Pages

Tuesday, November 26, 2013

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ တွင် နိုင်ငံတော်အခွန်။ သဘာဝပတ်ဝန်းကျင်။ လူမျိုခံရခြင်း ဆုံးရူံးခြင်း နာ(၃)နာ ခံစားနေရခြင်း (ဒီမိုဝေယံသို ပေးစာ)

 
 
 
 
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ တွင် နိုင်ငံတော်အခွန်။ သဘာဝပတ်ဝန်းကျင်။
လူမျိုခံရခြင်း ဆုံးရူံးခြင်း နာ(၃)နာ ခံစားနေရခြင်း


နိုင်ငံတော်အခွန်ဘဏ္ဍာများဆုံးရှုံးရခြင်း(ပထမနာခြင်း)

မြိတ်မြို့အင်းလေးမြိုင်စက်မှု့ဇုံ(ငါးလေလံ)တွင် ကင်းမွန်ပြုတ်ခြောက်ပြုလုပ်၍
စီးပွားရေးလာ ရောက်လုပ် ကိုင်လျက်ရှိသော တရုတ်ပြည်မှ ပြည်ကြီး တရုတ်အစစ်များသည် ကင်းမွန်များအား ဆားများဖြင့် ပြုတ်၍ နေလှန်းကာ တရုတ် ပြည်သို့ ကားများဖြင့် တစ်ရက်ခြားတစ်ကြိမ် တင်ပို့နေတာကို အားလုံးမြင်တွေ့ရမှာ ဖြစ်ပါတယ်။

ပြည်ကြီးတရုတ်တွေလုပ်တဲ့လုပ်ငန်းက သစ်တောနဲ့ရော ငါးဦးစီးနဲ့ရောဆိုင်ပါတယ်။ အင်းလေမြိုင် စက်မှုဇုံဖြစ်တဲ့ ငါးလေလံမှာ ကင်းမွန်ပြုတ်ခြောက် လုပ်တဲ့ရုံအားလုံး(၁၁)ရုံရှိပါတယ်။ အဲဒီကထွက်တဲ့ ကင်းမွန်ခြောက်တွေကို ယခင်က မှန်လုံကား၊ (၆)ဘီးကားနဲ့ အခုဆိုရင်(၁၂)ဘီးကားတွေနဲ့ကို တင်ပို့နေတာကိုတွေ့ရပါတယ်။ ငါးလုပ်ငန်း ဦးစီးမှာ မျှောလုပ်တော့(၁)စောင်ကို (၁၂)တန်လုပ်တယ်၊ သယ်တော့ တန်(၇၀)လောက်ခိုးသယ်တယ်၊ မျှောမှာက ကား(၁)စီး ထွက်တော့(၅)စီး ၊ ငါးလုပ်ငန်းဦးစီးကလဲ စစ်ဆေးပြီးတင်တာမရှိဘူး၊ အကောက်ခွန်ကလဲ စစ်ဆေး တာမရှိဘူး၊ အေ(၃)လုံးကုမ္ပဏီနဲ့ ဟိန်းမြန်မာကုမ္ပဏီ(၂)ခုကလုပ်ဆောင်နေတာ လုပ်ငန်းခွန်လဲ မရှိဘူး၊ အမြတ်ခွန်လဲမရှိဘူး၊ မြိတ်မှာလဲ အခွန်မဆောင်တာမရှိဘူး၊ ဓနိမိုးထရံကာနဲ့ လုပ်တယ်ဆိုပေမယ့် ရင်းနှီးမြှပ်နှံမှုက အနည်းဆုံး ကင်းမွန် ပြုတ်ခြောက်ရုံတစ်ခုက သိန်းပေါင်း(၅၀ဝ၀)လောက်နဲ့လည်ပတ်နေတာ ဒါကို အခွန်မရှိဘူး။

