အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (ဘာသာပြန် ဆောင်းပါး)
အသက် ၁၅ နစ်အရွယ်မိန်းခလေး ဖိအားပေးခံရပြီး လိင်အသားပေး ဇါတ်ကားများမှကဲ့သို့  ပြုမှုခံနေရခြင်း..
အသက် ၁၅ နစ်အရွယ်မိန်းခလေး ဖိအားပေးခံရပြီး လိင်အသားပေး ဇါတ်ကားများမှကဲ့သို့  ပြုမှုခံနေရခြင်း..
အမေရိကန် Massachuset ပြည်နယ် ၊ Boston မြို့ ဆင်းရဲသားရပ်ကွက်များမှ မိန်းခလေး ၃၂၈ တို့ ကိုသုသေသနပြုချက်အရ လိင်ဇါတ်ကားများက ဆယ်ကျော်သက် အရွယ်များအပေါ် လွှမ်းမိုးသက်ရောက်နေမှု အရေးမှာ ပူပန်စရာ ဖြစ်လာပါသည် ။
လူမှုရေးဆေးပညာဌာန၏ တွဲဖက်ပါမောက္ခ တစ်ဦးဖြစ်သူ Emily Rothman, မှ ဖီလာဒဲဖီးယားအပတ့်စဉ် Philadelphia weekly.com သို့ ပြောပြချက်အရ မိန်းခလေးများဟာ သူတို့ ရဲ့  ရည်းစားဖြစ်သူက လိင်ကားများကြည့်တတ်လျင် အဖေါ်တစ်ယောက်ပိုသော (ယောက်ျားများစွာပါသော) လိင်ဆက်ဆံမှုကို ငါးဆ ပိုပြုလုပ်နိုင်ခြေ ရှိနေပါသည်။(MPS Multi Person Sex)
ထိုကဲ့သို့  MPS လုပ်ဆောင်သူများတွင် ၅ဝ% သည် မိမိ၏ရည်းစားက လိင်ကားတွင် ကြည့်ရှုထားသောနည်းများကို လုပ်ဆောင်ပေးကြရပါသည် ။
မိန်းခလေးများစွာသည် ရည်းစားဖြစ်သူ၏ ဖိအားပေးမှုကြောင့် သုံးဦးတစ်ပြိုင်တည်း သို့ မဟုတ် အုပ်စုလိုက်မုဒိန်းကျင့်မှု တို့ လုပ်ရန် ဖိအား အပေးခံကြရပါသည်။
အသက် ၁၅ နစ်အရွယ်များပင် အုပ်စုလိုက် လိင်ဆက်ဆံမှုတွင် ပါဝင်နေကြပါသည်။ အမေရိကန် သုသေသနပြုချက်များအရ ထက်ဝက်ခန့် ကျော်သည် ရည်းစားလုပ်သူ၏ ဖိအားပေးခြင်းကြောင့် လုပ်နေကြရပါသည်။
ဘော့စတွန်မှ သုသေသီတို့ ၏စာရင်းအရ မိန်းကလေး ၁၃ ယောက်မှာ တစ်ယောက်သည် MPS တွေ့ ကြုံဖူးကြောင်းသိရပြီး အများစုမှာ လိင်ကားကြည့်တတ်သူရည်းစား၏ ဖိအားကြောင့်ဖြစ်၏။
MPS ကြုံဖူးသူ တို့ ၏ပျှမ်းမျှအသက်အရွယ်မှာ ၁၅.၆ နှစ်သာရှိကြသေးသည့်အတွက် ထိုပြည်နယ်၏ ဥပဒေအရ အလိုတူ လိင်ဆက်မှုခွင့်ပြုချက် အသက်အရွယ်အောက် ဖြစ်နေပါသည်။
ထိုအထဲမှ ထက်ခန့် က သူတို့ ၏အဖေါ်များသည် ကွန်ဒန် အသုံးမပြုကြဟုဆိုပါသည်။
ဘာသာပြန်.. Dr.AT
မြန်မာနိုင်ငံတွင်လည်း ၁၉၉၆ခုနှစ်က မြန်မာပြည်ပေါက် မလေးရှားနိုင်ငံသား တဦးမှ မြန်မာမိန်းခလေးများအား စိတ်ကြွ ဆေးတိုက်ပြီး အုပ်စုလိုက်ပြုကျင့်မှုအား ခိုးရိုက်ကူးထားသည့် ရုပ်သံဖိုင်အား ရန်ကုန်လေဆိပ်မှ အထွက်တွင် ထောက်လှမ်ရေးမှာ ဖမ်းဆီခဲ့ရမှု တစ်ခုဖြစ်ဖူးသည်။
လက်ရှိ မြန်မာနိုင်ငံတွင်း လိင်အသားပေး ဆင်ဆာမဲ့ အခွေများ၏ လွှမ်းမိုးမှုကြောင့် crime rape victims သတင်းများ ထွက်ပေါ်လျှက်ရှိသည်။
