Pages

Thursday, April 9, 2015

ဗိုလ်ချုပ်အောင်ဆန်း ပြန်လာပြီ(အပိုင်း ၂)(ကဗျာရှင် ခရမ်းပြာထက်လူ)

ဗိုလ်ချုပ်အောင်ဆန်း ပြန်လာပြီ
(အပိုင်း ၂)
(ကဗျာရှင် ခရမ်းပြာထက်လူ)


ဟေ့.... ငါ့ကို ရုပ်ရှင်ရိုက်ရင်
အင်္ဂလိပ်ခေတ်နဲ့ မစနဲ့
ဂျပန်ခေတ်နဲ့ မစနဲ့
၈၈၈၈ အရေးတော်ပုံ ကျောင်းသား ကိုအောင်ဆန်းခေတ်နဲ့ ပြန်စ၊
ခုမှ ပြည်သူ့လွတ်လပ်ရေးက စမှာဆိုတော့။

အရှေ့ဘက်က တံခါးတွေ ကျိုးပေါက်
တောဝက်တွေ ဝင်ဝင်လာနေတာ
ငါတွေ့တယ် အစွယ်တဖွေးဖွေးနဲ့။
အနောက်ဘက်တံခါးတွေ ကျိုးပေါက်။
မြေပြိုသံ မြေမျိုသံတွေ တဝုန်းဝုန်း တဗြုန်းဗြုန်း
ငါကြားနေရတယ် ငိုသံယိုသံတွေ တဖွားဖွားနဲ့။

ဒီမှာ ဟေ့ကောင်တွေ
လူထုကို စည်းရုံးဖို့
နယ်ချဲ့ကို မောင်းထုတ်ဖို့ တော်လှန်ရေးကို အသက်သွင်းဖို့
နေပူပူ ရေဆူဆူ လေထူထူမှာ
စက်ဘီးမစီးရဲ လှေမစီးရဲပေမယ့်

ငါရဲရဲတောက် နယ်တကာလှည့်ပြီး တရားဟောခဲ့တယ်..

"နယ်တကာလှည့်ပြီး ငါပါးမရိုက်ခဲ့ဘူး"

ငါ့စကားတွေ ရိုင်းချင်ရိုင်းမယ်
ငါ့အမူအရာတွေ ရိုင်းချင်ရိုင်းမယ်
ငါပြောတာတွေကတော့ အမှန်တွေချည်းပဲ
ယုံရင် လိုက်ခဲ့
"ဗမာတစ်ကျပ်ဆို ကရင်လည်း တစ်ကျပ်ပဲ"

အဲ့ဒါကို ငါ့နှလုံးသားနဲ့ ခေါ်တယ်..
"ဘယ်တော့မှ Bullet နဲ့ မခေါ်ဘူး"


ကိုယ့်မြေ ကိုယ့်ရေမှာ ကိုယ်သာ အရှင်ကိုယ်သခင်ပဲ
ရော့... ဒီကထွက်တဲ့ ပတ္တမြားကြီး မင်းဝတ်
ရော့... ဒီကထွက်တဲ့ ရွှေဆွဲကြိုးကြီး မင်းဆွဲ
ဒီဧရာဝတီမြစ်ကြီးရဲ့ တငြိမ့်ငြိမ့် အပေါ်
စိတ်ချမ်းသာ ကိုယ်ချမ်းသာ ရွှက်လွှင့်
တစ်ယောက်ကို တစ်ယောက် ဖူးဖူးမှုတ်
ကော့နေ လှနေ မွှေးနေတဲ့ ဒီငကျွဲဆန်ထမင်းကို
မြိတ်ရေယှဉ်ရေ အတူတူစား

"ထမင်းတစ်နပ် လျှော့စားဖို့"

အိပ်မက်ထဲမှာတောင် ယောင်လို့ ငါဘယ်တော့မှ မပြောခဲ့ဘူး"