 နိုင်ငံသားကုမ္ပဏီတွေ ကိုလည်းကြည့်ပါအုံး အားလုံးပိတ်ထား ဒုက္ခကို လှလှတွေ့နေရတယ်။ ကင်းမွန်ပြုတ်ခြောက် စက်ရုံတွေမှ အလုပ်သမား ဥပဒေလဲမရှိဘူး၊ အလုပ်သမားခံစားခွင့်ဆို ဝေလာဝေး။ တိုင်းဒေသကြီး အစိုးရအဖွဲ့ကလဲ ဒါကို စိစစ်ဖို့ လိုပါတယ်..။ တစ်ရက်လောက် ငါးလေလံကို လာရောက် လေ့လာကြည့်စေလိုပါတယ်။ ကင်းမွန်ဝင်တဲ့အချိန်ကို ပြောတာပါ။

သဘာဝပတ်ဝန်းကျင်ဆုံးရှုံးရခြင်း(ဒုတိယနာခြင်း)

သဘာဝပတ်ဝန်းကျင်ဆုံးရှုံးတာတော့ သိချင်သူများလာရောက်ရောက်ကြည့်ကြပါ။
ဒီရေတော သစ် ပင်တွေနဲ့ ထင်းစိုက်နေတာ တစ်ရုံကို တန်ရာချီ ပြီး ထင်းထိုးနေတာ။ (၁၁)ရုံဆို ဒီရေတော ထင်း တန်သောင်းချီ ပြီး ဆုံးရှုံးတာလေ-- တရုတ်တွေ ဒီရေတော သစ်ပင် တစ်ပင်စိုက်ဖူးတဲ့ကောင်တွေ မဟုတ်ဘူး--အဲအခုတော့ သစ်တော က ဝင်စစ်နေပြီလေ ထင်ခွန်လေး (၁)နှစ်ကို ၅၀ဝ၀ဝိ/- ဆောင်ပြီး တန်သောင်းချီတဲ့ ဒီရေတော သစ်ပင် တွေ ကို ဖျက်ဆီးနေတာ သက်ဆိုင်ရာဌာနတွေနဲ့
အစိုးရအဖွဲ့ရုံးက လူကြီးတွေလာရောက် စစ်ဆေးဖို့တော့လိုပါတယ်။


နောက်တစ်ခုက စွန့်ပစ်ပစ္စည်း ပြုတ်ပြီးသား ဆားရေပူတွေကိုလည်း စနစ်တကျ
ရေနှုတ်မြောင်း များမရှိဘဲ အနီးပတ်ဝန်းကျင်နားတွေသာ သွန်ပစ်ခြင်း၊ ဆားရေပြုတ်အဟောင်း တွေရဲ့အနံ့ကတော်တော်ကိုဆိုးပါတယ်။ နိုင်ငံသားပိုင် စက်ရုံတွေကြတော့ ငါးဦးစီးက စစ်လိုက်တာ၊ ရစ်လိုက်တာ၊ စွန့်ပစ်ပစ္စည်းများကို ရေဆင်းရေလာ ကောင်းရမည်။ ကလိုရင်းသုံးရမယ်၊ ငါးမှုန့်စက်ရုံဆိုရင်လဲ ခေါင်းတိုင်က မြင့်ရမယ်၊ တရုတ်ကျတော့ ခေါင်းတိုင် လဲမရှိဘုး၊ ရေဆင်းရေလာလဲ မရှိဘူး၊ လုပ်ချင်သလိုလုပ် နေတာကို မစစ်ဘူး၊ မျှောတစ်စောင်လုပ်ရင် အဆင့်ဆင့်ရနေတာကို ငြိမ်နေတာပေါ့ ပြောရရင်လဲ အောင်မင်းလွန် ရာကျမယ်။ အခုတော့ သစ်တောဦးစီးဌာနက ဝင်စစ်ပါလေရော ဒါပေမယ့် တရုတ်တွေကတော့ မရပ်ဘူးဗျာ ဆက် ပြုတ်နေတုန်းဘဲ-- သစ်တော ဘယ်လို အရေးယူမလဲ--- ပြည်မကြီး နိုင်ငံခြားသား တရုတ်တွေကို..