ပေးပို့သူအား ကျေးဇူးတင်ပါသည်..။
ဒီမိုဝေယံ
ဒီမိုဝေယံ

မြန်မာပြည်မှာ သင်္ကြန်ကာလမှာ အမျိုးသမီးလေးများစွာကိုယ်စိတ်လွတ်ပြီးယောက်ျားလေးများကားပေါ်မှာပါနေတာကို ပေါ်ပေါ်တင်တင်လက်မထောင်ပြနေကြပါတယ် ။ ဒါဟာ စိတ်ကိုမူးယစ်စေပြီးမုဒိန်းမှုကျူးလွန်နေတာကို လက်မထောင်ပြနေတဲ့အထိ ကျနော်တို့အသိတွေ လွှဲမှားနေကြပါတယ်။ သင်္ကြန်မှာအဲဒီလိုမူးနေသူတွေကို အာဏာပိုင်တွေက ဆီး ၊သွေးစစ်ဆေးတာ လုပ်ဖို့  ဥပဒေပြဒါန်းသင့်တာကြာနေါပြီ ။ နိုင်ငံခြားမှာ ဖျော်ရည်ထဲကိုအလစ်မှာ ဆေးထဲ့တာ (SPIKE ) တိုင်လျင်ပင် ထောင်ဒါဏ် ၁၀ -နစ်ပြဒါန်းထားပါသည်။ ကျနော်တို့အမတ်တွေ ကြားဘူးကြ ၊ သိကြမယ်ထင်ပါသည် ။
ReplyDelete
ReplyDeleteကျောက်မြောင်း၊ သတိပဌာန်လမ်းက အနှိပ်ခန်း
ခေတ်သတင်း
၂၄-၁၂-၁၃
သတိပဌာန်လမ်း၊ မလွှကုန်း၊ ဌေးကြွယ်(က)ရပ်ကွက်၊ ကျောက်မြောင်း၊ တာမွေမြို့နယ်.....
ကျွန်တော်တို.နေတဲ့ ကျောက်မြောင်း၊ သတိပဌာန်လမ်းမှာ အနှိပ်ခန်း (အမည်ခံပြည်တန်ဆာခန်း) အမှတ်(၃၂) ပထမထပ်၊ ဒုတိယထပ်နှစ်ခန်းပါ၊ မြေညီထပ်မှာ ချိုမြိန်ဦးထမင်းဆိုင် ရှိပါတယ် ခင်ဗျာ...
နေ့ဆိုလည်း နေ့ဘက်မှာ လူတရုန်းရုန်းနဲ့ပါ၊ ညဆိုလည်း အနှိပ်ခန်းကို အမူးသမား ပုံစံစုံ အော်ဟစ် ဆဲဆိုနေသံတွေက မကြားချင်မှ အဆုံးပါ။
နေ.ဖြစ်ဖြစ်၊ ညဖြစ်ဖြစ် ဆိုင်ကယ်တဖုတ်ဖုတ်၊ လွယ်အိပ်ကိုယ်စီနဲ့ ဘာတွေလည်းတော့ မသိဘူး။ သွားလာနေတာ မမြင်ချင်မှ အဆုံးပါ။
သူတို.က လူဆိုးလူမိုက်တွေ့လည်း ရှိပါတယ်၊ ကျွန်တော် ဒီလို ရေးတာ သိရင် ပြသနာလာရှာမှာလည်း ကြောက်ရပါတယ်.... တာမွေရဲစခန်းလည်း ဖုန်ဆက် တိုင်ပါတယ်.. 18/12/2013 ည 7း48 မိနစ် ဒုရဲအုပ်အောင်သန်းဦး ဆိုသူက ဖြေကြားပြီး ဖမ်းဆီးမည်ဟု ပြောပါသည် (သူနှင့်ပြောသော အသံဖိုင်လည်း ရှိပါသည်)...
ယခုထိ ဘယ်သူ တဦးတယောက်မှ လာရောက် အရေးယူ ဖမ်းဆီးခြင်း မရှိပါ။
... ပိုင်ရှင်တွေလည်း ကျွန်တော် မသိပါ၊ သူတို.နှင့်လည်း ချစ်ခြင်း၊ မုန်းခြင်း မရှိပါ၊ ရပ်ကွက်ထဲမှာ ဒီလို ပေါ်ပေါ်ထင်ထင် လာလုပ်နေတာကို မခံစားနိုင်လို့ ဒီစာကို ရေးရတာပါ၊
အော်ပြီး ပြောလိုက်ချင်တာကတော့... ဘယ်သူမှာ တာဝန်ရှိသလဲ။ တာဝန်ရှိတဲ့သူ အမြန် လာဖြေရှင်းပေးပါ။ တရားဥပဒေ စိုးမိုးပါစေ....။
ကျွန်တော်က 5/8/2013 မှာ ဒီလို သတင်းပို့ တိုင်ကြားခဲ့ပါတယ်..... အရေးယူခဲ့ခြင်း မရှိပါဘူး....
ယခုကဲ့သို့ အရေးမယူရင် ရဲမူးချုပ်ဝင်းခေါင်ကို တိုင်ပါ ဆိုလို့..... ကျွန်တော် ရဲမူးချုပ်ဝင်းခေါင်ကို တိုင်ပါတယ် အရေးယူပေးပါ။
သတိပဌာန်သား