ဒီတော်လှန်ရေးအတွက် ငါ့မှာ ဘာတံဆိပ်မှ မရှိခဲ့/ မရခဲ့ဘူး
ဒီလွတ်လပ်ရေးအတွက်
ငါ့မှာ မြေတစ်ကွက် တိုက်တလုံး ကားတစ်စီး
ဘာကိုယ်ရံတော် တပ်စိတ် တစ်စိတ်မှမရှိဘူး။
နှင်းတောထဲမှာ ချမ်းနေသူ ငါ့ပြည်သူတွေအတွက် ငါ့အကျီင်္နဲ့ နွေးပါရစေ
ငါချွတ်ပေးခဲ့တယ်။

မင်းတို့ သိပါတယ်။
ဒီအကျီင်္ထူထူကြီးကတော့ အမြင်မတော်လို့ နေရှူးကြီး ငါ့ကိုပေးခဲ့တာလေ။
ငါပြောမိသေးတယ်
လွတ်လပ်ရေးရပြီးရင် ခေါင်းရှောင်လို့မရ

ခေါင်းဆောင်လေးများ ဆက်ဖြစ်ခဲ့ရင်
နတ်မောက်က အမေအိုကြီးကို
ဆင်းရဲသားတွေရဲ့ အကြွေးတွေကို လျှော်ပစ်လိုက် ရှိတဲ့လယ်တွေ
ဝေငှပေးပစ်လိုက်...လို့
အမယ်အိုကြီး မကြိုက်လည်း ငါကဂရုမစိုက်ဘူးလို့

"ဒီအတွက်ငါ့မှာ ဗိုက်ကို လှန်ပြဖို့ရာ"
သူရဲကောင်းတို့ရဲ့ မှတ်တမ်းမှတ်ရာ ဒဏ်ရာများမရှိ"

(ကျည်ဆန် ၁၃တောင့်နဲ့ မသေဘဲ ငါရှင်ခဲ့ရင်ပေါ့)

၁၉၄၈ လွတ်လပ်ရေးကို
၁၉၄၇ သူ့သွေးနဲ့ ရေးခဲ့တယ်
အဂိင်္လိပ်နဲ့တိုက်
ဂျပန်နဲ့တိုက်
မျိုးဖျက် သစ္စာဖောက် လောက်ကောင်တွေနဲ့တိုက်
သူ့ခေါင်းနဲ့
အနိုင်မခံ အရှုံးမပေး ကဗျာကိုရွတ်ပြီး
၃၁ဘုံနဲ့ တိုက်ငါတို့ရဲ့  နိဗ္ဗာန်တံခါးကို ဖွင့်ပေးခဲ့တယ်။

ဒါပေမဲ့
ဆာစတက်ဖို့ ကလစ်ပ်ရဲ့ အိပ်ကပ်ထဲက ဖောင်တိန်ကို
ဆောင့်ဆွဲယူသလို ပါလာခဲ့တဲ့ လွတ်လပ်ရေး
ကျွန်တော်တို့ နွေးအောင် မကိုင်ခဲ့ရဘူးဆိုတာ သူသိခဲ့တာပေါ့။

ဒါကြောင့်ပဲ ဒီလိုနဲ့ သူပြန်လာတယ်
ကျွန်တော်တို့ရဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ သွေးအိုင်ထဲက ထလို့
နောက်တစ်ခါ လွတ်လပ်ရေးအတွက်
သမီး အောင် ဆန်း စု ကြည် အဖြစ်နဲ့

(ခရမ်းပြာထက်လူ)
ဒီကဗျာလေးကို ဖတ်ပြီး ကျွန်တော်တို့ တတွေ
မဆလနဲ့ စစ်အစိုးရဆိုတဲ့ (၄၈နှစ်တိုင်) ရှင်ကြီးဝမ်းထဲလည်း 
ဝင်ခဲ့ဘူးပြီ။
အရပ်သား အစိုးရ အမည်ပြောင်း
(၅နှစ်)တိုင်အောင် ရှင်ငယ်ဝမ်းထဲလဲ နေခဲ့ဘူးပြီ..
ဒါကိုမှ အားမရသေး နောက်လာမယ့် ရွေးကောက်ပွဲ ထပ်မံရွေးချယ်ဦးမယ် ဆိုရင်တော့
တို့ခေတ်ရောက်မှ ညံ့ကျတော့မှာလား လာမယ့်ရွေးကောက်ပွဲ ဗိုလ်ချုပ်ဖြစ်စေချင်တဲ့ နိုင်ငံတော်တခုအတွက်
မဲပေးမမှားကြဖို့ ဒီကဗျာလေးနဲ့
တိုက်တွန်းနိုးဆော်ရင်း..
ဒီမိုဝေယံ