တစ်နှစ်သုံးသမျှ ဒီရေတောထင်းကို တနင်္သာရီတိုင်း ဒေသကြီးမှာ ငါးနှစ်စိုက်တာတောင် မရဘူး။ အဲဒိတော့
ဒီရေတောသစ်ပင်တွေကို မစိုက်ဘဲ စိုက်ပြီးသား သစ်ပင် တွေကို ပိုင်ပိုင်နိုင်နိုင် ထိန်းသိမ်းဖို့တော့ လိုအပ်ပါ တယ်။ ဒီရေတောတွေမရှိတဲ့အတွက် ငါးသားပေါက်၊ ပုစွန်သား ပေါက်တွေနေစရာမရှိဘူးဖြစ်နေ တယ်ဗျာ-
- ဝါလပ်/ဝါတန်းတွေကိုလည်းကြည့်ပါအုံး ရပ်ထားကြတယ်။

မြေမျိုခံရတာမဟုတ်ပါဘူး-လူမျိုးခံရတာပါ(တတိယနာခြင်း)

လူကိြုွေမမျိုခံရရင်တောင် သက်သာအုံးမယ်ဗျာ- အခုတော့ မြိတ်သူအချောအလှလေးတွေကို
တရုတ်နဲ့ နောက်လိုက် အလိုတော်ရိတွေရဲ ဝါးမျိုခြင်းကို မြိတ်မှာခံစားနေရပါတယ်ဗျာ-- ကင်းမွန်ခြောက်ရုံတွေမှာ ယောက်ကျားလေးထက် မိန်းကလေးဦးရေက ပိုပြီးများပါတယ်။ အဲဒီထဲကမှာ ရုပ်ရည်လေးသန့်တယ်ဆို၊ ထမင်းချက် ဟင်းချက်၊ အလုပ်သမားခေါင်းဆိုပြီးခန့်တယ်၊ လစာပိုပေးတယ်၊ အလုပ်သမားတွေ ညနေပြန်တော့ ဒီကောင်မလေးက မပြန်ရသေးဘူး ထမင်းကျွေးရသေးတယ်။
 နည်းမျိုးစုံးနဲ့စည်းရုံးတယ် ကြာတော့ တရုတ်မယားငယ်ဘဝကို ရောက် ရော--လူမှုရေးအရ နာမည်တွေတော့ မပြောချင်ပါဘူး၊ လဝကတွေ ဘာလုပ်နေတုန်း၊ နိုင်ငံသားပိုင် ဝါးလပ်၊ ဝါးတန်းတွေ ပင်လယ်ပြင်ထွက်ခါနီး တန်းစီပြီးတော့ လူစစ်တယ်၊ တရုတ်တွေ မြိတ်သူလေးတွေကို တစ်ယောက်ပြီး တစ် ယောက်ယူတယ်၊ ဖျက်ဆီးတယ်၊ အချိန်တန်တော့ ဒီကောင်တွေက ပြန်သွားရော- ကလေးတစ်ယောက်နဲ့ ကျန်ခဲ့ပါ လေရော ဒီကလေးနဲ့ အဖေဘယ်လိုတပ်မလဲ ၊ ဒီကလေးကို နိုင်ငံသားပေးမှာလား၊ အက်ဖ်အာစီပေးမှာလား ၊ အလုပ် သမားလူအခွင့်ရေးတွေ နဲ့ လဝကတွေ ကင်းမွန်ခြောက်စက်ရုံတွေကို စစ်ဖူးကြရဲ့လား၊

ကျွန်တော်တို့ တိုင်းဒေသကြီး မှာ လူကြီးနေရာယူထားတဲ့သူတွေ ဘာလုပ်နေကြတုန်းဗျာ--အများပြောသလို အိပ်ငိုက်နေကြသလား-- တရုတ်နဲ့ညားတဲ့ မြိတ်သူ(၁၁)ယောက်မှာ ကလေးရသူ(၄)ယောက်ရှိတယ်ဗျာ အတိအကျကို ပြောလိုက်ပြီ--တဖြေးဖြေးနဲ့ နာမည်တွေပါ ရိုက်ထည့်လိုက်တော့မယ်---နောက်နှစ်ကျတော့ ဒီ တရုတ်စုတ်က မလာတော့ဘူး-- အဲဒီတော့ မြိတ်သူလေးခဗျာ ဒုက္ခနဲ့ လှလှ တွေ့ပါရော-- ဒူးနဲ့မျက်ရည်သုတ်နေရုံ ကလွဲပြီး ဘာမှမလုပ်နိုင်ဘူး-- ကဲ ဦးလူဝကြီးတို့ အပိုင်းကို သေသေချာချာလုပ်သလို့  လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးအဖွဲ့၊ ဝန်ထမ်း ဥပဒေရေးရာတွေလဲ ဆင်းပြီး စစ်သင့်တဲ့အချိန်ကို ရောက်ပြီ အဲဒီတော့ နာ(၃)နာကို အဆုံးသတ်လိုက်ပါ တော့မယ်- ပြောပြန်ရင်လဲ
အောင်မင်းလွန်ရာကျမယ်----------။----

