ငွေရှာပေး ၊ဂွင်ရှာပေး တောခိုကျောင်းသားသတင်းပေး ပြည်ပြေးသတင်းပေးပြီး နှစ်ဖက်ချွန်လုပ်စားလာတာ လှမ်းနဲ့ ပေါင်းပြီး တိုက် ၃လုံးမက လင်ခရုဇာ ၄စီးမက စီးပြီး မှောင်ခိုချ အကုန်လုပ်စားလာတာ ၈၉ ကနေ ၉၇ လောက်အထိပဲ နောက်ဆုံး မဟုတ်တာတွေလုပ် သောက်စားမူးယစ်ပြီး မွဲတော့မှ အကြွေးမဆပ်ရင် လှမ်းတွေက ကုတ်ပြီး ထောင်ထဲ ပို့တော့မှာမို့ မိုးသီးဇွန်ကို ဆက်သွယ်ပြီးမယားငယ်နဲ့ နယ်စပ်ကိုပြေး အဆိုင်လမ်ခံ ပြီး အမေရိကန်နိုင်ငံသားလုပ်ထားတာ
သာကူး စစ်စစ် ဘာ ဆင်းရဲဒုက္စမှ မခံပဲ ၈၈ အမည်ခံလုပ်စားနေတဲ့ ပြည်သူတွေကို ကျောင်းသားတွေကို လူမဆန်စွာ နှိပ်စက်သတ်ဖြတ်ခဲ့တဲ့ လှမ်း ကခင်ညွန့် လက်ပါးစေတွေရဲက အောက်ဆွဲ ဘောမ သာကူးကောင် မိုးဟိန်းနိုင်ဝင်း ထွီ