ဗိုလ်ချုပ်အောင်ဆန်း ပြန်လာပြီ
အပိုင်း (၁) ပြန်ဖတ်မယ်ဆိုရင်
http://www.demowaiyan.org/2015/04/blog-post_9.html

1 comment:

  1. =ကွန်မြူနစ်လက်သစ်=
    ကိုယ်ပိုင်ဥာဏ်မရှိတဲ့အောင်ဆန်းဘုန်းတော်ကြီးစာ
    သင်ကျောင်းမှာနေခဲ့ရသော်လည်းသူတို့ခေတ်က
    နီးစပ်ရာကွန်မြူနစ်စာပေတွေ
    ကိုဖတ်မိကာ Carlmarxxx ကိုကိုးကွယ်ယုံကြည်ပြီး
    ဗုဒ္ဓဝါဒနှင့်ဆန့်ကျင်ဖက်ကံ၊ကံ၏အကျိုးကိုလက်မခံ
    တဲ့ကွန်မြူနစ်ဝါဒ၊ပါတီကိုစတင်တည်ထောင်သူ
    ကွန်မြူနစ်ဖခင်ကြီးဖြစ်လာပါတော့တယ်
    ကွန်မြူနစ်စကားနှင့်ပြောရင်တော်တော့ဖောက်ပြန်
    တဲ့စိတ်နှင့်ဒီလိုမဖြစ်နှိင်
    နောက်ပိုင်းမှာကွန်မြူနစ်အချင်းချင်းနေရာလုပွဲကနေ
    အောင်ဆန်းဘေးရောက်သွားပါတယ်

    မိဆာနှစ်ကောင်ရန်ဖြစ်လို့တစ်ကောင်ကလူဖြစ်မလာပါ

    ကွန်မြူနစ်ပါတီစထောင်သူပီပီကံ၊ကံ၏အကျိုးကိုမယုံ
    သည့်အောင်ဆန်းလူတစ်ယောက်ကိုသူလျှိုဆိုပြီးရက်စက်
    ကြမ်းကြုပ်စွာအကြမ်းဖက်ပုံစံခေါင်းဖြတ်သတ်ခဲ့ပါတယ်

    အောင်ဆန်းဟာလည်လှီးဗကပဖြစ်ပါတယ်

    ဒီစက်ဆုပ်ဖွယ်လုပ်ရပ်ကိုလူ့အခွင့်အရေး၊ဥပဒေစိုးမိုးရေး
    လို့အမြှုတ်ထွက်အောင်အော်နေတဲ့ NLD တွေကိုယ်တိုင်
    DVB ကနေတရားသယောင်ဝါဒဖြန့်သွားပါတယ်

    သူလျှိုဆိုပြီးခေါင်းဖြတ်ပြတဲ့
    ရှစ်လေးလုံးခေါင်းဖြတ်ပွဲတွေ၊တောထဲမှာကျောင်းသား
    တွေခေါင်းဖြတ်ပွဲတွေကသူတို့ကွန်မြူနစ်ဖခင်ကြီး
    အောင်ဆန်းရဲ့ရက်စက်ကြမ်းကြုပ်မှု့ကိုအတုယူထား
    တာဖြစ်ပါတယ်