အောင်မင်း(မြို့သစ်ရပ်၊ မြိတ်)

12 comments:

  1. တရုတ်တွေတရားလွန်တယ်ဗျာ၊ လူကြီးတွေဘာလုပ်နေလဲ

    ReplyDelete
  2. ကျွန်းစုသားNovember 27, 2013 at 2:40 PM

    ဟုတ်တယ်ဗျာ--ဒီကောင်တွေကြောင့် ဒီရေတောတွေပြုန်းတီးနေတာ ၊ သစ်တောဝန်ကြီးဌာနက ဒီရေတောတွေစိုက်တယ်၊ ငါးဦးစိးက ပုစွန်သားပေါက်ငါးသားပေါက်တွေလွတ်တယ်၊ ဒီရေတောမှမရှိတာ လွှတ်တော့ဘာထူးမှာတုန်း၊ အကုန်သေကုန်သွားတာပေါ့--အလုပ်မရှိအလုပ်ရှာသလို ဖြစ်နေတယ်..စဉ်းစားကြည့်ပါ- ရုံးမှာမှာ အိပ်မငိုက်တာ ပြင်ဖို့သင့်ပြီ
    ကျွန်းစုသား

    ReplyDelete
  3. အောင်ဗလNovember 27, 2013 at 2:44 PM

    တလောက သစ်တောက၀င်စစ်သာတွေလိုက်တယ်။ တရုတ် စကားပြန်တွေကလဒ်ထိုးလိုက်တယ်ထင်တယ်။ အရင်အတိုင်းပါဘဲ ချိန်းဆောနဲ့ ဒီရေတောထင်တွေကို ပြန်တောင်ဖျက်နေတာတွေ့ရတယ်။ဘာထူးတာမှတ်လို့---

    ReplyDelete
  4. ဘယ်သူဘဲစစ်စစ် တရုတ်ဆိုတဲ့ကောင်က ပိုက်ဆံပေး ရင်ရတယ်ဆိုပြီး လုပ်ချင်တိုင်းလုပ်နေတာ--ငါးဦးစီးက ပစည်းတင်ရင် မျှောတာလုပ်ပေးတာ စစ်တာမှမဟုတ်တာ-လဘ်ပေးမှုတွေလဘ်ယူမှုတွေရှိနေ သမျှတော့ တရုတ်က ဆက်လုပ်နေမှာဘဲ

    ReplyDelete
  5. ကင်းမွန်ခြောက်တွေကို ကားတွေနဲ့သယ်ချင်တိုင်းသယ် နေတာတွေ့တာကြာပြီ အခု မှ သဘောပေါက်တယ်။ မြိတ်သူ/မြိတ်သားတွေကို စော်ကားတယ်ဆိုရင် ဒီကောင် တွေကို ဆော်ဖို့သင့်ပြီ

    ReplyDelete
  6. ထားဝယ်သားNovember 27, 2013 at 3:04 PM

    ခွေးသားစားတဲ့ ခွေးတရုတ် ခွေးမျိုး၊ နမည်ကလိုးကောင်

    ReplyDelete
  7. မြိတ်သစ်သားကွNovember 27, 2013 at 3:11 PM

    ဒီကောင်တွေအခုလို ခိုးတင်တာကြာပြီ--အရင်တုန်းက မှန်လုံ၊ အခု(၆)ဘီးကနေ(၁၂)ဘီးအထိတင်နေကြပြီ ပြောတော့ ရန်ကုန်လို့ပြောတာဘဲ တကယ်တော့ တရုတ်ပြည်ကို သွားတာ--ဒါတောင်စစ်ဆေးမည့်သူမရှိဘူး--နိုင်ငံတော် အခွန်နစ်နာတယ်မှန်တယ်

