Pages

Thursday, June 11, 2009

၁၀ ရက်နေ့ရ နောက်ဆုံး အထူးသတင်းများ။

ဒေါ်အောင်ဆန်းစုကြည် နှင့်ရှေ့နေများတွေ့ခွင့်ရ။

ယနေ့ နေ့လည် ၂နာရီခွဲ မှ ညနေ၄နာရီ အထိ ဒေါ်အောင်ဆန်းစုကြည်၊ဒေါ်ခင်ခင်ဝင်း၊ဒေါ်ဝင်းမမ
တို့အား ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ၄ဦးနှင့် တွေ့ဆုံခွင့် ရရှိခဲ့ကြောင်း
NLD ပြောခွင့်ရပုဂ္ဂိုလ်ရှေ့နေကြီး ဦးဥာဏ်ဝင်း မှပြောပါသည်။
အဓိက အရေးကြီးဆုံး သက်သေ ၃ယောက် ကိစ္စအားဆွေးနွေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်မှ ဥပဒေအရ
လိုအပ်သလို ပြဿနာကို လမ်းဆုံးထိ ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။

ဒေါ်စုအား နေအိမ် အကျယ်ချုပ် မှလွှတ်ပေးသော်လည်း အိမ်ကိုထိန်းသိမ်းထားသလို
ဖြစ်နေသည့် အတွက် မကျေနပ်ကြောင်းပြော။

မေလ ၂၆ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်အား နေအိမ် အကျယ်ချုပ် မှလွှတ်ပေးခဲ့ပါသည်။
နေအိမ်အား စောင့်ရှောက်ရန် အတွက် လူ၂ယောက် ထားခဲ့ပါသည်။ထို သူနှစ်ဦးအား နေအိမ်ပြင်ပသို့
ခွင့်ပြုချက်ယူပြီး မှသာ သွားခွင့်ပြုကြောင်း ၊ထို့အပြင် ၆နှစ်ခန့်ပြုပြင်မှု မရှိသော နေအိမ်အား ပြုပြင်ရန်
NLD မဟုတ်သော ပြင်ပလူများနှင့် ပြုပြင်ရန် သွားရောက်ရာ ဝင်ခွင့်မပေးခဲ့ကြောင်း ကြားသိရသဖြင့်
ဒေါ်အောင်ဆန်းစုကြည်မှ မကျေနပ်ကြောင်း ပြောဆိုပါသည်။
လူကိုလွှတ်ပြီး အိမ်ကိုထိန်းသိမ်းထားသလို ဖြစ်ကြောင်း ရှေ့နေကြီးဦးဥာဏ်ဝင်းမှ ပြောဆိုပါသည်။.....။

ဒေါ်အောင်ဆန်းစုကြည် ၏ရှေ့နေ ဦးလှမျိုးမြင့် ဇနီးတရားမဲ့စွာ အလုပ်မှ ရပ်စဲခံရခြင်း။......။

ဒေါ်အောင်ဆန်းစုကြည်၏ အမှုလိုက် ရှေ့နေကြီး တစ်ဦးဖြစ်သူ ဦးလှမျိုးမြင့်၏ ဇနီးဖြစ်သူ
ဗဟိုသမဝါယမ အကြီးတန်း မန်နေဂျာ ဒေါ်ခင်ခင်အေး မနေ့က အလုပ်မှ ရပ်စဲချင်း ခံရကြောင်း
သိရှိရပါတယ်။ဒေါ်အောင်ဆန်းစုကြည်၏ အမှုကို ဦးလှမျိုးမြင့် လိုက်ပါဆောင်ရွက်ခွင့် ရသည့်နေ့မှ
စ၍ ဒေါ်ခင်ခင်အေးအား သက်ဆိုင်ရာမှ စုံစမ်းမေးမြန်းမှုတွေ လုပ်ခဲ့ပြီး မနေ့က အလုပ်မှ ရပ်စဲခဲ့ကြောင်း
ထိုမတရားမှုအား ဒေါ်အောင်ဆန်းစုကြည်မှ ယနေ့သိရှိသွားခဲ့ပါတယ်။ဦးလှမျိုးုမြင့် မှမိမိအတွက် အရေး
မကြီးကြောင်းပြောဆိုသော်လည်း ဒေါ်အောင်ဆန်းစုကြည် မှ တရားဥပဒေစိုးမိုးမှု မရှိတာကိုသိအောင်
ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောဆိုသည်ဟု သိရှိရပါသည်။.......။

သတင်း။....။ဒီမိုဝေယံ
ဆက်သွယ် မေးမြန်းပါသည်။

No comments:

Post a Comment

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။