    =အာဏာရှင်လက်အောက်ကလွတ်လာတဲ့အခြားနိုင်ငံ
    တွေမှာတော့ကွန်မြူနစ်ရုပ်ထုတွေကိုဖြိုချဖျက်ဆီးနေ
    ကြပါတယ်=
    =ဗုဒ္ဓဝါဒထွန်းကားတဲ့စာရေးသူတို့နိုင်ငံမှာတော့ပြောင်းပြန်
    တွေဖြစ်နေပါတယ်=
    =သာသနာ့အာဇာနည်ဆရာတော်ကြီးတွေရဲ့ရုပ်ထုတွေကို
    ထားရှိရမည့်အစား
    ဘာသာ၊သာသနာပြန့်ပွားရေးအတွက်ငွေတွေကိုသုံးရမည့်
    အစား
    ဗုဒ္ဓဝါဒနှင့်ဆန့်ကျင်ဖက်ကွန်မြူနစ်အောင်ဆန်းရုပ်ထုတွေ
    ကိုသိန်းရာချီကုန်ခံသွန်းလောင်းကာဝါဒဖြန့်နေကြပါတယ်
    ဆွမ်းခံကြွလာသည့်သံဃာတော်များအထက်တွင်
    လည်လှီးဗကပအောင်ဆန်းရုပ်တုကိုမြင်နေရမည့်အရေးဟာ
    နံသာနှင့်ဟိုဒင်းလိုကျက်သရေယုတ်လှပါတယ်=
    သင်္ကန်းဝတ်အချို့ကကွန်မြူနစ်အောင်ဆန်းနှင့်
    (မွတ်ရာဇာတ်)ကိုဦးညွှတ်အရိုသေပေးအလေးပြုပုံတွေ
    နှင့်အဖွဲ့အစည်းတစ်ချို့ဝါဒဖြန့်နေကြပါတယ်
    စာရေးသူလုပ်ကြံဖန်တီးထားတာမဟုတ်
    သူတို့ကိုယ်တိုင်ရိုက်ထားတဲ့မှတ်တမ်းပါ
    LINK http://bit.ly/2ida358
    မျက်မှောက်ခေတ်မှာပင်ဒီလိုပြောင်းပြန်မတန်မရာတွေလုပ်
    ဝါဒဖြန့်နေတာကိုကြည့်ရင်
    အတိတ်ကအောင်ဆန်းသမိုင်းတွေဘယ်လောက်တောင်
    ပြောင်းပြန်ဖြစ်နေမယ်ဆိုတာထင်ရှားပါတယ်

    စာရေးဆရာကြီးတစ်ဦးကအောင်ဆန်းကိုအရိုင်းလို့ရေး
    ခဲ့ပါတယ်
    ကွန်မြူနစ်စထောင်သူပီပီရိုင်းရုံမကယုတ်မာတဲ့အချက်က
    အောင်ဆန်းသခင် Carlmarxxx ကဘာသာရေးသည်မူး
    ယစ်ဆေးလို့ပြောခဲ့ပါတယ်
    အောင်ဆန်းကတော့(ဗုဒ္ဓဘာသာထဲကရှေးအခါကစလုပ်ကြံ
    ဖန်တီးထားတဲ့သေးသိမ်သောအချက်တွေကိုပယ်လိုက်ရင်)
    လို့ပြောခဲ့တာကိုသိရပါတယ်

    အင်္ဂလိပ်လိုသူပြောခဲ့တာကိုအနီးစပ်ဆုံးဘာသာပြန်ထားတာပါ

    အယူလွဲရင်ငရဲကျသည်ဆိုသည်ကိုကွန်မြူနစ်ပါတီစထောင်သူ
    ပီပီသဘောမတွေ့ထင်သည်
    ဘုရားဟောအတိုင်းသာဆိုအောင်ဆန်းနှင့်သူ့ကိုလေးစားကိုး
    ကွယ်သူနောက်လိုက်များကောင်းရာရောက်မရောက်နှိင်

    =ဘာသာရေးရှိဟန်ဆောင်ပြီးဘာသာ၊သာသနာကိုပူးကပ်
    ဖျက်ဆီးမည့်သာသနာဖျက်ကွန်မြူနစ်လက်သစ်တွေရှိနေ
    တာသတိထားကြပါ=
    =ခွဲခြားနည်းကလွယ်ပါသည်ဗုဒ္ဓဘာသာအစစ်က
    ကွန်မြူနစ်ကိုမလေးစားပါ၊မရောနှောပါ=

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။