    ReplyDelete
  8. အောင်မင်းရဲ့ညီအောင်သင်းNovember 27, 2013 at 3:15 PM

    မြန်မာအစိုးရကစောင့်ထားတဲ့ ငါးလေလံတံတားကို မြန်မာ သွားရင်တစ်ယောက်(၁၀၀ိ) ပေးရတယ်၊ တရုတ်နဲ့ စကားပြန်တွေကြတော့မပေးရဘူး--အဲစဉ်းစားသာကြည့်ပေတော့ အောက်ခြေအဆင့် တံခါး ပေါက်စောင့်တဲ့ကောင်ကတောင်အသားထဲကလောက်ထွက်နေတာ--အပေါ်ကကောင်က ဘာသားနဲ့ထုထားတာမို့လို့လဲ လောက်ထက်တောင်ကြီးသေး

    ReplyDelete
  9. ရဲထက်စိုးNovember 27, 2013 at 3:50 PM

    လ၀က၊ မြန်မာနိုင်ငံရဲ(လေးလေးစားစားခေါ်တာ)၊ သွားရောက်တာစစ်ပေတော့၊ မှန်လို့ကတော့ တရုတ်တွေက ကို မြိတ်မြေက မောင်းထုတ်ပစ်မယ်။

    ReplyDelete
  10. လေလံစိတ်ဝင်းစားသူNovember 27, 2013 at 3:52 PM

    သစ်တောက ကင်းမွန်ခြောက်ရုံက ဖမ်းထားတဲ့ ဒီရေတောထင်းတွေကို လေလံရောင်းမယ်လို့ သတင်းထွက်နေတယ်--လေလံပြန်ဆွဲမည့်သူကလဲ တရုတ်ဘဲတဲ့- ကဲ့ကောင်းကြသေးရဲ့လား

    ReplyDelete
  11. အခုလိုဝေဖန်တာကိုသဘောကျတယ်။ ဒါပေမဲ့ ဝေဖန်တာမမှန်ဘူးဖြစ်နေတယ်။ မြိတ်ကငါးဖမ်းလှေနှင့်ငါးသယ်လှေက စစ်ဆေးရေးစခန်းကိုဝင်အစစ်ဆေးခံတယ်ဆို ရင်ပြောပေးပါ။ တစ်နှစ်လုံးနည်းပါးဖမ်းနေတာကိုဘာကြောင့်များအအေးခန်းများပိတ်ထားရတာလဲ။ ခိုးနည်းသင်ပေးတာဘယ်သူလဲ။ မြိတ်ကသူခိုးကြီးတွေလေ။ ကိုယ်ကိုတိုင်ကကိုယ့်သယံဇာတကိုချစ်မှ တိုင်းတစ်ပါးသားကချစ်မှာပေါ့။ မြိတ်ကသယံဇာတကိုချစ်ပါတယ်ဆိုတဲ့လူကိုလက်ညိုးထိုးပြပါ။ ထိုင်ပြီးကန်တော့ချင်လို့ပါ။ အခွန်ကောက်ဖို့ကိုအာပေါက်မတတ်ပြောနေ၊ထောက်ပြနေတဲ့အပြင်၊ နိုင်ငံတော်အခွန်ရပါစေတော့ဆိုတဲ့ဆန္ဒနဲ့ စစ်ဆေးရေးစခန်းကိုအလကားပေးထားတာပါ။ (၁၃)နှစ်အတွင်းတိုင်းပြည်ရဲ့သယံဇာတကို ထိုင်းလက်ဝေခံတွေကအာဏာပိုင်နဲ့ပေါင်းပြီးစားနေတာကိုရင်နာနာနဲ့မကြည့်ချင်လဲ ကြည့်နေရတာပါ။ သယံဇာတပေါကြွယ်လှတဲ့မြိတ် ကဒေသခံတွေ ထိုင်းနိုင်ငံမှာကိုယ့်သယံဇာတနဲ့ကိုယ် ကျွန်ခံနေရတာကိုရင်နာမဆုံးကြည့်နေရတာပါ။ ကိုယ့်ပြည်တွင်းမှာလူအခွင့်အရေးချိုးဖောက် ရင်အခုလိုမခံနိုင်တဲ့၊အမှန်တရားမြတ်နိုးတဲ့လူတိုင်းကပါဝင်ကူညီပေးလို့ရပေမဲ့တိုင်းတစ် ပါးရောက်မြန်မာတွေမှာအကူညီမဲ့နေတာ ဘယ်သူမှာတာဝန်ရှိနေသလဲ။ ငါးမှုန်ကြိတ်ရုံကအနံ့ဆိုးထွက်တာလူတိုင်းသိတာပဲ။ သူတို့ကစပြီး ဒီရေတောထင်းနဲ့ကြိတ်တာလေ။ ဒီစက်ရုံတွေက (၁၂)လရာသီပတ်လုံးလည်ပတ်နေတာပါ။ ကင်းမွန်ဆိုတာရာသီ ပါ။ (၅)လပဲရှိပါတယ်။ ဒါကိုကောင်းတယ်လို့ထောက်ခံနေတာမဟုတ်ဘူး။ စာဖတ်သူများအမှန်ဝေဖန်နိုင်အောင်ပြော ပြနေခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံဂိတ်တော်တော်များမှာ Mobile Team ရှိတယ်။ မြိတ်ကလွဲရင်ပေါ့။ ဒါကိုဘာလို့ဖုံးကွယ်ထားတာလဲ။ သယံဇာတကိုတကယ်ချစ်ရိုးမှန်ရင်၊ တိုင်းပြည်အခွန်နစ်နာတာကိုရရှိစေချင်တဲ့ စိတ်စေတနာမှန်ရင်မြိတ်ရေလုပ်ငန်းရှင်ကြီးများ၊နာမည်ကောင်းဘွဲ့ရသူများဘယ်လိုစီးပွားရှာ ပြီးကြီးပွားလာတယ်ဆိုတာမှန်မှန်ကန်ကန်ရေးရဲရမှာပေါ့။ မြိတ်မြို့မှာကင်းမွန်ပြုတ်ခြောက်လုပ်ကိုင်နေတာငါးလေလံဈေးတစ်ခုတည်းမဟုတ်ပါ။ အဆောင်ကောင်း၊Vantage၊ မင်းဇာနည်၊ကြိမ်ဂိုဒေါင်၊ နိုင်စိုက်ချန်းမြေနေရာတွေမှာလည်ရှိပါတယ်။ ငါးလေလံဈေးတံတားဟယနိုင်ငံအခွန်ဆောင်ချင်လို့၊သယံဇာတရေရှည်ထုတ်ယူသုံး စွဲနိုင်အောင်ရည်ရွယ်ချက်ရှိရှိနဲ့တည်ထောင်ခဲ့တာပါ။ ဒါပေမဲ့အခုလိုဘာမှမလေ့လာ၊မစုံစမ်းပဲ တဖက်သတ်ရေး၊ပြောခဲ့လို တိုင်းပြည်အတွက်အင်မတန်မှအရေးပါလှတဲ့ငါးလေလံဈေးဟာသေခဲ့ရတာပါ။ အခုလိုတိုင်းပြည်ပွင့်လာတဲ့အချိန်မှာငါးလေလံဈေးပြန်လည် လည်ပတ်နိုင်အောင်ကူညီမဖေးမမပေးပဲ ဖဲ့ပဲဖဲ့နေနယ်ဆိုရင်တော့ထိုင်းတို့အကြိုက်ပေါ့။ ထလော့မြန်မာ၊ ထလော့မြိတ်သူ/သားများ၊ထလော့အမှန်ချစ်သူများ။

    ReplyDelete
  12. တရုတ်အားကိုးပုဆိန်ရိုးတွေလည်းရှိတာဘဲ

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။